တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကေအိုင်အို အုပ်ချုပ်ရေး (ပူတာအိုခရိုင်) ပြင်းထန်စွာ သတိပေးထုတ်ပြန်ချက်

ပူတာအိုခရိုင်အတွင်း စစ်ကောင်စီ အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်သည့် ထုတ်ကုန်များ ရောင်းဝယ်၊ ဖောက်ကားခြင်း မပြုလုပ်ရန် ကေအိုင်အို အုပ်ချုပ်ရေး (ပူတာအိုခရိုင်) ပြင်းထန်စွာ သတိပေးထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၃၀၊ ၂၀၂၂

ပူတာအိုခရိုင်အတွင်း စစ်ကောင်စီ အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်သည့် ထုတ်ကုန်များ ရောင်းဝယ်ခြင်း မပြုလုပ်ရန် ကေအိုင်အို အုပ်ချုပ်ရေး (ပူတာအိုခရိုင်) ပြင်းထန်စွာ သတိပေးထုတ်ပြန်ထားသည်။

အချက် (၄) ချက်ပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီထုတ် Myanmar Beer, Dagon Beer သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ထားပြီး မူးယစ်ဆေးဝါးများ ရောင်းဝါး ဖောက်ကားခြင်း သုံးစွဲခြင်း စိုက်ပျိုးခြင်း မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။

ခွင့်ပြုချက်မရှိသော ဒေသခံ ပြည်သူများ၏ လယ်ယာမြေ၊ ဥယဉ်ခြံမြေများတွင် ရွှေတူးဖော်ခြင်း မပြုလုပ်ရန် နှင့် ခရီးသွားပြည်သူများအနေဖြင့် သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်၍ ခရီးသွားခြင်း မပြုလုပ်ကြရန် ပြင်းထန်စွာ သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် လတချို့တွင် ကေအိုင်အို အုပ်ချုပ်ရေး မြစ်ကြားနားခရိုင်မှ စစ်ကောင်စီထုတ် Myanmar Beer, Dagon Beer စသည့် ထုတ်ကုန်များကို သယ်ယူပို့ဆောင် ရောင်းဝယ်၊ ဖောက်ကားခြင်း မပြုလုပ်ရန် ပြင်းထန်စွာ သတိပေး တားမြစ်ပြီးနောက် ရပ်ကွက်စျေးဆိုင်များ၊ မြို့ပေါ်စျေးဆိုင်များတွင် စစ်ကောင်စီထုတ်ကုန်များ မရှိသလောက် ဖြစ်ပေါခဲ့ကြောင်း သိရသည်။

Related Articles

Back to top button