တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

KNU တပ်မဟာ(၅)ကို စစ်ကောင်စီ လေယာဉ်ဖြင့် ညသန်းခေါင်ချိန် တိုက်ခိုက်၊ ​​ပျက်စီးမှုများရှိ

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၂ရက်၊ ၂၀၂၂

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၁း၀၅ မိနစ်ခန့်အချိန်တွင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ လယ်ထူဖိုး၊ ဝါးခါဒဲ နှင့် ထွီသီးအူ အနီးအနားနေရာများသို့   အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ် ၃ စင်းဖြင့် လာရောက်၍ ဗုံးကြဲခဲ့ကြောင်း ဒေသသတင်းအပါအဝင် ကေအဲန်ယူ – ဗဟို က သတင်းထုတ်ပြန်သည်။

အချိန် ၂မိနစ်ခန့်သာ ကြာမြင့်သည့် အဆိုပါတိုက်ခိုက်မှုတွင် KNU မူတရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၂ရက် မနက် ၁နာရီဝန်းကျင်တွင် ပစ်ခတ်ခဲ့သည့် လေယာဉ်ဗုံးများသည် ဒွယ်လိုးမြို့နယ်ရှိ လယ်ထူဖိုး၌ ၂ လုံး နှင့် ထွီသီးအူ၌ ၃ လုံး ကျခဲ့ပြီး ဝါးခါ့ဒဲဆေးရုံ အဆောက်အဦးများ၊ လယ်ထူဖိုး ဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လာရောက်တိုက်ခိုက်သည့် လေယာဉ်အမျိုးအစားကို အတိအကျ မသိရသော်လည်း ညအချိန် ဇန်န ဝါရီလ ၁၂ရက်၊ မနက်စောစော ၁၂း၄၅နာရီခန့်တွင် ရန်ကုန်မြို့တိုင်း၊ မှော်ဘီမြို့နယ်ထဲမှ ဂျက်တိုက်လေယာဉ် ပျံသန်း ထွက်ခွာသွားကြောင်း ကြားသိရသူများက ပြောသည်။

Photo_KNU Mutraw

Related Articles

Back to top button