တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တနိုင်း လီဒိုလမ်းမအနီးက ရှဒူးဇွပ်ကျေးရွာနဲ့ ၈ မိုင်ခန့် အလှမ်းဝေးတဲ့ အေအိုင်အို တိုက်နယ်အုပ်ချုပ်ရေးရုံး တစ်ရုံး စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၃

ကချင်ပြည်နယ် တနိုင်း လီဒိုလမ်းမအနီးက ရှဒူးဇွပ် ကျေးရွာနဲ့ ၈ မိုင်ခန့် အလှမ်းဝေးတဲ့ ကေအိုင်အို တပ်ရင်း(၁၄)နယ်မြေရှိ တိုက်နယ်အုပ်ချုပ်ရေးရုံး တစ်ရုံးကို ယမန်နေ့ စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်လာပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ်၊ အဲဒါဖြစ်တာမနေ့က ဖြစ်ခဲ့တာ၊ လူတွေပြောတာတော့ အေအိုင်အို အုပ်ချုပ်ရေးအရာရှိတွေက တိမ်းရှောင်သွားတယ်လို့ ပြောတယ်။ အဲဒီမှာသူတို့ တိုက်နယ်ရုံးပေါ့၊ တိုက်နယ်ရုံး တစ်ရုံးကို မီးရွှံ့ဖျက်ဆီး လိုက်တယ်ပေါ့။ လူအသေအပျောက်တော့ ဘာမှမရှိဘူး၊ မကြားမိဘူး” ဟု  ဒေသခံ တဦးက ဖက်ဒရယ် ဂျာနယ် မြန်မာကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အဲဒီတိုက်နယ်အုပ်ချုပ်ရေးရုံး အနီးဝန်းကျင်ဘက်ကို လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများကို အရင်ပြုလုပ်ပြီး စစ်ကြောင်းတွေ ဝင်ရောက်နေရာယူကာ မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“ မနေ့က ၁၁ နာရီမှာဖြစ်တာ တစ်နာရီခြား တစ်ခေါက် လေယာဉ်နဲ့လာပစ်တာ။ နှစ်ခေါက်တောင်မှ လာတာပေါ့။ လက်နက်ကြီးလည်း ပစ်တဲ့အသံကြားရတယ်၊ အဲဒီနေရာက ကျနော်တို့ ရွာနဲ့ ၈ မိုင်လောက် အလှမ်းဝေးနေတော့ လေယဉ်လာတာကိုဘဲ မြင်လိုက်ရတယ်။ ဒီနေ့တော့ ဘာမှမဖြစ်တော့ဘူး” ဟု သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီး ကေအိုင်အို တိုက်နယ်အုပ်ချုပ်ရေးရုံး မီးရှို့ဖျက်ဆီးစဉ် အုပ်ချုပ်ရေးမှူးအပါအဝင်၊ ကျန်ဝန်ထမ်းများ တိမ်းရှောင်ခဲ့ပြီး ဖြစ်တယ်လို့ ကေအိုင်အို ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုပြောဆိုပါတယ်။

ရှဒူးဇွပ်ကျေးရွာ ဒေသခံများဟာ စိုက်ပျိုးရေးကို လုပ်ကိုင်သူများပြီး တနိုင်တပိုင် ပျံကျစျေးရောင်းတဲ့သူ ကလည်း ရှိနေတာပါ။

အခုတော့ စစ်ကောင်စီ စစ်ကြောင်းက အဲဒီဒေသအနီးဝန်းကျင်မှာ အင်အားအလုံးအရင်းဖြစ် ဝင်ရောက် နေရာယူလာတာကြောင့် နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေကြပါတယ်။

Related Articles

Back to top button