သတင်း

တော်လှန်ရေး ၄ နှစ်အတွင်း ရဲဘော် ၅၂ ဦးကျဆုံးပြီး အရပ်သား ၂၃ ဦးလည်း သေဆုံးမှု ရှိခဲ့ကြောင်း CDF – Hakha Central Council ထုတ်ပြန်

တော်လှန်ရေး ၄ နှစ်အတွင်း ရဲဘော် ၅၂ ဦးကျဆုံးပြီး အရပ်သား ၂၃ ဦးလည်း သေဆုံးမှု ရှိခဲ့ကြောင်း CDF – Hakha Central Council ထုတ်ပြန်
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
၂၁၊ မတ် ၂၀၂၅
 
CDF – Hakha ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ဟားခါးမြို့တွင်းနဲ့ ထိစပ်ဒေသမှာ တိုက်ပွဲပေါင်း ၃၂၆ ကြိမ်ဆင်နွှဲခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း CDF – Hakha ရဲဘော် ၅၂ ဦး ကျဆုံးမှု ရှိခဲ့ပြီး ရဲဘော် ၁၈၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာ CDF-Hakha Central Council က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် တော်လှန်ရေး (၄) နှစ်တာအတွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်ထဲမှာ အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး၊ နေအိမ် ၂၆၀ လုံးမီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
CDF – Hakha တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကတော့ အခုလို တော်လှန်ရေး ၄ နှစ်အတွင်း ပြည်သူများနှင့် ရဲဘော်တို့ရဲ့ ကျဆုံးမှုတွေဟာ လူထုလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရင်း ပေးဆပ်ခဲ့ရတာဖြစ်လို့ တော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့ ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ တိုက်တွန်းပါတယ်။
 
“ကျနော်တို့ အခုလို တော်လှန်ရေး ၄ နှစ်အတွင်း ပြည်သူများနှင့် ရဲဘော်တို့ရဲ့ ကျဆုံးမှုတွေဟာ လူထု လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရင်း ပေးဆပ်ခဲ့ရတာဖြစ်တယ် စစ်အာဏာရှင်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေတာ ဖြစ်လို့ ဒီပေးဆပ်မှုတွေက တန်းဖိုးဖြတ်လို့မရတဲ့အရာတွေ ဖြစ်တယ်၊ ဒီတန်းဖိုးမဖြတ်နိုင်တဲ့ ပေးဆပ်မှုတွေကို ခွန်အားယူပြီး တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ဖို့ ပြည်သူတွေအနေနဲ့လည်း မိမိတက်ကျွမ်းတဲ့ ပညာရပ်ဆိုင်ရာ၊ တခြားအတွေ့အကြုံများနဲ့ ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ အားပေး တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
 
အာဏာရှင်စနစ် အမြစ်ပြတ်ချေမှူန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့် တို့အတွက် တိုက်ပွဲဝင်ဖို့ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့တဲ့ CDF-Hakha ကတော့ တိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးတဲ့အထိ ပြည်သူလူထု၊ အခြားတော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
 
ဓါတ်ပုံ – CDF – Hakha

Related Articles

Back to top button