တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

KNU ညီလာခံမှ အခြေအနေနှင့် ကိုက်ညီသော ခေါင်းဆောင်မှု ထွက်ပေါ်ရန် အရပ်ဘက်အဖွဲ့များ မျှော်လင့်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာလ ၁၃၊၂၀၂၁ 

ကရင်အမျိုးသား အစည်းအရုံး KNU ၏ ကွန်ဂရက်ကနေ NCA အပေါ် ရပ်တည်မှုနှင့် ပတ်သက်ပြီး တိကျပြတ် သားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ရန်နှင့် နိုင်ငံရေးအရ မဟာမိတ် အဖွဲ့အစည်းများကို ဦးစီးဦးဆောင် မှုပေးနိုင်မည့် ခေါင်းဆောင်များ ပေါ်ထွက်လာရန် မျှော်လင့်သည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းအချို့က ပြော သည်။လာမည့် နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် KNU ကွန်ဂရက်တွင် ထိုကဲ့သို့ ရလဒ်မျိုးထွက်ပေါ်လာရန် ကရင်အရပ် ဖက် အဖွဲ့အစည်းအချို့က မျှော်လင့်သည်ဟု ဆိုသည်။
ကရင် အမျိုးသမီး အစည်းအရုံး KWO ဗဟိုကော်မတီဝင် နော်ဆဲဆဲ က “အခုအခင်းအကျင်းက သူက ဒီနိုင်ငံရေး အခင်းအကျင်းကိုသွားဖို့က ဒီ NCA ထက်ကျော်တဲ့ အခန်းကဏ္ဍတွေ ရောက်နေပြီပေါ့နော။ ဘာဖြစ်လို့လဲဆို လူထုတွေရဲ့ အင်အားရော အဖက်ဖက်က ပါဝင်လာတဲ့ အင်အားရော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးဖက်ကို ပိုပြီးတော့ သွားနေရတဲ့ အခင်းအကျင်းမှာ ပိုရှိလာသလို အထူးသဖြင့် NCA အရဆိုရင်လည်း စစ်တပ်က ချိုးဖောက်တဲ့ လူဖြစ်တယ်ပေါ့နော။ ဆိုတော့ ဒီဟာကြီးကို ကျမတို့ တော်တော်များများက စစ်တပ်ကို ဆန့်ကျင်နေကြတဲ့ အနေအထားမှာ NCA ကို ကိုင်သင့်တဲ့ အချိန် မဟုတ်တော့ဘူးပေါ့နော။ ဆိုတဲ့ အခါကျတော့ ကျမတို့ မျှော်လင့်တယ်။ ဒီကွန်ဂရက်မှာ ဒီ NCA ကိစ္စရပ်တွေကို သေချာ ဆွေးနွေးဆုံး ဖြတ်ဖို့လိုအပ်မယ်။ ပြီး လို့ရှိရင်လည်း ဒီ KNU အဖွဲ့အစည်းတစ်ခုအနေနဲ့ သေသေချာချာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချဖို့ လို တယ်ပေါ့နော” ဟု ပြောသည်။လက်ရှိအချိန်သည် NCA ကို ဖက်တွယ်ရန် မဖြစ်နိုင်တော့သည့် နိုင်ငံရေး အခင်းအကျင်း တစ်ခု အောက်သို့ ရောက်ရှိနေသည့်အတွက်  NCA အပေါ် ရပ်တည်မှုနှင့် ပတ်သက်၍ မကြာမှီကျင်းပမည့် ကွန်ဂရက်မှတစ်ဆင့် တိကျပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ရန် မျှော်လင့်သည်ဟု နော်ဆဲဆဲ ကဆိုသည်။နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် KNU ကွန်ဂရက်မှာ ၁၇ ကြိမ်မြောက် ကွန်ဂရက်ဖြစ်သည်ဟု သိရသည်။

လာမည့် ကွန်ဂရက်တွင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် အညီ လိုက်လျောညီထွေးစွာ ဦးဆောင်ဦးရွက်ပြုနိုင် မည့် KNU ခေါင်းဆောင်များ ထွက်ပေါ်လာရန်လည်း မျှော်လင့်သည်ဟု သဘာ၀ ပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူ စောသာဘိုး က ပြောသည်။

ဒီကာလမှာ တက်လာမယ့် ခေါင်းဆောင်တွေသည် လက်ရှိ မြန်မာနိုင်ငံရဲ့ အခု ရွေ့ပြောင်းနေတဲ့ အသွင်ကူး ပြောင်းရေးမှာ အထောက်အကူ ဖြစ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေလည်း လိုအပ်တယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ အပေါ်မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးမယ့် ခေါင်းဆောင်တွေ လိုအပ်တယ် လို့ ကျနော်တို့က မြင်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ကျနော်တို့ ကရင်တစ်မျိုးသားလုံးရဲ့ လွတ်မြောက် ရေးပေါ့နော အဲဒီအတွက်ကို ဦးဆောင်ဦးရွက်ပြုနိုင်မယ့် ခေါင်းဆောင်တွေလည်း လိုအပ်တယ်။ ကျနော်တို့ ပြည်သူတွေ အနေနဲ့ အရပ်ဖက်တွေအနေနဲ့ တောင်းဆိုချင်တာက ဒီရွေးကောက်ပွဲမှာ တက်လာမယ့် ခေါင်း ဆောင်တွေသည် ကျနော်တို့ စောစောက ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်ဖို့အတွက် ဦးစီးဦးဆောင်မယ့် အခင်း အကျင်းမျိုး ဖြစ်လာမယ့် ခေါင်းဆောင်မျိုးတွေ လုပ်ဖို့လိုတယ်။”

နော်ဆဲဆဲကလည်း တကယ့် နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေကိုပေါ့နော မျှော်လင့်တယ် ပြီး လို့ရှိရင် ဒီခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအပြင် တိုင်းရင်းသားတွေနဲ့ မဟာမိတ်တွေကိုလည်း ပိုမိုကောင်းမွန်တဲ့ ဗျူဟာတွေ ချမှတ်နိုင်ဖို့လည်း မျှော်လင့်တယ်ပေါ့နော” ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့ကြသော်လည်း ကိုဗစ်-၁၉ ကပ် ရောဂါနှင့် နိုင်ငံရေး အကြပ်အတည်းများကြောင့် ရွှေ့ဆိုင်းထားခဲ့ရခြင်း ဖြစ်သည်။

၁၇ ကြိမ်မြောက် ကျင်းပမယ့် KNU ကွန်ဂရက်တွင် ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ရန် အပြင် NCA စာ ချုပ်အတိုင်း ဆက်လက်ရပ်တည်ရန် သင့်/မသင့် နှင့် လက်ရှိ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းများ နှင့် ပူးပေါင်းမည်/ မပူးပေါင်းမည် စသည်တို့ကို ဆွေးနွေးရန်ရှိသည်ဟု သိရသည်။

ခေါင်းဆောင် အပြောင်းအလဲနှင့် ပတ်သက်၍ ကွန်ဂရက် ရွေးကောက်ပွဲတွင် မဲပေးမည့် ကိုယ်စားလှယ်များ၏ ရွေးချယ်မှုနှင့်သာ သက်ဆိုင်ကြောင်း KNU ဗဟိုကော်မတီဝင်လည်းဖြစ် နိုင်ငံခြားဌာန တာဝန်ခံလည်း ဖြစ်တဲ့ ပဒိုစောတောနီက ယခုကဲ့သို့ ပြောသည်။

ကျနော်တို့ ဗဟိုကော်မတီမှာ ဘယ်လိုပဲလုပ်လုပ် နောက်ဆုံးမှာကျတော့ ကွန်ဂရက်မှာကျတော့ ပြည်သူ့ကိုယ် စားလှယ်က တက်လာတဲ့အခါ ပြည်သူတွေကပဲ ဆုံးဖြတ်ကြမှာပါ။ အဲဒါကျတော့လေ လူထုကိုယ်စားလှယ် အပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့က တပ်မဟာ ၇ ခုပေါ်မှာ မူတည်ပြီတော့ အဲဒီမှာ ယူနစ်အပေါ်မှာ တက် လာတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။”

ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ရှိ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဖြစ်ပြီး ဒု-ဥက္ကဋ္ဌမှာ ပဒို စောကွယ်ထူးဝင်းဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် KNU ကွန်ဂရက်မှ ရွေးချယ် တင် မြောက်ခံထားသူများ ဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ဖြစ်သည်။

Source – Network Media Group

Related Articles

Back to top button