အတွေးအမြင်

“NUG / NUCC တို့၏ လက်တွေ့နိုင်ငံရေး ဦးဆောင်လှုပ်ရှားမှုအပေါ် တောင်ပိုင်းတိုင်း စစ်ဒေသ မြေပြင် PDF ရဲဘော်တစ်ဦးမှ တိုက်တွန်းအကြံပြုစာ”

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၂

(တောင်ပိုင်းတိုင်း စစ်ဒေသ မြေပြင် PDF ရဲဘော်တစ်ဦး၏ ပေးစာ)

“ဖက်ဆစ်စစ်တပ်ဘက်က လှုပ်ရှားမှုတိုင်း ကို တချို့တွေ ဟာသလုပ်ပြီး လှောင်ပြောင်ကြတာနဲ့ပတ် သက်ပြီး ကျွန်တော်အဓိကပြောချင်တယ်။ ဒါက တခါလဲမဟုတ် နှစ်ခါလဲမဟုတ်ဘဲ ခနခန အပြောင်အပျက် လုပ်ရင်း ကနေ စကစလုပ်တဲ့အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပုံမှန်အလေ့အထလို ရယ်မောကြရင်း စိတ်အပန်းဖြေကြရာကနေ အကျင့်ပါသွားကြတယ် နေသားကျသွားကြတယ်ပေါ့။

 

စစ်တပ်ဘက်က ခုဆို ဟိုတနေ့က OK Par ဆိုတဲ့ App ထွက်တယ် လူတွေလှောင်ကြတယ်၊ နောက် စစ်တပ်ဘက်က လူစားလဲတယ် ရာထူးကပယ်ရှားတယ် ဖြုတ်ချတယ်၊ ဒါကိုလည်း အပြောင်အပျက် လုပ်ကြတယ်၊ တဖက်ရန်သူကို လျှော့တွက်ကြတယ်။ လိုင်းပေါ်ကနေပဲလုပ်နေကြတဲ့ အွန်လိုင်းတော်လှန်ရေး လိုဖြစ်နေပြီ ခင်ဗျားတို့က။ တဘက်ရန်သူကို သိပ်ကိုလျှော့တွက်ပြီး အထင်သေးလွန်းကြတယ်။ ကြောက်ဖို့ လန့်ဖိုမဟုတ်ဘူး။ ဒါပေမယ့် အပြောင်အပျက်လျှော့ပြီး ပေါတောတောမလုပ်ကြဘဲ တော်လှန်ရေးကို တော်လှန်ရေးလို မြင်ကြဖို လုပ်ကြဖိုပဲ။

 

တခုခင်ဗျားတို့ စဉ်းစားရမှာက စစ်ကောင်စီဘက်က သူလုပ်စရာရှိတာတွေက မှားရင်သာမှားနေမယ်။ ရက်စက်ယုတ်မာနေရင်သာ ရက်စက်နေမယ်။ သူ့အတွက်အလုပ်မဖြစ်တဲ့သူဆို သူ့ဘက်ကဖြုတ်ချဖို့ လူစားလဲဖို့ ဝန်မလေးဘူး။ သူလုပ်စရာရှိတဲ့အရာ‌တွေကို ပြတ်ပြတ်သားသား လုပ်တယ်ပေါ့။ ဒါမျိုးပြောရင် လည်း တချို့တွေက ဒီကောင်ဒလန်တို သွေးခွဲနေပြီတို့ အုပ်လိုက်ကြီးဝိုင်း ဗျင်းခံရကော။ ခုတော့မဖြစ်မနေမို့ ပြောရတော့မယ်။ ဒလန်ထင်လည်းမတတ်နိုင်ဘူး။ ဒလန်လို့သတ်မှတ် ခံရမှာကြောက်နေတာနဲ့တင် ဝေဖန်စရာရှိတာ မဝေဖန်ရဲ၊ မထောက်ပြရဲနဲ့ ကိုယ်ထောက်ခံခဲ့တဲ့ အစိုးရကိုတောင် ပြန်ကြောက်နေရသလိုဖြစ်နေပြီ။

 

ကျွန်တော်တို့ဘက်က လူကြီးတွေကော ဟိုဝန်ကြီးတွေကော ဝန်ကလေးတွေကော ပြောထားတဲ့အတိုင်း တကယ်လုပ်နေကြရဲ့လား။ ပြတ်ပြတ်သားသားရှိကြရဲ့လားပေါ့။ ပြတ်ပြတ်သားသားလုပ်ကြတဲ့နေရာမှာလဲ ရိုးသားဖို့လိုတယ် ပွင့်လင်းဖို့လဲလိုတာပေါ့။ ဒါကတော့ NUG တို့ NUCC တို့ စသဖြင့် ထိပ်ပိုင်း ခေါင်းဆောင်တွေကို ပြောတာပါ။

 

ကျွန်တော်တို့ ပြည်သူတွေကို တိုက်တွန်းလိုတာကလည်း အနှစ်ချုပ်ရရင် တဖက်ရန်သူ စစ်ကောင်စီဘက်က လုပ်သမျှတိုင်း လှုပ်ရှားမှုတိုင်းကို အပြောင်အပျက် ဟာသချည်း ပေါတောတောလုပ်မနေကြဘဲ တကယ့် လက်တွေ့မှာထိရောက်ပြီး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်မယ့် နည်းလမ်းတွေသာ အဓိက ရွေးစဉ်းစားဆုံးဖြတ်ကြပြီး တော်လှန်ရေးမှာ လက်တွေ့ကျကျ ပါဝင်ကြစေချင်တယ်။ ထိပ်ပိုင်းက လူကြီးတွေဖြစ်တဲ့ ဟို NUG တို့ NUCC တို့မှာ အားနည်းချက်တွေရှိတဲ့ အခါမှာလည်း ပြတ်ပြတ်သားသား ထောက်ပြကြ တိုက်တွန်းကြစေချင်တယ်။ ဒီလောက်ပါပဲ…”

 

People’s Message

Related Articles

Back to top button