ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၇
တိုင်းပြည်အာဏာသိမ်းထားသည့် စစ်ကောင်စီက ကချင်လွှတ်မြောက်ရေး တပ်မတော် (KIA)ကို သူပုန်ဟု သုံးနှုန်းပြောဆိုခဲ့သလို သူပုန်ကို သူပုန်လိုသာ ဆက်ဆံမည်ဖြစ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်းက ပြောလိုက်သာပါ။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ အာဘော်တွေကို ရေးသားနေတဲ့ ပီးပယ်မီဒီယာ အေဂျင်စီက ဦးကျော်စိုးရဲ့ ကေအိုင်အေအပေါ် စစ်ကောင်စီရဲ့ သဘောထားမေးမြန်းချက်ကို အခုလို ဖြေကြားခဲ့သာ ဖြစ်ပါတယ်။
၎င်းက “တပ်မတော်ရဲ့ KIA အပေါ် သဘောထားကတော့ ကျနော်တို့က ၂၀၂၂ သည့် ငြိမ်းချမ်းရေး ပစ်ခတ်တိုက်ခတ်မှု ရပ်ဆဲပါမယ်လို့ ပြောထားပြီးဖြစ်တယ်။ ငြိမ်းချမ်းရေး နဲ့ပက်သက်ပြီး အဖွဲ့အားလုံးပေါ်ထားတဲ့ သဘောထားဖြစ်တယ်။ သို့သော် အကြမ်းဖက်ပေါ် ကူညီနေတဲ့ KIA အပေါ်သဘောထားကတော့ သူပုန်ကို သူပုန်ကို သူပုန်လိုပဲ သဘောထားတယ် “ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက “KIA အနေနှင့် စစ်ကိုင်းတိုင်း အတွင်းအထိပါ တိုက်ပွဲများကို တိုးချဲ့နိုင်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၊ လက်ရှိဖမ်းဆီးရမိနေသော လက်နက်များမှ KIA ထုတ်ပစ္စည်းများဖြစ်ကြောင်း” ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။
အလားတူ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်လည်းဖြစ်ပြီး ဘူးလတ်ဂျာနယ်ကို တည်ထောင်ထားသည့် ဦးဘူးလတ်လှဆွေကလည်း KIA ၏ လက်နက်ထုတ်လုပ်သည့် စက်ရုံအား ဒုံးကျည်နှင့် ပစ်ခတ်ပေးရန် အစီအစဉ်ကို မေးမြန်းခဲ့ပါတယ်။
သို့သော် အဲဒီမေးခွန်းကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြား ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးကို အကြမ်းဖက်အဖွဲ့မှဖြစ်စေ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက် ကြောင်း ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ကြေညာခဲ့ပါတယ်။