သတင်း

နေ့စဉ်သတင်း အကျဉ်း

ဖေဖော်ဝါရီလ – ၂၈ – ၂၀၂၂

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၅၈၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၄၁၇)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းမှာရှိတဲ့ နန်းမယ်ခုံမြို့၊ သာယပ်ကျေးရွာအနီးက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စောဒေးဗစ်ထူး (ခ) လောအယ် ဈာပနာကို ပြုလုပ်ခဲ့တယ်လို့ KDF က ဒီကနေ့မှာ ထုတ်ပြန် ပါတယ်။ အသက် ၁၇ နှစ်အရွယ် စောဒေးဗစ်ထူး(ခ)လောအယ် ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တိုက်ပွဲမှာကျဆုံးခဲ့တာဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုရင်း ဂုဏ်ပြုမှတ် တမ်းတင်ထားပါတယ်။
  • ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြားရှိ ဆွဲလွဲကျင်းရွာနှင့်မဆာတွီ ကျေးရွာကြား တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း Chin Defence Force(Kanpetlet)က ထုတ်ပြန်သည်။ တိုက်ပွဲမှာ ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက် ၈ နာရီခွဲခန့်မှစတင်ပြီး ညနေ ၄ နာရီ အထိကြာမြင့်ခဲ့သည်ဟု ဆိုသည်။
  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၈ ရက်တွင် ၃၈၆ ရက်မြောက် သပိတ်စစ် ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြပြီး ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံ စစ်ဆင်နွှဲနေသော ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။
  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် အမျိုးသမီးများ၊ အခြေခံပညာ ကျောင်းသူ/သားများနှင့် လူငယ်များပူးပေါင်းကာ ထားဝယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • ထားဝယ်ခရိုင် လောင်းလုံးမြို့တွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ပြည်သူ ၄ ဦး အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နှင့် အလေးပြု ဆုတောင်းခြင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အကသ သပိတ်ကော်မတီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ရန်ကုန်မြို့တနေရာတွင် ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်း၌ ရန်ကုန်လူထုသပိတ်မှ တော်လှန် လူငယ်များက ကျဆုံးခဲ့ရ​သော အာဇာနည်များ၏ တစ်နှစ်ပြည့်အဖြစ် ​ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ လူငယ်များသည် “အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမကွဲပြားဘူး” ဟူသော စာသားနှင့် အတူ “ပေတရာပေါ်မှာစီးတဲ့ သွေးတွေ မခြောက်သေးဘူး” “အသက်တွေကို အားနာတတ်တဲ့တစ်နေ့ ပါဝင်ကူညီပါ” နှင့် “ကမ္ဘာမကြေဘူး” စာသားများကို ကိုင်ဆွဲကာ ရန်ကုန်မြို့တွင် ဖက်ဆစ်စစ်တပ်မှ အကြမ်းဖက်ပစ်ခတ်၍ ကြွေလွင့်ခဲ့ရသော အာဇာနည်များ​၏ တစ်နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် ဆန္ဒပြခဲ့ကြသည်။
  • မန္တလေးမြို့တွင် အစစ်အ​ဆေး အဖမ်းအဆီးများ​သော ၆၂ လမ်း၊ ၇၈ လမ်း၊ စက်မှုပန်းခြံ၌ အမရပူရမြို့နယ်​ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ “​သွေး​ကြွေးကို​သွေးနဲ့ဆပ်ကြ” စာတန်းပါ ဘန်နာကို အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်​သည့် အနေနှင့် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြသည်။
  • ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ဒေသ ပင်မ သပိတ် စစ်ကြောင်း ဦးဆောင်ကာ မုံရွာကျောင်းသား သမဂ္ဂ၊ မုံရွာပင်မ သပိတ်ဦးဆောင် ကော်မတီဝင်နှင့် ရွာပေါင်းစုံ သပိတ်ကော် မတီတို့ လာရောက် ဝန်းရံကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး “လေကြောင်းမှ အပြစ်မဲ့ ပြည်သူများအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချပါ၏” စာတန်းကိုင်ဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • မုံရွာတွင် အနောက်မြောက်လွင်ပြင် လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယေန့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၅၅ ရက် မြောက်နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • အရာတော်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ၅/အရာတော် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အရက်၊ ဘီယာရောင်းဝယ်ဖောက်ကားမှု လုံးဝမပြု လုပ်ဖို့ ချင်းကာကွယ် ရေးတပ်ဖွဲ့ (CDF-Mindat) က ထုတ်ပြန်လိုက်ပါတယ်။ CDF-Mindat ရဲ့ စတုတ္ထအကြိမ် ဗဟိုကာကွယ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပိတ်ပင်လိုက် ခြင်းဖြစ်ပြီး အရက်ဘီယာ ရောင်းဝယ်ဖောက်ကားသူကို ထိရောက်စွာ အရေးယူသွားမယ်လို့ ယမန်နေ့ညက CDF-Mindat ရဲ့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်ပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်ခရိုင်အတွင်း စစ်ကောင်စီ ၏ ဦးပိုင်နှင့် ကျော်ထောက်နောက်ခံ ဖြစ်သည့် အရက်ဘီယာများ၊ ဆောက်လုပ်ရေးသုံး ဆင်မင်းဘီလပ်မြေများကို မတ် ၂၀ရ က်နေ့ နောက်ဆုံးထားပြီး သယ်ယူ ရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန် ကေအိုင်အို ဖားကန့်ခရိုင် အုပ်ချုပ်ရေးရုံးမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်စာ ထုတ်ပြန်ထားသည်။ သတ်မှတ်ထားသည့် ရက်နောက်ပိုင်း ၎င်းပစ္စည်းများကို လက်လီလက်ကား ရောင်းဝယ်ဖောက်ကားသည့် ဆိုင်များနှင့် သယ်ယူပို့ဆောင်သော ယာဥ်များကို ထိရောက်စွာ အရေးယူတားမြစ်ပိတ်ပင်မှုများပြုလုပ်သွား မည်ဖြစ် ကြောင်း ရေးသားထားသည်။
  • မူဆယ်မြို့ရှိ တည်းခိုခန်းတစ်ခုမှာ လိုင်းကားဆွဲနေတဲ့ အမျိုးသားတစ်ဦးသေဆုံးနေခဲတာတွေ့ရှိ ကြောင်းသိရပါတယ်။ ယမန်နေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဟိုမွန်ရပ်ကွက်ရှိ တည်းခိိုခန်းမှာ လာရောက်တည်ခိုတဲ့ အသက် (၅၄)နှစ်အရွယ်ခန့်ရှိပြီး အဆိုပါသေဆုံးနေတဲ့အမျိုးသားဟာ မူဆယ် -မန္တလေး သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလို င်းကားဆွဲနေတဲ့ ကားဆရာတစ်ဦးဖြစ် တယ်လို့လည်း သိရပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်း-လဝါးလမ်းဆုံဂိတ်နှင့် တနိုင်းမြို့ ကောင်ရာဂိတ် များတွင် တပ်ထိုင်နေသည့် စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီဖြစ်ကြောင်း သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ ကာမိုင်း-လဝါးလမ်းဆုံ ဂိတ်တွင် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယင်းနေ့မှာပင် စစ်ကောင်စီ တပ်သားများ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ကချင်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
  • ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှာ စိုက်ပျိုးရေးထွက်ကုန်တွေ ဝယ်ယူသူဈေးကွက်မရှိတဲ့ အတွက် တောင်သူများအနေနဲ့ လုပ်သားမငှားရမ်းနိုင်တော့လို့ အခြေခံလူတန်းစား လက်လုပ် လက်စားတွေဟာ အလုပ်လက်မဲ့နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ တောင်သူတွေထံက သိရပါ တယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ရောဂါတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေကို ဝယ်ယူ သူနဲ့ ဈေးကွက်မရှိတဲ့အတွက် တောင်သူအနေနဲ့ တပိုင်တနိုင်သာ စိုက်ပျိုးလုပ်ကိုင် လာတဲ့အ တွက် အခက်အခဲတွေရင်ဆိုင်နေရသလို အခြေခံလူတန်းစားတွေဟာ အလုပ်လက်မဲ့ တွေ ကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းသိရပါတယ်။
  • ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)၏ မူဝါဒအတိုင်း မပြောင်းလဲဘဲ ဆက်လက် ရပ်တည် နေကြောင်း ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောကြားခဲ့ကြောင်းသိရသည်။ ၎င်းက “ကျနော်တို့ကတော့ နဂို CSSU ရဲ့ မူဝါဒအတိုင်းပဲ အရင် ကတော့ ရှမ်းအမျိုးသားညီညွတ်ရေးပေါ့လေ၊ ပြီးတော့မှ တဆင့် ရှမ်းပြည်တိုင်းရင်းသားများ ညီညွတ်ရေး၊ ပြီးတော့မှ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအားလုံး စုစည်းညီညွတ် ရေးဆိုပြီးတော့ ဒါက ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တယ်၊ အဲဒီ ရည်မှန်းချက်အတိုင်းပဲ ခုထက်ထိ ဒီမူဝါဒ အတိုင်းပဲ ကျနော်တို့ မပြောင်းလဲသေးဘူးခင်ဗျ၊ အဲဒီအတိုင်းပဲ ကျနော်တို့ ရှေ့လျှောက်သွားမှာဖြစ်တယ်”ဟု CNI သတင်းဌာနတွင် ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။
  • PDF အဖွဲ့ဖြင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ် လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦး အမှုတွင် လိုပြသက်သေများကို စစ်ဆေးပြီးဖြစ်သဖြင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း သိရသည်။ လာမည့်မတ်လ ၁၀ ရက်နေ့တွင် ကိုမင်းကိုဦး အမှုကို စွဲချက်တင်သင့်၊ မတင်သင့်လျှောက်လဲချက်ပေးရန် ရုံးချိန်း ထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောဆိုတဲ့အကြောင်း ရခိုင်အခြေစိုက် DMG သတင်းဌာနတွင်ဖော်ပြထားသည်။ ကိုမင်းကိုဦး ကို PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၄) ရက် နေ့တွင် ၎င်း၏နေအိမ်မှဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တောင်ကုတ်ရဲစခန်းမှ ဒုရဲမှူးဇော်လတ်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
  • ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့အဝင် ပြည့်သူ့ဆေးရုံရှေ့ရှိ စစ်ကောင်စီ ဂိတ် မှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ကောင်စီ တပ်သားတွေက ငွေ တောင်းခံတဲ့အပြင် ဖုန်းဘေလ်၊ အရက်၊ ဓာတ်ဆီတွေကိုပါ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြတ် သန်းသွားလာနေတဲ့ ဒေသခံတစ်ဦးက “တစ်ခါတစ်လေ ငွေတောင်းတယ်။ တစ်ခါတစ်လေ အရက်တောင်းတယ်။ အပြန်ကျရင် ဓာတ်ဆီတစ်ဗူးပါ ဝယ်ခဲ့ပေးပါလို့ အသက်ကြီးကြီး စစ်သားတစ်ယောက်က တောင်းတတ်တယ်။ အမြဲတမ်း သူပဲတောင်းတယ်။ သူတို့က ငွေပြတ် တော့ ဓာတ်ဆီတစ်ဗူးလည်း နှစ်ထောင်ရတယ်လေ။ ရရင်ရသလို သူတို့တောင်းတယ်” လို့ ပြောတဲ့အကြောင်း ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြချက်အရသိရသည်။
  • မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေသည် နေ့စဉ် ၁ ဦးမှ ၄ ဦး ပုံမှန်သေဆုံးမှု ရှိနေကြောင်း မွန်ပြည်နယ် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ယင်း သေဆုံးသူများသည် ရောဂါအခံရှိသူများ ကိုဗစ်ကူးစက်ရာမှတဆင့် ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့မှ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • အီးယူနှင့်၄င်း၏အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ ပြည်သူ များနှင့် အတူ တကွရပ်တည်လျက်ရှိကြောင်း ရန်ကုန်ရှိ ဥရောသမဂ္ဂရုံးမှ တာဝန်ရှိသူများက ယနေ့ ဆန္ဒ ထုတ်ဖော်ကြသည်။
  • ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ် သော်လည်း ခရီးသည်တင်ခွင့်ပြုမည်မဟုတ်သေးကြောင်း သိရသည်။ ပူတာအို-မြစ်ကြီးနား လမ်းပိုင်းတွင် ဖေဖော်ဝါရီလ ဆန်းပိုင်းမှစတင်ကာ KIA၊ PDF နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးပိုမိုတင်းမာလာပြီး တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် ယင်းလမ်းပိုင်းကို KIA နှင့် PDF တို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိယာယီပိတ်ထားခဲ့ရာ မတ်လ ၂ နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး စားသုံးကုန်နှင့် လူသုံးကုန်များသာ တင်ခွင့်ပေးမည် ဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

Federal Journal Myanmar

Daily  Ethnic  News Collection 

Related Articles

Back to top button