သတင်း

နေ့စဉ်သတင်းအကျဉ်း

#Federaljournal

#Photo-Credit

၃၀ – စက်တင်ဘာ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ် ရှားမှုကို မင်းအောင်လှိုင် ဦး ဆောင်တဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်က  ပစ်သတ်မှုကြောင့် ယနေ့ စက်တင်ဘာ လ ၃၀ ရက်နေ့ အထိ နွေဦးတော် လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၄၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၈၅၈၄)၊ ချုပ်နှောင်ခံထားရဆဲ (၆၉၂၁) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၉)  ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • “ပြည်သူ့အမုန်း စစ်တပ်ကျရှုံး ပြည်သူ့အောင်ပွဲ ပြည်သူ့လက်ထဲ “မွန်ပြည်နယ် ပေါင်မြို့နယ်စစ်အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုကို ယ​နေ့ စက်တင်ဘာလ ၃၀ ရက်​နေ့ ပြုလုပ်သည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီး၊ လူငယ်တွေနဲ့ ကျောင်းသူ/သားတွေ ပူးပေါင်းပါဝင်ကာ ‘တော်လှန်မီးတောက်အားကောင်ဖို့ CDM ကို ထောက်ပံ့စို့’ ခေါင်းစဥ်နဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ဒီနေ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

  • ယမန်​နေ့က အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားကြတဲ့ ထန်တလန်မြို့မိမြို့ဖ ဦးရာလ်သူးနဲ့ ဦးဟရာမ်ပဲန်တို့ကို ဟားခါးဘာသာရေးလူကြီးများမှ ယနေ့တွင် သွား ရောက်သဂြိုလ်​ပေးခဲ့​ကြောင်းသိရပါတယ်။

 

  • Tender အပါအဝင် SAC စီမံကိန်းများ နောက် ဆုံးခွင့်ပြုရက် နှင့် စပ်လျဉ်း၍ ထပ် မံ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိသော အ ကြမ်းဖက်စစ်ကောင်စီ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ၂၀၂၁ အောက်တိုဘာလ (၁)ရက်မှစ၍ ထိထိရောက်ရောက် အ ရေးယူသွားမည်ဖြစ် ကြောင်း ထပ်မံသတိပေးလိုက်သည်။

 

  • လွိုင်ကော်မြို့နယ် ကုန်းသာရွာအနီး ဒီနေ့တိုက်ပွဲမှာ PDF ရဲဘော် နှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ခဲ့ပါတယ်။ မနက် ၉ နာရီခန့်ကနေ ညနေ ၃ နာရီခန့်ထိ တိုက်ပွဲချိန် ကြာ မြင့်ပြီး လွိုင်ကော် PDF ၊ ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KA ၊ KNDF အပြင် အလယ်ပိုင်းတိုင်း PDF က ညီနောင်ရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ လက်နက်ကြီးအင်အား အလွန် အကျွံအသုံးပြုတာ၊ ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အကြမ်းဖက်စစ်ကောင်စီက ထပ်ပြီးကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

 

  • ရက်ပေါင်း ၂၃၅ ရက်မြောက် စစ်အာဏာရှင် ဆန့်ကျင်ရေး ကလေးမြို့ လျှပ်တပြက်သပိတ် စစ်ကြောင်း ဒီနေ့ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

 

  • ယနေ့နံနက် ၁၁ နာရီခွဲ ဝန်း ကျင်တွင် ကလေးမြို့ဘက်မှ တမူးဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကားငယ် ၃ စီးပါ အကြမ်းဖက်စစ်ကောင် စီယာဉ်တန်းကို ၅၆ မိုင်ရွာနှင့် ကံလှရွာ အကြား မြလေးတောင်အနီးတွင် မိမိတို့ PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ယာဉ်တန်းအလယ်မှ ကားတစီး ထိမှန်ပေါက်ကွဲ၍ မြှောက်တက်လွှင့်ထွက်ပြီး လမ်းဘေးချောက်အတွင်းသို့ ပြုတ်ကျသွားခဲ့ပါ သည်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် မင်းအောင်‌လှိုင်လက်ပါးစေ အကြမ်းဖက်စစ်သား အနည်း ဆုံး ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း PDF (Kalay) က ထုတ်ပြန်ခဲ့ပါတယ်။

 

 

  • ၂၉-၉-၂၀၂၁ ရက်နေ့ ကုန်းသာတိုက်ပွဲတွင်ကျဆုံးခဲ့တဲ့ ဖယ်ခုံPDF တပ်ဖွဲ့ဝင်သူရဲကောင်း –

မောင်ပါစကွားလယ်

မောင်မားရ်ကို့

မောင်နို့

မောင်မြမောင်

တို့၏ရုပ်အလောင်းကို ၃၀-၉-၂၀၂၁ ရက်         နံနက်(၇)နာရီ အချိန်၎င်းတို့၏ဇာတိ ကျေးရွာသုဿန်တွင် သဂြိုလ်ပြီးစီးခဲ့ပါသည်။

 

  • မန္တလေးမြို့အခြေစိုက် လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက် တင်ဘာလ ၃၀ ရက်နေ့တွင် “တော်လှန်ရေးမှ သင့်ကို အလိုရှိသည်” အကြမ်းဖက် စစ်အာဏာရှင်စနစ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • “တော်လှန်ရေးသမားကိုသာ ဖမ်းဆီးလို့ရရင်ရမယ်၊ တော်လှန်ရေးစိတ်ဓာတ်ကို ဘယ်အရာနဲ့မှ တားဆီးလို့မရစေရ” စတဲ့ကြွေးကြော်သံတွေနဲ့ စက်မှုသပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ်သပိတ် စစ်ကြောင်းနဲ့ အရမ်းညီတဲ့ချမ်းစည်သပိတ်စစ်ကြောင်းတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

 

  • ဝက်လက်မြို့နယ်ရှိ ကျေး ရွာတစ်ရွာတွင် ယနေ့ စက် တင်ဘာလ ၃၀ ရက်နေ့က “ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်” ကြွေးကြော်သံများဖြင့် အကြမ်းဖက် စစ်ကောင် စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • “တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး” စတဲ့ ကြွေးကြော် သံတွေနဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • အလက (၁၂) ထခွဲ အခြေခံကျောင်းသားများသမဂ္ဂက စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

 

  • တန့်တည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင်ဒေသ ကျေးရွာတစ်ရွာရှိပြည်သူများက ယ​နေ့ စစ်အာ ဏာရှင်ဆန့်ကျင်ဆန္ဒပြ။

 

  • ရန်ကုန်မြို့အဝင်က Zero Mile မှာ ဂိတ်စောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ခရီးသွားပြည်သူတွေဆီကနေ အဓမ္မ ပိုက်ဆံတောင်းယူမှုပြုလုပ်​နေ​ကြောင်း သိရပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ကျေးရွာတွေမှာ ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ဖို့ လုပ် ဆောင်နေသူတွေကို မြင်းမူလျှပ်စီးပြောက် ကျားအဖွဲ့က စက်တင်ဘာ ၃၀ ရက်က သတိပေးလိုက် ပါတယ်။

 

  • ရခိုင်ပြည်နယ်၊ စစ်ကောင်စီကခန့်အပ်ထားတဲ့ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းဟာ ကျောက်တော်မြို့ကို ရောက်ရှိနေစဉ် ရုတ်တရက်သွေးတိုးလာတာကြောင့် စစ်တွေဆေးရုံကို စစ်ရဟတ် ယာဉ်နဲ့ အရေးပေါ်ပို့ဆောင်ခံရတယ်လို့ သိရပါတယ်။

Related Articles

Back to top button