သတင်း

တပ်တွေဆုတ်ခွာပေးဖို့ စစ်ကောင်စီ၏ တောင်းဆိုချက်ကို TNLA ငြင်းခဲ့

တပ်တွေဆုတ်ခွာပေးဖို့ စစ်ကောင်စီ၏ တောင်းဆိုချက်ကို TNLA ငြင်းခဲ့
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မေ ၂၊ ၂၀၂၅
 
တပ်ဆုတ်ခွာပေးဖို့ စစ်ကောင်စီ၏ တောင်းဆိုချက်ကို တအောင်းတပ် (TNLA)ဘက်က ငြင်းပယ်ခဲ့တယ်လို့ TNLA က ဒီကနေ့ မေလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
 
တရုတ်နိုင်ငံက ကမကထပြုပြီး တအာင်းတပ် ဒုတိယဗိုလ်ချုပ်ကြီး တားဂျူတ်ဂျား ဦးဆောင်တဲ့ အဖွဲ့ နဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ် အခုလို တောင်းဆိုမှုအပေါ် ငြင်းပယ်ခဲ့တာလို့ TNLA ဘက်က ထုတ်ပြန်တာပါ။
 
စစ်ကောင်စီက ဆွေးနွေးပွဲအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နဲ့ မိုးမိတ် ဒေသတွေကနေ နမ့်ဆန် နဲ့ မန်တုံမြို့နယ်အထိ တအာင်းတပ်(TNLA)တွေအားလုံး ဆုတ်ခွာဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး TNLA ဘက်က လက်မခံတဲ့အတွက် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်ဘဲ လာမယ့် လာမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
 
လေကြောင်းက ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း စတဲ့ ပစ်ခတ်တိုက်ခိုက်မှုအားလုံး ရပ်တန့်ဖို့၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ် းကြောင်း ပြန်လည်ဖွ င့်လှစ်နိုင်ရေး၊ ဒေသတည်ငြိမ်ရေး နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA လို တဆင့်တိုး အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ကမကထ ပြုပြီး နှစ်ဖက်တွေ့ဆုံမှုတွေ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
 
Photo: TNLA

Related Articles

Back to top button