တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 88, November 3, 2023)

၁။ ဒေါနို့ကူး စစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေ နေရာရွှေ့ခိုင်း
   November 2, 2023

ထိုင်း-ကရင်နီပြည်နယ်စပ်၊ မယ်စဲ့မြို့နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက ဒေါနို့ကူး စစ်ဘေးရှောင်စခန်းကို ထိုင်း အာဏာပိုင်တွေက လာမယ့် ၂ ပတ်အတွင်း နေရာရွှေ့ခိုင်းနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိ စခန်းချ ထားတဲ့ နေရာဟာ ကျွန်ဝိုင်း သစ်တောနယ်မြေ ဖြစ်ပြီး ရေရှားပါးတာကြောင့် တာခ့်ခရိုင် အနောက်ဘက်ကို ပြောင်းရွှေ့ခိုင်း တာ လို့ဆိုပါတယ်။ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ တစ်ဦးက “သူတို့ ရွှေ့ဆိုတော့လည်း ရွှေ့ရမှာပေါ့။ ဘယ်တတ်နိုင်မလဲ။ အကုန် လုံး တစ်ပြိုင်နက်တည်း ရွှေ့ဖို့က အဆင်မပြေလောက်ဘူး။ ဖြည်းဖြည်းချင်းတော့ လုပ်ရမှာပါ့။ အဓိက လိုအပ်တာက ကူညီတဲ့ အဖွဲ့အစည်းတွေပဲ” လို့ ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေ ဘက်က မရွှေ့ချင်တဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခွင့် ပေးထား တာကြောင့် ကရင်နီပြည်နယ် ပြန်မယ့်သူတွေ အများအပြား ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မယ်စဲ့မြို့နယ်မှာရှိတဲ့ ဒေါနို့ကူး စစ်ဘေးရှောင်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဗုံးကြဲ တိုက်ခိုက်တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက ကရင်နီဒုက္ခသည် စခန်း အမှတ်(၁) အနီး ပြောင်းရွှေ့ခဲ့ရတာပါ။ ဒေါနို့ကူး စစ်ဘေး ရှောင်စခန်းနေ ပြည်သူတစ်ဦးက “ပြန်ချင်လား ဆိုတော့ ပြန်ချင်တာပေါ့။ ဒါပေမယ့် ပြန်ရင် ကျမတို့ အိမ်က မရှိတော့ဘူး။ တောထဲတောင်ထဲမှာ တဲထိုးပြီး နေရမှာ။ ဒါပေမယ့် ဒီမှာထက်တော့ စားစရာ ပေါနိုင်တယ်။ ဒီမှာက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဒါပေမယ့် အကူအညီတွေလည်း မရဘူး။ ထိုင်းဘက်ကလည်း မကူညီဘူး။ ပြည်တွင်းက အဖွဲ့တွေလည်း လာလို့ မရဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လလယ်က ဒေါနို့ကူး စစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၅,၀၀၀ ကျော် နေထိုင်ပြီး စက်တင်ဘာလအတွင်း ကရင်နီပြည် နေရပ်ပြန်သူတွေ ရှိတာကြောင့် လက်ရှိ လူဦးရေ ၃,၀၀၀ ကျော် ခိုလှုံနေတယ်လို့  သိရပါတယ်။ https://www.facebook.com/photo/?fbid=3626526427 87853&set=a.285900490463069

၂။ ကြာအင်းဆိပ်ကြီးမြို့ကို  ကရင်လက်နက်ကိုင်တပ်များ ဝင်ရောက်တိုက်ခိုက် ထိန်းချုပ် 
   November 2, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အနီးက စစ်ကောင်စီတပ်စခန်းတွေအပါအဝင် မြို့ပေါ်ကိုပါ  ကရင်လက်နက်ကိုင် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့တွင်းအထိ ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ မြို့ခံက ပြောပါတယ်။ နိုဝင်ဘာ လ ၂ ရက် ဒီမနက်အစောပိုင်း ၄ နာရီလောက်ကတည်းက  ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တွေက  စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးရယူထားတဲ့ မြို့လယ်​ခေါင် ရဲစခန်း၊ ​ထွေအုပ်စု​ပေါင်းရုံး​နဲ့ မြို့တွင်း​နေရာ​တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ကြာအင်းဆိပ်ကြီးမြို့ခံတဦးက “ကျနော်တို့ ကြာအင်းဆိပ်ကြီးမှာ ကားလမ်းတွေက မနက်မိုးလင်းကတည်းက စပိတ်လိုက် တယ်။ အခု ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ လမ်းပိုင်းကိုလည်း သူတို့ပိတ်လိုက်ပြီ။ နောက်တခု ကျနော်တို့အခုကတော့ ကြာအင်းဆိပ်ကြီးမှာ‌တော့ အပြင်းအထန် ဖြစ်နေကြတာပေါ့။ အခုက ကေအန်ယူဘက်က ကြာအင်းဆိပ်ကြီးကို သိမ်းလိုက်ပြီ။ ကြာအင်းဆိပ်ကြီး မြို့နယ်တခုလုံးကို သိမ်းလိုက်ပြီပေါ့။ အခု ဟိုဘက်လမ်းဒီဘက်လမ်း အကုန်လုံးသွားလာလို့မရတော့ဘူး”လို့ ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ကွီးလက်တဲ၊ ကနဲလေး စတဲ့ စစ်ကောင်စီ တပ်စခန်းတွေအပါအဝင် မြို့နယ် တဝိုက်ရှိ စစ်ကောင်စီ အထိုင်ချ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။

“လောလောဆယ်တော့ တပ်စခန်းတွေတော့ ကျကုန်ပြီ။ ဒါပေမဲ့ အသေစာရင်း အပျောက်စာရင်း ကတော့ အတိအကျ မသိရသေးဘူး။ ကြာအင်းဆိပ်ကြီးမှာက တပ် ၃ တပ်တော့ရှိတယ်။ ဗျူဟာတပ်လည်း ရှိတာပေါ့။ သူတို့ ကာကင်းကတော့လုပ် တော့လုပ်တာပေါ့။ ဒါပေမဲ့ အဲဒီနေရာတွေကို သူတို့ ပိတ်ဆို့ထားတာလည်း ရှိတာပေါ့။ အခုက တပ်စခန်းရှိတဲ့ဘက်ကို တိုက်ပြီး တော့ မြို့ကိုသိမ်းလိုက်တယ်ဗျာ”လို့ ဒေသခံက ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခြေလျင် တပ်ရင်း ခလရ (၂၈၄)၊ ခလရ (၃၂) အပါအဝင် စစ်ကောင်စီတပ်စခန်းတွေရှိပြီး အခုတိုက်ပွဲတွက်လက်နက်ကြီး‌ကြောင့် ဒေသခံတချို့လည်း ထိခိုက်မှု တွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက် ၄ နာရီလောက်ကစတင်ပြီး ကြာအင်းဆိပ်ကြီးမြို့ပေါ်နဲ့ ထိုင်း-မြန်မာနယ်စပ် အနီးက ကွီးလုံတိုင်တပ်စခန်း၊ ကနဲလေး တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါးထူးက ပြောပါတယ်။ ဗိုလ်မှူးကြီးနယ်ဒါးထူးက “စကစ စခန်း​တွေက​တော့ အဆင်​ပြေရင်​ပြေသလို ကျ​နော်တို့က​တော့ တိုက်​နေကြပါပဲ။ ဒီမနက် ကြာအင်းဆိပ်ကြီးရယ် ​ကော့ကရိတ်ရယ် ကနဲ​လေးစခန်းရယ်နဲ့ ကီးလုံးတိုင်စခန်းရယ်ကို တပြိုင်တည်းတိုက်ရတာက ​မြောက်ပိုင်းမှာဖြစ်​နေတဲ့ စစ်ပွဲ​တွေနဲ့အတူ ကျ​နော်တို့ဘက်ကလည်း အား ဖြည့်တိုက်ခိုက်တဲ့အ​နေအထားပဲ”လို့ ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးအများအပြားအသုံးပြု ပြန်လည် တိုက်ခိုက်နေသလို လေကြောင်းကနေ ပျံသန်းတိုက်ခိုက်မှုတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ https://burme se.dvb.no/post/623058

၃။ ရှမ်းမြောက် ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ
    November 2, 2023

ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေ အတွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေ ၂၀,၀၀၀ ကျော်အထိ တိုးလာပြီး စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အတွင်း ချင်းရွှေဟော်၊ လားရှိုး၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မုံးကိုးစတဲ့ ဒေသတွေက လူ ၂၀,၀၀၀ ကျော်ဟာ ဘုန်းကြီးကျောင်း တွေနဲ့ လုံခြုံရာ နေရာတွေမှာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ တိုက်ပွဲတွေဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)တည်ရှိရာ လားရှိုးမြို့ပေါ်အထိကျယ်ပြန့်လာပြီး လားရှိုးမြို့နယ်ရှိဘုန်းကြီး ကျောင်း ၉ မှာ စစ်ရှောင် ၅၆၂၆ ဦး အထိ ရှိနေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။ လူဦးရေ အများဆုံး ခိုလှုံနေတဲ့ လားရှိုးမြို့ပေါ်ရှိ မန်ဆူဘုန်းကြီး ကျောင်းမှာတော့ နေရာထိုင်ခင်းနဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ အရှင်စဝ်ခူး ကောလိနဒက မိန့်ပါတယ်။“ဒီမှာတော့ အဖွဲ့အစည်းတွေ ကူညီတာမရှိသေးပါဘူး။ လူပုဂ္ဂိုလ်တွေပဲ လာလှူနေကြတာပါ။ စစ်ရှောင်တွေ ကတော့ ရွာ ၁၀ ရွာကျော်လောက် ရှိတယ်။ ဒီမှာတော့ ဖျားနာသူတွေ များနေတယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

လက်ရှိ လားရှိုးမြို့နယ် ဟိုနမ့်ဘုန်းကြီးကျောင်းမှာ လူ ၂၅၀ ဦး၊ ဟိုပိတ်ဘုန်းကြီးကျောင်းမှာ ၂၀၀ ဦး၊ မိုင်းတင်ဘုန်းကြီး ကျောင်းမှာ ၁၀၀ ဦး၊ ကုန်းဆာဘုန်းကြီးကျောင်းမှာ ၄၅၀ ဦး၊ မန်ဆူဘုန်းကြီးကျောင်းမှာ ၃၀၀၀ ဦး၊ မန်အိုင်အထက်ရွာ ဘုန်းကြီး ကျောင်းမှာ ၁၆၀ ဦး၊ တာပုံဘုန်းကြီးကျောင်းမှာ ၅၀၀ ဦး၊ ပန်နားဘုန်းကြီး ကျောင်းမှာ ၆၆၆ ဦး၊ မိုင်းကြပ်ဘုန်းကြီးကျောင်းမှာ ၃၀၀ ဦး၊ စုစုပေါင်း လူ ၅၆၂၆ ဦး ရောက်ရှိ ခိုလှုံနေပါတယ်။ ဒါ့အပြင် MNDAA ပူးပေါင်းတပ်တွေ မြို့အဝင်အထွက်ကို ထိန်းချုပ် ထားတဲ့ သိန္နီမြို့နယ်မှာ ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ ဟိုမိန်းရွာ ဘုန်းကြီးကျောင်းမှာ လူ ၅,၀၀၀ ကျော် ခိုလှုံနေရပါတယ်။ ရှမ်းလူငယ်အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောင်းခမ်းရွာ ဘုန်းတော်ကြီးကျောင်းရှေ့ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် ခမရ (၆၉) က စစ်ရှောင်စခန်းထဲက လက်နက်ကြီး ထိမှန် ဒဏ်ရာရသူ ၂ ဦးကို ဆေးကုသခွင့် မပေးလို့ စစ်ရှောင် ၂ ဦး သေဆုံး ခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AAတို့ဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကောင်စီကို စစ်ကြေ ညာပြီး ရှမ်းမြောက်မြို့နယ်အနှံ့က တပ်စခန်းပေါင်း ၈၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော်မြို့နဲ့ မူဆယ်ခရိုင်၊ ဖောင်းဆိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ https://www.facebook.com/ photo/?fbid=362192159500 568&set=a.285900490463069

၄။ စစ်ကောင်စီတပ်က မင်းတပ်မှာ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံး
    November 2, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂၄ ရက်က  မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသမီးကို ပြန်လွှတ်ပေးသည်ဟု CDF မင်းတပ်က နိုဝင်ဘာလ ၂ ရက် ယနေ့မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ သေဆုံးသွားသော အရပ်သားသည် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကျောင်းများမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး မြို့အနီး သွားချိန်တွင် အဖမ်းခံရခြင်းဖြစ်သည်ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။ CDF – မင်းတပ်ထံ ထပ်မံအတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။“ခုရက်ပိုင်းအရပ်သားတွေကို အကြောင်းမဲ့ဖမ်းတာတွေ၊ လူသားဒိုင်းအဖြစ် ရှေ့ကသွားခိုင်းပြီး လုပ်တာတွေက ပြည်သူကို အလေး ထားရင် (စကစ) တကယ်ကိုမလုပ်သင့်တာပါ။ ပြည်သူတွေအနေနဲ့လည်း အသွားအလာအပြောအဆို ဆင်ခြင်စေချင် ပါတယ်”ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။ အောက်တိုဘာလ ၁၅ ရက်က မင်းတပ်မြို့၊ ၄ မိုင်တွင် စစ်ကောင်စီတပ် က ဖမ်းဆီးသွားသော အသက် ၂၉ နှစ်ရွယ် အမျိုးသားကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့တွင်းက အရှေ့ပြင်မှာလည်း အောက်တိုဘာလ ၂၅ ရက်ညက စစ်ကောင်စီနှင့် CDF မင်းတပ်တို့ ထိတွေ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု CDF မင်းတပ်က ထုတ်ပြန်သည်။ မင်းတပ်မြို့ အခြေစိုက်စစ်ကောင်စီတပ်ရင်းသည် အောက်တိုဘာလအတွင်း တိုက်နယ် ၂၊၃၊၄ ဘက်ကကျေးရွာများ၊ ၆ မိုင်နှင့် မင်းတပ်- မတူပီ လမ်းပေါ်များဆီသို့ တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၂၃ ကြိမ် ပစ်ခတ်ခဲ့ရာ အရပ်သား နေအိမ် ၆ လုံး၊ ဆိုင်ကယ် (၂)စီး ထိခိုက်ပျက်စီးခဲ့သည်၊ အိမ်မွေး တိရစ္ဆာန် (၅) ကောင်သေဆုံးခဲ့သည်ဟု သိရသည်။“ရပ်ရွာတွေမှာ အစည်းဝေးလုပ်ပြီဆို ပစ်တယ်၊၊ ကာကွယ်ရေးအဖွဲ့တွေ အသွားအလာများတဲ့ နေရာဖက်တွေ ရမ်းသမ်းပစ်တယ်။ စကစ က သတင်းတစ်ခုခုကြားရင် အမြဲပစ်တတ်သောကြောင့် စကား ပြောဆိုတာ ဆင်ချင်ကြဖို့၊ ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေ မသိအောင်သွားလာကြဖို့၊ အဲ့တာဆိုသူတို့ရဲ့ သတင်းပေးတွေ မသိရင် အပစ်ခံရဖို့ မရှိပါဘူး”ဟု မင်းတပ်ဒေသခံက ပြောသည်။ စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီသည် ချင်းအမျိုးသမီး ၃၈ ဦးအပါအဝင် အရပ်သား ၂၁၇ ဦးကို သတ် ဖြတ်ကျူးလွန်ခဲ့ပြီး ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးဝါးလာသည်ကို စောင့်ကြည့် လေ့ လာမှုများအရ တွေ့ရှိရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် ICA က အောက်တိုဘာလထဲ အစီရင်ခံစာ ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=82256976320 5412&set=pcb.822570209872034

၅။ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီးထိ၍ မိန်းကလေးတစ်ဦးသေဆုံး၊ သုံး      ဦးဒဏ်ရာရ
   November 2, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ် ၍ အရပ်သားသေဆုံးထိခိုက်မှုဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ KNU မုန်း(မူး)မြို့ နယ်အတွင်း စစ်ကောင်စီက   ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ် လျက်ရှိရာ နိုဝင်ဘာ ၁ ရက် နှင့် အောက်တိုဘာ ၃၁ ရက်တို့တွင် အရပ်သားထိခိုက်မှု ဆက်ရှိခဲ့ခြင်းဖြစ်သည်။ (နိုဝင်ဘာ ၁ ရက် တွင်) နတ်သံကွင်းတံတားရှိ စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ (၇၆)နှစ်အရွယ် အမျိုး သားတစ်ဦး ဒဏ်ရာရခဲ့ပြီး သပြေကုန်း ကျေးရွာအတွင်းရှိ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း   အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-၄၃၉ သည် ကျေးရွာများတွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီး လေးလုံးကို ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာသို့ တစ်လုံး၊ ရေလဲ(အရှေ့ဘက်ကမ်း)သို့ နှစ်လုံး ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ပေါက်ကွဲမှုကြောင့် (၁၇)နှစ်အရွယ် မိန်းကလေးငယ် သေဆုံးခဲ့ရကြောင်း အသိပေးသည်။ ထို့ပြင် (၉)နှစ်ကလေးငယ်နှင့် (၂၀)နှစ်အရွယ် မိန်းကလေးငယ်တို့ ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဒေသတွင်း ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်မှုများလည်း လုပ် ဆောင်ခဲ့ကြောင်း အသိပေးသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၆ရက်ကလည်း မူးမြို့နယ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခဲ့သေးသည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ထိုသို့ တိမ်းရှောင်နေရသူ လူဦးရေ ၅,၂၀၀ ကျော်ရှိကြောင်း ထုတ်ပြန်သည်။ https://www.facebook.com/photo?fbid=672411588 290970&set=pcb.672411621624300

၆။ လက်နက်ကြီးအန္တရယ်ကြောင့် ဗုံးခိုကျင်းတွင်တိမ်းရှောင်နေသည့် သားအမိနှစ်ဦး မြေပိသေဆုံး
    November 2, 2023

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရန်ကြောင့် ဗုံးခို ကျင်းတွင်တိမ်းရှောင်နေသည့် သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာမြေပိသေဆုံးခဲ့ကြောင်းသိရသည်။ မူဆယ် – မန္တလေးလမ်းမပေါ်ရှိ နမ့်ခွန်ကျေးရွာမှ သစ်ကြားသီးခြံရှိ ဗုံးခိုကျင်းတွင် သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာ မြေပိသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုး သားတစ်ဦးက ပြောသည်။“သေနတ်တွေ လက်နက်ကြီးသံတွေကြားလာလို့ ဝင်ပုန်းတဲ့အချိန် ဖြစ်သွားတာပေါ့။ တွေ့တာတော့ ဒီမနက်မှ တွေ့တာဟုတ်တယ်” ဟုပြောသည်။ ယမန်နေ့ညက ဗုံးခိုကျင်းအတွင်းဝင်ရောက်ပုန်းအောင်းနေရာမှ ယနေ့နံနက်တွင် ထွက်မလာသောကြောင့် သွားရောက်ကြည့်ရှုချိန် မြေကြီးပိသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။“မနေ့ညကတည်း ကတုတ်ကျင်းထဲမှာ ဝင်နေတာ မနက် ၆ နာရီထိုးလာလည်း ထွက်မလာတော့ မိသားစုဝင်တွေ သွားကြည့်တဲ့အချိန် မြေကြီးပိပြီး ဆုံးနေတာသွားတွေ့တာ။ ဘယ်အချိန်မှာ ဆုံးသွားသလဲဆိုတာတောင် မသိတော့ဘူး။ မနေ့ည ကတည်းကလား ဒီမနက်မှလားဆိုတာ” ဟုပြောသည်။

သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၁၂ နှစ်ခန့်အရွယ်ရှိ မောင်တန်ဘောက်ခေါင်ဇောင်း နှင့် မိခင်ဖြစ်သူမှာ အသက် ၄၅ နှစ်ခန့် အရွယ်ရှိ ဒေါ်ခေါဝန်င် ဆိုသူတို့ဖြစ်ကြောင်းသိရသည်။ ယမန်နေ့ နံနက်ကလည်း မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့ ဘုရား ကျောင်းအနီးရှိ မနောင်ကွင်းတွင် စစ်ကောင်စီက လေကြောင်းမှပစ်ခတ်သည့်ဗုံး ကျရောက်ပေါက်ကွဲခဲ့သော ကြောင့် ကလေးငယ် တစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သည်။ https://www.facebo ok.com/photo?fbid=65294734 0366271&set=pcb.652947700366235

၇။ ဒီးမော့ဆိုမှာ မူးယစ်ဆေးဝါး ရောင်းချနေသူကို ကရင်နီပြည် ရဲတပ်ဖွဲ့-KSP ဖမ်းဆီး အရေးယူ
   November 2, 2023

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ကျေးရွာ တစ်ခုမှာ မူးယစ်ဆေးဝါး ရောင်းချနေသူကို ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) က အောက်တိုဘာ ၃၁ ရက်နေ့၊ ညနေ ၄ နာရီမှာ ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။ ကရင်နီပြည် အမှတ် (၉) ရဲစခန်းက နယ်ထိန်း ဦးဇွန်နီလင်း နဲ့အတူ ကလလတ ရဲဘော် ကော်ဒီဇင်ထူး၊ KNDF တပ်ရင်း (၅) က ရဲဘော်စိန်ဘထွန်း တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာပါ။ အမှတ် (၉) ရဲစခန်း ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “ဘယ်လို သတင်းရလဲ ဆိုတော့ ကျနော် တို့ ဒီတိုင်းပဲ နယ်မြေထဲမှာက နယ်ထိန်းတွေ ရှိတယ်လေ။ ကျနော်တို့ သိတဲ့ အသိတွေ ရှိတော့ ဒီအတိုင်းပဲပေါ့။ အထူးတစ်လည် သတင်းရတာမျိုးတော့ မဟုတ်ဘူးပေါ့။ နာမည်ထွက်နေတဲ့ အဲလူကို ကျနော်တို့ သွားရှာတယ် ဒါပါပဲ” လို့ ပြောပါတယ်။

ကျေးရွာ တစ်ခုမှာ နေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အောင်သန်းလင်း ဆိုသူရဲ့ နေအိမ်ကို ရှာဖွေရာမှာ WY စာ တမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကျော်နဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ သူ့ကို (ပ)၈/၂၀၂၃ မူးယစ်ဆေး ဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဥပေဒေပုဒ်မ ၁၉(က)/ ၂၂(ခ) တို့နဲ့ ကရင်နီပြည် အမှတ် (၉) ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပြီး ကရင်နီပြည် တရားရုံးက စီရင်ချက် ချမယ်လို့ သိရပါတယ်။“ဘယ်လို စီရင်ချက်ချမလဲဆိုတာက ကျနော်တို့ ရဲနဲ့ မဆိုင်တော့ဘူး နော်။ ရဲက အပြစ်ချမှတ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ကျနော်တို့က တရားရုံးကို Support (အထောက်အပံ့) ပဲ လုပ်ပေးတာ ပေါ့နော်။ ကျန်တာက တရားရုံးကပဲ စီရင်ရမှာပေါ့” ရဲတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ လက်ရှိ ကရင်နီပြည် အုပ်ချုပ်ရေးအဖွဲ့ လက်အောက်မှာ ရဲရေးရာဌာန၊ ပြည်သူ့ရေးရာ ဌာန၊ သတင်းနဲ့ ပြန်ကြားရေးဌာန၊ စွမ်းအင်မြှင့်တင်ရေးဌာန စတဲ့ ဌာနကြီး ၄ ခု ဖွဲ့စည်းထားပြီး KSP အနေနဲ့ ၂ နှစ်ကျော်အတွင်း အမှုပေါင်း ၂၃၅ မှုကို တရားစွဲ နိုင်ခဲ့တယ်လို့ သိရပါတယ်။ https://www. facebook.com/photo/?fbid=362809772772140&set=a.285900490463069

၈။ ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး၊ နေအိမ် ၃     လုံး ထက်မနည်း ပျက်စီး
   November 2, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာမှာ စစ်ကောင်စီက ဒီနေ့ နေ့လည်ပိုင်းမှာ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်မှု ကြောင့် အမျိုးသမီးတစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၂ ရက် နေ့လည် ၂ နာရီခွဲမှာ စစ်ကောင်စီက ကာလိုင်ကျေးရွာထဲကို လေယာဥ်နဲ့ ဗုံး ၂ ကြိမ်လာကြဲခဲ့တာကြောင့် ကာလိုင်စျေးအနီးမှာရှိတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ကျေးရွာဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ “သူတို့အိမ်က စျေးနား မှာဘဲ။ သူအပြင်ထွက်တဲ့အချိန်ဖြစ်မယ်ထင်တယ်။ သူလမ်းပေါ်ရောက်တာနဲ့ ဗုံးကွဲပြီ” လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကာလိုင်စျေး စျေးတန်းတွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် ကာလိုင်ရွာက နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

ကာလိုင်ကျေးရွားအနီးရှိ ဒေသခံတွေက ကွတ်ခိုင်မြို့ထဲကို ထွက်ပြေးတိမ်းရှောင်ဖို့လုပ်နေပြီး တစ်ချို့ကလည်း ကတုတ် ကျင်းထဲမှာဘဲ ခိုလှုံနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျမတို့က တောင်ယာမှာ စပါးရိတ်နေတာလေ။ ကာလိုင်ကို မြင်နေရတယ်။ ကြည့်လိုက်တော့ လေယာဥ်က ကာလိုင်ထဲပစ်နေပြီ။ ကျမတို့လည်းကြောက်တော့ ဂူထဲဘဲပြေးဝင် လိုက်တယ်” လို့ပြောပါတယ်။ အလားတူ သိန္နီမြို့နယ်မှာလည်း နိုဝင်ဘာ ၂ ရက်မှာ စစ်ကောင်စီက လေယာဥ် ၂ စီးနဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးတာရှိနေတယ်လို့ ဒေသခံတွေကပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ ၁၀၂၇ စစ်​ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ၆ ရက် အတွင်း ရှမ်းမြောက်မှာ ကလေး ၃ ဦးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၃၉ ဥဦးထိခိုက်ဒဏ်ရာရခဲ့ပြီဖြစ်ပါတယ်။ https://www.faceb ook.com/photo?fbid=660416152932319&set= pcb.660416299598971

၉။ တနင်္သာရီမှာ လက်နက်ကြီးကျည်ထိတဲ့ ရှစ်တန်းကျောင်းသား မြိတ်ဆေးရုံမှာ ဆေးကုသမှု ခံယူရင်းသေဆုံး
    November 2, 2023

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးထိလို့ ဆေးကုသမှုခံယူနေတဲ့ ရှစ်တန်းကျောင်းသား နှစ်ပတ် အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ တနင်္သာရီမြို့လေသာတောင်ပေါ်မှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အရင်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲမဖြစ်ပွားဘဲ အနီးအနားကရွာတွေထဲကို လက်နက်ကြီးနဲ့ အများအပြားပစ်ခတ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်ချိန် တမုတ်ချုံးရွာထဲကိုလက်နက်ကြီးကျပြီး အသက် ၁၆ နှစ်အရွယ် ရှစ်တန်း ကျောင်းသား မောင်ပြည့်ဒေးဝန် (ခေါ်) ဝတုတ်နဲ့ မိသားစုဝင်အမျိုးသားတစ်ဦးတို့ ကျည်ထိမှန်ခဲ့တာပါ။ အဲဒီနောက် မြိတ်ဆေးရုံ ကို တင်ဆောင်ပြီး ဆေးကုသမှုခံယူနေချိန် လွန်ခဲ့တဲ့ ငါးရက်၊ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ဒဏ်ရာပြင်းထန်တဲ့ မောင်ပြည့်ဒေးဝန် သေဆုံးသွားတာဖြစ်ပါတယ်။ “ကလေးက နေ့လည်ပိုင်းကျောင်းဆင်းလို့ထမင်းစားနေတဲ့အချိန်ပါ။ လက်နက်ကြီးကျည်က အိမ်ဘေးကပ်ရပ်ကို လာကျတာ” လို့ တမုတ်ချုံးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 မောင်ပြည့်ဒေးဝန်ဟာ ဝမ်းဗိုက်နဲ့ လက်မောင်းတို့မှာ ကျည်ထိမှန် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နောက်ထပ်မိသားစုဝင် အမျိုးသားကတော့ ပါးစောင်မှာဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံရဲ့ပြောပြချက်အရ သိရပါတယ်။ သေဆုံးသူမောင်ပြည့်ဒေးဝန်ရဲ့ အလောင်းကိုတော့ ပြီးခဲ့တဲ့ သီတင်းကျွတ်နောက်ဆုံးရက်မှာ တမုတ်ချုံးရွာသင်္ချိုင်းမှာမြေမြုပ် သင်္ဂြိုဟ်လိုက်ပြီလို့ ရွာခံက ပြောပါ တယ်။ တနင်္သာရီမြို့နယ် မော်တုန်းအခြေစိုက်စစ် ကောင်စီတပ် အမတ (၃၀၆)က လက်နက်ကြီးနဲ့ပြီးခဲ့တဲ့လ ၁၆ ရက်နေ့က ရမ်းသမ်းပစ်ခတ်လို့ တပ်ရင်းအနီးနေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် ကိုလာဖွီဒင်ဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ https:// www.facebook.com/photo/?fbid=359793073105115&set=a.1962 12682796489

၁၀။ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်တို့ကို လက်လွှတ်လိုက်ရဟု စစ်ကောင်စီပြော
     November 2, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) နေရာ ၃ ခုကို လက်လွှတ်လိုက်ရကြောင်း နိုဝင်ဘာ ၁ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်း “ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေ အားလုံးနီးပါးလောက် ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ၊ ဘယ်နေရာတွေ ဆက်လုပ်မယ်ဆိုတာ ပြောတာတွေ့ရတယ်။ ဒီအချိန်မှာတော့ ကျနော်တို့ အစိုးရရယ်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့တွေ လက်လွှတ်ခဲ့ရတဲ့နေရာတွေရှိပါ တယ်”ဟု ပြောသည်။ ထို့ပြင် ၎င်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲများမှာ ၅ နှစ် တကြိမ်ခန့် လူမျိုးစု အချင်း ချင်း ပဋိပက္ခ ဖြစ်ပွားကြခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ် တော်(AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေး တရပ် ကို အောက်တိုဘာ ၂၇ ရက်က စတင် ဆင်နွှဲလျက်ရှိပြီး စစ်ဆင်ရေး စတင်သည့်နေ့မှ ယနေ့ချိန်ထိ စစ်ကောင်စီ၏ စခန်းကြီး စခန်း ငယ်ပေါင်း ၉၀ ကျော်အထိ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃၀ ရက်က ဖောင်းဆိုင်မြို့ရှိ ဗျူဟာစခန်းအား တိုက်ခိုက်စဉ် လက်နက်ခဲယမ်းပေါင်းများစွာ ထားရှိသည့် ဂိုဒေါင်တခုကို မဟာမိတ်အဖွဲ့ သိမ်းဆည်းရရှိခဲ့ပြီးနောက် စစ်ကောင်စီ က လေကြောင်းဖြင့် ဂိုဒေါင်အား ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း သိရသည်။ ယနေ့တွင်လည်း ၁၀၂၇ စစ်ဆင်ရေးအား အရှိန်မြှင့်၍ တိုက်ပွဲများဖော်ဆော်လျက်ရှိရာ စစ်ကောင်စီစခန်းများ ထပ်မံသိမ်းဆည်းရရှိထားကြောင်း သိရသည်။ https://www.facebook .com/photo/?fbid=731392575700 599&set=pcb.731393059033884

၁၁။ KIAPDF ၁၀ ဦး လက်နက်တွေနဲ့ အလင်းဝင်တယ်ဆိုတာ မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ တုံ့ပြန်
     November 3, 2023

KIA နဲ့ PDF တပ်ဖွဲ့၀င်တွေ စစ်ကောင်စီထံ လက်နက်နဲ့တကွ အလင်း၀င်ရောက်လာတယ်ဆိုတာ ၎င်းအနေနဲ့မသိရှိဘူး လို့ ကချင်လွတ်မြောက်ရေးတပ် – KIA သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက မြေလတ်အသံကို ပြောပါတယ်။ မြစ်ကြီးနားမြို့အခြေစိုက် စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ KIA/PDF ၁၀ ဦး အလင်းဝင်ရောက် လာတယ်လို့ နို၀င်ဘာ ၂ ရက်နေ့ မနေ့ညပိုင်းက စစ်တပ်ပိုင်မြဝတီသတင်းမှာ ဖော်ပြလာမှုအပေါ် ဗိုလ်မှူးကြီး နော်ဘူ က အခုလိုတုံ့ပြန်ပြော ဆိုလာတာပါ။ “အဲဒီလိုသတင်းမျိုး ဒီဘက်မှာ မကြားမိဘူး။ အဲဒီဟာတွေက ဘယ်တုန်းက ဓာတ်ပုံတွေ၊ မှတ်တမ်းတွေ လည်း မသိဘူး။ ကျနော်တို့ဘက်ကတော့ အဲဒီလိုမျိုးလုပ်တယ်လို့ သတင်းတက်မလာဘူး”လို့ KIA သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ စစ်ကောင်စီ မြဝတီသတင်းရုပ်သံမှာ ပြစ်မှုကျူးလွန်မှုမရှိတဲ့ KIA၊ PDF အဖွဲ့ဝင် ၁၀ ဦးဟု ဆိုကာ  မျက်နှာကိုကာထားတဲ့ ပြောက်ကျားယူနီဖောင်းဝတ်အမျိုးသားတွေကိုလည်း ဖော်ပြပါတယ်။

ဒါ့အပြင် ၎င်းတို့နဲ့အတူ ပါလာတဲ့ AK 47 ၄ လက်၊ KO လက်နက်ငယ် ၂ လက်၊ AK 47 ၄၀ တွဲ ၁ လက်၊ M 79 ၂ လက်၊ စနိုက်ဘာ ၁ လက်နဲ့ ၅.၅၆ ကျည် ၄၅၀၊ ၇.၆၂ စနိုက်ဘာကျည် ၁၅၀၊ ၄၀ မမ ဗုံးသီး ၂၉ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆ လုံး၊ ကျည် အိမ်မျိုးစုံ ၂၇ ခုနဲ့ အလင်းဝင်ရောက်လာလို့ ထောက်ပံ့ငွေ ၁၆၅ သိန်းပေးအပ်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းအထက်ပိုင်းဒေသနဲ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပြီး အောက်တို ဘာလအတွင်းမှာ စစ်ရေးအရအရေးပါတဲ့ အဓိကတပ်စခန်းတွေဖြစ်တဲ့ အောင်ဂျာ၊ ကန်တောင်ယန်၊ နမ့်ဟိုင်းစတဲ့ စစ်စခန်းတွေ ကို KIA တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA၊ PDF တွေ အလင်းဝင်လာတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာ တာလည်းဖြစ်ပါတယ်။ https://www.facebook. com/photo/?fbid=727818686051065&set=pcb.727819446050989

၁၂။ နေရပ်ပြန်ချင်တဲ့ ရိုဟင်ဂျာတွေကို မောင်တောမြောက်ပိုင်းမှာ ရွာ ၂၀ ခန့်တည်ထောင်ပြီး ထားမယ်လို့ စစ်ကောင်စီ      ကိုယ်စားလှယ်အဖွဲ့ကပြော
    November 2, 2023

ဘင်္ဂလား‌ဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးလည်းဖြစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစောနိုင် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ အောက်တိုဘာ ၃၁ ရက်က သွားရောက်ခဲ့ပြီး နေရပ်ပြန်လိုသူ ၂၈၀၀ ကို မောင်တောမြောက်ပိုင်းမှာ ကျေးရွာ ၂၀ တည် ဆောက်ပြီး နေခွင့်ပေးမယ်လို့ ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောစကားကို ရိုဟင်ဂျာတွေက လက်မခံဘဲ တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုခဲ့တယ်လို့ ရိုဟင်ဂျာအရေးကို ဆောင်ရွက်နေတဲ့ ကိုအောင်မြိုင်က ပြောပါ တယ်။ ကိုအောင်မြိုင်က စစ်ကောင်စီဘက်က အစီစအစဉ်ကအပြောင်းအလဲမရှိဘဲ နောက်ထပ် ရွာ ၅ ရွာထပ်တိုးလာတာပဲ ရှိတယ်လို့ပြောပါတယ်။ “သူတို့ရဲ့ အစီအစဉ်တွေက ဘာမှ မပြောင်းလဲဘူး။ ပြောင်းလဲတာဆိုလို့ ရွာ ၅ ရွာ ထပ်တိုးလာတာ ပဲရှိ တယ်။ အရင်က ၁၅ ရွာလို့ပြောတာ အခုက ၂၀ ရွာဖြစ်လာတယ်။ ကျွန်တော်တို့က ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေအတွက် တင်ပြ ပေမယ့် သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အထက်ကို တင်ပြမယ်အဲဒါပဲရှိတယ်” လို့ပြောပါ တယ်။ အခုတွေ့ဆုံမှုက ပြန်လည် ဆွေးနွေးမှုမရှိရင် အရင်အတိုင်းပဲ ထူးခြားမှုမရှိတဲ့ တွေ့ဆုံမှုသာဖြစ်တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေက ယခင်က သူတို့ နေထိုင်ခဲ့တဲ့ ရွာတွေမှာ ပြန်လည်နေထိုင်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ယခင်အတိုင်းပြန်လိုချင်တယ်လို့လည်းပြောပါတယ်။

အဲဒီနေ့ကတွေ့ဆုံပွဲကို အိမ်ထောင်စု ၄၀ ကျော်နဲ့ လူဦးရေ ၁၅၀ ခန့်ကို ကနဦးအနေနဲ့ ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြောတာတွေကို ဒုက္ခသည်တွေဘက်က လက်မခံနိုင်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေး မအောင်မြင်ခဲ့ဘူးလို့ လည်း သိရပါတယ်။ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့  ရိုဟင်ဂျာ ၆ သိန်း အနက်က  ၂၈၀၀ ခန့်ကို စစ်ကောင်စီက ပြန်လည်လက်ခံမှာဖြစ်ပါတယ်။ ပြန်လည်ရောက်ရှိလာမဲ့ ရိုဟင်ဂျာတွေကို မောင်တော မြောက်ပိုင်းမှဦ ရွာ ၂၀ တည်ထောင်ပြီး အကျယ်ချုပ်အနေနဲ့ ထားမှာဖြစ်တဲ့အတွက် ရိုဟင်ဂျာတွေဘက် လက်မခံတာလို့လည်း ကိုအောင်မြိုင်က ပြောပါတယ်။ https://www.facebook.com/photo/?fbid=725818 742920151&set=a.477257421109619

၁၃။ မတူပီမြို့တွင် ပြည်သူများ ခရီးသွားလာခွင့် စစ်ကောင်စီ ပိတ်ပင်
     November 2, 2023

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက်နေ့ကစပြီးမြို့တွင်းနေ ပြည်သူများ ခရီးသွားလာခွင့်ကို ရက်ကန့်သတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။ မတူပီ-ဟားခါးလမ်းမပေါ်တွင် တပ်စွဲထားပြီး အင်အားဖြည့်လာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF-Matupi က လက်ဦးမှုယူပြီး တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ပိတ်ပင်လိုက် ခြင်းဖြစ်သည်ဟု CDF-Matupi တာဝန်ခံ G-1 က ပြောသည်။“ထိတွေ့မှုခနဖြစ်တာနဲ့ အခုမြို့ထဲမှာ အကုန်လုံးအပြင်ကို ထွက် ခွင့်ပိတ်ထားတယ်။ မြို့တွင်း ဧည်သည့်အဝင်အ ထွက်များရင်တော့ သူတို့မလုံခြုံဘူး၊ မြို့တွင်းအခြေအနေကို မြို့တွင်းကနေ အပြင်ထွက်သွားရင် ကျွန်တော်တို့စီ သတင်း ပြန်ရောက်တယ်လေ၊ ကြောက်သွားလို့ဖြစ်မှာကျွန်တော်တို့အဖွဲ့ကိုမသိစေချင်ဘူး သူတို့ လျို့ဝှက်နဲ့ ပိတ်ထားတာ။” CDF-Matupi တာဝန်ခံ G-1 က ပြောသည်။

အဆိုပါ ပိတ်ပင်မှုကြောင့် မတူပီမြို့အနီးအနားတွင်ရှိသော ကျေးလက်ပြည်သူများ မြို့တွင်း ဆီ၊ ဆား၊ ငပိ အပါအဝင် အခြားစားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများဝယ်ယူရန် ပိုအခက်အခဲတွေ့နေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ် က မြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်း ပိတ်ထားသည်မှာ ၃ ရက်သာရှိနေသေးသော်လည်း လက်ရှိမတူပီမြို့ထဲတွင် စားသောက် ကုန် ပစ္စည်းအပါအဝင် ဆန်စျေးနှုန်းများ မြင့်တက်လာနေပြီဖြစ်သော ကြောင့် ယခုထက်ရက်ကြာမြင့်ပါက ရိက္ခာပြတ်တောက် လာမည်ကို မြို့ခံများက စိုးရိမ်နေရသည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ “သူတို့အဲ့လိုပိတ်တာနဲ့စျေးတွေက ထိုးထိုးတက် လာတယ်၊ အခြေခံစားသုံးကုန်တွေက နယ်ဖက်ကလည်း ဆား၊ငပိတွေဝယ်မယ့်သူတွေအတွက် တော်တော်ခက်ခဲရှိတယ်။ အညံ့ဆုံးပေါ်ဆန်းတောင် ၉ သောင်းနဲ့ တစ်သိန်းကြားမှာရှိတယ်။” ဟု မတူပီမြို့ခံက ပြောသည်။မတူပီမြို့ပေါ်တွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ  ပြည်သူများ မတူပီမြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်း မပြုရန် ပိတ်ထားလေ့ရှိပြီး ရက်သတ္တပတ်ခန့်ကြာမြင့် တတ်သည်ဟု CDF-Matupi က ပြောသည်။   https://www.facebook.c om/photo/?fbid=821954783 266910&set=pcb.821955139933541

၁၄။ တနင်္သာရီအခြေစိုက်တပ်က အလင်းဝင်လာတဲ့တပ်သားနှစ်ဦးကို ပကဖ စောင့်ရှောက်ထား
     November 2, 2023

တနင်္သာရီမှာမြို့နယ်မှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို စောင့်ရှောက်ထားပြီး လိုအပ်တာတွေ ကူညီ ပေးနေတယ်လို့  တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။  ညောင်ပင်ကွင်းရွာအခြေစိုက်တပ်ရင်း ဖြစ်တဲ့ ခမရ ၅၆၁ တပ်ရင်းက တပ်သား ထွန်းလင်းပိုင် (တ-၁၂….) နဲ့ တပ်သား ထက်မြတ်သူ (တ-၆၇….) တို့ဟာ  ပြီးခဲ့တဲ့လ ၃၁ ရက်က တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၂) ရဲ့ တပ်ခွဲ (၁) ပူးပေါင်းစစ်ကြောင်းကို လာရောက်ပြီး အလင်းဝင်ခဲ့တာပါ။“လောလောဆယ်မှာတော့ သူတို့ရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးတွေကို ကျနော်တို့ ကူညီဆောင်ရွက်ပေးနေပါတယ်။ ပြီးတော့ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ CDM ကုဒ်နံပါတ် ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ ကုဒ်နံပါတ်ရသွားပြီဆိုရင်တော့ သူတို့ကို NUG အစိုးရက လစဥ်ထောက်ပံ့မှု တွေ ပေးမှာပါ” လို့ တာဝန်ခံ ကိုစတားက ပြောပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်နှစ်ဦးက တပ်တွင်းမှာ မတရားဖိနှိပ်ခံရတာတွေ ရှိနေတဲ့အပြင် ပြည်သူတွေအပေါ်မှာလည်း စစ်သည်တော်ကျင့်ဝတ်တွေ ဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အခုလိုလာရောက် ပူးပေါင်းရခြင်းဖြစ်တယ်လို့ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ မြိတ်ခရိုင် တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံ ကိုတာဝါးပြောပြချက်အရ အလင်းဝင်လာတဲ့ ရဲဘော်နှစ်ဦးမှာ လက်နက်မပါဘဲ လူချည်း ထွက်ပြေးလာတာဖြစ်တယ်လို့ သိရပါ တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနင်္သာရီတိုင်းအတွင်း CDM ဝင်ရောက်လာတဲ့ ရဲတပ်သားနဲ့ စစ်သား စုစုပေါင်း ၂၃၇ ဦးရှိပြီး ထားဝယ် ခရိုင်မှာ ၉၈ ဦး၊ မြိတ်ခရိုင်မှာ ၁၁၀ ဦးနဲ့ ကော့သောင်းခရိုင်မှာ ၂၉ ရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ ၅၆၁ ခြေမြန်တပ်ရင်းက စစ်သားတစ်ဦးဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလမှာ MA-3 တစ်လက်၊ ကျည်တောင့် ၃၀ ၊ ကျည် ဘောက် ၃ ခု၊ ၅.၅၆ ကျည် အတောင့် ၁၀၀ နဲ့ အလင်းဝင်ခဲ့ဖူးသလို အခုနှစ် ဧပြီလကလည်း MA-3  မောင်းပြန်တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနဲ့အတူ တပ်သားတစ်ဦး အလင်းဝင်လာခဲ့ဖူးပါတယ်။ ဒါကြောင့် အခုနှစ်အတွင်း ခြေမြန်တပ် ရင်း (၅၆၁) က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားလေးဦး အထိရှိနေပြီ ဖြစ်ပါတယ်။ https://www.facebook.com/pho to/?fbid=360257 173058705&set=a.196212679463156

၁၅။ လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စ ရပ်နားလိုကြောင်း ဒေသခံဦးဆောင်သူက စစ်ကောင်စီတပ်ထံစာပို့
     November 2, 2023

ပူတာအိုမြို့နယ် လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စတွင် ဆက်လက်ပါဝင်လိုခြင်း မရှိကြောင်းဒေသခံမှ ဦး ဆောင်သူက သက်ဆိုင်ရာ စစ်ဗျူဟာရုံးကို စာဖြင့်တင်ပြထားကြောင်း ပူတာအိုဒေသခံတစ်ဦး ပေးပို့သည့် စာအရသိရှိရသည်။ အဆိုပါတင်ပြစာကို ပူတာအိုအခြေစိုက် ခလရ (၄၆) စစ်ကောင်စီတပ်ရင်းသို့ ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် တင်ပြထားသည်ကို တွေ့ရှိရသည်။“ပူတာအိုမြို့နယ် လုံရှာယာန်ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် ဆောင်ရွက်နေခြင်းအား ရပ်နား ရန် ကိစ္စအကြောင်းကြားခြင်း”ဟု အဆိုပါတင်ပြစာ၏ အကြောင်းအရာ၌ ဖော်ပြထားသည်။ ဒေသခံများလည်း လက်မခံကြောင်း လုံရှာယန်ဒေသခံတစ်ဦးက ပြောသည်။

စာတင်ထားသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီတပ်၏ အကြောင်းပြန်မှုကိုတော့ မသိရသေးကြောင်း ပြောပါသည်။ “ပြီးခဲ့တဲ့ မေလလောက်က စည်းရုံးမှုတွေစလုပ်ခဲ့တယ်လို့သိရတယ်။”ဟု ဒေသခံကပြောသည်။ စက်တင်ဘာတွင် စစ်ကောင်စီ ဥက္ကဌက ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့အပြင် လွန်ခဲ့ သော ၂၀၂၁ ခုနှစ်ကလည်း KIA ကို တိုက်ခိုက်ရန်ဟုဆိုကာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့မှ ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအို စသည့်မြို့များမှ ပြည်သူများကို လိုက်လံစည်းရုံးနေသည့် သတင်းများလည်းရှိခဲ့သည်။ https://www.facebook.com/photo?fbid=731160125714547&set=a.6 0589607157 4287

၁၆။ ရှမ်းမြောက်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ BPLA ရဲဘော် ၄ ဦးကို အာဇာနည်အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြု
     November 2, 2023

ရှမ်းမြောက် ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်း တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်-BPLA ရဲဘော် ၄ ဦးကို အာဇာနည် အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်းတို့ BPLA ကွပ်ကဲရေးရုံးမှာ နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်မှာ ပါဝင်ဂုဏ်ပြုတဲ့ တပ်ဖွဲ့ဝင် ရဲဘော်တွေက BPLA အလံ တော်ကို အလေးပြုတာ၊ ကျဆုံးခဲ့တဲ့အာဇာနည်ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကိုအလေးပြုတာ၊ အာဇာနည်ရဲဘော် ၄ ဦးအ တွက် အမိန့်ပြန်တမ်း ဖတ်ကြားတာ၊ အာဇာနည် အလေးပြုတာနဲ့ သေနတ်ပစ်ဖောက် ဂုဏ်ပြုတာတွေ ပြုလုပ်ခဲ့တာပါ။ အဆို ပါ ကျဆုံး ရဲဘော် ၄ ဦးဟာ တပ်စိတ်မှူး ဌေးကျော် (ခ) ဗျတ္တ၊ တပ်စိတ်မှူး ချစ်စမ်းမောင် (ခ) သောကြာ၊ ဒုစိတ်မှူး အောင်ပိုင် (ခ) ဇွဲမာန် နဲ့ ရဲဘော် မင်းကိုနိုင် (ခ) တောဗိုလ် တို့ဖြစ်ပြီး ဒီရဲဘော် ၄ ဦးစလုံးဟာ ဒီပဲယင်း ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော်တွေဟာ ပြီးခဲ့တဲ့‌ အောက်တိုဘာ ၂၈ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း တစ်နေရာမှာ စစ်ကိုင်း အခြေစိုက် တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခမရ (၁၃) နဲ့ ဗမာ့တပ်တော်-BPLA တို့ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေး ကျဆုံးခဲ့ တယ်လို့ BPLA က ပြောပါတယ်။ အဆိုပါတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား အလောင်း ၄၀ ကျော် ရရှိခဲ့တဲ့အပြင် ဗိုလ်ကြီး နေလင်းအောင် အပါအဝင် စစ်သုံ့ပန်း ၃ ဦးကို အရှင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/phot o/?fbid=362734622779655&set=pcb.362739579445826

၁၇။ ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် စစ်တပ်ဂိတ်များက ငွေကြေးမတရားတောင်းခံနေ
      November 2, 2023

ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-မော်လမြိုင် လမ်းတလျှောက်ရှိ စစ်ကောင်စီ ဂိတ်စခန်း ၁၅ ခုလောက်ဟာ ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေဆီက ငွေကြေး မတရားတောင်းခံနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသည်တင်ကား မောင်း‌နှင်နေသူတွေထံကသိရပါတယ်။ ရန်ကုန်-မော်လမြိုင်လမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်တွေဟာ ခရီးသည် ကားတွေကို ရပ်ခိုင်းပြီး စစ်ဆေးနေချိန်အတွင်း ငွေကြေးမပေးဆောင်ပါက တကားလုံး မွှေနှောက်စစ်ဆေးတဲ့အပြင် ခရီးသည် တွေကိုပါ ပြဿနာရှာတယ်လို့ ခရီးသည်တင်ကား မောင်းနှင်သူတဦးက ပြောပါတယ်။“ခုမှစလုပ်တဲ့ စပယ်ယာတို့ ယာဉ်မောင်း တို့အပြင် အလိုက်မသိတဲ့သူတွေဆို ရှယ်ရစ်ခံရပြီ။ ပိုက်ဆံမပေးမချင်း ပေးမသွားဘဲ အရင်‌ဆုံး ဘောက်တွေစစ်ခိုင်းတယ်။ နောက်ပြီး မှတ်ပုံတင်မပါတဲ့ ကားစီးတဲ့သူတွေ အဝေးသူတွေကိုလည်း လိုက်ရစ်တာ။ အခုဆို သူတို့တွေ့တာနဲ့ ဂိတ်ပေါ်မူတည် ငါးထောင်၊ တသောင်း ကိုင်ထားရပြီ။ ခရီးစဉ်တလျှောက်ဆို BGF နဲ့ ရဲတဂိတ်စီပဲရှိပြီး ကျန်တာကတော့ စစ်တပ်ဂိတ်တွေချည်းပဲ။ အားလုံး စုစုပေါင်းဆို ၁၅ ဂိတ်လောက်ရှိတယ်ဆိုတော့ ခရီးစဉ်တကြောင်းကို တစ်သိန်းလောက်ကုန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဂိတ်တွေက ငွေကြေးကောက်ခံတာအပြင် စက်သုံးဆီဈေးတွေ မကျတာကြောင့် မော်လမြိုင်-ရန်ကုန် ကားခဟာ ကျပ် ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိရှိနေပြီး အရင်ကထက် ၁၀,၀၀၀ နီးပါး ဈေးတက်သွားတယ်လို့ သူက ဆက်ပြောပါ တယ်။ စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ကား‌တွေကို စစ်ဆေး ငွေညှစ်နေသလို ကိုယ်ပိုင်ကားတွေနဲ့ မှတ်ပုံ တင် မပါရှိတဲ့ သူတွေပါ ခြိမ်းခြောက် ငွေတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။“ကိုယ်ပိုင်ကားတွေက လိုင်စင် ပါမပါစစ်တယ်။ နောက်ပြီး တင်လာတဲ့ ပစ္စည်းတွေပေါ် မူတည်ပြီး ပိုက်ဆံကောက်တာတွေရှိတယ်။ အဲ့ဒါက ဂိတ်တိုင်းမဟုတ် ပါဘူး၊ ဂိတ်တချို့လောက်ပါပဲ။ ခရီးသည်တင်ကားနဲ့သွား‌တဲ့ ခရီးသည်တွေက မှတ်ပုံတင်မပါရင် သုံးသောင်း၊ ငါးသောင်း တောင်း တယ်။ ပုံမှန်ဆို မော်လမြိုင်ကနေ ပဲခူးလောက်ထိသွားရင် လမ်းမှာ မှတ်ပုံတင်စစ်တဲ့ဂိတ် မရှိ‌တော့ ကားဂိတ်တွေက မတောင်း ကြဘူးလေ။ ခုကြတော့ သူတို့တောင်းစရာမရှိရင် အဲ့ဒါနဲ့ ငွေညှစ်တယ်။” စစ်တပ်အာဏာမသိမ်းခင်က မော်လမြိုင်-ရန်ကုန် ကားလမ်းပိုင်း‌မှာ ကျိုက်ထို မရမ်းချောင်ဂိတ်တခုသာ ရှိပေမဲ့ အခုအခါ စစ်ကောင်စီဂိတ်စခန်း ၁၅ ခုထက်မနည်း ရှိပါတယ်။ https://burmese.dvb.no/post/623106

၁၈။ ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်သဖြင့် ခရီးသည်တင်ကား ထိမှန်ပြီး ၄ ဦး ဒဏ်ရာရ
     November 2, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ နိုဝင်ဘာ ၁ ရက် ညပိုင်းက စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကြောင့် အောင်ကျော်မိုး ခရီးသည်တင်မှန်လုံကား ထိမှန်ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျိုက်ထို မြို့မှာ နိုဝင်ဘာ ၁ ရက် ည ၇ နာရီခွဲက သရက်ကုန်းဘုရား‌ကုန်းက စစ်ကောင်စီတပ် ရမ်းသန်းပစ်လိုက်တဲ့ လက်နက်ကြီးဟာ PT Power စက်သုံးဆီဆိုင်အနီးမှာ ရန်ကုန်မြို့ကနေမော်လမြိုင်ဘက်ကို ခရီးသည် ၄၀ တင်လာပြီး မောင်းနှင်လာတဲ့ အောင်ကျော်မိုး မှန်လုံကားကို ထိမှန်ခဲ့တာပါ။ လက်နက်ကြီးထိမှန်မှုကြောင့် အောင်ကျော်မိုး မှန်လုံယာဉ် ဘေးမှန်တွေ ကွဲသွားသလို ကားပေါ် ပါလာတဲ့ ခရီးသည် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုဒေသခံတဦးက ပြောပါတယ်။

“ညက လက်နက်ကြီးနဲ့ပစ်လိုက်တာ မြေပါတုန်တယ်။ မကြာဘူး လူနာတင်ကားတစီးသွားတော့ စုံစမ်းကြည့်တော့ ခရီး သွားကားတစီး ထိသွားတယ်လို့ ကြားတာ။ မျက်မြင်တွေ့တဲ့သူတွေအရဆို ခရီးသည်တင်ကားမှန် တော်တော်များများ ကွဲ သွားတာ။ အဲ့ဒီဘက်က ရော်ဘာခြံတွေဘက် PDF တွေရှိတယ်ဆိုပြီး ရက်ခြား လက်နက်ကြီးနဲ့ ထုနေကြပါ။ ညက လက်နက်ကြီး နဲ့ နှစ်ကြိမ်ပစ်တာ၊ ၇ ခွဲနဲ့ ၉ ခွဲနဲ့။ ၉ ခွဲမှာထုလိုက်တဲ့ဟာက ရော်ဘာခြံထဲကျသွားတာပါ။ ကားပေါ်ကနေ ဒဏ်ရာရတဲ့သူ ဆိုတာ ထက် ဒဏ်ရာလို့ခေါ်လို့ရတဲ့ အရွယ်မျိုးဆို ၄ ယောက်ရတယ်။ ကျန်တာ ပွန်းပဲ့တဲ့‌သူတွေလည်းရှိတယ်။” ဒဏ်ရာရရှိတဲ့သူ ၄ ယောက်ကို ကျိုက်ထို လူမှုကူညီရေးအသင်းကားနဲ့ ကျိုက်ထိုဆေးရုံကြီးကို ပို့ဆောင်ကုသနေပါတယ်။ ကျိုက်ထိုမြို့မှာ အောက်တိုဘာ ၂၂ ရက်က စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို ဒေသခံပြည်သူ ၃ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ https://burmes e.dvb.no/post/623025

၁၉။ ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်
     November 3, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊ KPDF နဲ့ LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ ငဘတ်ကြီး အထိုင်စခန်း (ကြေးနန်းကုန်းခေါ်)တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာ မှာရှိတဲ့ရွှေတူ ခမရ ၆၀၂ နဲ့ခလရ ၅၆ တပ်တွေ ပူးပေါင်းတပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်းတာဝါကုန်းကို KIA နှင့် တော်လှန်ရေး အင်အားစုတွေက ပူးပေါင်းသိမ်းပိုက်လိုက်အပြီးမှာပဲ စစ်ကောင်စီတပ်တွေက တပ်ပြန်ထိုင်လာဖို့အတွက် အင်အားသုံးပြီးစစ်ရေး လှုပ်ရှားလာ နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“သူတို့ (စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူးသူတို့ရောက်တော့ ရောက်ရောက်လာတယ် ဟိုနေ့ကလည်း အင်အား သုံးဆယ်ကျော် လောက်ပြန်ကပ်လာတယ် ဒီဘက် (KIA နှင့်တော် လှန်ရေးအင်အားစု) က အင်အားပြ လှုပ်ရှားလိုက်တော့ သူတို့ပြန်ဆုတ် သွား တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စခန်းသိမ်းခံလိုက်ရတဲ့နောက် ၁၀ ရက်ကျော်အကြာ အောက်တိုဘာ ၃၀ ရက်နေ့ ကလည်း အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကား ၇ စီးနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်လာပြီး ငဘတ် ကြီး ကျေးရွာထဲကိုဝင်လာဖို့စစ်ကြောင်းထိုးလာချိန်မှာပဲ KIA နှင့်တော်လှန်ရေးအင်အားစုတွေက စစ်ရေးလှုပ်ရှားလာတာကြောင့် စစ်ကောင်စီတပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

“သူတို့ကတပ်ထဲကနေ ကားတစ်စီးကို လေး၊ ငါး ယောက် ဆယ်ယောက်လောက်ပဲစီးပြီး အင်အားအများကြီးပါတဲ့ သဘောမျိုးနဲ့လာပို့တာ ကား လေး၊ ငါး၊ ခြောက်စီးနဲ့ပို့တာက ရွှေကူအထွက် ငဘတ်ကြီးဘက်က လှိုင်ဆီပန့်ဆိုင်ထိလာပို့တာ လက်နက်ကြီးတွေလည်းပါတယ် ဒီဘက်ကိုလာဖို့အပြည့်အစုံနဲ့လာတာပါ့ ဒီဘက်က ပြန်ပြီးလှုပ်ရှားပြန်တော့ ပြန်ဆုတ်သွား တယ်တိုက်ပွဲ ဖြစ်ခါနီးပဲဟိုနေ့ကတော့”လို့ အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့ ကား ၇ စီး နဲ့ တက်လာတဲ့စစ်ကြောင်းဟာ လှိုင်ဆီပန့်ဆိုင်နဲ့ အနီးဝန်ကျင်ထဲက အဆောက်အဦးမြင့်တဲ့ခေါင်မိုးပေါ်တွေမှာ လက်နက်ကြီး တွေတပ်ဆင်ခဲ့ ပြီး KIA နှင့်တော်လှန်ရေးအင်အားစုတွေ အင်အားပြပြီး စစ်ရေးလှုပ်ရှားခဲ့တာကြောင့် အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းမှာရွှေကူတပ်ထဲ ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ ဒ့ါအပြင် ခုရက်ပိုင်းအတွင်း ရွှေကူ ငဘတ်ကြီးဘက်မှာ စစ်ကောင်စီတပ်တွေက ပုံမှန်စစ်ရေးလှုပ်ရှားလာတာတွေ ရှိနေသလို KIA၊ KPDF တွေဘက်ကလည်း ငဘတ် ကြီးကျေးရွာဘက်ကနေ နေရာယူထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ငဘတ်ကြီးနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံအချို့ ဘေးလွတ်ရာတိမ်းရှောင်နေသူတွေ ရှိတယ်လို့သိရပါတယ်။ https://burmese.kachinnews.com/2023/11/0 1/wl1-43/

၂၀။ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံနေရ
    November 2, 2023

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ယာယီစစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်(၃,၀၀၀) ကျော်အတွက် ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များကို အနီးကပ်ကူညီ နေသူများက ပြောသည်။ တနင်္သာရီမြို့ နယ်အတွင်းရှိ တမုတ်ချုံး၊ ဗောဓိကမ်းရွာ၊ ဘန်လောရွာနှင့် လယ်တောင်ယာရွာမှ ဒေသခံ (၃,၀၀၀) ကျော်သည် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မကြာခဏ စစ်ဘေး ရှောင်နေရခြင်းဖြစ်သည်။ လတ်တလောတွင် စစ်ကောင်စီ၏ လမ်းပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ဆေးဝါးသယ်ယူရန် ခက်ခဲလာ၍ အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် ဆေးဝါးပြတ် လပ် သည့်အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း တွဲလက်ညီညီစစ်ဘေးရှောင် ကူညီပေးသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။“ဆေးဝါးအခက် အခဲတွေကတော့ ဒီလာမယ့် ပွင့်လင်းရာသီထဲလည်း ရောက်လာပြီး။ ပြီးတော့ တောထဲမှာက အေးလာပြီးဆိုတော့ နာမကျန်းတဲ့လူတွေရှိလာတယ်။ အဲ့ဒီအတွက် ဆေးဝါး လိုအပ်ချက်တွေ ရှိလာ တယ်။ အရင်ကတော့ လှူတဲ့ လူတွေက အများကြီးရှိတယ်။ အဲ့တော့ ကျနော်တို့လည်း ပြန်လှူနိုင်တယ်။ အခုနောက်ပိုင်း ကျတော့ လှူတဲ့လူတွေ တဖြည်းဖြည်း နည်းလာတယ်။” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များတွင် လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်ထားပြီး ဒေသခံများကို ဆန်နှင့် ရိက္ခာများကို သယ်ယူခွင့်ပိတ်ထားသောကြောင့် ယခု နိုဝင်ဘာလ တွင်လည်း အဆိုပါ စစ်ဘေးရှောင်များအတွက် ဆန်ပြတ်လပ် နိုင်သည့် အခြေအနေသို့ ရောက်ရှိလာ နိုင်ကြောင်းလည်း ၎င်းအဖွဲ့အစည်းမှ တာဝန်ရှိသူက ဆက်ပြောသည်။ ယာယီ ပြေးလွှား နေရသည့် ၎င်းစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် တနင်္သာရီမြို့နယ် (အမတ-၃၀၆)က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ရပြီး ယနေ့အချိန် နေအိမ် မပြန်လာနိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။ အလားတူ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ဆေးဝါးပြတ် လပ်မှုများ နှင့် ကြုံတွေ့ နေရပြီး စစ်တပ်မှလမ်းများကို ပိတ်ဆို့ထားသောကြောင့် ယခုလအတွင်း စစ်ဘေးရှောင်များကို ရာနှုန်းပြည့် ကူညီ ထောက်ပံ့မှုများ မပေးနိုင်တော့ကြောင်း အခြားစစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။ ပုလောမြို့နယ် စစ်ဘေးရှောင် ကူညီသူတစ်ဦးက “မနှစ်က စစ်ရှောင် (၁,၈၀၀)ထိရှိတယ်။ ဒီနှစ် အတွင်းမှာက စစ်ဘေးရှောင် (၂,၈၀၀)ထိ တိုးလာတယ်။ တစ်လ တစ်လများလာတယ်။ ပြီးတော့ စစ်တပ်ကလည်း ဖြတ်လေးဖြတ်ပုံစံကို ပိုမိုပေါ်လာအောင်လုပ်လာတယ်။ ရိက္ခာ၊ ဆေးဝါး၊ အင်တာနက် တွေ၊ လမ်းကြောင်းတွေ ဘာမှမရအောင် မီးပါဖျက်ထားတယ်။ အဲ့တော့ ဒီအေးတဲ့ ကာလမှာ စစ်ရှောင်တွေအတွက် အဓိကဆေးဝါးတွေ ပြတ်လပ်လာတယ်။”ဟု ပြောသည်။ https://kicnews.org/2023/11/%e1%80%90%e1%80%94%e1 %80%84%e1%80%ba%e1%80%b9%e1%80%9e%e1

၂၁။ နမ့်ခမ်းမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ
    November 3, 2023

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုး သားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၃ ရက်) နံနက်အစောပိုင်းမှစပြီး နမ့်ခမ်းမြို့ အောင်မြတ်သာ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“ မနေ့ညက မြို့လယ်ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေ လာအိပ်တယ်။ ဒီနေ့မနက် မြို့ပြင်ကိုထွက်သွားဖို့ အောင်မြတ်သာရပ်ကွက်ကို ရောက်နေတဲ့ချိန်မှာ စပြီးပစ်ကြတာပဲ။ အခုထိ ပစ်နေတုန်း၊ ဂျက်လေယာဉ်လည်း ပျံဝဲနေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ( နိုဝင်ဘာလ ၃ ရက် )နံနက်အစောပိုင်းတွင်လည်း နမ့်ခမ်း-မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းအနီးကို စစ်တပ်မှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။ ထို့ပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ နမ့်ခမ်း-မန့်ဝိန်းကြား ဆက်သွယ်ထားသာ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ တိုက်ပွဲဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက် စုံစမ်းမေးမြန်းနေခြင်း ဖြစ်သည်။ https://burmese.sh annews.org/archives/37698

၂၂။ ဖာပွန်ဒေသတွင် ဆန်စပါးပြတ်လပ်နေ၍ ဒေသခံပြည်သူများ နေရပ်စွန့်ခွာလာသူများရှိလာ
    November 2, 2023

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ဒေသတွင်၊ ကုန်းလမ်းရေလမ်းပိတ်ဆို့ခံထားရ၍ ဖာပွန်မြို့အတွင်းသို့ အခြေခံစား သောက်ကုန်များမရောက်ရှိဘဲ ဆန်စပါးပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် ဒေသခံပြည်သူများ ရပ်တည်ရန်ခက်ခဲလာပြီး နေရပ်စွန့်ခွာမှုများရှိလာကြောင်း သိရသည်။ အဆိုပါနယ်မြေရှိ လမ်းပိုင်းတစ်လျှောက်ကို ၂၀၂၂ ခုနှစ်ကုန်းပိုင်းမှစ၍ ကရင်အမျိုး သားလွတ်မြောက်ရေးတပ် မတော်-KNLA ဘက်မှ စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ဆောင်ရေးလမ်း ကြောင်းကို ပိတ်ဆို့ထားခြင်း နှင့် ဒေသ ခံများတောင်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြသောကြောင့် နယ်မြေအတွင်း ဆန်စပါး ပြတ်လပ်လာသည့် အပြင် မိသားစုစားဝတ်နေရေး ခက်ခဲလာမှုများကြောင့် ထိုင်း၊ မလေးရှား စသည့်နိုင်ငံများထဲသို့ သွားရောက်ရန် မြေယာခြံများကို ရောင်း ၍ နေရပ်စွန့်ခွာမှုများရှိနေသည်ဟု ဖာပွန်မြို့ခံတစ်ဦးက ပြောသည်။ ၎င်းက “လမ်းတွေ အသွားအလာမရတော့ စားစရာလည်း မရှိဘူး။ ခုချိန်ကအားလုံးခက်ခဲနေပေမဲ့ ဒီမှာကဘာမှကို မရှိတော့တာ။ ဆန်တွေဆီတွေက မရောက်တာကြာပြီး။ လယ်ထဲမှာ စပါးစိုက်ဖို့ကလည်း အဆင်မပြေဘူး။ အခု မြို့ထဲမှာ လူတွေသိပ်မရှိကြတော့ဘူး။ ထိုင်းနဲ့မလေးရှားဘက်ကို ထွက်သွားကြတာ များတယ်။ အိမ်ရောင်း မြေ ရောင်း သွားကြတဲ့သူတွေလည်းရှိတယ်။ ဘာလို့လဲဆိုတော့ လူတွေက ငတ်နေကြပြီး။ ဘာမှလုပ်စား မရ တော့ထွက်သွားကြတာ။ တစ်ချို့အဆင်မပြေတဲ့ သူတွေကျတော့ ဒီမှာပဲ ဒုက္ခမျိုးစုံနဲ့နေကြတာပေါ့” ဟု ပြောသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုနှင့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား ပြတ်လပ်မှုကြောင့် ဒေသခံ ပြည်သူများက နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပသို့ထွက်ခွာသွားကြသလို အချို့ ပြည်သူများကလည်း ဖာပွန် မြို့နှင့်နီးစပ်သည့် ဖားအံ၊ မော်လမြိုင် စသည့်မြို့များအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသူ များလည်းရှိကြောင်း ဖာပွန်ဒေသခံများက ဆိုသည်။ ၎င်းအပြင် ဆန်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန်ရိက္ခာများကို ဖာပွန် မြို့ပေါ်နှင့် ကျေးရွာများထဲရှိ တောင်ယာစိုက်ပျိုးလုပ်ကိုင်သုဒေသခံများထံမှ ဆန်စပါးများကို ကျသင့်တန်ဖိုးမပေးဘဲ အတင်း အဓမ္မယူဆောင်မှုများလည်း လုပ်ဆောင်နေကြောင်းလည်း ဖာပွန်ဒေသခံများကပြောဆိုသည်။“အရင်နှစ်ရေလမ်းရော ကုန်း လမ်းရောသွားလို့ရတုန်းကဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်စားကိုင်စားရတာအဆင် ပြေတယ်။ အခုက ကုန်းလမ်းဆိုလည်း မိုင်းတွေ ကြီးပဲ။ ဆိုင်ကယ်နဲ့သယ်လို့ရပေမဲ့ အခုတိုက်ပွဲဖြစ်တော့ သွားမရဲ ကြတော့ဘူး။ ကျနော်ဆို အရင်က ပစ္စည်းကား မောင်းတယ်။ ဖာပွန်-ကမမောင်း၊ ဖားအံ ဂိတ်ကြေးပေးရတာရော အဆင်ပြေတယ်။ အခုအလုပ်လည်းမရှိတော့ဘူး။ လမ်းက လည်း ပိတ်တော့ ဒီမှာရတဲ့အလုပ်ပဲလုပ်နေတာ။ ရှေ့ဆက်ဘာမှ မစဉ်းစားတတ်တော့ဘူး။ အဓိက က တစ်ရက်တစ်ရက် ကိုယ့်မိသားစု စားလို့ သောက်လို့ရရုံပဲ ရုန်းနေရတယ်”ဟု ၎င်းက ပြောသည်။ https://kicnews.org/2023/11/%e1%80%96%e1%80%ac%e1% 80%95%e1% 80%bd%e1%80%94%e1%80%ba%e1

၂၃။ ဒီးမော့ဆိုရှိ ကရင်နီ စစ်ရှောင်များ  အနွေးထည်လိုအပ်နေ
    November 3, 2023

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းမှာ မိုးအကုန် ဆောင်းအကူး ရာသီဥတု ပြောင်းလဲလာပြီး အအေး ဓာတ်ကြောင့် စစ်ရှောင်တွေ အနွေးထည်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူထံက သိရပါတယ်။ လူကြီးဝတ်အနွေး ထည် အထည် ၉၀ နဲ့ ကလေးဝတ်အနွေးထည် ၂၆၀ နီးပါးရှိတဲ့အတွက် စခန်းကအိမ်ခြေနဲ့ကွက်တိကျလို့ လှူဒါန်းခဲ့တယ်လို့ ထွန်းမြန်မာ ဒိုနေးရှင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ “ဒီမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတခုက အေးလာလို့ အနွေးထည်လေး ကူညီပေးပါဦး ဆိုပြီး ကော်မတီက တာဝန်ရှိသူက ဆက်သွယ်လာတော့ ကျနော့်ဆီမှာလည်း အနွေး ထည်တွေရောက်တော့ လှူ ဖြစ်တာပါ။ နိုဝင်ဘာအလှူလေးပါ။” တအိမ်ကို လူကြီး ၁ ထည်နှုန်းနဲ့ ကလေး ၃ ထည်နှုန်း လှူဒါန်းခဲ့ပြီး မိုးအကုန် ဆောင်းအကူး ကာလဖြစ်လို့ မိုးက ရွာချင်တဲ့အချိန် ကောက်ရွာကာ ရာသီတုပ်ကွေးတွေ ဖြစ်နေတုန်းပဲလို့ သိရပါတယ်။

ကုသပေးတဲ့ ဆေးခန်းတခု ရှိပေမဲ့ စစ်ရှောင်စခန်းတိုင်းမှာ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေပါတယ်။ ဖျားနာတာ ပျောက်ပြီး ချောင်းဆိုးကျန်ခဲ့တဲ့ တချို့စစ်ရှောင်တွေဟာ အလေ့ကျပေါက်တဲ့ ကြိတ်မှန်ရွက် သောက်ကြကာ ဒေသတွင်းကုထုံးနဲ့ ကုသနေကြရပါတယ်။ https://burmese.dvb.no/post/623175

၂၄။ ချင်းပြည်နယ်၌ ညအပူချိန်ကျဆင်းပြီး အအေးပိုလာ
    November 2, 2023

ချင်းပြည်နယ် ဟားခါး၊ တွန်းဇံ၊ တီးတိန် စတဲ့မြို့တွေမှာ ညအပူချိန်တွေ စတင်ကျဆင်းပြီး အအေးပိုနေပြီလို့ မိုးလေ ဝါသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဟားခါးမြို့နယ်မှာ အပူချိန် ၅ ဒီဂရီစင်တီ ဂရိတ်အထိ ရှိနေပြီး အောက်တိုဘာ ၂၇ ရက်လောက်ကစပြီး အအေးပိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တွန်းဇံမြို့နဲ့ တီးတိန်မြို့မှာ အပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်အထိရှိနေပြီး နိုဝင်ဘာလမှာ ချင်းပြည်နယ်ရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီ ဂရိတ်အထိ ကျဆင်းနေပြီဖြစ်ပါတယ်။ တီးတိန်မြို့ခံတဦးက “ဆောင်းတွင်းပိုင်းဆိုတော့ အတော်အေးလာပြီ။ မိုးတော့မရွာတော့ ဘူး၊ မြူတွေကျတယ်။ နှင်းတော့မကျသေးဘူး။ ၁၂ လပိုင်းမှ ကျတော့မယ်ထင်တယ်။ အရင်ထက် တော်တော် ပိုအေးလာတယ်” လို့ ပြောပါတယ်။ နိုဝင်ဘာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ မြူပိုကျဆင်းမယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ https://burmese.dvb.no/post/623109

၂၅။ ပြီးခဲ့တဲ့လအတွင်း တနင်္သာရီတိုင်းက နေအိမ်လေးဆယ်ကျော်ကို စစ်ကောင်စီတပ် မီးရှို့
    November 2, 2023

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းထဲမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်အရေအတွက်က လေးဆယ်ကျော်ရှိပြီး ဒီပမာဏဟာ သုံးလအတွင်းအများဆုံးဖြစ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းမ်က ရရှိထားတဲ့အချက် အလက်တွေ အရ ရေဖြူမြို့နယ်မှာ အိမ် ၂၉ လုံး၊ လောင်းလုံးမြို့နယ်မှာ အိမ် ၁ လုံး၊ သရက်ချောင်းမြို့နယ်မှာ အိမ် ၉ လုံးနဲ့ ပုလောမြို့နယ် မှာ နေအိမ် ၅ လုံး ရှိပြီး စုစုပေါင်း နေအိမ် ၄၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ အဲ့ဒီမြို့နယ်တွေထဲမှာ အဓိကဆုံးရှုံးခဲ့တဲ့ နေရာတွေက ရေဖြူမြို့နယ်ထဲက ပုဂေါဇွန်း၊ ရလိုင်၊ မူးဒူး၊ ပရဒတ်၊ လဲရှောင်ရွာတွေဖြစ်ပြီး လောင်းလုံးမြို့နယ်ထဲမှာဆို အင်းနီတွင်းရွာ၊ သရက် ချောင်းမြို့နယ်ထဲက ဝဲရစ်၊ သိမ်ကုန်း၊ ရငဲ၊ ကျောက်ခမောက်ရွာတွေနဲ့ ပုလောမြို့နယ်၊ ကြဲရွာတွေက နေအိမ်တွေဖြစ်ပါတယ်။ နေအိမ်ဆုံးရှုံးခဲ့တာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ပုလောမြို့နယ်က အမျိုး သမီးတစ်ဦးက “အိမ်ကိုတော့လွမ်းတယ်။ အခုက လွမ်းရေးထက် ဝမ်းရေးကပိုခက်နေတယ်။ ကိုယ့်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ပဲ ဖြေတယ်။ တချို့ဆို သားသမီး တွေ ပါဆုံးရှုံးထားရတာလေ။”လို့ ပြောပါတယ်။ နေအိမ်မီးရှို့တာတွေအပြင် ဇရပ်ဆိပ်ရွာက လူနာတင်ယာဉ်နှစ်စီးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် လောင်းလုံးမြို့နယ် မင်းရပ်ရွာက နေအိမ်နဲ့ ဘာသာရေးအဆောက်အုံဝင်းတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေအပြင် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေက နေအိမ် ရာနဲ့ချီပြီး မွှေနှောက်ဖျက် ဆီးခံခဲ့ရသလို ဆိုင်ကယ်၊ ကွန်ပျူတာ၊ ရွှေ၊ ငွေ၊ ဖုန်းနဲ့ တခြားအိမ်သုံးဆောင်ပစ္စည်းတချို့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်သွား တာလည်း ရှိခဲ့တယ်လို့ ဒေသအသီးသီးက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  တော်လှန်ရေးအင်အားစုတွေ ဘက်က လည်း ကျွန်းစုမြို့နယ်က ပျူစောထီးအဖွဲ့ဝင်ဆိုသူရဲ့ နှစ်ထပ်တိုက်အိမ် ၁ ဆောင်နဲ့ ဆိုင်ကယ် ၁စီးတို့ကို မီးရှို့ခဲ့တာလည်းရှိခဲ့ပါ တယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက တနင်္သာရီတိုင်းအတွင်းက နေအိမ် ၄၁ ဆောင်၊ ဩဂုတ်လက နေအိမ် ၁၉ ဆောင်မီးရှို့ခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နေအိမ်မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ဟာ သုံးလအတွင်း အများဆုံး ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=360217406396015&set=a.196212679463156

၂၆။တအာင်းစစ်ဒေသက စစ်တပ်စခန်း ၃ ခုကို TNLA ထပ်မံ သိမ်းပိုက်
   November 2, 2023

ညီနောင်မဟာမိတ်တွေနဲ့အတူ ရှမ်းပြည် မြောက်ပိုင်းမှာ နိုဝင်ဘာ ၁ ရက်နေ့မှာ တအာင်း စစ်ဒေသထဲက စစ်ကောင်စီ တပ်စခန်း ၃ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ တအာင်းပြည် နယ်၊ တပ်မဟာ (၅) စစ်ဒေသတွင်းက မိုင်းယု-နမ့်ဖတ်ကာ ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရင်ကွဲတောင် တပ်စခန်းကို မနေ့က ညနေ ၃ နာရီဝန်းကျင်မှာ စတင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် တပ်မဟာ (၁) စစ်ဒေသ အတွင်းမှာရှိတဲ့ နမ့်ခမ်းမြို့နယ်၊ မူဆယ်-နမ့်ခမ်းမြို့အဝင် စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း စခန်းထိုင်တဲ့ မန်ခမ်းတပ်စခန်းကို နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ သိမ်း ပိုက်နိုင် ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တပ်မဟာ (၁) စစ်ဒေသ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီနဲ့ စိန်ကျော့ ပြည်သူ့စစ် တပ်စခန်းကို ည ၆ နာရီ ဝန်းကျင်မှာ ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မနေ့ ညနေပိုင်းမှာပဲ ပြင်ဦးလွင်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကား ၂၂ စီး၊ သံချပ်ကာ ၂ စီးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို အုမ္မခါးကျေးရွာအနီးမှာ တအာင်းတပ်မတော် PSLF/ TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တားဆီး တိုက်ခိုက်ရာ စစ်တပ်ဘက်က အလောင်းတွေနဲ့ လက်နက် ၆ လက် သိမ်းဆည်း ရမိခဲ့တယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါ တိုက်ပွဲ အတွင်း စစ်ကောင်စီ သံချက်ကာ ကားတစ်စီးကို RPG–7 နဲ့ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် တွေ အုမ္မတီးကျေးရွာဘက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာ နေတဲ့ အရပ်ဒေသတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကိုခရီးသွားလာပါက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ဘေးအန္တရာယ် ရှောင်ရှားနိုင်ဖို့အတွက် PSLF/ TNLA အုပ်ချုပ်ရေးအဖွဲ့နဲ့ တပ်ရင်း တပ်ဖွဲ့တွေဆီကို သတင်းပို့ ခွင့်ပြုချက် တောင်းခံ သွားလာဖို့ကို TNLA က သတိပေး ထုတ်ပြန်ထားပါတယ်။ https://www.facebo ok.com/photo/?fbid=362724102780707&set=pcb.3 62727709447013

၂၇။ KRU တပ်ပေါင်းစုနဲ့ လွိုင်ကော်မိုးကြိုးတပ်ရင်းတို့ ပူးပေါင်းပြီး Loikaw Local PDF အဖြစ် ပြောင်းလဲ           ဖွဲ့စည်း
   November 2, 2023

ကရင်နီပြည်နယ် အခြေစိုက်၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု-KRU နဲ့ လွိုင်ကော် မိုးကြိုးတပ်ရင်းတို့ ပူးပေါင်းပြီး Loikaw Local PDF တပ်ဖွဲ့အဖြစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ တပ်ဖွဲ့ ဥက္ကဌ ကိုကျော်ထက် က ပြောပါတယ်။ KRU တပ်ပေါင်းစုမှာရှိတဲ့ Karenni Democratic Front-KDF တပ်ရင်း၊ Fight For Justice-JPDF တပ်ရင်းနဲ့ လွိုင်ကော် မိုးကြိုးတပ်ရင်း ၂ ရင်းတို့ ပူးပေါင်းပြီး ၄ ရင်း တစ်ဗျူဟာ စနစ်နဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီကို ဆက်လက် တော်လှန် သွားမယ်လို့ ဆိုပါတယ်။ “တပ်ပေါင်းစု သဘောသဘာဝက မတည်မြဲတဲ့ သဘောရှိတယ်။ COC (ကွပ်ကဲညွှန်ကြားမှု) တစ်ခု တည် ဆောက်ဖို့ ခဲယဥ်းတယ်။ အဲ့တော့ ခေါင်းဆောင်ပိုင်းတွေ ပြန်စဥ်းစားတယ်။ လွိုင်ကော် မိုးကြိုးတပ်ရင်း ဆိုတာလည်းရှိတော့ သူတို့နဲ့ပေါင်းစပ်ပြီး အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဆောင်ရွက်မယ်ဆိုပြီး Loikaw Local PDF လို့ ဖွဲ့စည်းဖြစ် တယ်” လို့ ကိုကျော်ထက်က ပြောပါတယ်။

လက်ရှိ Loikaw Local PDF တပ်ဖွဲ့မှာ တပ်ရင်း တစ်ရင်းကို အင်အား ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး မိတ်ဖက် တော်လှန် ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ Loikaw Local PDF တပ်ဖွဲ့အနေနဲ့ ‘ပြည်သူသာ အမိ ပြည်သူ သာ အဖ’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူကိုသာ မျက်နှာမူပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ အခြေခံ အခွင့်အရေး အတွက် တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။ KRU တပ်ပေါင်းစုကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်မှာတော့ တော်လှန်ရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ Loikaw Local PDF အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=36217116283600 1&set=pcb.362171239502660

၂၈။ လောင်းလုံးကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားတွေ  ဒေသခံတချို့ကိုဖမ်းဆီး
     November 3, 2023

လောင်းလုံးမြို့နယ်ကတောတွေထဲမှာ သွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်း အရပ်သားတချို့ကိုဖမ်းဆီးပြီး ရဲစခန်း ကိုပို့ဆောင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ကမနက် ၉ နာရီလောက်မှာ အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်း သဗျာကျေးရွာထဲကိုရောက်လာပြီး ရွာထဲက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၆ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ နောက် နေ့လယ်ပိုင်းမှာတော့ အမျိုးသား ၄ ဦးကိုသာပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။  “ပစ်တာခတ်တာ ဘာမှ မရှိဘဲ တိတ်တိတ်လေးသွားနေတာ။ ရွာသားတွေကရွာထဲရောက်လာမှသိတယ်။ ဖမ်းတာကလည်းအဲဒီအချိန်မှာပဲ ဖမ်းသွားတာ” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားတဲ့ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားနှစ်ဦးကိုတော့ မနေ့ကညနေပိုင်းမှာ လောင်းလုံးမြို့မရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံကဆိုပါ တယ်။ ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး မင်းရပ်၊ ပဉ္စသီမော်၊ သာယာကုန်းရွာ၊ သဲပုံ အဲဒီရွာတွေတဝိုက်က တောတွေထဲမှာ တိတ်တဆိတ် သွားလာနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

“ရွာအနောက်ဘက်တွေမှာ ပတ်သွားနေတာဗျ။ အရပ်ဝတ်တွေနဲ့ကပိုများတယ်။ ရွာထဲတော့ဝင်မလာသေးပေမဲ့ စိုးရိမ် နေရတယ်” လို့ စစ်ကောင်စီတပ်သားတွေရောက်နေတဲ့ရွာက အမျိုးသားတစ်ဦးက ပြောပါတယ်။  စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၁ ရက်နေ့ကတည်းက ထားဝယ်-မောင်းမကန်လမ်းပေါ်က ခလရ (၁၀၄) တပ်ရင်းကစစ်ကောင်စီတပ်သားတွေနဲ့ လောင်းလုံးမြို့ပေါ် မိုးလုံလေလုံအားကစားရုံမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတချို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ် ပါတယ်။ စစ်ကြောင်းဟာ တောထဲဘက်တွေမှာအဓိက သွားလာနေပေမဲ့ မိန်းလမ်းမပေါ်ကိုထွက်လာချိန်တွေမှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်ဆောင်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ https://www.f acebook.com/photo/?fbid=360680406349715&set=a.1962126 79463156

၂၉။ ထားဝယ်-မြိတ်ကားလမ်းမှာ ညဘက်ခရီးမသွားကြဖို့ သရက်ချောင်းပကဖ မေတ္တာရပ်ခံ
     November 2, 2023

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ သရက်ချောင်းမြို့နယ်ထဲက ထားဝယ်-မြိတ်ကားလမ်းကို ညဘက် ခရီးမသွားကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပါတယ်။  အဲဒီထုတ်ပြန် စာမှာ ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း မသွားလာကြဖို့မေတ္တာရပ်ခံထားတာပါ။ “အခုရက်ပိုင်း ညဘက်၊ အိမ်စီးကားတွေနဲ့ သွားလာနေတယ်။ ကျနော်တို့ဘက်ကလည်း တိုက်ခိုက်ဖို့ကို စကစလား ပြည်သူလား ခွဲမရ​ဘူးဖြစ်လာတယ်” လို့သရက်ချောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။ သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ် အတွင်း သရက်ချောင်းရဲစခန်း၊ ရောင်းမော်ရွာက ပျူစောထီးစခန်းနဲ့ သရက်နှစ်ခွရွာအနီးက ဥတ္တူတံတားစစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လ ၃၀ ရက်ညပိုင်းကလည်း ပန်းပြင်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါ သေးတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ရဲဘော် တစ်ဦးက ပြောပါတယ်။ အဲဒီဖြစ်စဥ်တွေဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့လ လကုန်ပိုင်းမှာ သရက်ချောင်းမြိုနယ်၊ သဲချောင်းကြီး ရဲ စခန်းကို စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်က ကားတွေနဲ့ ရောက်လာခဲ့ပါတယ်။ အဆိုပါစစ်ကောင်စီတပ် သားတွေထဲ က အင်အား၂၀ လောက်ဟာ ဝင်းဝရွာဘက်ကို ဒီနေ့မနက်ပိုင်းမှာ ခြေလျှင်ဆင်းလာနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပကဖရဲ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီယာဥ်တွေနဲ့အတူသွားလာတာ မလုပ်ကြဖို့နဲ့ အဲဒီလိုသွားလာတာ ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ သတိ ပေးရေးသားထားပါတယ်။ ဒါ့အပြင် အခု ကြေညာချက်ကို နောက်ထပ်ကြေညာချက်တခုမထုတ်ပြန်ခင်အချိန်အထိ လိုက်နာပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ https://www.facebook.com/photo?fbid=3601 59516401804&set=a.196212682796489

၃၀။ ကြာအင်းဆိပ်ကြီးမြို့ တိုက်ပွဲ Lion Battalion ဒုစစ်ကြောင်းမှူး အပါအဝင် ၂ ဖက် ထိခိုက်ကျဆုံးမှုရှိ
     November 3, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂ ရက်နေ့ KNLA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တပ် တိုက်ပွဲဖြစ်ပွားရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် Lion Battalion ဒုစစ်ကြောင်းမှူး အပါအဝင် ၂ ဖက် ထိခိုက် ကျဆုံးမှုရှိခဲ့ တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မနေ့က မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီးမြို့ ဗျူဟာကုန်း ခမရ (၁၄၃) ကို Lion Battalion ကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းနဲ့အတူ Saw Dragon Drone Force (SDDF) က တိုက်ခိုက် ခဲ့တာလို့ SDDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ အဆိုပါ တိုက်ပွဲအတွင်း Lion Battalion ဒုစစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၂ ဦး ကျဆုံးပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိရာ အသေး စိတ် ဆက်ပြီးထုတ်ပြန်ပေးမယ်လို့ SDDF က ဆိုပါတယ်။ မနေ့ က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး သာမက Mi 35 ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ ကျေးရွာသားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ တုန်းက တော်တော်ပစ်တယ်။ ရပ်ကွက် (၆) ဘက်မှာဆိုရင် ဗုံးထိတဲ့အိမ်တွေရှိတယ်။ ရွာခံတွေလည်း သေတဲ့လူရှိတယ်။ ညတုန်း က မှောင်တဲ့ချိန်ထိ ပစ်သေးတယ်” လို့ ကြာအင်းဆိပ်ကြီး ဒေသခံ အမျိုးသား တစ်ဦးက မနေ့က အခြေအနေကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ အနီး နေထိုင်တဲ့ ကျေးရွာဒေသခံ အမျိုးသမီး တစ်ဦးကတော့ “အခုက မြို့ပေါ်မှာ ဖြစ်တာ ဆိုတော့ မြို့ပေါ်မှာ နေတဲ့လူလည်းနေ၊ ပြေးတဲ့လူလည်းပြေးပေါ့။ ဘုရားသုံးဆူဘက်ကလူလည်း ဒီဘက်ကို ပြေးပေါ့၊ ဟိုဘက်ကျတော့ လည်း မုဒုံဘက် ပြေးလို့ရတဲ့လူ ပြေးပေါ့။ အလယ်က လူတချို့တော့ ပိတ်မိခဲ့တာ ရှိတာပေါ့” လို့ ဆိုပါတယ်။ မနေ့က မြို့ပေါ် တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိုင်ချနေတဲ့ ရဲစခန်း၊ ဇမိခန်းမ၊ လဝက ရုံးနဲ့ ထွေအုပ်ရုံးတွေကို စီးနင်းခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကသိရပါတယ်။ ကြာအင်း ဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီ ခလရ (၃၂)၊ ခလရ (၂၈၃)၊ ခလရ (၂၈၄) တို့ အထိုင်ချ တပ်စွဲထားပြီး KNLA ပူးပေါင်းတပ်တွေက စစ်တပ် အထိုင်စခန်းတွေကို တိုက်ခိုက်လေ့ရှိသလို စစ်တပ်ဘက်က လက်နက် ကြီး အပါအဝင် လေကြောင်းသုံး တိုက်ခိုက်မှုတွေ ကြောင့် နေအိမ် ပျက်စီးမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ခုတ်ခွားစခန်း၊ ကွီလုံတိုင်စခန်းတွေ အပါအဝင် ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီ အထိုင်ချရာ ဌာနဆိုင်ရာ ရုံးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ https://www.facebook.com/photo/?fbid=363260522727065&set=pcb.3632608 36060367

၃၁။ DMG သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်
     November 2, 2023

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီ က ဖမ်းဆီးသွားပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) နဲ့ စစ်တွေ မြို့မရဲစခန်းမှ အောက်တိုဘာ ၃၁ ရက်က အမှုဖွင့်လှစ်ထား တယ်လို့ မိသားစုက ပြောပါတယ်။ ကိုထက်အောင်ကို  စစ်တွေမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၁၅ ရက်အထိ ချုပ်ရမန်ယူထား တယ်လို့လည်း သူ့ရဲ့မိခင် ဒေါ်မအေးကြည်က ပြောပါတယ်။“စစ်တွေမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၅(ဃ)နဲ့ အမှု ဖွင့်ပြီး တရားရုံးမှာ ချုပ်ရမန်ယူထားတယ်လို့ သိရတယ်။ တရားရုံးကို ကျမက သွားမေးတယ်၊ တရားလိုက ဘယ်သူလဲ၊ အခု တရားစွဲတာ မရှိသေးဘူး၊ ချုပ်ရမန်ယူထားတာလို့ ပြောတယ်။ သူ့ကို နိုဝင်ဘာ ၁၅ အထိ ချုပ်ရမန်ယူထားတယ်လို့ သိရတယ်။ ကျမသားနဲ့လည်း တွေ့ခွင့်မရခဲ့ဘူး။ လောလောဆယ်မှာ တွေ့ခွင့်မရသေးဘူးလို့ ရဲက ပြောတယ်။ ကျမက တွေ့ချင်တယ်။ ကျမ သားမှာ ဘာအပြစ်မှလည်း မရှိဘူး။ နောက်တခု ကျမပြောချင်တာကတော့ DMG သတင်းဌာနရဲ့ နောက်ကြောင်းကို ကျမသားက ဘာတခုမှလည်း မသိဘူး။ သူ အလုပ်ဝင်တာလည်း လပိုင်းလောက်ပဲ ရှိသေးတယ်။ ကျမသားက တက္ကသိုလ် အဝေးသင် ကျောင်း သားတဦးပါ။ ကျမနဲ့ နှစ်ယောက်တည်း နေတာပါ။ ကျမမှာလည်း လုံလောက်စွာ ပေးစရာမရှိတော့၊ အလုပ်ကလည်း ရှားတယ်။ ရတဲ့အလုပ်မှာ ဝင်လုပ်နေတာ။ ဝါရင့်သတင်းထောက်လည်း မဟုတ်သေးပါဘူး” လို့ ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့က စစ်တွေမြို့ ဆွမ်းတော်ကြီးလောင်းပွဲမှာ သတင်းသွားယူတဲ့ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး အောက်တိုဘာ ၃၁ ရက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်​ပြီး နိုဝင်ဘာ ၁၅ ရက်အထိ ရက်သတ္တနှစ်ပတ် ချုပ်ရမန်ရယူထားတာဖြစ်ပါတယ်။

ကိုထက်အောင်ဟာ ဒုတိယနှစ် မြန်မာစာမေဂျာ ကျောင်းသားတဦး ဖြစ်ပြီး အခုလို အဖမ်းခံထားရတဲ့အတွက်  နိုဝင်ဘာ ၁ ရက်ကစပြီး ဖွင့်လှစ်သင်ကြားတဲ့ အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းကို တက်ရောက်ခွင့်မရ ဖြစ်နေပါတယ်။ သူတို့ သားမိနှစ်ဦးမှာ ရသေ့တောင် ခွဆုံကျေးရွာမှာ ၂၀၁၈ ခုနှစ် အေအေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲကာလအတွင်း စစ်တွေမြို့ မင်းဂံ အကွက် ၁၀ ရှိ ဓမ္မစကုပရဟိတကျောင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတာလို့ ကိုထက်အောင် မိခင်က ပြောပါ တယ်။ DMG သတင်းတိုက်ရဲ့ တာဝန်ခံအယ်ဒီတာ ကိုဇော်ဇော်ကတော့ “ကျောင်းသားတယောက် အနေနဲ့ စာမေးပွဲကာလမှာ ဖမ်းဆီးခံထားရတာ နစ်နာတာပေါ့။ ကာယံရှင် ကိုထက်အောင်ကတော့ ပိုပြီး ထိခိုက်တာပေါ့။ ပုဒ်မတွေကိုတော့ အတိအကျ တော့ မသိရသေးဘူး။ ကြားရတာကတော့ ပုဒ်မ-၆၅ နဲ့လို့ ကြားတယ်။ အဲဒီပုဒ်မနဲ့ဆိုရင်တော့ အာမခံ မရနိုင်ဘူး။ ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်သွားမယ်။ လက်ရှိမှာတော့ ကျနော်တို့ဘက်က ရှေ့နေတွေနဲ့ ဆွေးနွေးတိုင်ပင်နေကြတယ်။ အမှုအသွားအလာနဲ့ ပတ်သက်ပြီး တိုင်ပင်စရာရှိတဲ့သူတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး လုပ်ဆောင်သွားဖို့ စီစဥ်နေပါတယ်” လို့ ပြောပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) မှာ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ရင် အရေးယူနိုင် တဲ့ ပုဒ်မတခုဖြစ်ပြီး အာမခံမရတဲ့ ပုဒ်မတခုဖြစ် ကြောင်း တရားရေးလွှတ်တော် ဥပဒေအရာရှိတွေထံက စုံစမ်းသိရှိရပါတယ်။ အရင်က DMG သတင်းဌာန အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက် အမျိုးသမီးတဦးတို့ဟာလည်း  NLD အစိုးရ လက်ထက်က အမှုဖွင့်ခံခဲ့ရပြီး သတင်းထောက် ကိုထက်အောင်ကတော့ ၄ ဦးမြောက် အမှုဖွင့်လှစ်ခံရတာ ဖြစ်ပါတယ်။ https ://burmese.dvb. no/post/623087

၃၂။ စစ်ရေးအရ နယ်မြေကျော်လာပါက ဘယ်တပ်ကိုမဆို တိုက်ထုတ်သွားမယ်လို့ ‘ဝ’ တပ်ဖွဲ့ သတိပေး
     November 2, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်လျှောက် ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ တွေကြား တိုက်ပွဲ တွေနဲ့ ပတ်သက်ပြီး စစ်ရေးအရ ကုန်းကြောင်း၊ လေကြောင်း နယ်မြေကျော်လာပါက ဘယ်တပ်ကိုမဆို တိုက်ထုတ်သွားမယ်လို့ ‘ဝ’ တပ်ဖွဲ့က နို၀င်ဘာလ ၁ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။‘ဝ’ ပြည်နယ်အတွင်းလုံခြုံရေး၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်နဲ့ လုံခြုံရေးကို ခြွင်းချက်မရှိ ကာကွယ်ပေးမှာ ဖြစ်တာကြောင့် နယ်မြေကျော်လာတဲ့ ဘယ်တပ်ကိုမဆို တိုက်ခိုက်မှာ ဖြစ်သလို လူသားချင်း စာနာထောက်ထားမှုအရ စစ်ဘေးတိမ်းရှောင်လာရတဲ့ ပြည်သူတွေကိုနေရာချထားရေးနဲ့ ကူညီစောင့် ရှောက်ရေး လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။‘ဝ’ တပ်ဖွဲ့ အနေနဲ့ ဘက်မလိုက်ရေး မူကိုသာ ကျင့်သုံးပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေမှာ ဘယ်သူ့ဘက်ကမှ ပါ၀င်ကူညီမှာ မဟုတ်သလို ပဋိပက္ခ အခြေအနေတွေကို ပါ၀င် တိုက်ခိုက် နေတဲ့ အင်အားစုတွေ အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ဒီကနေ့အထိ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ‘ဝ’ ပြည်နယ်ထဲမှာ စစ်ရှောင် တစ်သောင်းကျော် ခိုလှုံနေရတယ်လို့ သိရပါတယ်။‘ဝ’ တပ်ဖွဲ့ဟာ လက်ရှိ ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ညီနောင်မဟာမိတ်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ‘ဝ’ နဲ့ မိုင်းလားဒေသတွေမှာ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အများဆုံးတည်ရှိနေတာဖြစ် တယ် လို့ စွပ်စွဲထားကာ ဒီနယ်မြေတွေကို တရုတ် အနေနဲ့ ဖိအားပေးရမယ်လို့ အောက်တိုဘာ ၂၃ ရက်က  ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ ပြောဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=36229 2699490514&set=a.285900490463069

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button