သတင်း

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

ဒီဇင်ဘာလ – ၂ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၃၀၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၆၁၇)ဦး ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ထားဝယ်မြို့လူငယ်များမှ ဒီဇင်ဘာလ၂ ရက်နေ့တွင် အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းညသပိတ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ပြီး ဒီဇင်ဘာလ ၂ ရက် နံနက်တွင် ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ၂၉၈ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။

 

  • မန္တလေး လူငယ်များ သပိတ်စစ်ကြောင်း ဦး ဆောင်ကာ ယနေ့ ဒီဇင်ဘာ လ ၂ရက်နေ့တွင် အကြမ်း ဖက် စစ်အာဏာရှင် တော် လှန်ရေး ညသပိတ် ပြုလုပ်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး” စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ “ဖမ်းဆီးခံ ရဟန်းသံဃာများ ချက်ချင်းလွှတ်”စသည့်ကြွေးကြော်သံများဖြင့် မန္တလေးသံဃသပိတ် ယနေ့ ချီတက်ခဲ့ကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များက ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာ ရှင် တော်လှန်ရေး အသံမတိတ်အလံမလိပ် ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦး ဆောင်ကာ ယနေ့ ဒီဇင်ဘာ လ ၂ရက်နေ့တွင် အကြမ်း ဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင် ပင်မသပိတ် စစ်ကြောင်းနှင့် မုံရွာကျောင်းသား သမဂ္ဂသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာ ရှင် တော်လှန်ရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အမျိုးသမီးများ ဦးဆောင်သော ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် လူထုဒေါ်အမာ ၁၀၆ နှစ်ပြည့်မွေးနေ့အဖြစ် အမျိုး သမီးများဦးဆောင်ချီတတ်ကာ “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်ဘူး” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ် တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်အရှေ့ခြမ်းနှင့်ဆားလင်းကြီးမြောက်ခြမ်းရွာပေါင်းစုံသပိတ်တွင် တောင်သူများ၊ စိုက်သမ များပူးပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အလိုမရှိကြောင်း ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင် ဘာလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက်မထွက်ဘူး” စာတန်း ကိုင်ဆောင်က ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာ – အမြင့် လမ်းဘေးကျေးရွာများမှ အမျိုးသမီးထုသည် စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်သွားရန်နှင့် အမျိုးသမီးများအား အကြမ်းဖက်နေသည့် ဖက်ဆစ်တပ်အား ထိုက်တိုက်သည့် အပြစ်ဒဏ် ကျခံစေရန် ကြွေးကြော်လျက် အမေ လူထုဒေါ်အမာ၏ `အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး´ ဟူသည့်သမိုင်းဝင်စကားကိုတိုင်တည်ရင်း ချီတက်ဆန္ဒပြခဲ့ကြပါသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုစည်း၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြ ချီတက်မှု ဒီဇင်ဘာ လ ၂ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာ ရှင် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် စစ်အာ ဏာရှင် အမြစ်ပြတ်ကျဆုံးရေးကိုသာ လိုလားသည့် ပြည်သူများကိုယ်စား အမျိုးသမီးများက “ပူး ပေါင်းတော်လှန် တိုက်ခိုက်ယူ သက်တန့်အလံနှင့် ဖဲကြိုးဖြူ” ဆောင်ပုဒ်နှင့်အညီ ဖဲကြိုးဖြူ လှုပ်ရှားမှုသပိတ်ကို ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်က လုပ်ဆောင်ခဲ့ကြသည်။

 

  • ဝက်လက်မြို့နယ်တွင် အခြေခံပညာ ကျောင်း သားထု ကိုယ်စားပြု လုပ်ငန်းဦးဆောင်ကော်မတီ(ACBES)၊ ဝက်လက်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ အ.ထ.က (ရွှေပန်းကုံး) ကျောင်းသားများသမဂ္ဂ၊ ဝက်လက်မြို့နယ်အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝက်လက်လူထု သပိတ်စစ်ကြောင်းဖြိုခွင်းခံရခြင်း ၇ လပြည့် အထိမ်းမှတ်အနေအဖြစ် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လူထု လှုံဆော်ရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်းကို မနက်ဖြန် ဒီဇင်ဘာ ၃ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တဲ့အတွက် ခရီးသွားလာတာတွေ မလုပ်ကြဖို့ KNDF က မေတ္တာရပ်ခံခဲ့ပါသည်။

 

  • ကလေးမြို့နယ်၊ လည်ခြားကျေးရွာရှိ စပါးတိုက်နှင့် ဆန်စက်တစ်လုံးအပါဝင် လူနေအိမ်များ (၂၅)လုံးကို ဒီဇင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခံခဲ့ကြောင်းသိရသည်။ လည်ခြားကျေးရွာပြည်သူများမှာ ယခုအခါ စစ်ကောင်စီတပ်ကြောင့် ကျေးရွာစွန့်ခွါကာ တိမ်းရှောင်နေကြရပြီး အခက်အခဲကြုံနေရသည်ဟု သိရသည်။

 

  • မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ နေ့လယ် (၁)နာရီခန့်က ကားနဲ့စက်ဘီးတိုက်မိရာကနေ စက်ဘီးစီးနင်းလာတဲ့ ကျောင်းသူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

 

  • တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ Asia Light အနီး၌ ယနေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၂ နာရီခွဲကျော်ခန့်က မိုင်း ပေါက်ကွဲမှု ဖြစ် ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရသူများ ရှိခဲ့ကြောင်းသိရသည်။

Related Articles

Back to top button