Photo. Putao PDF
ဖက်ဒရယ်ဂျာနယ်(၃ – အောက်တိုဘာ)
ယနေ့ မနက် ၁ နာရီခန့်အချိန် ပူတာအိုမြို့အဝင် မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို PUTAO PDF မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သတိပေး ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ရောက်ရှိလာပါက ပစ်ခတ်မှုတွေ ထပ်မံပြုလုပ်သွားမည်ဖြစ် ကြောင်း Putao PDF ထုတ်ပြန်ထားသည်။
ထို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်ဖက်မှ အသေ အပျောက်ရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်းလည်း Putao PDF ကထုတ်ပြန်ထားသည်။
စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လိူင် ပူတာအို သို့လာမည်ကို ပူတာအိုဒေသခံများက လက်မခံပါကြောင်းနှင့် ရောက်ရှိလာပါ ပစ်ခတ်မူများ ဆက်လက်ပြုလုပ်သွားဟု ထုတ်ပြန်ထားသည်။