သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၂၁ – ၂၀၂၂ ခုနှစ်

ယနေဧပြီလ(၂၁)ရက်နေ့ မြန်မာပြည်ဒေသအသီးသီးအတွင်းက သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင် လူထုလှုပ်ရှားများကို မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့်  ယနေ့ ဧပြီလ(၂၁)ရက်နေ့ အသက်သေဆုံးခဲ့ရသည့် ပြည်သူ ( ၁၇၇၉ )ဦးအထိရှိခဲ့ပြီး မတရားဖမ်းဆီးခံရသူ ( ၁၃၃၂၆ ) ဦး အထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

  • ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ စတင်ဖြေဆိုနေပါတယ်။ ဒီနှစ်မှာ ကေအိုင်အိုအထက်တန်းကျောင်း ၉ ကျောင်းကနေ တက္ကသိုလ်ဝင်တန်းစားမေးပွဲဝင်ရောက် ဖြေဆို နေသူပေါင်း နှစ်ထောင်ကျော်ရှိကာ စာမေးပွဲကို အခုလ ၂၈ ရက်နေ့ အထိဖြေဆိုရမှာဖြစ်ပါတယ်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ပင်လုံမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်စခန်းအနီးသို့ မြန်မာ့တပ်မတော်နှင့် RCSS စစ်ကြောင်းများ လှုပ်ရှားလာနေကြောင်း SSPP/SSA က သတင်းထုတ်ပြန် ပြောကြားသည်။ ဧပြီ ၁၉ ရက်နေ့က တပ်မတော်၏ အမှတ် ၅၁၃ လက်အောက်ခံ တပ်ရင်း အမှတ် ၂၇၇၊၂၇၈ မှ ဗိုလ်မှူးထွန်းဝင်းအောင် ဦးဆောင်ပြီး အင်အား ၃၀၀ ကျော်ဖြင့် ပင်လုံ၊ လဲချားကနေ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ပင်လုံမြို့နယ်ထဲရှိ စနင်းတောင် ဘက်ခြမ်း SSPP/SSA စခန်းအနီး စစ်ရေးလှုပ်ရှားလာကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကက်သလစ်သာသနာမှ ဖွင့်လှစ်ထားသည့် ‘ဘ၀သစ် ပြန်လည် ထူထောင်ရေးဂေဟာ”တွင် အမှတ်စဉ်(၁၈)အတွက် မူးယစ်ဆေးဖြတ်လိုသည့် လူသစ်များကို မေလ (၃)ရက်နေ့မှ စတင်ပြီး နာမည်စာရင်းများကို စတင်လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးဖြတ်၊ ကုသမှု ခံယူလိုသူများကို မေလ(၃)ရက်နေ့မှ (၆)ရက်နေ့အထိ ဖုန်းမှ တဆင့် နာမည်စာရင်းများကို စတင်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်ကာလဖြစ်သောကြောင့် အမျိုးသား၊ အမျိုးသမီး လူဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း ဘ၀သစ် ပြန်လည်ထူထောင်ရေးဂေဟာ တာဝန်ခံက ပြောသည်ဟု မြစ်ကြီးနားသတင်းဂျာနယ် တွင်ဖော် ပြထားသည်။ အမှတ်စဉ်(၁၈)အတွက် သင်တန်းကာလမှာ မေလ(၂)ရက်နေ့မှ ဩဂုတ်လ (၁၂)ရက် နေ့အထိ (၃)လ ဖြစ်ပြီး မူးယစ်ဖြတ်၊ ကုသခံယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၂၅၂၅၄၇၅၀၃၊ ၀၉၂၅၉၁၆၉၀၀၇နှင့် ၀၉၄၀၈၁၅၁၉၅၆ကို ဆက်သွယ် နာမည်စာရင်း ပေးသွင်းနိုင်ကြောင်းလည်း သိရသည်။

 

  • စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အိုးအိမ်စွန့် ထွက်ပြေးရသူပေါင်း ခြောက်သောင်းကျော်ရှိပြီလို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ ကနေ ၂၀၂၂ ခုနှစ် ဧပြီ (၁၁) ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲရှောင် နဲ့ အခြားလုံခြုံရေး အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၆၂,၈၀၀ လောက် ရှိနေဆဲပဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန် ပါတယ်။

 

  • မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် မြို့သိမ်းတိုက်ပွဲများရှိလာမည့်အတွက် ပြည်သူလူထု အနေဖြင့် ဗုံးခို ကျင်းများအပါအဝင် ဆေးဝါးများပြင်ဆင်ကြရန် ဒေသကာကွယ်ရေးတပ်က အသိပေး ထားသည်။ ယနေ့ ရက်စွဲဖြင့် Red Wolves Of Mogok ပြောက်ကျား တပ်ဖွဲ့က ပြည်သူ လူထုအား မေတ္တာရပ်ခံပန်ကြားချက်ထုတ်ပြန်ခဲ့သည်။

 

  • ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သည့်စွဲချက်ဖြင့် မောင်တောမှလူနှစ်ဦးကို အကြမ်းဖက်မှု ပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း ၎င်းတို့၏ မိသားစုဝင်များကပြောသည်ဟု နိရဉ္စရာသတင်းဌာတွင်ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးကို ယနေ့ ဧပြီ ၂၁ ရက် ရုံးချိန်းတွင် မောင်တောခရိုင်တရားရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၀(ဈ)ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီချ မှတ်လိုက်ခြင်းဖြစ်သည်။ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ မောင်တောမြို့၊ ရပ်ကွက် (၃) မှ ကိုညီညီနိုင် (၂၈)နှစ်နှင့် မောင်တောမြို့နယ် ငွေတောင်ကျေးရွာမှ ဦးအောင်လှသိန်း (၄၆)နှစ်တို့ ဖြစ်ကြသည်။

 

  • ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှ ကရင်လူငယ်များက နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ယနေ့ ဧပြီလ(၂၁)ရက်နေ့တွင် ရှပ်အပြာရောင် ကမ်ပိန်း (Blue Shirt Day Campaign) လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၌ ယနေ့ ဧပြီလ ၂၁ ရက် မနက်ပိုင်းက လူငယ်များ ဦးဆောင်၍ အပြာရောင် တီရှပ်အင်္ကျီများ ဝတ်ဆင်ပြီး “Blue shirt Campaign” ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုသည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုခြင်းနှင့် လက်ရှိ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဆောင်သူများထံမှ သိရသည်။

 

  • လောင်းလုံးမြို့နယ်ဆိုင်ရာအခြေခံပညာကျောင်းသားသမဂ္ဂတွေဦးဆောင်ပြီး အမျိုးသမီးအင်အားစု တွေ၊ LGBT တွနဲ့ဒေသခံပြည်သူတွေစုပေါင်းထားတဲ့ ရှပ်အင်္ကျီအပြာရောင်ဆင်တူ ဝတ်ဆင်တဲ့ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ဧပြီ ၂၁ မှာ လောင်းလုံးမြို့တစ်နေရာမှာ စစ်အာဏာသိမ်းဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးက နိုင်ငံရေးအကျဉ်းသားတွေနဲ့ အတူရပ်တည် ကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပြီး အခုလိုဆန္ဒထု တ်ဖော်တာဖြစ်တယ်လို့ သပိတ်အဖွဲ့ကထုတ်ပြန်ထားပါတယ်။

 

  • ‘တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး၊ မူးလို့တောင် ရှူစရာ မရှိဘူး’ ဘန်နာကိုင်ဆောင်ပြီး စစ်အာဏာ ရှင် ချေမှုန်းရေး ကလေးမြို့တွင် ယနေ့ ဧပြီလ ၂၁ ရက်၌ ၄၃၈ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ဆန္ဒပြကြသည်။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အထိမ်း အမှတ် အင်္ကျီအပြာရောင်များ ဝတ်ဆင်ကာ ချီတက်ခဲ့ကြောင်း သိရှိရသည်။

 

  • ရန်ကုန်မြို့ သမိုင်းဈေးဘူတာ လူကူးတံတားတွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့၌ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈နှစ်ပြည့်နှင့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အားဖြင့် “နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ဦးမညွှတ်တတ်သော အတိုက်အခံ” စာတန်းအား ရန်ကုန်လူထု သပိတ်မှ ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကျွန်ဘဝမှ လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး ရဲဘော်များ ကဏ္ဍအသီးသီးမှ တော်လှန်ရေး တပ်သားများနှင့် အကျဉ်းထောင် အတွင်းမှ ရဲဘော်များ၊ ပြည်သူများအတွက် ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး ညသပိတ်ပြု လုပ်ခဲ့ကြောင်း သိရသည်။

 

  • “တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင်ရှူစရာမရှိ “ဆိုသည့် ဟံသာဝတီ ဦးဝင်းတင်၏ စကားနှင့်အတူ လက်ပံတောင်းတောင် ဒေသပင်မသပိတ်မှ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင် ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး သပိတ်ကို ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ ကြသည်။

 

  • “နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်မြောက်သေးသ၍၊ ငါတို့အားလုံးက နိုင်ငံရေးအကျဉ်းသားတွေ ပါပဲ” ဆိုသည့် ဟံသာဝတီ ဦးဝင်းတင်၏ စကားရည်စူး၍ လက်ပံတောင်းတောင်ဒေသ သပိတ် အင်အားစုမှ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အိမ်တွင်း သပိတ်ပြုလုပ်ကို ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ တော်လှန် ပြည်သူများသည် ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် ၄၀၇ ရက်မြောက် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဖြင့် လှည့်လည်ဆန္ဒပြကြသည်။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ အဆိုအမိန့် တခု ဖြစ်သည့် ‘စစ်တပ်ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိ’ စာသားပါ ဘန်နာကိုင်ဆောင်ပြီး အပြာရောင် အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြကြောင်း သိရှိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အဖြစ် “တိုင်းပြည်အပေါ်မှာ စစ်တပ်ရဲ့ကျေးဇူး မူးလို့တောင်ရှူစရာမရှိ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာ-အမြင့်လမ်းတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် “တိုင်းပြည် အပေါ် စစ်အာဏာရှင် ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး” စာတန်းကိုင်ဆောင်ကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်အဖြစ် “တိုင်းပြည် အပေါ် စစ်အာဏာရှင် ကျေးဇူး မူးလို့တောင်ရှူစရာ မရှိဘူး” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးတွင် ယနေ့ ဧပြီလ ၂၁ ရက် နံနက်၌ ကျေးလက်ဆိုင်ကယ်သပိတ်ဖြင့် လှည့်လည်ဆန္ဒပြကြသည်။

 

  • နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာ ဘဘ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခဲ့တဲ့ (၈) နှစ် ပြည့်မြောက်သည့် နေ့တွင် ပြည်သူများ စုပေါင်း၍ ယင်းမာပင်ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ကော်မတီမှ ဦးဆောင်ကာ “တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး” စာသား နှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်ခြင်းကို ယနေ့ ဧပြီ ၂၁ တွင် ပြုလုပ်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိတော်လှန်ပြည်သူများသည် ယနေ့ ဧပြီလ ၂၁ ရက် နံနက်တွင် အကြမ်းဖက်စစ်အာဏာရှင်ချေမှုန်းရေး ရွှေခွန်မြေသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။

 

  • နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၈) နှစ် ပြည့် ယနေ့ ဧပြီ (၂၁) ရက်မှာ ရှပ်အင်္ကျီအပြာရောင် လှုပ်ရှားမှု ကမ်ပိန်းမှာ မြန်မာပြည်သူများ၊ တက်ကြွလှုပ်ရှားသူများနဲ့အတူ သံရုံးက အရာရှိ တစ်ချို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား တွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှု တစ်ခုအနေနဲ့ အကျဉ်းထောင်ဝတ်စုံဖြစ်တဲ့ အပြာရောင် အကျီ နဲ့ ပုဆိုးကို ကွယ်လွန်တဲ့အထိ ဝတ်ဆင်ခဲ့ပါတယ်။

 

  • အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့၌ အရာတော်မြို့နယ် လူထု သပိတ် ကော်မတီမှ ဦးဆောင်ကာ ၅/အရာတော် သပိတ်စစ်ကြောင်း “နှစ်သစ်မှာ နိုင်ငံသစ်ကို တည်ဖို့ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်စို့” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • သရက်ချာင်းမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေးနှင့် ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ် ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး “နှစ်သစ်မှသည် ခေတ်သစ်ဆီသို့ လက်တွဲညီညီချီတက်စို့ ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်အဆင့်ပြည်သူ့၀န်ထမ်းများ၊ အရာရှိများကို ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုနှင့်ပြည်သူ့ရေးရာ၀န်ဆောင်မှုစီမံခန့်ခွဲ့ရေး စွမ်းရည်များ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မူတြော်ခရိုင်တွင်း တစ်နေရာတွင် ပြည်သူ့အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ တစ်လတာသင်တန်းကို မတ်လ ၂၈ ရက်မှ ဧပြီလ ၂၂ ရက်အထိ ကျင်းပခဲ့သည်။ သင်တန်း ဖြစ်မြှောက်ရေးအတွက် ကေအဲန်မူတြော်ခရိုင်မှ စီစဉ်ပြီး School of Governance and Public Administration (SGPA) မှ ပညာရပ်ဆိုင်ရာအထောက်အကူများ ပံ့ပိုးပေးခဲ့ကြောင်းလည်း သိရသည်။ ဤတစ်လတာသင်တန်းသို့ ကေအဲန်ယူ မြောက်ပိုင်းခရိုင် ၄ ခုဖြစ်သည့် ဒူးသထူ (သထုံ)၊ တောဦး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်) နှင့် မူတြော် ခရိုင်တို့မှ လူငယ်အချို့ အပါအ၀င် အရပ်ဖက်အုပ်ချုပ်ရေးနှင့်တပ်ဖက်ဆိုင်ရာ သက်လတ်ပိုင်းခေါင်းဆောင် စုစုပေါင်း ၄၀ ဦးပါဝင်တက် ရောက်ခဲ့ကြသည်။

 

  • ယမန်နေ့ဧပြီလ (၂၀)ရက်နေ့ မနက် ၁ နာရီအချိန်မှာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုအုပ်စု ထီးသော်ကူးကျေးရွာမှ ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာအချို့ကို လက်နက်ကြီး မကြာခဏပစ်ခတ်မှုရှိနေပြီး အရပ်သားထိခိုက် ဒဏ်ရာရမှု၊ နေအိမ်အများအပြား ပျက်စီးမှုလည်း ရှိနေပါတယ်။

 

  • ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နိုင်ငံရေးပါတီအချို့ကို အသုံးချကာ ဓနုတပ် (Danu Army ) ဖွဲ့စည်းရန် စစ်ကောင်စီက ကြိုးစားနေပြီး ယင်းလုပ်ရပ်သည် ဓနုတိုင်းရင်းသားထုကို လုံးဝ ကိုယ်စား မပြုဟု ဒေသခံများက ပြောကြားသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စစ်ကောင်စီအား ခုခံတော် လှန်စစ်အားကောင်းလာနေချိန်တွင် စစ်ကောင်စီက ပြည်သူ့စစ် အဖွဲ့ အနေဖြင့် ဓနုတပ် ( Danu Army) ကို ဖွဲ့စည်းရန် ကြိုးစားလာခြင်းဖြစ်သည်။ ” စစ်တပ်က ဓနုတွေကို သွေးခွဲဖို့ ခြေလှမ်းစလာ ပြီ။ ဓနုတပ်ဆိုပြီး ဖွဲ့ဖို့ လုပ်နေတယ်။ ကျွန်တော်တို့ ခပ်ပြတ် ပြတ်ပြောမယ်။ စစ်ကောင်စီက ဖွဲ့စည်း ပေးတဲ့ ဘယ်အဖွဲ့မဆို ဓနုဒေသမှာ လူတောမတိုးဘူး။ ဓနုတွေက လုံးဝ အသိ အမှတ်မပြုဘူး။ ဓနုဒေသကို လုံးဝကိုယ်စားမပြုဘူး”ဟု ရွာငံမြို့ခံတစ်ဦးက ပြောသည်။

 

  • ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၃၁ ကားမှတ်တိုင်နားတွင် ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ သော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားဖြင့်တိုက်ပြီး ဖြိုခွင်း ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင် ၂ ဦး ပါဝင်နေကြောင်း သိရသည်။ အဆိုပါ CTUM အဖွဲ့ဝင် ၂ ဦးမှာ ဒေါ်ခိုင်သဉ္ဇာအေး (ခ) ဘုတ်ဘုတ် (ခ) ဖောင်ရိုး (CTUM – ဌာနမှူး၊ ဆက်သွယ်ရေးဌာန) နှင့် ဒေါ်အိဖြူဖြူမြင့် (အဖွဲ့ဝင် – ယခင် Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမား သမဂ္ဂ၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် – IWFM) တို့ ဖြစ်ကြောင်း CTUM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

  • မန္တလေးတိုင်း မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကိုကိုလေးနေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေရာမှာ ဦးကိုကိုလေး ကို မတွေ့တာကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွား ပြီး အလောင်းကို လူမြင်ကွင်းမှာ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့ က မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ် ၃၆ လမ်းနဲ့ ၇၁ လမ်းအနီးမှာရှိတဲ့ ဦးကိုကိုလေးရဲ့ နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းရာမှာ ဦးကိုကို​လေးရဲ့ ဇနီးဖြစ်သူ ဒေါ်စိုးစိုးကို ဓားစာခံအ ဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၆ ရက်ခန့်အကြာ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ဂေါ်ယာကွင်းအရှေ့ရှိ မီးသတ်ရုံးရှေ့မှာ ဒေါ်စိုးစိုးရဲ့ ရုပ်အလောင်းကို စစ်အုပ်စုက လာရောက် စွန့်ပစ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

  • စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံး ဆန့်ကျင်တွန်းလှန်ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အတွင်း အခြေခံပညာစာသင်ကျောင်း ၂၂ ကျောင်းကို အောင်အောင်မြင်မြင်ဖွင့်လှစ် နိုင်ထားပြီလို့ မြောင်ပညာရေးကွန်ရက်က ဒီနေ့မနက်ပိုင်း အသိပေးထုတ်ပြန်လာပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ၂၂ ကျောင်းမြောက် အခြေခံပညာစာသင်ကျောင်းကို ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပြီး ဖွင့်လှစ် လိုက်တဲ့စာသင်ကျောင်းဟာ အထက်တန်းအဆင့်သင်ကြားနိုင်တဲ့ စာသင်ကျောင်းဖြစ်တယ်လို့ လည်းသိရပါတယ်။

 

  • ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဒေသအခေါ် ၂၁မိုင်ရွှေမှော်တွင် ရွှေကျင်းပိုင်ရှင် လောပန်းနှစ်ဦးက ၎င်းတို့၏ အလုပ်သမားများကို ထိုးကြိတ်ကန်ကျောက်ခြင်း၊ ခြိမ်းခြောက်ခြင်း များပြုလုပ်ကာ အတင်းအဓမ္မ အလုပ်စေခိုင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါလောပန်းနှစ်ဦး၏ ရွှေကျင်းတွင်လုပ်ကိုင်နေရသူများမှာ အချိန်အကန့်အသတ်မရှိ လုပ်ကိုင်နေရပြီး ဖျားနာနေသူများ ကိုလည်း ထိုးကြိတ်ကန်ကျောက်မှုများ ပြုလုပ်နေကြောင်း ရွှေမှော်မှ ထွက်ပြေးလာသူ အသက် ၂၈ အရွယ် ကျင်းသားတစ်ဦးက ပြောတဲ့အကြောင်း The 74 Media တွင်ဖော်ပြထားသည်။ အပြည့်စုံ ဖတ်ရန် – https://www.facebook.com/The74Media/

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းတွင် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီနှင့်တရုတ် ဝမ်ပေါင် ယမ်စီကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသော ကြေးနီစီမံကိန်းများအားလုံး ရပ်ဆိုင်းရန်နှင့် အလုပ် သမားများအားလုံး မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ CDM လုပ်ရန် မဟာမိတ်တပ်ပေါင်းစု ၁၆ ဖွဲ့က သတိ ပေးချက် ထုတ်ပြန်လိုက်သည်။ ဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များက ဆားလင်းကြီးမြို့နယ်အတွင်း ကြေးနီစီမံကိန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်း များ မေလ ၅ ရက်နေ့ နောက်ဆုံးထား CDM ဝင်ရန်၊ သတိပေးထားသော စစ်တပ်နှင့်တရုတ် ကြေးနီစီမံကိန်းများ ရပ်ဆိုင်ခြင်းမရှိပါက ဒေသခံပြည်သူ့ကာကွယ်‌ရေး အဖွဲ့များက တိုက်ဖျက်သွား မည်ဖြစ်ကြောင်း သတိပေးချက်တစ်ရပ်ထုတ်ပြန်သည်။

 

  • အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့်စွဲချက်တင်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုအား ယနေ့ဧပြီ ၂၁ ရက်နေ့ ရုံးချိန်းမှာ စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။ ယနေ့ ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲ ချက်ပြုလုပ်ရမည်ဖြစ်သော်လည်း တရားသူကြီးမရှိဟုဆိုကာ ရုံးချိန်းကိုရွေ့ဆိုင်လိုက်ရသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင် ကပြောတဲ့ အကြောင်း Western News သတင်းဌာနတွင်ဖော်ပြထားသည်။ “ဒီနေ့က အပြီးသတ် လျှောက်လဲ ချက် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီး မရှိလို့ မေလ ၅ ရက်နေ့သို့ ရုံးချိန်းကို ရွေ့ဆိုင်းလိုက်ပါတယ်”ဟုပြောသည်။

 

  • စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို Eagles Army-HPDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၆ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၁ရက်နေ့မှာ တုံလုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မိုးပြာဆိုဒ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ မိုင်းထိမှန်ပြီးနောက် စစ်အုပ်စု ဟာ သေဆုံးသွားတဲ့အလောင်းတွေကို ကောက်ယူပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ တောင်ကြားကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် PDF စခန်းတခု သိမ်းပိုက်ခံလိုက်ရပါတယ်။ အပြည့်စုံဖတ်ရန် – http://burmese.dvb.no/archiv es/529005

 

Related Articles

Back to top button