သတင်း

ပြည်သူ့ရင်ခွင့် ခိုလုံလာသည့် ခမရ ၅၁၂ တပ်ရင်းမှ တပ်သား ၁ ဦး CDF-Mindat သိန်း ၅၀ ချီးမြှင့်

ဓါတ်ပုံ – CDF-Mindat (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၁၃

ပြည်သူ့ရင်ခွင့် ခိုလုံလာသည့် ခမရ ၅၁၂ တပ်ရင်းမှ တပ်သား ၁ ဦးကို သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF-Mindat ဘက်က သတင်းထုတ်ပြန်ထားသည်။

“CDF-Mindat မှတဆင့် ပြည်သူ့ရင်ခွင်သို့ လက်နက်အပြည့်အစုံဖြင့် ၁၀-၇ -၂၀၂၂ တွင် လာရောက်ခိုလှုံလာသော ခမရ (512) မှ ရဲဘော်တစ်ဦးအား CDF-Mindat မှ သိန်း ၅၀ ချီးမြှင့်ပြီး နွေးထွေးစွာကြိုဆိုခဲ့သည်” ဟု CDF-Mindat ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါတပ်သားသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ အီနာဂါ ဗုံးသီး ၃ လုံးနှင့်တကွ CDM ပြုလုပ်လာခြင်းဖြစ်သည်။

ယခု ရက်သတ္တပတ်အတွင်း စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းအချို့နှင့် ချင်းပြည်သူ့ကာကွယ်ရေး ပူးပါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

Related Articles

Back to top button