သတင်း

နေ့စဉ်သတင်းအကျဉ်း

#photo-credit

ဖက်ဒရယ်ဂျနယ် (၄ – ​အောက်တိုဘာ – ၂၀၂၁)

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ် ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်က  ပစ်သတ်မှုကြောင့် ယနေ့ ​အောက်တို ဘာလ ၄ ရက်နေ့ အထိ နွေဦးတော် လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၅၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၈၇၄၃)၊ ချုပ်နှောင်ခံထားရဆဲ (၇၀၇၉) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၉)  ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုင်းရင်း သား လူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းသည် အာဏာ သိမ်း စစ်ကောင်စီကို အစိုးရတရပ်အနေဖြင့် အသိအမှတ် မပြုကြောင်း၊ ဆန့်ကျင်ကြောင်း ဆန္ဒပြလျက်ရှိသည်။ ဖားကန့် ပင်မသပိတ်စစ်ကြောင်းသည် စစ်တပ်က အာ ဏာစသိမ်းသည့် ဖေဖော် ဝါရီ ပထမပတ်မှ စ၍ နေ့စဉ်နီးပါး လမ်းပေါ်ထွက်ကာ စစ်ကောင်စီကို ဆန့် ကျင်ကြောင်း ဆန္ဒပြနေသည့် သပိတ်စစ် ကြောင်း ဖြစ် သည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်ကို ဩဂုတ် ၂၀ ရက် ည ၈ နာရီမှ စ၍ ယနေ့ထိ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။

 

  • ဟားခါး- ထန်တလန်ကြားလမ်းကို ညနေ ၅နာရီခွဲကနေ မနက် ၇ နာရီခွဲထိ ဘယ်သူမှမသွားလာဖို့နေ့လည်ပိုင်းကိုတော့ လွတ်လွတ်လပ်လပ်သွား လာနိင်တယ်လို့ CDF-Thantlang သတိပေးထုတ်ပြန်။

 

  • ထားဝယ်မြို့တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ အောင်တိုဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ အလိုမရှိကြောင်း ညသပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

 

  • ကလေးမြို့ ပြည်သူများက ယ​နေ့မှာ ရက်ပေါင်း ၂၃၉ ရက် မြောက်​နေ့ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • ”အမေစုနဲ့သမ္မတကြီး ချက်ချင်းလွှတ်။ ဖမ်းဆီးထားသောပြည်သူများ ချက်ချင်းလွှတ် ကြွေး ကြော်သံတွေနဲ့ ရွေဘိုမြို့နယ်မှာ ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။

 

  • မန္တ​လေးမြို့တွင် အာဏာ ရှင်စနစ်ဖြုတ်ချ​ရေးအဖြစ် သပိတ်​စစ်​ကြောင်းများစု​ပေါင်းထားသည့် စု​ပေါင်းသပိတ်စစ်​ကြောင်းသည် ယ​နေ့ည​နေပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ အဆိုပါ သပိတ်စစ်​ကြောင်းများမှာ မန္တလာတက္ကသိုလ် ကျောင်း သား/သူများသပိတ်စစ်ကြောင်း၊ မဟာအောင်မြေစုပေါင်း သပိတ်စစ်ကြောင်း၊ ဘာသာပေါင်းစုံသပိတ်စစ် ကြောင်း၊စက်မှုသပိတ်စစ် ကြောင်းနှင့်ဘုရားကြီးသပိတ်စစ်ကြောင်းတို့ ပူး​ပေါင်း ချီတက်ခဲ့ခြင်း ဖြစ်သည်။

 

  • ဝက်လက်မြို့နယ် အခြေခံ ပညာကျောင်းသားများသမဂ္ဂ ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၄ရက်နေ့တွင် “စစ်ကိုစစ်နဲ့ တုန့်ပြန်ကြ ရဲဘော်တို့ လာစုရုံးလေ” စာတမ်းများ ချိတ်ဆွဲပြီး အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေးတွင် ပြည်သူများ ပါဝင်ကြရန် လှုံ့ဆော်ခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင်တွေ “လုံးဝအုပ်ချုပ်ခွင့် မရစေရ” ကြွေး ကြော်သံများဖြင့် ပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ်တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ် တပ် တော်လှန် ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်းသိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၄ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ်တောင်ပိုင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် အလိုမရှိကြောင်း သံပုံးတီး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ်တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် “ဖြိုချင်သ လောက်ဖြို မပြိုလဲ လူထုလမ်းမပေါ်တိုက်ပွဲ” အကြမ်း ဖက် စစ်အာဏာရှင်စနစ် တော်လှန်ရေး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Related Articles

Back to top button