တိုင်းရင်းသားများသတင်း

စစ်ကောင်စီဥက္ကဌနဲ့တွေ့ဆုံဖို့ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကို ရောက်ရှိ

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၃

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့အတွက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ဟာ မနေ့ ဇွန်လ ၁၂ရက် မနက်ပိုင်းကနေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ALP ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်တွေကနေ လေကြောင်းခရီးနဲ့ နေပြည်တော်ရောက် ရှိလာခဲ့သာဖြစ်ပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့ဝင်နဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့တဲ့ မြင်ကွင်း တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီလိုသွားရောက်တွေ့ဆုံသာနှင့်ပတ်သက်ပြီး ALP ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်လူမျိုးကို ကိုယ်စားမပြုဘူးလို့ ရခိုင်လူငယ်များအဖွဲ့က ကန့်ကွက်ထားကြပါ သေးတယ်။

စစ်ကောင်စီဥက္ကဌနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ကြား တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ RCSS၊ မွန်ပြည်သစ်ပါတီ (NMSP)၊ KNU/KNLA-PC, UWSP နဲ့ NDAA တို့ဖြစ်ကြပါတယ်။

Related Articles

Back to top button