တိုင်းရင်းသားများသတင်း

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းလွှာ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No. 24,April 1 , 2022)
၁။ ေဒါက္တာ M Kawn La ျမစ္ႀကီးနားၿမိဳ႕နယ္ရဲစခန္းတြင္ ထပ္မံတရားစြဲဆိုထား
၂။ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားကို ဖမ္းဆီး႐ိုက္ႏွက္၍ ျပစ္ဒဏ္ေပး
၃။ နန္႔ပုတ္ေခ်ာင္းတံတား ပ်ဥ္ကားျဖတ္သန္းစဥ္ က်ိဳးက်၊ ကားသမားေသဆုံး
၄။ ေမာ္ဟန္ေက်း႐ြာတြင္ မီတာခေပးေဆာင္လွ်င္ မီးျပန္ေပးမည္ဟု စစ္ေကာင္စီေျပာဆို
၅။ အရာေတာ္ၿမိဳ႕နယ္တြင္ လူေနအိမ္ ၃လုံး စစ္ေကာင္စီ မီး႐ိူ႔ဖ်က္ဆီး၊ အသက္ႀကီး႐ြယ္အို ၁ဦး မီးထဲေသဆုံး
၆။ မုံးေပၚေဒသမွာ စစ္ေကာင္စီနဲ႔ KIA တစ္ရက္ထဲ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေနအိမ္အခ်ိဳ႕ လက္နက္က်ည္ ထိမွန္
၇။ စစ္ေကာင္စီတပ္စြဲခဲ့တဲ့ ေနရာအတြင္း ေထာင္ထားခဲ့တဲ့ မိုင္းေတြကို KNDF B-02 ရွင္းလင္း
၈။ ကိုးကန႔္ေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ရဲ႕ဈာပနာကို ကရင္နီျပည္မွ NUG ကိုယ္စားလွယ္မ်ား တက္ေရာက္
၉။ ဖယ္ခုံၿမိဳ႕နယ္အတြင္း တတိယေျမာက္ ေႏြဦးစာၾကည့္တိုက္ ဖြင့္လွစ္
၁၀။ ယေန႔နံနက္တြင္ စစ္ေကာင္စီမွ လက္နက္ႀကီး ရမ္းသန္းပစ္ခတ္ၿပီး ေနအိမ္ပ်က္စီးမႈရွိ
၁၁။ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF B-09မွ စစ္ေကာင္စီထုတ္ကုန္ျဖစ္တဲ့ ဒဂုံ ဘီယာကို ဖ်က္ဆီးခဲ့
၁၂။ ဖ႐ူဆိုမွာ ရဲစခန္းအတြင္းတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ တိုက္ခိုက္ခံရၿပီး အရာရွိတစ္ဦးအပါအဝင္ ၈ဦးေသဆုံး
၁၃။ ခရီးသြားျပည္သူအခ်ိဳ႕ကို စစ္ေဆးခံရၿပီး ႐ိုက္ႏွက္ခံရမႈမ်ားရွိေန
၁၄။ CDM ေက်ာင္းဆရာနဲ႔ ပညာေရးေကာလိပ္ပထမႏွစ္ေက်ာင္းသားကို စစ္ေကာင္စီက ေထာင္ဒဏ္ခ်မွတ္
၁၅။ ေဒါေတာ္ကူးေက်း႐ြာအတြင္း လက္နက္ႀကီး က်ေရာက္ၿပီး ေဒသခံႏွစ္ဦးထိ၊ တစ္ဦးေသဆုံး
၁၆။ ျမန္မာျပည္အေရွ႕ေတာင္ပိုင္းတြင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈတိုးျမႇင့္လာေၾကာင္း KHRG အစီရင္ခံစာ ထုတ္ျပန္
၁၇။ KNU တပ္မဟာ ၁ႏွင့္ စစ္ေကာင္စီတို႔ မုပၸလင္လမ္းဆုံ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ ၆ ဦးက်ဆုံး
၁၈။ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းတြင္ ခရီးသြားကား၊ ကုန္စည္ကားမ်ား ရာခ်ီ ပိတ္မိေန
၁၉။ စတုတၳအႀကိမ္ေျမာက္ NCA-S EAO ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံစတင္က်င္းပ၊ KNU ဥကၠဌ တက္ေရာက္
၂၀။ KNU တပ္မဟာ ၆ နယ္ေျမတြင္ ႏွစ္ရက္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဝ ဦးခန႔္ က်ဆုံးဟုဆို
၂၁။ မတူပီၿမိဳ႕နယ္ ေဝတူးေက်း႐ြာ ျပည္သူအားလုံးနီးပါးထြက္ေျပးတိမ္းေရွာင္ေနၾကရ
၂၂။ မင္းတပ္-မတူပီလမ္းတြင္ တိုက္ပြဲျပင္းထန္ စစ္ေကာင္စီဘက္ ၁၅ ဦးခန႔္ေသဆုံး
၂၃။ မင္းတပ္-မတူပီလမ္းတြင္ CDF- Mindat ႏွင့္္ စစ္ေကာင္စီတပ္တို႔ၾကား တိုက္ပြဲျဖစ္ပြား၊ စစ္ေကာင္စီဘက္က အက်အဆုံး အရွိ
၂၄။ ဟားခါးၿမိဳ႕နယ္ သီနမ္းေက်း႐ြာက လူေနအိမ္ ၉ လုံးကို စစ္ေကာင္စီက မီးရႈိ႕
၂၅။ ခ်င္းျပည္နယ္တြင္ တကၠသိုလ္ဝင္စာေမးပြဲ ပထမေန႔ ေျဖဆိုသူ ၂၂၅၉ ဦးရွိ၊ ၇၀၁ ဦး ပ်က္ကြက္
၂၆။ ဟားခါးၿမိဳ႕တြင္ စစ္ေကာင္စီရဟတ္ယာဥ္တစင္း ပ်က္က်
၂၇။ NLD ပါတီ အမတ္ ေဒၚႏြယ္ႏြယ္ေအာင္၏ က်န္းမာေရး အာမခံ ေလွ်ာက္ထားမႈ ပယ္ခ်ခံရ
၂၈။ ေရးၿမိဳ႕နယ္ တူးေျမာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၏ အစ္မျဖစ္သူ ေသနတ္ပစ္ခံရၿပီးေသဆုံး
၂၉။ ျမဝတီမွ ေမာ္လၿမိဳင္သို႔ျပန္လာသည့္ကားတစ္စီး ပစ္ခတ္ခံရၿပီး အမ်ိဳးသားတစ္ဦးေသဆုံး
၃၀။ PDF ကို ေငြေထာက္ပံ့သည္ဟုဆိုကာ သံတြဲမွ အမ်ိဳးသမီး ၃ ဦး ေထာင္ဒဏ္ ၁၀ ႏွစ္စီခ်မွတ္ခံရ
၃၁။ ဘဂၤလားေဒ့ရွ္မွ အေထာက္အထားမဲ့မူဆလင္ ၁၁ ဦး ေမာင္ေတာနယ္စပ္ၿခံစည္း႐ိုးမွဝင္ေရာက္ေနစဥ္ ဖမ္းဆီးခံရ
၃၂။ ေနရာဖယ္ရွားေပးရမည့္ ေက်ာက္ေတာ္ ေညာင္ေခ်ာင္းစစ္ေဘးေရွာင္စခန္းမွ အိမ္ေထာင္စု ၅၀ ေက်ာ္ ေနအိမ္သစ္ ေဆာက္လုပ္ရန္ ခက္ခဲေန
၃၃။ အမ္းမွ စစ္ေဘးေရွာင္ ၁ ေထာင္ေက်ာ္ကို ယေန႔တြင္ ေနရပ္ျပန္ပို႔
၃၄။ သွ်မ္းေတာင္ စစ္ေကာင္စီ စစ္အင္အား ျဖည့္ေန
၃၅။ ႐ြာငံၿမိဳ႕နယ္ အမ်ိဳးသားတစ္ဦး အသတ္ခံရ
၃၆။ ေက်ာက္မဲ စည္ပင္ ဗုံးေပါက္ၿပီးေနာက္ စကစမွ ျပည္သူတစ္ဦးကို ႐ိုက္ႏွက္ ေသဆုံး
၃၇။ ပင္လုံၿမိဳ႕ မွတ္ပုံတင္လုပ္သူ ေငြက်ပ္၂ ေသာင္းေပးေဆာင္ရ
၃၈။ တိုင္းရင္းသားခ်င္းခ်င္း ပစ္ခတ္မႈသည္ တည္ၿငိမ္ေအးခ်မ္းမႈကို ေႏွာက္ယွက္ဟန႔္တားေနသူ ဟု SWAN ေျပာဆို
၃၉။ နမၼတူၿမိဳ႕နယ္ ရွရွားေတာင္အနီး ပစ္ခတ္မႈျဖစ္
*************
၁။ ေဒါက္တာ M Kawn La ျမစ္ႀကီးနားၿမိဳ႕နယ္ရဲစခန္းတြင္ ထပ္မံတရားစြဲဆိုထား
31st March 2022

ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးတြင္ ေထာင္ဒဏ္ ၂ႏွစ္ ခ်မွတ္ခံထားရေသာ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ KNC ဥကၠ႒ ေဒါက္တာ M Kawn La ကို ျမစ္ႀကီးနားၿမိဳ႕ အမွတ္(၁) ရဲစခန္းတြင္ စစ္တပ္ဘက္က ပုဒ္မ ၅၀၅ (က) ျဖင့္ ထပ္မံ အမႈဖြင့္စြဲ ခ်က္တင္ထားေၾကာင္း သိရသည္။

ျမစ္ႀကီးနား အမွတ္ (၁) ရဲစခန္းတြင္ ၂၀၂၁ ဩဂုတ္လ ၂၆ ရက္ေန႔တြင္ ပုဒ္မ ၅၀၅ (က) ျဖင့္ ထပ္မံတရားစြဲဆို ထားျခင္းျဖစ္သည့္ အတြက္ေၾကာင့္ လာမယ့္ ဧၿပီလ သၾကၤန္ပြဲေတာ္မတိုင္မွီ ထပ္မံ တရားရင္ဆိုင္ ခံရႏိုင္ဖြယ္ရွိသည္ဟု KNC ပါတီ ေျပာေရးဆို ခြင့္ရွိသူ တစ္ဦးက KNG သတင္းဌာနကို ေျပာဆိုသည္။

ေဒါက္တာ M Kawn La ကို ျမစ္ႀကီးနားၿမိဳ႕နယ္ တရား႐ုံးတြင္ အမႈဖြင့္စြဲခ်က္တင္ထားသည့္အေပၚ မည္သည့္အေၾကာင္း အရင္းေၾကာင့္ တရားထပ္မံစြဲဆိုထားေၾကာင္း အေသးစိတ္မသိရေသးေသာ္လည္း စြဲခ်က္တင္ထားသည့္ အမႈကို ေျဖရွင္းေပး ရန္အတြက္ စစ္တပ္ဘက္ကေန ကခ်င္ျပည္နယ္ စစ္ေကာင္စီအဖြဲ႕ထံသို႔ စာတင္ျပေတာင္းဆိုထားၿပီ ျဖစ္ေၾကာင္းလည္း ဆက္သိ ရသည္။ ယခုလို ေဒါက္တာ M Kawn La ထပ္မံ တရားစြဲဆိုခံထားရသည့္အေပၚ KNC ပါတီအေနျဖင့္ လူတစ္ဦး တစ္ေယာက္ ကိုဘဲ တူညီေသာ ပုဒ္မ ျဖင့္ ၂ ႀကိမ္တရားစြဲဆိုခံရသည္မွာ မတရားမႈသာျဖစ္ေနသည္ဟု KNC ပါတီတာဝန္ရွိသူက ဆက္ဆိုထား သည္။ https://burmese.kachinnews.com/2022/03/31/mar-31-y1/
********************
၂။ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားကို ဖမ္းဆီး႐ိုက္ႏွက္၍ ျပစ္ဒဏ္ေပး
30th March 2022

ျမစ္ႀကီးနားၿမိဳ႕ ရပ္ပူရပ္ကြက္အတြင္းရွိ လမ္းေဘးႏွင့္ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ေနရာမ်ားတြင္ မူးယစ္ေဆးဝါးလာ ေရာက္သုံးစြဲသူမ်ားကို ရပ္ကြက္ေနျပည္သူမ်ားက ဖမ္းဆီးကာ အျပစ္ေပး ႐ိုက္ႏွက္ခဲ့ေၾကာင္း သိရသည္။

ရပ္ပူရပ္ကြက္အတြင္း၌ ယခုေနာက္ပိုင္းတြင္ လမ္းေဘး လမ္းႀကိဳလမ္းၾကားႏွင့္ အမ်ားျပည္သူႏွင့္သက္ ဆိုင္သည့္ေနရာ မ်ားတြင္ မူးယစ္ေဆးဝါးလာေရာက္သုံးစြဲသူမ်ားတစ္ေန႔ထက္တစ္ေန႔ ပိုမိုမ်ားျပားလာေနေသာေၾကာင့္ ရပ္ကြက္တြင္ မူးယစ္ေဆးဝါး သုံးစြဲမႈ ပေပ်ာက္သြားေစရန္ရည္႐ြယ္ခ်က္ျဖင့္ ယခုကဲ့သို႔ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ရမ္ပူရပ္ကြက္ေနအမ်ိဳးသားတစ္ဦးက KNGသ တင္းဌာနသို႔ေျပာသည္။ လတ္တေလာမွာ ပညာေပးကာလအျဖင့္ ႐ိုက္ႏွက္ျပစ္ဒဏ္ေပး၍ ဝန္ခံကတိလက္မွတ္ေရးထိုးခိုင္းၿပီး မွသာ ျပန္လြတ္ေပးလ်က္ရွိၿပီးေနာက္ပိုင္းတြင္ အေရးယူမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ရမ္ပူရပ္ကြက္တြင္း မူးယစ္ေဆးဝါးသုံးစြဲမႈအမ်ားဆုံးေနရာမ်ားမွာ လမ္းသြယ္ ၂၁ ၊၂၂ ၊ ၂၄ ေနရာမ်ားႏွင့္နီးစပ္သည့္ ေနရာမ်ားတြင္ အမ်ားဆုံးျဖစ္ၿပီး က်န္သည့္ေနရာမ်ားတြင္လည္း သုံးစြဲသူရွိေနေၾကာင္းသိရသည္။

မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး


**********************
၃။ နန္႔ပုတ္ေခ်ာင္းတံတား ပ်ဥ္ကားျဖတ္သန္းစဥ္ က်ိဳးက်၊ ကားသမားေသဆုံး
30th March 2022

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ရွိ နန္႔ပုတ္ေက်း႐ြာ ေခ်ာင္းတံတား ပ်ဥ္သယ္လာသည့္ ကားျဖတ္သန္းစဥ္ က်ိဳးက်၍ ကားသမား ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ မတ္လ ၂၉ ရက္ေန႔ညပိုင္းက ျဖစ္ပြားခဲ့ၿပီး ပ်ဥ္တင္လာသည့္ကား နန္႔ပုတ္ေခ်ာင္းတံတားေပၚမွျဖတ္သန္းစဥ္ ခံႏိုင္ဝန္ မမွ်သျဖင့္ တံတားက်ိဳးက်ခဲ့ရာ ကားသမားေသဆုံးခဲ့ေၾကာင္း ေဒသခံတစ္ဦးက KNG သတင္းဌာနသို႔ေျပာသည္။ ေသဆုံးသြား ေသာ ကားသမားမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားကို KNG က အေသးစိတ္မသိရွိႏိုင္ေသးပါ။

အဆိုပါ တံတားသည္ နန္႔ပုတ္ေက်း႐ြာအလြန္ ယခင္ မီးရထားလမ္းေဟာင္းအနီးတြင္ တည္ရွိသည့္ တံတားျဖစ္ၿပီး ေဒသခံမ်ားက စားဝတ္ေနေရး၊ စီးပြားေရးႏွင့္အျခား ကိစၥရပ္မ်ားအတြက္ အသုံးျပဳေနဆဲတံတားလည္းျဖစ္သည္။

နန့်ပုတ်ချောင်းတံတား ပျဥ်ကားဖြတ်သန်းစဥ် ကျိုးကျ၊ ကားသမားသေဆုံး


********************
၄။ ေမာ္ဟန္ေက်း႐ြာတြင္ မီတာခေပးေဆာင္လွ်င္ မီးျပန္ေပးမည္ဟု စစ္ေကာင္စီေျပာဆို
29th March 2022

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္ေက်း႐ြာတြင္ လွ်ပ္စစ္မီတာခမေပးေဆာင္သည့္အတြက္ စစ္ေကာင္စီက လွ်ပ္စစ္မီး ျဖတ္ေတာက္ထားၿပီး မီတာခေပးေဆာင္မည္ဆိုပါက လွ်ပ္စစ္မီးအခ်ိန္ျပည့္ျပန္ေပးမည္ဟုေျပာဆိုလာေၾကာင္းသိရသည္။

အိမ္ေျခ ၁၀၀၀ ေက်ာ္ရွိသည့္ ေမာ္ဟန္ေက်း႐ြာတြင္ အိမ္ေျခ ၆၀ခန႔္ကသာမီတာခေပးေဆာင္လ်က္ရွိၿပီး အမ်ားပိုင္းကမီတာ ခမေပးေဆာင္သည့္အတြက္ စစ္ေကာင္စီက မတ္ ၂၁ ရက္ေန႔မွစတင္ကာ တစ္႐ြာလုံးကို လွ်ပ္စစ္မီးျဖတ္္ေတာက္ထားျခင္း ျဖစ္သည္။ ယခုလို ျပည္သူမ်ားအေနျဖင့္ မီတာခ ပုံမွန္ျပန္ေပးေဆာင္ပါက ပုံမွန္အတိုင္းမီးေပးမည္ဟုေျပာလာေၾကာင္း ေမာ္ဟန္ ေက်း႐ြာေနအမ်ိဳးသားတစ္ဦးက KNG သတင္းဌာနသို႔ေျပာသည္။

မီတာေၾကးေပးေဆာင္မည္ဆိုပါက ၿပီးခဲ့ေသာ ၂၀၂၁ခုႏွစ္ စက္တင္ဘာလမွ ေဖေဖာ္ဝါရီလအထိအသုံးျပဳထားသည့္ မီတာခမ်ား ကိုပါ ျပန္လည္ေပးေဆာင္ရမည္ျဖစ္ၿပီး ႐ြာသားမ်ားက မီတာခေပးေဆာင္မည္ဟု သေဘာတူ ဆုံးျဖတ္ခဲ့ၾကေၾကာင္း သိရသည္။ အဆိုပါ ေမာ္ဟန္ေက်း႐ြာတြင္ အိမ္ေျခတစ္ေထာင္ေက်ာ္ႏွင့္ လူဦးေရ ေျခာက္ေသာင္းေက်ာ္မွီတင္း ေနထိုင္ေနေၾကာင္းသိ ရသည္။ https://burmese.kachinnews.com/2022/03/29/mar-29-cj1/
****************
၅။ အရာေတာ္ၿမိဳ႕နယ္တြင္ လူေနအိမ္ ၃လုံး စစ္ေကာင္စီ မီး႐ိူ႔ဖ်က္ဆီး၊ အသက္ႀကီး႐ြယ္အို ၁ဦး မီးထဲေသဆုံး
29th March 2022

စစ္ကိုင္းတိုင္းေဒသႀကီး အရာေတာ္ၿမိဳ႕နယ္ ပါရမီးေက်း႐ြာတြင္ လူေနအိမ္ ၃လုံးကိုစစ္ေကာာင္စီတပ္က မီး႐ိူ႔ဖ်က္စီးခဲ့ၿပီး မီး႐ိူ႔ ဖ်က္ဆီးမႈတြင္ ေလျဖတ္ေနသည့္ အသက္ႀကီး႐ြယ္အို ၁ဦးလည္းမီးေလာင္ေသဆုံး သြားေၾကာင္း သိရသည္။

မတ္လ ၂၉ရက္ ယေန႔ နံနက္ပိုင္းတြင္ စစ္ေကာာင္စီစစ္တပ္ႏွင့္ ရဲမ်ားသည္ အင္အားအမ်ားအျပားျဖင့္ ပါရမီေက်း႐ြာအတြင္း သို႔ဝင္ေရာက္လာၿပီး လူေနအိမ္မ်ားကို မီး႐ိူ႔ဖ်က္ဆီးခဲ့သည္ဟု ပါရမီေက်း႐ြာေဒသခံတစ္ဦးက KNG သတင္းဌာနကို ေျပာဆို ခဲ့သည္။ ေရာဂါေဝဒနာေၾကာင့္ မီးေလာင္မႈတြင္ ေသဆုံးသြားသည့္ သူမွာ အသက္ ၆၂အ႐ြယ္ရွိ ဦးၫႊန္႔တင့္ေခၚသူျဖစ္ေၾကာင္း သိရသည္။ စစ္ေကာင္စီက မီး႐ိူ႔ဖ်က္ဆီးသြားေသာ လူေနအိမ္ ၃လုံးသည္တစ္ဆက္တည္းတည္ရွိေနျခင္းမဟုတ္ပဲ သီးသန႔္တစ္ ေနရာဆီ ရွိေနျခင္းမွ တစ္အိမ္ခ်င္းစီ ရည္႐ြယ္ခ်က္ရွိရွိ ဖ်က္ဆီးခဲ့ေၾကာင္းလည္း ဆက္လက္သိရသည္။

အရာေတာ္ၿမိဳ႕နယ္တြင္လတ္တေလာ စစ္ေကာင္စီတပ္က စစ္ေၾကာင္းထိုးမႈအရွိန္ျမင့္တင္ေနကာ လူေနအိမ္မ်ားမီး႐ိူ႔ဖ်က္ဆီးမႈ ႏွင့္ အျပစ္မဲ့အရပ္သားမ်ားအား ဖမ္းဆီး သတ္ျဖတ္မႈပိုမိုလုပ္ေဆာင္ လာေနပါေနေၾကာင္း ေဒသခံမ်ားေျပာဆိုခ်က္မွသိရသည္။

အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး


**********************
၆။ မုံးေပၚေဒသမွာ စစ္ေကာင္စီနဲ႔ KIA တစ္ရက္ထဲ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေနအိမ္အခ်ိဳ႕ လက္နက္က်ည္ ထိမွန္
29th March 2022

ရွမ္းျပည္နယ္ေျမာက္ပိုင္း ပန္ဆိုင္း(ၾကဴကုတ္) ၿမိဳ႕နယ္ မုံးေပၚေဒသ၊ မန္ေနာင္ ေကာင္႐ြာအနီး ယမန္ေန႔ တစ္ရက္ထဲ စစ္ေကာင္ စီနဲ႔ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲ ၂ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ေနအိမ္အခ်ိဳ႕ လက္နက္က်ည္ထိမွန္ ပ်က္စီး သြားတယ္လို႔ သိရပါတယ္။

မတ္လ ၂၈ ရက္ေန႔ နံနက္ပိုင္း ၉ နာရီဝန္းက်င္ခန႔္ စစ္ေကာင္စီတပ္သည္ ႐ြာလယ္လမ္းမမွ ျဖတ္လာခ်ိန္ ၁ ဖာလုံခန႔္အကြာတြင္ KIA မွ ေစာင့္ႀကိဳကာဗုံးခြဲတိုက္ခိုက္ခဲ့ၿပီးေနာက္ အျပန္အလွန္ပစ္ခတ္ကာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ထို႔ေနာက္ ေန႔လည္ ၁၂ နာရီဝန္းက်င္ခန႔္တြင္လည္း တံတားနားမွာ ထပ္မံ ဗုံးေဖာက္ခြဲခံရတာေၾကာင့္ မိနစ္အနည္းငယ္ၾကာ တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ား ေျပာပါတယ္။ ေဒသခံအားလုံး ဘုရားေက်ာင္းထဲ ထြက္ေျပးတိမ္းေရွာင္လိုက္တာေၾကာင့္ လူသူထိ ခိုက္မႈမရွိေပမယ့္ စစ္ေကာင္စီက ႐ြာထဲ လက္နက္ေတြပစ္ခတ္မူေၾကာင့္ ေနအိမ္အခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

မတ္လ ၂၂ ရက္ေန႔ကလည္း မုံးေပၚေဒသ နမ့္ေခါင္႐ြာေဟာင္းနားမွာ KIA တပ္မဟာ ၆၊ တပ္ရင္း ၃၆ နဲ႔ PDF ပူးေပါင္းတပ္တို႔မွ စစ္ေကာင္တပ္အားေစာင့္ႀကိဳ မိုင္းခြဲ၊ ပစ္ခတ္ခဲ့တာေၾကာင့္ နမ့္ေခါင္ေတာင္ေၾကာတစ္ေလွ်ာက္ ၁ နာရီ နီးပါး တိုက္ပြဲ ျပင္းထန္ ခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ မတ္လ ၁၉ ရက္ေန႔မွာလည္း မုံးေပၚ ဆမာ႐ြာနားမွာ စစ္ေကာင္စီတပ္နဲ႔ KIA တို႔အၾကား တိုက္ပြဲျဖစ္ ပြားကာ ေဒသခံမ်ားယာယီေရွာင္တိမ္းခဲ့ၾကရသည့္အျပင္ ယခုႏွစ္ ေဖေဖာ္ဝါရီလမွစကာ လက္ရွိအထိ စစ္ေကာင္စီနဲ႔ KIA၊ MNDAA တို႔အၾကား မၾကာခဏ တိုက္ပြဲ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန်


*****************
၇။ စစ္ေကာင္စီတပ္စြဲခဲ့တဲ့ ေနရာအတြင္း ေထာင္ထားခဲ့တဲ့ မိုင္းေတြကို KNDF B-02 ရွင္းလင္း
March 31, 2022

ကရင္နီျပည္ လြိဳင္ေကာ္ၿမိဳ႕အတြင္းရွိ စစ္ေကာင္စီတပ္မွ တစ္လခြဲခန႔္ တပ္စြဲခဲ့တဲ့ ေတာင္ကုန္းတစ္ခုမွာ ေထာင္ထားတဲ့ မိုင္းေတြ ကို ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF B-02 က မတ္လ ၁၈ ရက္ေန႔မွာ သြားေရာက္ရွင္းလင္းခဲ့ပါတယ္။

ကရင္နီျပည္မွာ စစ္ေကာင္စီေထာင္ထားတဲ့ ေျမျမႇဳပ္မိုင္းကို နင္းမိၿပီး အရပ္သားျပည္သူတစ္ဦး ေသဆုံးခဲ့သလို ကိုယ္လက္အဂၤါ ဆုံးရႈံးသြားသူ ၅ ဦး အထိ ရွိေနတယ္လို႔ ကရင္နီလူ႔အခြင့္အေရးအဖြဲ႕ ( KnHRG) ေကာက္ယူထားတဲ့ စာရင္းအရ သိရပါတယ္။

ကရင္နီျပည္မွာ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ ၂၉ ရက္ေန႔က စစ္ေကာင္စီ ဝင္ေရာက္စီႏွင္း ခဲ့တဲ့ ေက်း႐ြာမွာ ေျမျမႇဳပ္မိုင္း အလုံး ( ၃၀ ) ကို ေတြ႕ရွိခဲ့တယ္လို႔ ေျမျမႇဳပ္မိုင္း ေလ့လာေစာင့္ၾကည့္ေရး ျမန္မာ/ဗမာ ႏိုင္ငံ ရဲ႕ ၂၀၂၁ ခုႏွစ္ အစီရင္ခံစာမွာ ေဖာ္ျပထား ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာရွိတဲ့ ၿမိဳ႕နယ္ (၉၇) ခုမွာလည္း မိုင္းပ်ံ႕ႏွံ႔မႈကို အတိုင္းအတာတစ္ခုအထိ ခံစားေနရၿပီး အဓိက အားျဖင့္ လူေတြကို ပစ္မွတ္ထားထိခိုက္ေစတဲ့ မိုင္းေတြျဖစ္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

Homepage


*******************
၈။ ကိုးကန႔္ေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ရဲ႕ဈာပနာကို ကရင္နီျပည္မွ NUG ကိုယ္စားလွယ္မ်ား တက္ေရာက္
March 31, 2022

ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္ တပ္မေတာ္ (MNDAA) တည္ေထာင္သူ ဥကၠဌေဟာင္း၊ ကိုးကန႔္ေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ရဲ႕ ဈာပနာအခမ္းအနားကို ကရင္နီျပည္နယ္မွ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့တယ္လို႔ NUG အစိုးရက ဒီကေန႔ မတ္လ ၃၁ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

NUG ကိုယ္စားလွယ္အဖြဲ႕ျဖစ္တဲ့ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ခြန္းဘီထူး၊ ဖက္ဒရယ္ ျပည္ေထာင္စုေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခ်စ္ထြန္းတို႔ တက္ေရာက္ၾကပါတယ္။ ျမန္မာအမ်ိဳးသား ဒီမိုကရက္မဟာမိတ္တပ္မေတာ္ (MNDAA)ကို တည္ေထာင္ခဲ့တဲ့ ဦးဖုန္ၾကားရွင္ဟာ ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၆ရက္ေန႔က မိုင္းလားၿမိဳ႕မွာ လူႀကီးေရာဂါနဲ႔ကြယ္လြန္ခဲ့ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ ၉၄ ႏွစ္ ရွိၿပီလို႔ သိရပါတယ္။

ဈာပနာအခမ္းအနားကို မိုင္းလားၿမိဳ႕ ၿငိမ္းခ်မ္းေရး ရင္ျပင္မွာ မတ္လ ၂၉ရက္ေန႔မွ ၃၁ရက္ေန႔အထိ ျပဳလုပ္ခဲ့တာျဖစ္ၿပီး မိုင္းလာၿမိဳ႕မွာ ဂူသြင္းသၿဂႋဳလ္မွာ ျဖစ္ပါတယ္။ အဆိုပါဈာပနာအခမ္းအနားကို ဝျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္ (UWSA )၊ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ( TNLA)၊ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA)၊ ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ အျခားေသာ မဟာမိတ္အဖြဲ႕အစည္းတို႔မွ ေခါင္းေဆာင္ႀကီးေတြ၊ ကိုးကန႔္ ျပည္သူမ်ားနဲ႔အတူ လြမ္းသူပန္းေခြခ်ၿပီး တက္ေရာက္ ဂါရဝျပဳခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီရဲ႕ ႀတိဂံေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္မ်ိဳးမင္းထြန္းလည္း တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ https://www.kantarawaddytimes.org/
**********************
၉။ ဖယ္ခုံၿမိဳ႕နယ္အတြင္း တတိယေျမာက္ ေႏြဦးစာၾကည့္တိုက္ ဖြင့္လွစ္
March 31, 2022

ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာတစ္႐ြာမွာ ေႏြဦးစာၾကည့္တိုက္ အမွတ္(၃)ကို ဖြင့္လွစ္ခဲ့တယ္လို႔ ရန္ကုန္နည္းပညာ တကၠသိုလ္ေက်ာင္းသားသမဂၢက ဆိုပါတယ္။ တတိယေျမာက္ ေႏြဦးစာၾကည့္တိုက္ကို ထပ္မံဖြင့္လွစ္ခဲ့တာ ျဖစ္ၿပီး မတ္လ (၂၈)ရက္ေန႔မွာ ဖြင့္လွစ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလ အတြင္းမွာ ေႏြဦးစာၾကည့္တိုက္ အမွတ္(၁)နဲ႔ အမွတ္(၂)ကို ဒီးေမာ့ဆိုၿမိဳ႕နယ္ မွာ ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ စာၾကည့္တိုက္အတြက္ ပစၥည္းေတြ သယ္ယူရတဲ့ေနရာမွာ အခက္အခဲရွိသလို ေရရွည္ ဖြင့္လွစ္ႏိုင္ဖို႔အတြက္ အကူအညီေတြ လိုအပ္ တယ္လို႔ ဆိုပါတယ္။

လက္ရွိ ထပ္မံဖြင့္လွစ္လိုက္တဲ့ စာၾကည့္တိုက္မွာ သုတ၊ ရသ၊ ဘာသာျပန္၊ကာတြန္း၊ အဂၤလိပ္စာေပ၊ ႏိုင္ငံေရး၊ကဗ်ာ၊ ကေလးပုံျပင္နဲ႔ ႐ုပ္ျပ စတာေတြကို ထားရွိေပးထားၿပီး စာအုပ္ေပါင္း(၃၀၀၀)ခန႔္ ထားရွိထားတယ္လို႔ သိရပါတယ္။

Homepage


**********************
၁၀။ ယေန႔နံနက္တြင္ စစ္ေကာင္စီမွ လက္နက္ႀကီး ရမ္းသန္းပစ္ခတ္ၿပီး ေနအိမ္ပ်က္စီးမႈရွိ
March 31, 2022

ဒီကေန႔(မတ္လ၃၁ရက္) နံနက္(၇)နာရီ ဝန္းက်င္အခ်ိန္မွာ စစ္ေကာင္စီက လက္နက္ႀကီး ရမ္းသန္းပစ္ခတ္ေနတဲ့အတြက္ ကရင္နီျပည္နယ္၊ ဒီးေမာ့ဆို အေရွ႕ဖက္ျခမ္းရွိ ေဒါခူလီေက်း႐ြာအတြင္း က်ေရာက္ၿပီး ေနအိမ္တစ္လုံး ထိမွန္ပ်က္စီးသြားတယ္လို႔ KNDF B-10က ဒီကေန႔ ထုတ္ျပန္ပါတယ္။

တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ စစ္ေကာင္စီက ရမ္းသမ္းပစ္ခတ္ေနတာျဖစ္ၿပီး ဒီကေန႔ မနက္ ၉ နာရီခြဲအခ်ိန္ထိ လက္နက္ႀကီး ရမ္းသန္းပစ္ခတ္ေနတယ္လို႔ သိရပါတယ္။ အနီးအနားကေက်း႐ြာေတြမွာ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲတာေတြရွိေနၿပီး ေျခအေန အတိအက်ကိုေတာ့ မသိရေသးပါဘူး။ လက္နက္ႀကီး ရမ္းသမ္းပစ္ခတ္တာေတြေၾကာင့္ ၿပီးခဲ့တဲ့ မတ္လ(၁၃)ရက္နဲ႔ (၁၈)ရက္မွာလည္းဒီးေမာ့ဆို အေရွ႕ဖက္ျခမ္း တနီးလားလဲေက်း႐ြာထဲ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေဒသခံႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ သလို ေနအိမ္ပ်က္စီးတာေတြလည္း ရွိခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၂ ခုႏွစ္ မတ္လ ၁၃ ရက္ေန႔အထိ အရပ္သားျပည္သူ ထိခိုက္ ဒဏ္ရာရသူ ၁၇၇ ဦးရွိၿပီး ေသဆုံးသူ ၂၃၅ ဦးရွိတယ္လို႔ ကရင္နီလူမႈအသင္းအဖြဲ႕မ်ားကြန္ယက္ KCSNက မတ္လ ၁၆ ရက္ေန႔မွာ ေဖာ္ျပထားပါတယ္။ https://www.kantarawaddytimes.org/
**********************
၁၁။ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF B-09မွ စစ္ေကာင္စီထုတ္ကုန္ျဖစ္တဲ့ ဒဂုံ ဘီယာကို ဖ်က္ဆီးခဲ့
March 30, 2022

KNDF B-09မွ စစ္ေကာင္စီထုတ္ကုန္ျဖစ္တဲ့ ဒဂုံဘီယာကို ဖ်က္ဆီးခဲ့တယ္လို႔ ဒီကေန႔( မတ္လ၃၀ရက္)ေန႔မွာ ထုတ္ျပန္ထား ပါတယ္။ ျမန္မာဘီယာ၊ ဒဂုံဘီယာ၊ Adman Goldဘီယာ၊ Red rubyေဆးလိပ္၊ Premium Goldေဆးလိပ္နဲ႔ Mytel Simcardတို႔ကို ယာဥ္တန္းေပၚတင္ေဆာင္ျခင္း ျဖန႔္ခ်ီေရာင္းခ်ျခင္း မျပဳလုပ္ၾကရန္ ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီထုတ္ကုန္ေတြကို Boycottလုပ္ၾကရန္နဲ႔ ထပ္မံတိုက္တြန္းထားၿပီးေတြ႕ရွိပါက ထိေရာက္စြာအေရးယူမယ္လို႔ ထုတ္ ျပန္ထားပါတယ္။ ယမန္ေန႔ မတ္လ ၂၈ရက္ေန႔မွာလည္း စစ္ေကာင္စီထုတ္ကုန္တခ်ိဳ႕ကို KNDFတပ္ရင္း ၁၀က ဖ်က္ဆီးခဲ့တဲ့ ပုံရိပ္တခ်ိဳ႕ကို ထုတ္ျပန္ခဲ့ပါတယ္။ https://www.kantarawaddytimes.org/
**********************
၁၂။ ဖ႐ူဆိုမွာ ရဲစခန္းအတြင္းတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ တိုက္ခိုက္ခံရၿပီး အရာရွိတစ္ဦးအပါအဝင္ ၈ဦးေသဆုံး
March 30, 2022

ဒီကေန႔( မတ္ ၃၀ရက္)မွာ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြကေနၿပီး ဖ႐ူဆိုၿမိဳ႕နယ္ ရဲစခန္းအတြင္း တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ကို တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္က အရာရွိတစ္ဦးအပါအဝင္ ၈ဦးေသဆုံးခဲ့တယ္လို႔ ဖ႐ူဆိုPDFက ဒီကေန႔ မွာ သတင္းထုတ္ျပန္ပါတယ္။ မြန္းလြဲ ၂နာရီ ၂၀မိနစ္မွာ သြားေရာက္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး တိုက္ပြဲ ၁နာရီေက်ာ္ၾကာခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

အဲ့ဒီတိုက္ပြဲမွာ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြဖက္ ထိခိုက္ဒဏ္ရာမရဘဲ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့တယ္လို႔ သိရပါ တယ္။ တိုက္ခိုက္မႈမွာ ဖ႐ူဆိုPDF၊ KNDF B-04၊ DMO PDF တပ္ရင္း(A,B,D,G)၊ အလယ္ပိုင္းတိုင္း ၁၁၀၁နဲ႔ နည္းပညာ လက္႐ုံး တပ္ CTU စတဲ့ မဟာမိတ္ တပ္ဖြဲ႕တို႔ ပူးေပါင္းတိုက္ခိုက္ ခဲ့တာျဖစ္တယ္လို႔ ဖ႐ူဆိုPDFက ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့မတ္လ ၂၆ ၊ ၂၇ ရက္ေန႔မွာ ဖ႐ူဆိုအေျခစိုက္ ခမရ ၄၂၈ တပ္ရင္းကို KA၊ KNDF B-04၊ KNDF B-08 တို႔က ပူးေပါင္း တိုက္ခိုက္ခဲ့ပါတယ္။ မတ္လ ၁၈ရက္ေန႔မွာလည္း ဖ႐ူဆိုၿမိဳ႕မ ရဲစခန္းနဲ႔ ခမရ ၅၃၁တပ္ကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္ စီတပ္သား ၄ဦး ေသဆုံး ခဲ့ပါတယ္။ https://www.kantarawaddytimes.org/
**********************
၁၃။ ခရီးသြားျပည္သူအခ်ိဳ႕ကို စစ္ေဆးခံရၿပီး ႐ိုက္ႏွက္ခံရမႈမ်ားရွိေန
March 30, 2022

ရန္ကုန္-လြိဳင္ေကာ္ လမ္းမႀကီးတစ္ေလွ်ာက္ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္ေတြမွာ ခရီးသြားျပည္သူအခ်ိဳ႕ စစ္ေဆးခံရၿပီးေနာက္ ႐ိုက္ႏွက္ခံရမႈေတြ ရွိေနတယ္လို႔ မ်က္ျမင္ေတြ႕ရွိတဲ့ ခရီးသြားျပည္သူ တစ္ဦးက ေျပာပါတယ္။ အဓိက ဖုန္းနဲ႔ ႏိုင္ငံသားစီစစ္ေရး ကဒ္ျပား ( မွတ္ပုံတင္) ကိုစစ္ေဆးၿပီး ဖုန္းထဲမွာ စစ္အာဏာရွင္ဆန႔္က်င္ေရးဓတ္ပုံ၊ သပိတ္အတြင္းပါဝင္လုပ္ရွားတဲ့ပုံ၊ ေျပာက္က်ားဝတ္စုံဝတ္ဆင္ထားတဲ့ပုံ၊ ေသနတ္ကိုင္ထားတဲ့ပုံ၊ ဆိုရွယ္မီဒီယာရွဲထားတဲ့ ပိုစ့္(Post) ေတြ႕ရွိပါက စစ္ေဆးခံၿပီး ဖမ္းဆီးခံရတာရွိႏိုင္တယ္လို႔ အဆိုပါ မ်က္ျမင္ေတြ႕ရွိသူက ေျပာပါတယ္။ ဖမ္းဆီး႐ိုက္ႏွက္ခံရတဲ့ထဲ ဖယ္ခုံၿမိဳ႕မွ မိန္းကေလးငယ္ ႏွစ္ဦးလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ခရီးသြားလိုင္းကားအပါအဝင္ အိမ္စီးကားလည္း စစ္ေဆးခံရၿပီး လြိဳင္ေကာ္ကို ျပန္ဝင္မယ့္ကားေတြကို အဓိကထား စစ္ေဆး တယ္လို႔ ခရီးသြားျပည္သူေတြက ဆိုပါတယ္။ ဆန္၊ အဝတ္အထည္၊ အိမ္ အသုံးအေဆာင္ပစၥည္း၊ ေဆးဝါး သယ္ေဆာင္လာတဲ့ ကားေတြကို ပိုၿပီး စစ္ေဆးတယ္လို႔ သိရပါတယ္။ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္အခ်ိဳ႕မွာ ခရီးသြားျပည္သူထဲက မသၤကာတဲ့ အမ်ိဳးသားေတြကို အက်ႌခြၽတ္စစ္ေဆးတာ၊ တက္တူးထိုးတာရွိမရွိ စစ္ေဆးတာ၊ ဓတ္ပုံ႐ိုက္ မွတ္တမ္းယူတာေတြ ျပဳလုပ္တယ္လို႔ သိရပါတယ္။

ကရင္နီျပည္ လြိဳင္ေကာ္ၿမိဳ႕မွ နယ္ျခားကို သြားတဲ့လမ္းတစ္ေလွ်ာက္မွာ လြိဳင္ေကာ္ၿမိဳ႕တြင္း ခလရ ၂၆၁တပ္ရင္းေရွ႕၊ မိုးၿဗဲ အေျခစိုက္ ခမရ ၄၂၂တပ္ရင္းေရွ႕၊ ဖယ္ခုံဂိတ္၊ ေဆာင္းေျပာင္းဂိတ္၊ ပင္ေလာင္းဂိတ္၊ ေအာင္ပန္း စတဲ့ေနရာေတြမွာ စစ္ေကာင္စီ ဖက္မွ စစ္ေဆးေရးဂိတ္ေတြကို ထားရွိတယ္လို႔ သိရပါတယ္။ စစ္ေဘးေရွာင္ကူညီသူေတြလည္း ခရီးသြားလာရင္း ဖမ္းဆီးခံရ တာေတြ ရွိေနပါတယ္။ https://www.kantarawaddytimes.org/
**********************
၁၄။ CDM ေက်ာင္းဆရာနဲ႔ ပညာေရးေကာလိပ္ပထမႏွစ္ေက်ာင္းသားကို စစ္ေကာင္စီက ေထာင္ဒဏ္ခ်မွတ္
March 30, 2022

လြိဳင္ေကာ္ပညာေရးေကာလိပ္ေက်ာင္းဆင္း CDM ျပဳလုပ္ထားတဲ့ ေက်ာင္းဆရာ ကိုခူးလယ္ဝါးနဲ႔ လြိဳင္ေကာ္ပညာေရးေကာ လိပ္ပထမႏွစ္ေက်ာင္းသား ေမာင္စည္သူတို႔ကို လြိဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးမွ မတ္လအတြင္းမွာ ေထာင္ဒဏ္အသီးသီး ခ်မွတ္ လိုက္ပါတယ္။ လြိဳင္ေကာ္ပညာေရးေကာလိပ္ DTEdအပတ္စဥ္(၂၁/၁၆)ဆင္း၊ CDM ျပဳလုပ္ထားတဲ့ ေက်ာင္းဆရာ ကိုခူးလယ္ဝါး ကို ၂၀၂၁ခုႏွစ္ စက္တင္ဘာလ ၆ရက္ေန႔မွာ စစ္ေကာင္စီကဖမ္းဆီးခဲ့ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂(က) ျဖင့္ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

အၾကမ္းဖက္မႈကိုက်ဴးလြန္သူ၊ က်ဴးလြန္ရန္ အားထုတ္သူ၊ အားေပး ကူညီသူ၊ လႈံ႕ေဆာ္သူ သို႔မဟုတ္ ႀကံရာပါအျဖစ္ ေဆာင္႐ြက္မႈ စတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးၿပီးေနာက္ ၇လအၾကာမွာ လြိဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးက မတ္လ ၁၄ရက္ေန႔မွာ အမိန႔္ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။ အလားတူ လြိဳင္ေကာ္ပညာေရးေကာလိပ္မွ ပထမႏွစ္ေက်ာင္းသားျဖစ္တဲ့ ေမာင္စည္သူကို မတရားအသင္း ဆက္ သြယ္မႈ ဥပေဒပုဒ္မ ၁၇(၁) ျဖင့္ စြပ္စြဲၿပီး လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးမွ မတ္လ ၁၄ ရက္ေန႔မွာ ေထာင္ဒဏ္သုံးႏွစ္ ခ်မွတ္ခဲ့ ပါတယ္။

ပညာေရးေကာလိပ္မွ ေက်ာင္းဆရာေလာင္းလ်ာမ်ားအပါအဝင္ စစ္ေကာင္စီမွ အာဏာသိမ္းၿပီးေနာက္ အၾကမ္းမဖက္ အာဏာဖီ ဆန္ေရးလုပ္ရွားမႈ CDM မွာပါဝင္ၿပီး လက္နက္ကိုင္ေတာ္လွန္တိုက္ပြဲမွာ က်ဆုံးခဲ့သူ (၁၀)ဦးထက္မနည္း ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အနယ္နယ္အရပ္ရပ္မွ အက်ဥ္းေထာင္အသီးသီးမွာလည္း ပညာေရးေကာလိပ္ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ေက်ာင္းသား နဲ႔ ဖမ္းဆီးခံရ ပညာေရးေကာလိပ္ေက်ာင္းသား၊ ေက်ာင္းသားဦးေရ ၃၀ ေက်ာ္ ရွိေနတယ္လို႔ ပညာေရးေကာလိပ္ေက်ာင္းသား သမဂၢမ်ား ကိုယ္စားျပဳေကာ္မတီက ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
**********************
၁၅။ ေဒါေတာ္ကူးေက်း႐ြာအတြင္း လက္နက္ႀကီး က်ေရာက္ၿပီး ေဒသခံႏွစ္ဦးထိ၊ တစ္ဦးေသဆုံး
March 29, 2022

ကရင္နီျပည္ ဒီးေမာ့ဆိုၿမိဳ႕ ေဒါေတာ္ကူးေက်း႐ြာမွာ ယမန္ေန႔ မတ္လ ၂၈ရက္ေန႔ ညေန ၂နာရီဝန္းက်င္အခ်ိန္မွာ လက္နက္ႀကီး က်ေရာက္ၿပီး ေဒသခံႏွစ္ဦး လက္နက္ႀကီးစ ထိမွန္ကာ တစ္ဦးေသဆုံးသြားတယ္လို႔ သိရပါတယ္။ တိုက္ပြဲျဖစ္ပြားျခင္းမရွိပဲ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြ ရမ္းသန္းပစ္ခတ္ခဲ့ၿပီး ေဒါေတာ္ကူးေက်း႐ြာအတြင္း လက္နက္ႀကီးတစ္လုံး က်ေရာက္ ေပါက္ကြဲၿပီး အသက္ ၆၀အ႐ြယ္အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၅၀ ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦး လက္နက္ႀကီးက်ည္စ ထိမွန္သြားခဲ့တာပါ။

အမ်ိဳးသမီးတစ္ဦးက ဦးေခါင္းထိမွန္သြားၿပီး ေဆး႐ုံပို႔ေဆာင္တဲ့လမ္းမွာပဲ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသားတစ္ဦး ကေတာ့ ညာဖက္လက္မွာ လက္နက္ႀကီးစ ထိမွန္ ဒဏ္ရာရသြားတာ ျဖစ္ၿပီး ေဆးကုသမႈ ခံယူေနရတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ မတ္လ ၁၉ရက္ေန႔မွာလည္း ဒီးေမာ့ဆိုအေရွ႕ဘက္ျခမ္း တနီးလားလဲေက်း႐ြာကို လက္နက္ႀကီး က်ေရာက္ခဲ့ၿပီး ေဒသခံ ႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ကရင္နီျပည္နယ္မွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီပစ္ခတ္သတ္ျဖတ္မႈေတြေၾကာင့္ အရပ္သားျပည္သူ ၂၃၅ဦး ေသဆုံးသြားၿပီလို႔ ကရင္နီလူမႈအသင္းအဖြဲ႕မ်ားကြန္ယက္ ( KCSN ) က မတ္လ ၁၆ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

Homepage


**********************
၁၆။ ျမန္မာျပည္အေရွ႕ေတာင္ပိုင္းတြင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈတိုးျမႇင့္လာေၾကာင္း KHRG အစီရင္ခံစာ ထုတ္ျပန္
March 31, 2022

ျမန္မာျပည္အေရွ႕ေတာင္ပိုင္းေဒသမ်ားတြင္ အာဏာသိမ္းယူမႈေနာက္ပိုင္း လက္နက္ကိုင္ ပဋိပကၡ တိုးမ်ားလာသည္ႏွင့္အတူ စစ္ေကာင္စီဘက္က အရပ္သားမ်ားအေပၚ ပစ္မွတ္ထားတိုက္ခိုက္သည့္ လူ႔ အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားတိုးျမႇင့္လာေၾကာင္း ယေန႔ မတ္လ ၁၃ရက္ေန႔တြင္ ထုတ္ျပန္သည့္ ကရင္လူ႔အခြင့္အေရးအဖြဲ႕-KHRG ၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ျမန္မာျပည္၏ အေရွ႕ေတာင္ပိုင္းေဒသျဖစ္သည့္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသ အတြင္းရွိ ကရင္အမ်ိဳးသား အစည္းအ႐ုံး-KNU ထိန္းခ်ဳပ္နယ္ေျမအတြင္း စစ္ေကာင္စီ၏ ေျမျပင္၊ ေဝဟင္တိုက္ခိုက္မႈမ်ား ပိုတိုးလုပ္ေဆာင္လာၿပီး အရပ္သားမ်ားအေပၚ ပစ္မွတ္ထားတိုက္ခိုက္မႈမ်ား၊ ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္မႈမ်ားႏွင့္ လူသားဒိုင္းလုပ္ေဆာင္မႈမ်ားတြင္ ပိုတိုး လုပ္ေဆာင္လာသလို စစ္ေျပးေရွာင္ ဦးေရလည္းတိုးမ်ားလာေၾကာင္း KHRG ၏ အစီရင္ခံစာက မီးေမာင္းထိုးျပထားသည္။

၂၀၂၁ ခုႏွစ္၊ ဇူလိုင္လမွ ဒီဇင္ဘာလအထိ ျပဳစုထားသည့္ KHRG ၏ အစီရင္ခံစာအရ အရပ္သားမ်ား၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈ ျဖစ္စဥ္မ်ားတြင္ ေပၚတာဆြဲေခၚျခင္း၊ လူသားဒိုင္းျပဳလုပ္ျခင္း၊ ႐ိုက္ႏွက္ ဖမ္းဆီးျခင္း၊ စစ္ေျပးေရွာင္ေန အိမ္မ်ားကို ဖ်က္ဆီးျခင္း၊ တန္ဖိုးရွိပစၥည္းမ်ားကို ခိုးယူျခင္း၊ ျပည္သူမ်ား၏ စားနပ္ရိကၡာႏွင့္ အိမ္ေမြးတိရိစာၦန္မ်ားကို ခိုးယူသတ္ ျဖတ္ျခင္းအျပင္ ေန႔စဥ္လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းေၾကာင့္ အျပစ္မဲ့အရပ္သားအမ်ားအျပား ထိခိုက္ေသဆုံးေနရသလို အဆိုပါ က်ဴးလြန္ခံရ သူမ်ားတြင္ အမ်ိဳးသားမ်ားထက္ အမ်ိဳးသမီးႏွင့္ အမ်ိဳးသမီးငယ္မ်ား၊ ကေလးသူငယ္မ်ားမွာ ပို၍ခံစားၾကရ ေၾကာင္း ေဖာ္ျပထားသည္။ https://kicnews.org/2022/03/
*******************
၁၇။ KNU တပ္မဟာ ၁ႏွင့္ စစ္ေကာင္စီတို႔ မုပၸလင္လမ္းဆုံ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ ၆ ဦးက်ဆုံး
March 31, 2022

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ မုပၸလင္လမ္းဆုံတြင္ ယေန႔ မတ္လ ၃၁ ရက္ေန႔နံနက္က ကရင္အမ်ိဳးသားလြတ္ ေျမာက္ေရး တပ္မေတာ္-KNLA တပ္မဟာ-၁ ပူးေပါင္းတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္တပ္ဘက္မွ ၆ ဦး က်ဆုံးခဲ့သည္ဟု KNU ဘက္က ေျပာသည္။

မုပၸလင္လမ္းဆုံတြင္ အေျခစိုက္ထားသည့္ စစ္ေကာင္စီဂိတ္စခန္းရွိ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေတာ္လွန္ေရးပူးေပါင္း တပ္ဖြဲ႕တို႔ ယေန႔ နံနက္ ၅ နာရီအခ်ိန္က ျဖစ္ပြားသည့္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဘက္မွ ၆ ဦးက်ဆုံးကာ ၂ ဦးဒဏ္ရာရရွိၿပီး ေတာ္လွန္ေရး ပူးေပါင္းတပ္ဖြဲ႕မွ ၁ ဦးက်ဆုံးခဲ့သည္ဟု KNU သထုံခ႐ိုင္ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မိနစ္ ၄ဝ ေက်ာ္ ၾကာျမင့္သည့္ ၎တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ လက္နက္ႀကီးလက္နက္ငယ္မ်ား ရမ္းသမ္း ပစ္ခတ္မႈမ်ား လုပ္ေဆာင္သည့္အတြက္ ေဒသခံ ၂ ဦးလည္း က်ည္ထိမွန္ ဒဏ္ရာရၿပီး မုပၸလင္႐ြာထဲသို႔ စစ္တပ္က ေသနတ္ပစ္ေဖာက္ စစ္ေဆးမႈမ်ားလည္း ျပဳလုပ္သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ https://kicnews.org/2022/03/

၁၈။ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းတြင္ ခရီးသြားကား၊ ကုန္စည္ကားမ်ား ရာခ်ီ ပိတ္မိေန
March 30, 2022

လတ္တေလာ စစ္ေရးတင္းမာေနသည့္ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းသစ္ေပၚတြင္ ခရီးသြားကားမ်ားႏွင့္ ကုန္စည္ကားမ်ား ရာခ်ီပိတ္မိေနသည္ဟု ေဒသတြင္း သတင္းအရင္းအျမစ္မ်ားအရ သိသည္။ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းအား မတ္လ ၂၇ရက္ ေန႔မွစ၍ လမ္းအသုံးျပဳမႈမလုပ္ရန္ KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး ဒူးပလာယာခ႐ိုင္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး အဖြဲ႕က ျပည္သူမ်ားသို႔ ေမတၱာရပ္ခံစာ ထုတ္ျပန္ၿပီးသည့္ေနာက္ပိုင္း ပစ္ခတ္တိုက္ခိုက္မႈမ်ား ေန႔စဥ္လိုလိုျဖစ္ပြားခဲ့ရာ အရပ္သားကားမ်ား ပစ္ခတ္မီးရႈိ႕ခံရသျဖင့္ လူအသက္ေသဆုံးသည့္ျဖစ္စဥ္မ်ားရွိလာသည္။

ယမန္ေန႔ မတ္လ ၂၉ ရက္တြင္လည္း ျမဝတီ ေကာ့ကရိတ္ အာရွလမ္းသစ္ ေကာ့ႏြဲ ႐ြာႏွင့္ ေတာေနာ္ေခ်ာင္းတံတားဘက္တြင္ အိမ္စီးကား ၂ စီး၊ ကုန္ကား ၂ စီးတိုက္ပြဲ ျဖစ္ေနခ်ိန္ ပစ္ခတ္မီးရႈိ႕ခံခဲ့ရသလို အရပ္သားကားမ်ား၊ ကုန္စည္ကားမ်ား ျမဝတီ ဘက္ႏွင့္ ေကာ့ကရိတ္ၿမိဳ႕ဘက္သို႔ ျပန္ဆုတ္ကာ အစီးေရ ရာခ်ီလမ္းပိတ္ေနေၾကာင္းေဒသတြင္း သတင္းအရင္းအျမစ္တစ္ခုက ေျပာသည္။

အဆိုပါ အာရွလမ္းသစ္လမ္းပိုင္းမွတစ္ဆင့္ ေဝါေလ-ေသ့ေဘာဘိုးဘက္သို႔ စစ္ေကာင္စီ စစ္ကူစစ္ေၾကာင္းမ်ား အရပ္သား ကားမ်ား အသုံးျပဳတက္လာေနသည့္ သတင္းေၾကာင့္ ေကာ့ကရိတ္ေဒသ KNLA ပူးေပါင္းတပ္မ်ားက ၾကားျဖတ္တိုက္ခိုက္မႈမ်ား ေန႔စဥ္ျဖစ္ပြားေနသလို အဆိုပါ လမ္းပိုင္းျဖစ္သည့္ ေက်ာက္ခက္၊ ဘလယ္ဒိုေက်း႐ြာဘက္တြင္လည္း စစ္ေကာင္စီ စစ္ေၾကာင္း မ်ားႏွင့္ KNLA ပူးေပါင္း တပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲေန႔စဥ္ျဖစ္ပြားသည့္အတြက္ ေထာင္ႏွင့္ခ်ီေသာ ေဒသခံျပည္သူမ်ားသည္ ေသာင္ရင္းျမစ္ေဘးတြင္ သြားေရာက္တိမ္းေရွာင္ခဲ့ၾကရသည္။ https://kicnews.org/2022/03/
*******************
၁၉။ စတုတၳအႀကိမ္ေျမာက္ NCA-S EAO ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံစတင္က်င္းပ၊ KNU ဥကၠဌ တက္ေရာက္
March 29, 2022

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား(NCA-EAOs)၏ စတုတၳအႀကိမ္ ထိပ္သီးေခါင္းေဆာင္မ်ားညီလာခံ (ဒုတိယပိုင္း) ကို ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕တြင္ ယေန႔ မတ္လ ၂၉ ရက္ေန႔မွစ၍ မ်က္ႏွာခ်င္းဆိုင္ႏွင့္ Video Conferencing နည္းႏွစ္မ်ိဳးျဖင့္ စတင္က်င္းပေနၿပီး ညီလာခံတြင္ လည္း ကရင္အမ်ိဳးသားအစည္းအ႐ုံး-KNU ဥကၠဌ ပါဝင္တက္ေရာက္ ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ညီလာခံကို ယေန႔ မတ္လ ၂၉ ရက္ေန႔မွစ၍ ဧၿပီလ ၂ ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ၿပီး ညီလာခံတြင္ မည္သည့္ အေၾကာင္းအရာမ်ား ေဆြးေႏြးသြားမည္ကို မသိရေသးေသာ္လည္း ယေန႔ ညီလာခံ ဖြင့္ပြဲအခမ္း အနားတြင္ ဦးေဆာင္ သဘာပတိမ်ားအျဖစ္ KNU ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး၊ သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ(RCSS/SSA) ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ႏွင့္ မြန္ျပည္သစ္ပါတီ(NMSP) ဥကၠဌ ႏိုင္ဟံသာ စသည့္ ေခါင္းေဆာင္မ်ားက ေဆာင္႐ြက္ခဲ့ၾကၿပီး ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္တို႔က ညီလာခံဖြင့္ပြဲအခမ္းအနား အဖြင့္အမွာစကားမ်ားအား အသီးသီး ေျပာၾကားခဲ့ၾကေၾကာင္း သိရသည္။

PPST စုဖြဲ႕မႈအတြင္း KNU အေနျဖင့္ တရားဝင္ ႏုတ္ထြက္ေၾကာင္း ေဖာ္ထုတ္ေျပာဆိုျခင္းမရွိေသးေသာ္လည္း ယခင္ PPST ၏ အစည္းအေဝးေဆြးေႏြးမႈမ်ားတြင္ KNU ကိုယ္စားလွယ္ေခါင္းေဆာင္မ်ား ပါဝင္ျခင္း မရွိခဲ့ေၾကာင္း ေတြ႕ရၿပီး ယေန႔ ညီလာခံ ဖြင့္ပြဲသို႔ KNU ဥကၠ႒ တက္ေရာက္ ပါဝင္မႈသည္လည္း KNU ကို ကိုယ္စားျပဳျခင္းမဟုတ္ေၾကာင္း အြန္လိုင္းစာမ်က္ႏွာတြင္ ျပန႔္ႏွံ႔လာသည့္ ၎၏ မိန႔္ခြန္းစာမ်ားအရ သိရသည္။ https://kicnews.org/2022/03/
*******************
၂၀။ KNU တပ္မဟာ ၆ နယ္ေျမတြင္ ႏွစ္ရက္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဝ ဦးခန႔္ က်ဆုံးဟုဆို
March 29, 2022

ကရင္အမ်ိဳးသားအစည္းအ႐ုံး-ေကအဲန္ယူ တပ္မဟာ ၆ နယ္ေျမ၊ ျမဝတီၿမိဳ႕ေတာင္ဘက္ရွိ ေသ့ေဘာဘိုး႐ြာအနီးတြင္ ျဖစ္ပြား ခဲ့ေသာ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ပူးေပါင္း တပ္ဖြဲ႕တို႔အၾကား ႏွစ္ရက္ အတြင္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ဝ ဦးခန႔္က်ဆုံးကာ လက္နက္ခဲ ယမ္းအေျမာက္အမ်ားလည္းသိမ္းဆည္းရမိသည္ဟု ေတာ္လွန္ေရးပူးေပါင္းအင္အားစုအဖြဲ႕ဘက္က တာဝန္ရွိသူမ်ားက ေျပာဆိုသည္။

စစ္ေကာင္စီ၏ တပ္မ ၄၄ ႏွင့္ ျမဝတီေဒသအေျခစိုက္နယ္ျခားေစာင့္တပ္ (BGF) ပူးေပါင္းတပ္ဖြဲ႕မ်ားမွ တပ္ဖြဲ႕အင္ အား ၃ဝဝ ေက်ာ္သည္ မတ္လ ၂၇ ရက္ေန႔က ျမ၀တီ-ေဝါေလလမ္းမ ဘလယ္ဒို႔ေက်း႐ြာအနီးတြင္ ထိုးစစ္ဆင္လာၿပီး ေတာ္လွန္ေရးပူးေပါင္း အင္အားစုအဖြဲ႕ႏွင့္ မတ္လ ၂၇ ရက္တြင္ တစ္ႀကိမ္၊ ၂၈ ရက္ေန႔တြင္ ၂ ႀကိမ္ထိေတြ႕ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု ေတာ္လွန္ ေရးပူးေပါင္းတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက ယေန႔မတ္လ ၂၉ ရက္ေန႔တြင္ ေျပာသည္။

အဆိုပါ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္မွ ေလယာဥ္ျဖင့္ လာေရာက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီး တိုက္ပြဲေၾကာင့္ ဘလယ္ဒို႔ ေက်း႐ြာႏွင့္ အနီးဝန္းက်င္ေက်း႐ြာမ်ားမွ ေဒသခံ ၂ဝဝဝ ေက်ာ္ထိုင္းဘက္သို႔ စစ္ေဘးတိမ္းေရွာင္ ေနၾကရသည္ဟု KNU တပ္မဟာ ၆ ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ https://kicnews.org/2022/03/
*******************
၂၁။ မတူပီၿမိဳ႕နယ္ ေဝတူးေက်း႐ြာ ျပည္သူအားလုံးနီးပါးထြက္ေျပးတိမ္းေရွာင္ေနၾကရ
MARCH 31, 2022

မတူပီၿမိဳ႕နယ္၊ ေဝတူးေက်း႐ြာတြင္ စစ္ေကာင္စီတပ္ဖြဲ႕မ်ား အင္အားျဖည့္တင္းမႈမ်ားရွိေနေသာေၾကာင့္ မတ္လ ၂၈ ရက္ေန႔မွ စတင္ၿပီး ေက်း႐ြာေနျပည္သူ အားလုံးနီးပါး လြတ္ေျမာက္နယ္ေျမႏွင့္ အျခားေက်း႐ြာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရ သည္ဟု သိရသည္။

ေဝတူးေက်း႐ြာသို႔ မတ္လ ၂၆ ရက္ေန႔တြင္ စစ္ေကာင္စီတပ္ဖြဲ႕ အင္အား ၅၀ ခန႔္က နယ္ေျမရွင္း လင္းေရး ျပဳလုပ္ခဲ့ၿပီး ခ်င္းကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ ဆက္ႏြယ္မႈရွိသည္ဟု စြပ္စြဲခ်က္ျဖင့္ ျပည္သူမ်ားကို ဖမ္း ဆီျခင္းႏွင့္ ျပည္္သူမ်ား၏ ဖုန္း ၂၄ လုံးကိုလည္း သိမ္းယူခဲ့ေသာျဖစ္စဥ္မ်ားေၾကာင့္ ေဒသခံျပည္သူမ်ား ႐ြာထဲသို႔မေနရဲၾက ေတာ့ပဲ ထြက္ေျပၾကျခင္းျဖစ္သည္။

မတူပီၿမိဳ႕ႏွင့္ ၅ မိုင္ခန႔္ ကြာေဝးေသာ ေဝတူးေက်း႐ြာတြင္ လူဦးေရ ခန႔္မွန္းေခ် ၂၅၀ ဝန္းက်င္ရွိၿပီး မတူပီၿမိဳ႕ အေရွ႕ဖက္ စစ္ဗ်ဴ ဟာကုန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ ေက်း႐ြာျဖစ္ေၾကာင္း သိရသည္။ မတူပီၿမိဳ႕သည္ စစ္ေကာင္စီတပ္ စစ္ဗ်ဴဟာအေျခစိုက္ရာ ေဒသႏွင့္ ခမရ ၃၀၄ ႏွင့္ ၁၀၄ တပ္ရင္းႏွစ္ရင္းတပ္စြဲ ရာေဒသျဖစ္သည္။ ယခုလက္ရွိတြင္လည္း မတူပီၿမိဳ႕သို႔ စစ္အင္အား ျဖည့္တင္းရန္ မင္းတပ္ၿမိဳ႕မွ စစ္ေကာင္စီယာဥ္တန္း ကားအစီး ၈၀ ေက်ာ္ႏွင့္ ခ်ီတက္လာၾကၿပီး CDF-Mindat တပ္ဖြဲ႕ႏွင့္ လမ္းခု လတ္တြင္ တိုက္ပြဲျဖစ္ပြားလွ်က္ရွိသည္။ https://khonumthung.org/
*********************
၂၂။ မင္းတပ္-မတူပီလမ္းတြင္ တိုက္ပြဲျပင္းထန္ စစ္ေကာင္စီဘက္ ၁၅ ဦးခန႔္ေသဆုံး
MARCH 30, 2022

ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕ကေန မတူပီၿမိဳ႕ကို ရိကၡာနဲ႔ စစ္အင္အားျဖည့္တင္းဖို႔ ခ်ီတက္သြားတဲ့ တင့္ကား ၂ စီးပါ စစ္ေကာင္စီယာဥ္တန္း ၈၀ ေက်ာ္ နဲ႔ CDF-Mindat တပ္ဖြဲ႕တို႔ဟာ မတ္လ ၂၆ ရက္ေန႔ကတည္းကေန ေတာက္ေလွ်ာက္ တိုက္ပြဲျပင္းထန္ေနတယ္လို႔ သိရပါတယ္။

စစ္ေကာင္စီတပ္ နဲ႔ CDF-Mindat တပ္ဖြဲ႕တို႔ဟာ မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္း မိုင္တိုင္အမွတ္ ၁၆ မွာ မတ္လ ၂၆ ရက္ေန႔က တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ၅ ဦးခန႔္ ေသဆုံးခဲ့ၿပီး ဒီကေန႔မွာလည္း စစ္ေကာင္စီဘက္က ၁၅ ဦး ေလာက္ ေသဆုံးခဲ့တယ္လို႔ CDF-Mindat ေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ေတြဟာ မင္းတပ္-မတူပီလမ္းေၾကာင္းတစ္ေလွ်ာက္က ဆက္သြယ္ေရးဖုန္းလိုင္းေတြကလည္း ျဖတ္ေတာက္ ထားၿပီး ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ေတြ ေရွ႕တန္းနဲ႔ေနာက္တန္း ခ်ိပ္ဆက္မႈမရွိေအာင္ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ စစ္ေကာင္စီယာဥ္တန္းဟာ မေကြးတိုင္း ေက်ာက္ထုၿမိဳ႕ကေန မတ္လ ၂၄ ရက္ေန႔က မင္းတပ္ၿမိဳ႕ကို ေရာက္ရွိလာၿပီး စစ္ဗ်ဴဟာအေျခစိုက္ရာနဲ႔ တပ္ရင္း ၂ ရင္းအေျခစိုက္ထားတဲ့ မတူပီၿမိဳ႕ဘက္ကို ဆက္လက္ခ်ီတက္ထြက္ခြါရာမွာ CDF-Mindat တပ္ဖြဲ႕က ၾကားျဖတ္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ https://khonumthung.org/
*********************
၂၃။ မင္းတပ္-မတူပီလမ္းတြင္ CDF- Mindat ႏွင့္္ စစ္ေကာင္စီတပ္တို႔ၾကား တိုက္ပြဲျဖစ္ပြား၊ စစ္ေကာင္စီဘက္က အက်အဆုံး အရွိ
MARCH 29, 2022

ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕မွ မတူပီၿမိဳ႕သို႔ ထြက္ခြါသည့္ တင့္ကား ၂ စီးပါ စစ္ေကာင္စီယာဥ္တန္းႏွင့္ CDF-Mindat တပ္ဖြဲ႕တို႔ မတ္လ ၂၆ ရက္ေန႔ကစ၍ ႏွစ္ဖက္ထိေတြ႕မႈ စတင္ျဖစ္ပြားေနၿပီး စစ္ေကာင္စီဘက္က အက်အဆုံးရွိခဲ့သည္ဟု သိရသည္။ စစ္ေကာင္စီတပ္ႏွင့္ CDF-Mindat တပ္ဖြဲ႕တို႔သည္ မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္း မိုင္တိုင္အမွတ္ ၁၆ တြင္ မတ္လ ၂၆ ရက္ေန႔က တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ၅ ဦးခန႔္ေသဆုံးခဲ့သည္ဟု CDF-Mindat ကထုတ္ျပန္သည္။

ယခုလက္ရွိတြင္ မင္းတပ္-မတူပီလမ္းေၾကာင္းတစ္ေလွ်ာက္ရွိ ဖုန္းလိုင္းမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕က ျဖတ္ေတာက္ထားၿပီး တိုက္ပြဲျဖစ္ပြားမႈအေသးစိတ္ကိုမူမသိရေသးေၾကာင္း CDF- Mindat မွ ေျပာေရး ဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။ မေကြးတိုင္း၊ ေက်ာက္ထုဘက္မွ မင္းတပ္ၿမိဳ႕သို႔ေရာက္ရွိလာသည့္ တင့္ကားႏွစ္စီးႏွင့္ ကားအစီး ၈၀ ေက်ာ္ပါေသာ စစ္ေကာင္စီ ယာဥ္တန္း သည္ မင္းတပ္ၿမိဳ႕မွ မတူပီၿမိဳ႕သို႔ မတ္လ ၂၅ ရက္ေန႔က ဆက္လက္ထြက္ခြါကာ CDF-Mindat တပ္ဖြဲ႕ႏွင့္ တိုက္ပြဲျဖစ္ပြား ေနျခင္းျဖစ္သည္။

စစ္ေကာင္စီယာဥ္တန္းသည္ မတ္လ ၂၇ ရက္ေန႔က မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္း မိုင္တိုင္အမွတ္ ၂၃- ၂၄ တြင္ ညအိပ္ ကာ ယေန႔နံနက္ပိုင္းတြင္ ဆက္လက္ထြက္ခြါလာၿပီး ႏွစ္ဖက္ထိေတြ႕မႈမ်ားေတာက္ေလွ်ာက္ျဖစ္လာႏိုင္သည္ဟု သိရသည္။ မင္းတပ္ၿမိဳ႕ႏွင့္ မတူပီၿမိဳ႕သည္ ၁၀၂ မိုင္ ခန႔္ကြာေဝးၿပီး စစ္ေကာင္စီယာဥ္တန္းသည္ ယေန႔ညတြင္ မင္းတပ္ၿမိဳ႕နယ္အတြင္း မိုင္တိုင္ ၃၀၊ ၃၁ တြင္ ညအိပ္ၾကမည္ဟု ခန႔္မွန္းရၿပီး မတူပီၿမိဳ႕သို႔ ဝင္ေရာက္ရန္ အနည္းဆုံး ရက္သတၱပတ္ႏွင့္ ဆယ္ရက္ခ န႔္ ၾကာျမင့္ႏိုင္ေၾကာင္း CDF- Mindat ေျပာေရးဆိုခြင့္ရွိသူကေျပာသည္။ https://khonumthung.org/
*********************
၂၄။ ဟားခါးၿမိဳ႕နယ္ သီနမ္းေက်း႐ြာက လူေနအိမ္ ၉ လုံးကို စစ္ေကာင္စီက မီးရႈိ႕
MARCH 29, 2022

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္ ဟားခါး- ဂန႔္ေဂၚကားလမ္းမေပၚတြင္ရွိေသာ သီနမ္းေက်း႐ြာမွ လူေနအိမ္ ၇ လုံး ႏွင့္ ျပည္သူ ပိုင္အေဆာက္အဦး ၂ လုံး စုစုေပါင္း ၉ လုံးကို စစ္ေကာင္စီတပ္ဖြဲ႕က ယေန႔ မတ္လ ၂၈ ရက္ မနက္ပိုင္း ၁၀ နာရီခန႔္က မီးရႈိ႕ဖ်က္ ဆီးခဲ့သည္ဟု သိရသည္။

အင္အား ၁၅၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕သည္ မတ္လ ၂၆ ရက္ေန႔က သီနမ္းေက်း႐ြာသို႔ဝင္ေရာက္လာၿပီး ႏွစ္ျခင္းဘုရား ေက်ာင္းႏွင့္ ယုံၾကည္သူမ်ားအသင္းေတာ္ဘုရားေက်ာင္းတြင္ ၂ အိပ္ၾကၿပီးေနာက္ ယေန႔မတ္လ ၂၈ ရက္ေန႔တြင္ လာမ္သုတ္ ေက်း႐ြာဘက္သို႔ ျပန္လည္ထြက္ခါနီးတြင္ လူေနအိမ္မ်ားကိုမီးရႈိ႕ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။ ဟားခါးၿမိဳ႕မွ ၃၆ မိုင္ခန႔္ေဝးေသာ သီနမ္းေက်း႐ြာသည္ အိမ္ေျခ ၁၀၅ အိမ္ရွိၿပီး လူဦးေရ ၇၀၀ ဝန္းက်င္ခန႔္ေန ထိုင္ၾကသည္။ ၎တို႔ေက်း႐ြာသို႔ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား မဝင္ေရာက္ခင္ကတည္းက သတင္းရရွိၾကသည့္ အတြက္ တ႐ြာလုံးေတာထဲသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သီနမ္းေဒသခံကေျပာသည္။

အင္အား ၁၅၀ ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕သည္ မတ္လ ၁၇ ရက္ေန႔ကတည္းက ဟားခါး-ဂန႔္ေဂါလမ္းဘက္ သို႔ စစ္ေၾကာင္းခ်ီ လာၿပီး ဒီရက္ပိုင္းအတြင္း ဇိုခြါ၊ ႐ြာဗန္းေက်း႐ြာဘက္တြင္ ခ်င္းအမ်ိဳးသားတပ္မေတာ္ CNA, CDF-Hakha တပ္ဖြဲ႕တို႔ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ၾကသည္ဟု သိရသည္။ အဆိုပါတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ဟားခါး-ဂန႔္ေဂါလမ္းမေပၚရွိ နီပီး၊ ဇိုခြါး၊ ႐ြာဗန္၊ သီနမ္း၊ မာလ္ေဆာမ္စသည့္ ေက်း႐ြာမွ ေဒသခံျပည္သူမ်ားသည္ အိုးအိမ္စြန႔္ခြါကာ ေတာထဲသို႔ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။ https://khonumthung.org/
*********************
၂၅။ ခ်င္းျပည္နယ္တြင္ တကၠသိုလ္ဝင္စာေမးပြဲ ပထမေန႔ ေျဖဆိုသူ ၂၂၅၉ ဦးရွိ၊ ၇၀၁ ဦး ပ်က္ကြက္
APRIL 1, 2022

စစ္ေကာင္စီလက္ေအာက္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၃၁ ရက္ေန႔က စတင္ေျဖဆိုခဲ့ၾကၿပီး ခ်င္းျပည္နယ္တြင္ စာေမးပြဲ ေျဖဆိုရန္ စာရင္းေပးသြင္းသည့္ ေက်ာင္းသား/ေက်ာင္းသူ ဦးေရ စုစုေပါင္း ၂၉၆၀ ဦးေရ ရွိသည့္အနက္ စာေမးပြဲ ပထမေန႔ ျမန္မာစာ ဘာသာရပ္ လာေရာက္ေျဖဆိုသူဦးေရ စုစုေပါင္းမွာ ၂၂၅၉ ဦး၊ ရာခိုင္ႏႈန္းအားျဖင့္ ၇၆.၃၂% ရွိကာ ပ်က္ကြက္သူဦးေရ စုစုေပါင္း ၇၀၁ ဦးရွိေၾကာင္း ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ရွိေသာ ခ်င္းျပည္နယ္တြင္ ဖလမ္း၊ တီးတိန္၊ မတူပီ၊ ပလက္ဝ၊ တြန္းဇံ ၿမိဳ႕နယ္တို႔မွာ စာေမးပြဲေျဖဆိုသူရွိခဲ့ၿပီး ဟားခါး၊ ထန္တလန္၊ မင္းတပ္၊ ကန္ပက္လက္ ၿမိဳ႕နယ္တို႔တြင္ေျဖဆိုသူမရွိခဲ့ၾကေပ။ https://khonumthung.org/
*********************
၂၆။ ဟားခါးၿမိဳ႕တြင္ စစ္ေကာင္စီရဟတ္ယာဥ္တစင္း ပ်က္က်
MARCH 30, 2022

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ ယေန႔နံနက္ပိုင္း ၉ နာရီမိနစ္ ၂၀ ခန႔္က စစ္ေကာင္စီတပ္ဖြဲ႕၏ ရဟတ္ယာဥ္တစင္း ပ်က္က်မႈျဖစ္ ပြားခဲ့သည္ဟု သိရသည္။

အဆိုပါရဟတ္ယာဥ္သည္ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွ ၁၀ တန္းစာေမးပြဲေမးခြန္းမ်ားသယ္ေဆာင္လာသည့္ ရဟတ္ယာဥ္ ျဖစ္ၿပီး ဟားခါးၿမိဳ႕သို႔အဆင္းတြင္ ထိုကဲ့သို႔ ပ်က္က်သြားျခင္းျဖစ္သည္ဟု ခ်င္းျပည္နယ္အစိုးရဌာနမွ အမည္မေဖာ္လိုသူတစ္ဦးက ေျပာ သည္။

ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေသဆုံးမႈမရွိေသာ္လည္း ၄ ဦးခန႔္ဒဏ္ရာရရွိခဲ့သည္ဟု သိရသည္။ https://khonumthung.org/
*********************
၂၇။ NLD ပါတီ အမတ္ ေဒၚႏြယ္ႏြယ္ေအာင္၏ က်န္းမာေရး အာမခံ ေလွ်ာက္ထားမႈ ပယ္ခ်ခံရ
၂၀၂၂ မတ္ ၂၉

ေမာ္လၿမိဳင္ NLD ပါတီ အမတ္ ေဒၚႏြယ္ႏြယ္ေအာင္၏ က်န္းမာေရး အာမခံေလွ်ာက္ထားမႈ ပယ္ခ်ခံရေၾကာင္း သိရသည္။ ေဒၚႏြယ္ႏြယ္ေအာင္သည္ ႏွလုံးေရာဂါ ခံစားေနရေသာေၾကာင့္ ၿပီးခဲ့သည့္ ႐ုံးခ်ိန္းတြင္ ၎၏ ေရွ႕ေန႔အဖြဲ႕မွ က်န္းမာေရးအာမခံ ေလွ်ာက္ထားခဲ့ျခင္း ျဖစ္သည္။

မတ္လ ၂၉ရက္ ႐ုံးခ်ိန္းမွာေတာ့ အာမခံေလွ်ာက္ထားမႈကို ေမာ္လၿမိဳင္ၿမိဳ႕နယ္ တရား႐ုံးက ပယ္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဒၚႏြယ္ႏြယ္ေအာင္ကို အၾကမ္းဖက္အဖြဲ႕အစည္းႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္အျပင္ ေငြေၾကး ေထာက္ပံ့ေနသည္ဟုေသာ စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးျခင္း ျဖစ္သည္။ ဖမ္းဆီးၿပီးေနာက္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၂ (က) ျဖင့္ အမႈတရားစြဲ ဆိုခဲ့ျခင္း ျဖစ္သည္။ ေဒၚႏြယ္ႏြယ္ေအာင္ကို လက္ရွိတြင္ က်ိဳက္မေရာ ဗဟိုအက်ဥ္းေထာင္တြင္ ဖမ္းဆီးထိန္းသိမ္းထားသည္။

ေဒၚႏြယ္ႏြယ္‌ေအာင္သည္ ေမာ္လၿမိဳင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္သလို ေမာ္လၿမိဳင္ ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ (NLD) ပါတီ၏ ဥကၠ႒လည္း ျဖစ္သည္။ https://burmese.monnews.org/2022/03
*****************
၂၈။ ေရးၿမိဳ႕နယ္ တူးေျမာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၏ အစ္မျဖစ္သူ ေသနတ္ပစ္ခံရၿပီးေသဆုံး
(၂၀၂၂၊ မတ္လ ၂၈)

ေရးၿမိဳ႕နယ္ တူးေျမာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းထြန္း၏ အစ္မျဖစ္သူ မတ္လ ၂၇ ရက္က နံနက္ပိုင္းတြင္ ေနအိမ္၌ ေသနတ္ျဖင့္အပစ္ခံရၿပီး ေသဆုံးခဲ့ေၾကာင္း ေရးၿမိဳ႕မ ရဲစခန္းမွ သိရသည္။ ဦးသန္းထြန္းကို ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္စဥ္ အစ္မျဖစ္သူ၏ ရင္ဘက္တြင္ က်ည္ထိမွန္ၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေရးၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ပစ္ခတ္ခဲ့သည့္ အဖြဲ႕အစည္းမွာ ေရးၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ႐ုံးေရွ႕တြင္ အလိုရွိေၾကာင္း ေၾကျငာခံထားရသည့္ ေရးဘီလူးအဖြဲ႕ ျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။ ေရးၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က အစင္စံျပေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ျမင့္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရ ေသးသည္။

ေရးဘီးလူးအဖြဲ႕က သတင္းေပးဟု စြပ္စြဲခံရသူ ပရဟိတလုပ္ကိုင္ေဆာင္႐ြက္သူ တပ္မေတာ္ အၿငိမ္းစား ဗိုလ္မႉး ၁ ဦး၊ ေက်ာင္း ဆရာမ ၁ ဦးအပါအဝင္ အနည္းဆုံး ၃ ဦးထက္မနည္းကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္။
https://burmese.monnews.org/2022/03
*****************
၂၉။ ျမဝတီမွ ေမာ္လၿမိဳင္သို႔ျပန္လာသည့္ကားတစ္စီး ပစ္ခတ္ခံရၿပီး အမ်ိဳးသားတစ္ဦးေသဆုံး
(၂၀၂၂ မတ္လ ၂၈)

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းပိုင္း ယာယီေဘလီတံတားအနီးတြင္ ယေန႔ (မတ္လ ၂၈ရက္) နံနက္ပိုင္းက ျမဝတီမွ ေမာ္လၿမိဳင္သို႔ ဆင္းလာသည့္ အိမ္စီးကားတစ္စီး အပစ္ခံရၿပီး ကားေပၚမွ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ပုလဲျဖဴလူမႈ ကယ္ဆယ္ေရးထံမွ သိရသည္။

အမ်ိဳးသား ၅ ဦး လိုက္ပါစီးနင္းလာသည့္ အနက္ေရာင္ Probox အမ်ိဳးအစား ကားပစ္ခတ္ခံခဲ့ရ ျခင္းျဖစ္ၿပီး ကားေနာက္ခန္းတြင္ ထိုင္သည့္ သုံးဦးအနက္ အလယ္မွ အမ်ိဳးသား က်ည္ထိမွန္ ေသဆုံးခဲ့ျခင္း ျဖစ္သည္။ က်ည္ထိမွန္သူကို ၎တို႔ကိုယ္တိုင္ ေကာ့ရိတ္ေဆး႐ုံသို႔ ပိုေဆာင္ခဲ့ၿပီး ေသဆုံးသူ အမ်ိဳးသားအေလာင္းကို ေမာ္လၿမိဳင္သို႔ျပန္လည္ယူေဆာင္သြားေၾကာင္း လူမႈကယ္ ဆယ္ေရး တာဝန္ခံက မြန္သတင္းေအဂ်င္စီကို ေျပာသည္။

ေသဆုံးသူေဘးမွ အမ်ိဳးသား ကြမ္းတံေတြးငုံ႔ေထြးေနစဥ္ က်ည္ထိမွန္ခဲ့ၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ကူညီေဆာင္႐ြက္ေပး ခဲ့သည့္ ပုလဲျဖဴလူမႈကယ္ဆယ္ေရးအသင္းထံမွသိရသည္။ အဆိုပါ ေကာ့ကရိတ္-ျမဝတီလမ္းမႀကီးႏွင့္ ျမဝတီ-ေဝၚေလ လမ္းကို ျဖတ္သန္းသြားလာျခင္းမျပဳရန္ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္က မတ္လ ၂၇ရက္ေန႔တြင္ စာထုတ္ျပန္ထားသည္။ https://burmese.monnews.org/2022/03/28/
*******************
၃၀။ PDF ကို ေငြေထာက္ပံ့သည္ဟုဆိုကာ သံတြဲမွ အမ်ိဳးသမီး ၃ ဦး ေထာင္ဒဏ္ ၁၀ ႏွစ္စီခ်မွတ္ခံရ
31 Mar, 2022

PDF ကို ေငြေၾကးေထာက္ပံ့သည္ဟုဆိုကာ တရားစြဲခံထားရသည့္ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕မွ အမ်ိဳးသမီး ၃ ဦးသည္ ယေန႔တြင္ ေထာင္ဒဏ္ ၁၀ ႏွစ္စီခ်မွတ္ခံလိုက္ရေၾကာင္း သိရသည္။ ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရသည့္အမ်ိဳးသမီး ၃ ဦးမွာ သံတြဲၿမိဳ႕မွ ေဒၚၿငိမ္းအိၿဖိဳးေက်ာ္(၃၅ ႏွစ္)၊ ေဒၚတင္စႏၵာဝင္း(၂၈ ႏွစ္)ႏွင့္ ေဒၚစန္းခ်ိဳသိုက္ (၄ဝ ႏွစ္ခန႔္)တို႔ျဖစ္သည္။

၄င္းတို႔အား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(ည)ျဖင့္ ယေန႔ မတ္လ ၃၁ ရက္ ေန႔လယ္ပိုင္းတြင္ သံတြဲခ႐ိုင္ တရား႐ုံးက ေထာင္ဒဏ္ ၁ဝ ႏွစ္စီ အမိန႔္ခ်မွတ္လိုက္ျခင္းျဖစ္သည္ဟု အမႈအား လိုက္ပါေဆာင္႐ြက္ေပးေနသည့္ေရွ႕ေနက ေျပာ သည္။ ၄င္းတို႔သည္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္တြင္ သံတြဲၿမိဳ႕မရဲစခန္းမွ ဒုရဲမႉးဝင္းႏိုင္စိုးက တရားလိုျပဳလုပ္ကာ သံတြဲခ႐ိုင္တရား႐ုံး၌ ပုဒ္မ ၅၀(ည)ျဖင့္ တရားစြဲဆိုခံထားရျခင္းျဖစ္ေၾကာင္း သိရသည္။

၄င္းတို႔အနက္ ေဒၚၿငိမ္းအိၿဖိဳးေက်ာ္ႏွင့္ မတင္စႏၵာဝင္းတို႔သည္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာ ၃ ရက္တြင္ေနအိမ္မွ ဖမ္းဆီးခံ ခဲ့ရျခင္းျဖစ္ကာ ေဒၚစန္းခ်ိဳသိုက္သည္ ေနာက္ထပ္ ၃ ရက္အၾကာတြင္ ဖမ္းဆီးခံလိုက္ရျခင္းျဖစ္သည္။ ရခိုင္တြင္ PDF ႏွင့္ဆက္စပ္သံသယျဖင့္ အၾကမ္းဖက္မႈပုဒ္မျဖင့္ ဖမ္းဆီးတရားစြဲခံထားရသူ သံတြဲ၊ ငပလီ၊ ေတာင္ကုတ္ႏွင့္ ဂြၿမိဳ႕နယ္တို႔တြင္ ၁ဝ ဦးအထိရွိခဲ့သည္ဟု သိရသည္။ https://burmese.narinjara.com/news/detail/624578fa0e719f232cb31767
******************
၃၁။ ဘဂၤလားေဒ့ရွ္မွ အေထာက္အထားမဲ့မူဆလင္ ၁၁ ဦး ေမာင္ေတာနယ္စပ္ၿခံစည္း႐ိုးမွဝင္ေရာက္ေနစဥ္ ဖမ္းဆီးခံရ
31 Mar, 2022

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ရွိ နယ္စပ္ၿခံစည္း႐ိုးကိုျဖတ္ေက်ာ္ဝင္ေရာက္ရန္ႀကိဳးပမ္းသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ အ ေထာက္အထားမဲ့မူဆလင္ ၁၁ ဦးသည္ ယေန႔ နံနက္က ဖမ္းဆီးခံလိုက္ရသည္ဟု သိရသည္။

၄င္းတို႔သည္ ယေန႔ မတ္လ ၃ဝ ရက္ နံနက္ပိုင္းက တစ္ဖက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွတဆင့္ ေမာင္ေတာနယ္စပ္ရွိ နယ္စပ္ၿခံ စည္း႐ိုးအား ျဖတ္ေက်ာ္ဝင္ေရာက္ရန္ ႀကိဳးပမ္းေနစဥ္ ႏွစ္ႏိုင္ငံနယ္စပ္တစ္ေလွ်ာက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဖမ္းမိခဲ့ျခင္း ျဖစ္သည္ဟု ရခိုင္ေန႔စဥ္သတင္းတြင္ေဖာ္ျပထားသည္။ ဖမ္းဆီးခံရသူမ်ားတြင္ အမ်ိဳးသား ၅ ဦးႏွင့္ အမ်ိဳးသမီး ၆ ဦးတို႔ပါဝင္ၿပီး ယင္းအထဲတြင္ ကေလးငယ္ ၂ ဦးလည္း ပါဝင္သည္ဟု သိရသည္။

လက္ရွိတြင္ ၄င္းတို႔အား သီးျခား ေကာ္ရန္တင္းထားရွိကာ ကိုဗစ္ပိုးရွိ/မရွိစစ္ေဆးသြားမည္ျဖစ္ၿပီး လဝကအက္ဥပေဒအရ အေရး ယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
https://burmese.narinjara.com/news/detail/624556790e719f232cb31763
*****************
၃၂။ ေနရာဖယ္ရွားေပးရမည့္ ေက်ာက္ေတာ္ ေညာင္ေခ်ာင္းစစ္ေဘးေရွာင္စခန္းမွ အိမ္ေထာင္စု ၅၀ ေက်ာ္ ေနအိမ္သစ္ ေဆာက္လုပ္ရန္ ခက္ခဲေန
31 Mar, 2022

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေညာင္ေခ်ာင္းစစ္ေဘးေရွာင္စခန္းရွိ ေျမေနရာမွဖယ္ရွားေပးရမည့္ စစ္ေဘးေရွာင္အိမ္ ေထာင္စု ၅၀ ေက်ာ္သည္ ေနအိမ္သစ္ေဆာက္လုပ္ရန္ ခက္ခဲေနေၾကာင္း ကာယကံရွင္မ်ားက နိရၪၥရာကို ေျပာသည္။ ၄င္းတို႔သည္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္မွစ၍ ေညာင္ေခ်ာင္းေက်း႐ြာေဘာလုံးကြင္းအနီးရွိ ေျမကြက္တြင္ ေျမပိုင္ရွင္ မ်ားထံမွ ေငြေၾကးအနည္းငယ္ျဖင့္ ၂ ႏွစ္ၾကာ ငွားရမ္းေနထိုင္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ေျမပိုင္ရွင္မ်ား၌ ေငြေၾကးအခက္ခဲေၾကာင့္ စစ္ေဘးေရွာင္မ်ားေနထိုင္သည့္ ေျမေနရာအား အျခားသူမ်ားကို ေရာင္း လိုက္ရာ ဝယ္ယူလိုက္သူမ်ားက ေနအိမ္ေဆာက္လုပ္ရန္လိုအပ္ေနသည့္အတြက္ ယခုကဲ့သို႔ စစ္ေဘးေရွာင္မ်ား ေနရာဖယ္ရွား ေပးရျခင္းျဖစ္သည္ဟု သိရသည္။

ေနရာဖယ္ေပးရမည့္စစ္ေဘးေရွာင္မ်ားအား ေညာင္ေခ်ာင္းေက်ဳး႐ြာ၏အမ်ားပိုင္ေျမေနရာတြင္ ေနရာခ်ထားရန္စီစဥ္ထားေသာ္ လည္း ေနအိမ္မ်ားေဆာက္လုပ္ရန္ ေငြေၾကးႏွင့္ အိမ္ေဆာက္ပစၥည္းမ်ားအခက္အခဲျဖစ္ေနျခင္းျဖစ္ေၾကာင္း ေညာင္ေခ်ာင္းစစ္ ေဘးေရွာင္စခန္းတာဝန္ခံ ဦးသန္းေအးက ေျပာသည္။ အဆိုပါစစ္ေဘးေရွာင္စခန္းတြင္ ၂၀၁၉-၂၀၂၀ ျပည့္ႏွစ္မ်ားက စစ္ပြဲ ျပင္းထန္စြာျဖစ္ပြားခဲ့သည့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း႐ြာ၊ မာလာ၊ ၿပိဳင္းေခ်ာင္း၊ မီးဝ၊ ေမ်ာက္ေတာင္ႏွင့္ သာစည္ စသည့္ ေက်း႐ြာေပါင္း ၂၂ ႐ြာမွ စစ္ေဘးေရွာင္ဦးေရ ၄ ေထာင္ခန႔္ခိုလႈံလ်က္ရွိသည္။
https://burmese.narinjara.com/news/detail/624555c30e719f232cb3175f
********************
၃၃။ အမ္းမွ စစ္ေဘးေရွာင္ ၁ ေထာင္ေက်ာ္ကို ယေန႔တြင္ ေနရပ္ျပန္ပို႔
30 Mar, 2022

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕ရွိ စစ္ေဘးေရွာင္ ၁ ေထာင္ေက်ာ္ကို ယေန႔တြင္ ေနရပ္ျပန္ပို႔လိုက္ၿပီဟု သိရသည္။ အမ္းၿမိဳ႕ရွိ ပဲပဒုံ၊ မိုးလုံေလလုံအားကစားခန္းမႏွင့္ ကမ္းဒိတ္စသည့္ စစ္ေဘးေရွာင္စခန္း(၃)ခုမွ ေနရပ္ျပန္ရန္စာရင္းေပးထားသည့္ စစ္ေဘးေရွာင္ ၁ ေထာင္ေက်ာ္ကို ယေန႔ မတ္လ ၂၉ ရက္ နံနက္ ၉ နာရီခန႔္က ေနရပ္သို႔ပို႔လိုက္ၿပီဟု ပဲပဒုံစစ္ေဘးေရွာင္စခန္းတာဝန္ခံ ဦးသန္းခ်ိဳက နိရ ၪၥရာကိုေျပာသည္။

ယခုျပန္သြားသူမ်ားတြင္ အိမ္ေထာင္စု ၃ဝရ စုပါဝင္ၿပီး အမ္းၿမိဳ႕နယ္ ဒါးလက္ေခ်ာင္းေဒသဘက္မွ ျဖစ္ၾကသည္ဟုလည္း သိရ သည္။ ေနရပ္ျပန္ပို႔လိုက္သူမ်ားအတြက္ ေငြေၾကးအခ်ိဳ႕ႏွင့္ အသုံးအေဆာင္ပစၥည္းအခ်ိဳ႕ကိုလည္း ျပည္နယ္အစိုးရက ေထာက္ပံ့ လိုက္သည္ဟု သိရသည္။

လက္ရွိ အမ္းၿမိဳ႕တြင္ စစ္ေဘးေရွာင္ဦးေရ ၁ဝဝ ေက်ာ္သာက်န္ရွိေတာ့ၿပီး ၄င္းတို႔၏ရပ္႐ြာအနီးတို႔တြင္ မိုင္းႏွင့္ စစ္လက္နက္ အႂကြင္းအက်န္မ်ားကို အစိုးရက ရွင္းလင္းမေပးေသးသည့္အတြက္ ေနရပ္ျပန္ရန္အဆင္သင့္မျဖစ္ေသးဟု ပဲပဒုံစစ္ေဘးေရွာင္ စခန္းတာဝန္ခံ ဦးသန္းခ်ိဳက ေျပာသည္။ အမ္းၿမိဳ႕ရွိ စစ္ေဘးေရွာင္လူဦးေရ ၇၀၀ ခန႔္ကို ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၆ ရက္က ျပည္နယ္ေကာင္စီက ေနရပ္ျပန္ပို႔ခဲ့သည္။
https://burmese.narinjara.com/news/detail/62440ae30e719f232cb31757
******************
၃၄။ သွ်မ္းေတာင္ စစ္ေကာင္စီ စစ္အင္အား ျဖည့္ေန
April 1, 2022

ၿပီးခဲ့သည့္ မတ္လကုန္ပိုင္းအတြင္း စစ္ေကာင္စီတို႔သည္ မိတၳီလာမွတစ္ဆင့္ သွ်မ္းျပည္ေတာင္ပိုင္းအတြင္းရွိ ၿမိဳ႕နယ္ မ်ားထံသို႔ တပ္သားအင္အား အမ်ားအျပား ျဖည့္တင္းေနေၾကာင္း သတင္းသိရသည္။ မတ္လ ၂၈ ရက္ေန႔တြင္ စစ္သားအင္အားႏွင့္ စားနပ္ ရိကၡာ အျပင္ လက္နက္မ်ားကိုင္ေဆာင္ထားသည့္ စစ္ကား အစီးေရ ၇၀ ေက်ာ္သည္ ကေလာၿမိဳ႕ကို ျဖတ္ၿပီး ေတာင္ႀကီးဘက္သို႔ ဦးတည္ေမာင္းႏွင္သြားေၾကာင္း ျမင္ေတြ႕ရသည့္ ျပည္သူတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

အဆိုပါ စစ္ကားအစီး ၇၀ ေက်ာ္မ်ားအနက္ စစ္ကား ၁၀ စီးေက်ာ္သည္ ေ႐ႊေညာင္လမ္းခြဲမွ ရပ္ေစာက္ဘက္သို႔ ဆင္းသြားၿပီး ေတာင္ႀကီးၿမိဳ႕ဘက္သို႔ စစ္ကားအစီးေရ ၅၀ ေက်ာ္ ေရာက္လာေၾကာင္း သိရသည္။ အဆိုပါ စစ္ကားတို႔သည္ ေတာင္ႀကီးၿမိဳ႕မွ သွ်မ္းျပည္ေတာင္ပိုင္းရွိ နမ့္စန္ၿမိဳ႕အေျခစိုက္ စစ္တပ္ အမွတ္ ၂၄၇ သို႔ အင္အားျဖည့္တင္းရန္အတြက္ဟု ေဒသခံမ်ားက ေျပာေသာ္လည္း သွ်မ္းသံေတာ္ဆင့္ အေနျဖင့္ သီးျခား အတည္ျပဳခ်က္ မရရွိေသးပါ။

ထို႔အျပင္ ရပ္ေစာက္ၿမိဳ႕နယ္ ေနာင္ဝိုးေက်း႐ြာအတြင္းသို႔လည္း စစ္ေကာင္စီအင္အား ၁၀၀ ေက်ာ္ပါရွိသည့္ စစ္ကား ၁၀ စီး ဝန္းက်င္ ေရာက္ရွိလာေၾကာင္း ေဒသခံမ်ားက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ထို႔အျပင္ ရပ္ေစာက္ၿမိဳ႕ရွိ ဗထူးတပ္အတြင္း စစ္ေရးေလ့က်င့္ေနသည့္ စစ္သားမ်ားစြာလည္း ျမင္ေတြ႕ေနရသည့္ အတြက္ စစ္ဆင္ေရးအတြက္ ျပင္ဆင္ေနၾကျခင္းျဖစ္မည္ဟု ေဒသခံမ်ားက ထင္ျမင္မိကာ တိုက္ပြဲျဖစ္ပြားမည္ကို စိုးရိမ္ထိတ္လန႔္ေနေၾကာင္း သိရသည္။

သျှမ်းတောင် စစ်ကောင်စီ စစ်အင်အား ဖြည့်နေ


*****************
၃၅။ ႐ြာငံၿမိဳ႕နယ္ အမ်ိဳးသားတစ္ဦး အသတ္ခံရ
March 31, 2022

သွ်မ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ အလယ္ေခ်ာင္ေက်း႐ြာသို႔ အလည္ေရာက္ေနသည့္ အမ်ိဳးသားတစ္ဦး အသတ္ခံလိုက္ ရေၾကာင္း သတင္းသိရသည္။ ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၂၉ ရက္ ည ၉ နာရီဝန္းက်င္အခ်ိန္တြင္ အလယ္ေခ်ာင္ေက်း႐ြာ အေနာက္ကုန္း ရပ္ကြက္ရွိ ေနအိမ္တစ္ခုသို႔ အလည္ေရာက္ရွိေနသည့္ စစ္တပ္သတင္းေပး ဟု နာမည္ထြက္ေနသည့္ အမ်ိဳးသား တစ္ဦး အသတ္ခံရေၾကာင္း ေဒသခံတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ကိုညီေထြးသည္ ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခံရၿပီး ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။ ျဖစ္စဥ္မ်ားျဖစ္ပြားၿပီး ခဏအၾကာတြင္ စစ္ကားမ်ားက ေက်း႐ြာအတြင္းသို႔ ေရာက္ရွိလာၿပီး ေဆး႐ုံကားမွ အေလာင္း ကို လာေရာက္သယ္ေဆာင္သြားေၾကာင္း သတင္းသိရသည္။

ကိုညီေထြးသည္ အလယ္ေခ်ာင္ေက်း႐ြာအတြင္း PDF ႏွင့္ ဆက္စပ္ပတ္သက္သူမ်ားရွိသည္ဟု စစ္တပ္ကို သတင္းေပးသူျဖစ္ၿပီး ၎ကို ႐ြာငံၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕(YUG) ႏွင့္ ေတာင္ႀကီးၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (TPDF) ပူးေပါင္းတပ္ဖြဲ႕ တပ္ခြဲ (၄)မွ သုတ္သင္ရွင္းလင္းခဲ့ေၾကာင္း သိရပါသည္။ စစ္တပ္သတင္းေပးဟု နာမည္ထြက္ေနသူ ကိုညီေထြး အသတ္ခံရျခင္းႏွင့္ ပတ္သက္ ၿပီး ႐ြာငံၿမိဳ႕ ျပေျပာက္က်ား တပ္ဖြဲ႕(YUG) ႏွင့္ ေတာင္ႀကီးၿမိဳ႕ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ (TPDF) ပူးေပါင္းတပ္ဖြဲ႕ တို႔ကို ႀကိဳးစားဆက္သြယ္ေသာ္လည္း အဆက္အသြယ္ မရရွိခဲ့ေပ။ https://burmese.shannews.org/archives/27576
*******************
၃၆။ ေက်ာက္မဲ စည္ပင္ ဗုံးေပါက္ၿပီးေနာက္ စကစမွ ျပည္သူတစ္ဦးကို ႐ိုက္ႏွက္ ေသဆုံး
March 31, 2022

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရး႐ုံး ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီမွ ျပည္သူမ်ားကို ႐ိုက္ႏွက္စစ္ေဆးမႈျပဳလုပ္ခဲ့သျဖင့္အမ်ိဳးသားတစ္ဦး ေသဆုံးသြားေၾကာင္း စုံစမ္းသိရသည္။

ၿပီးခဲ့သည့္ မတ္လ ၂၉ ရက္ ညေနပိုင္းတြင္ ေက်ာက္မဲ စည္ပင္သာယာေရး႐ုံးအနီး ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ၿမိဳ႕တြင္း ေနရာ ေတာ္ေတာ္မ်ားမ်ားတြင္ လမ္းသြားလမ္းလာျပည္သူမ်ားအား စစ္ေကာင္စီတို႔မွ စစ္ေဆး႐ိုက္ႏွက္မႈ ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း သိရသည္။ ေသဆုံးသူမွာ စိုင္းပီး (၄၁)ႏွစ္ျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕နယ္ ပုံဝိုးေက်း႐ြာတြင္ေနထိုင္သူျဖစ္ကာ ယမန္ေန႔ (မတ္ ၃၀) ေန႔လည္ ၃ နာရီတြင္ သၿဂႋဳလ္လိုက္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕တြင္ လမ္းသြားလမ္းလာျပည္သူမ်ားကို စစ္ေကာင္စီတို႔မွ မၾကာခဏ ဖမ္းဆီးမႈလည္း ရွိေနၿပီး ထို ဖမ္းဆီးခံရသူမ်ား အား ေငြေၾကးျဖင့္ ျပန္လည္ ထုတ္ယူရေၾကာင္း သိရသည္။ ေက်ာက္မဲၿမိဳ႕တြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းကလည္း ရပ္ ကြက္ (၉)တြင္ ေနထိုင္သည့္ စစ္ေဘးေရွာင္ ျပည္သူ တစ္ဦးအား စစ္ေကာင္စီတို႔မွ ႐ိုက္ႏွက္သတ္ျဖတ္ခဲ့ၿပီး ေနအိမ္တြင္းရွိ ပစၥည္း မ်ားလည္း ယူေဆာင္သြားေၾကာင္း သိရသည္။ https://burmese.shannews.org/archives/27568
****************
၃၇။ ပင္လုံၿမိဳ႕ မွတ္ပုံတင္လုပ္သူ ေငြက်ပ္၂ ေသာင္းေပးေဆာင္ရ
March 31, 2022

သွ်မ္းျပည္ေတာင္ပိုင္း ပင္လုံၿမိဳ႕အတြင္း မွတ္ပုံတင္လုပ္သူမ်ား တစ္ဦးလွ်င္ ေငြက်ပ္ ၂ ေသာင္း ေပးေဆာင္ရေၾကာင္း စုံစမ္း သိရွိရသည္။ ယခု မတ္လအတြင္း ပင္လုံၿမိဳ႕တြင္း ကြင္းဆင္းၿပီး မွတ္ပုံတင္လုပ္ေပးရာတြင္ ရန္ပုံေငြဟု အေၾကာင္းျပၿပီး မွတ္ပုံတင္လာလုပ္သူ တစ္ဦးကို ၁ ေသာင္းခြဲ မွ ၂ ေသာင္းက်ပ္ထိ ေပးေဆာင္ရေၾကာင္း ပင္လုံၿမိဳ႕ေဒသခံမ်ားက ေျပာသည္။

ထို႔အျပင္ မွတ္ပုံတင္ကို အလ်င္ျမန္လိုခ်င္သူမ်ားက ေငြ ၅ ေသာင္းက်ပ္ေပးေဆာင္ရၿပီး၊ တရက္လွ်င္ လူဦးေရ ၃၀ နီးပါး လုပ္ေပးေနေၾကာင္း သိရသည္။ လက္ရွိျမန္မာႏိုင္ငံေရး၏ ႏိုင္ငံေရးအေျခေနႏွင့္ ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ျပည္သူမ်ား စားဝတ္ေနေရး ခက္ခဲေနခ်ိန္ျဖစ္ၿပီး ယခုကဲ့သို႔ ေငြေပးေဆာင္ရေသာေၾကာင့္ ျပည္သူမ်ားက ပိုခက္ခဲလာေၾကာင္း သိရသည္။ ထို႔အျပင္ စစ္ေကာင္စီကလည္း လာမည့္ ဧၿပီလ ကစၿပီး အသက္ (၁၆)ႏွစ္ ျပည့္သူတိုင္း မွတ္ပုံတင္ကိုင္ေဆာင္ထားရမည္ ဟု ထုတ္ျပန္ထားသည္။

ျမန္မာျပည္သူမ်ားအေနျဖင့္ လာမည့္ ဧၿပီလ ၁ ရက္ေန႔က စၿပီး ခရီးသြားပါက ႏိုင္ငံသားကတ္(မွတ္ပုံတင္) တရားဝင္ထုတ္ ထားသည့္ မွတ္ပုံတင္ျဖင့္သာ အသုံးျပဳရန္ စစ္ေကာင္စီ လက္ေအာက္ခံ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ https://burmese.shannews.org/archives/27572
*******************
၃၈။ တိုင္းရင္းသားခ်င္းခ်င္း ပစ္ခတ္မႈသည္ တည္ၿငိမ္ေအးခ်မ္းမႈကို ေႏွာက္ယွက္ဟန႔္တားေနသူ ဟု SWAN ေျပာဆို
March 29, 2022

သွ်မ္းျပည္တြင္း တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးမ်ားသည္ ျပည္သူလူထုတို႔အတြက္ ၿငိမ္းခ်မ္းေရး ႏွင့္ သာယာဝေျပာ ေရးတို႔ကိုအေၾကာင္းျပၿပီး အခ်င္းခ်င္း ပစ္ခတ္တိုက္ခိုက္မႈျဖစ္ကာ ျပည္သူလူထုတို႔ လိုလား ေတာင့္တသည့္ တည္ၿငိမ္းေအး ခ်မ္းေရးအတြက္ ေႏွာက္ယွက္ဟန႔္တားေနေၾကာင္း SWAN က ေျပာဆို လိုက္သည္။ ထိုေျပာဆိုခ်က္သည္ ရွမ္းအမ်ိဳးသမီးေရးရာ လႈပ္ရွားေဆာင္႐ြက္ေရး အသင္း (SWAN ) ဖြဲ႕စည္းတည္ေထာင္ျခင္း (၂၃) ႏွစ္ ျပည့္ အေနျဖင့္ထုတ္ျပန္ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ႏိုင္ငံေရး ျပႆနာကိုႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းၾကမည္ဟု ေခတ္အဆက္ဆက္ ေႂကြးေၾကာ္လာခဲ့ၾကသည့္ သွ်မ္းျပည္တြင္းရွိ လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားအေနႏွင့္ မိမိတို႔အခ်င္းခ်င္းၾကား ျဖစ္ပြား ေနသည့္ ႏိုင္ငံေရးအရ သေဘာထား ကြဲလြဲမႈမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းၾကရန္ SWAN ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သွ်မ္းျပည္တြင္းက တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရး အခ်င္းခ်င္း ႏိုင္ငံေရးလမ္းေၾကာင္း တူညီမႈမရွိေသာ္လည္း ႏိုင္ငံ ေရးနည္းလမ္းအရ ေတြ႕ဆုံေဆြးေႏြးမႈျဖင့္ ေျဖရွင္းသင့္ေၾကာင္း ယိင္းစံဟြမ္ ကေျပာသည္။ ေဒသတြင္း တိုက္ပြဲျဖစ္ပြားမႈရွိလွ်င္ အမ်ိဳးသမီး ႏွင့္ ကေလးမ်ား အမ်ားဆုံး ထိခိုက္နစ္နာမႈရွိၿပီး ပညာေရး ႏွင့္ က်န္းမာေရး တို႔လည္း နစ္နာ ဆုံးရႈံးရေၾကာင္း SWAN ကေထာက္ျပ ေျပာဆိုလိုက္သည္။ https://burmese.shannews.org/archives/27560
*******************
၃၉။ နမၼတူၿမိဳ႕နယ္ ရွရွားေတာင္အနီး ပစ္ခတ္မႈျဖစ္
March 28, 2022

သွ်မ္းျပည္ေျမာက္ပိုင္း ရွရွားေတာင္ အနီးတစ္ဝိုက္တြင္ လက္နက္ႀကီး၊လက္နက္ငယ္ ပစ္ခတ္သံမ်ား ထြက္ေပၚေနေၾကာင္း စုံစမ္းသိရသည္။ ယေန႔ မတ္လ ၂၈ ရက္ေန႔ ည ၇ နာရီဝန္းက်င္အခ်ိန္တြင္ ေဘာ္တြင္း ႏွင့္ ႐ုရွားေတာင္ အနီးတစ္ဝိုက္ တြင္ ပစ္ခတ္သံမ်ား ထြက္ေပၚလာၿပီး လက္နက္ႀကီးပစ္ခတ္သံမ်ားပါ ၾကားရေၾကာင္း နမၼတူၿမိဳ႕ခံ တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ယခု ညအခ်ိန္တြင္ ထြက္ေပၚလာသည့္ ပစ္ခတ္သံမ်ားေၾကာင့္ အသံၿငိမ္သြားသည့္တိုင္ေအာင္ေဒသခံ ျပည္သူမ်ားက ထိတ္လန႔္ ၿပီး ယခုအခ်ိန္ထိ မအိပ္ရဲၾကေသးေၾကာင္း ဆက္ေျပာသည္။ အဆိုပါ ပစ္ခတ္မႈသည္ ႐ုရွားေတာင္နားရွိ စစ္ေကာင္စီတပ္စခန္း တစ္ခုကို လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုမွ လာေရာက္ပစ္ခတ္ျခင္းျဖစ္သည္ဟုသာ သိရၿပီး မည္သည့္ အဖြဲ႕အစည္း ဆိုတာေတာ့ အတည္ျပဳခ်က္ မရရွိေသးပါ။

နမၼတူၿမိဳ႕နယ္အတြင္းတြင္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ား ျဖစ္သည့္ TNLA တပ္ဖြဲ႕၊ SSPP/SSA တပ္ဖြဲ႕ ႏွင့္ KIA တပ္ဖြဲ႕တို႔ သြားလာလႈပ္ရွားေနေၾကာင္း သိရသည္။ https://burmese.shannews.org/archives/27549
*****************

မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No. 24,April 1 , 2022)
၁။ ဒေါက်တာ M Kawn La မြစ်ကြီးနားမြို့နယ်ရဲစခန်းတွင် ထပ်မံတရားစွဲဆိုထား
၂။ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး
၃။ နန့်ပုတ်ချောင်းတံတား ပျဥ်ကားဖြတ်သန်းစဥ် ကျိုးကျ၊ ကားသမားသေဆုံး
၄။ မော်ဟန်ကျေးရွာတွင် မီတာခပေးဆောင်လျှင် မီးပြန်ပေးမည်ဟု စစ်ကောင်စီပြောဆို
၅။ အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး
၆။ မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန်
၇။ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာအတွင်း ထောင်ထားခဲ့တဲ့ မိုင်းတွေကို KNDF B-02 ရှင်းလင်း
၈။ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ဈာပနာကို ကရင်နီပြည်မှ NUG ကိုယ်စားလှယ်များ တက်ရောက်
၉။ ဖယ်ခုံမြို့နယ်အတွင်း တတိယမြောက် နွေဦးစာကြည့်တိုက် ဖွင့်လှစ်
၁၀။ ယနေ့နံနက်တွင် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ပြီး နေအိမ်ပျက်စီးမှုရှိ
၁၁။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-09မှ စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဒဂုံ ဘီယာကို ဖျက်ဆီးခဲ့
၁၂။ ဖရူဆိုမှာ ရဲစခန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံး
၁၃။ ခရီးသွားပြည်သူအချို့ကို စစ်ဆေးခံရပြီး ရိုက်နှက်ခံရမှုများရှိနေ
၁၄။ CDM ကျောင်းဆရာနဲ့ ပညာရေးကောလိပ်ပထမနှစ်ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်
၁၅။ ဒေါတော်ကူးကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပြီး ဒေသခံနှစ်ဦးထိ၊ တစ်ဦးသေဆုံး
၁၆။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုတိုးမြှင့်လာကြောင်း KHRG အစီရင်ခံစာ ထုတ်ပြန်
၁၇။ KNU တပ်မဟာ ၁နှင့် စစ်ကောင်စီတို့ မုပ္ပလင်လမ်းဆုံ တိုက်ပွဲတွင် စစ်ကောင်စီတပ် ၆ ဦးကျဆုံး
၁၈။ မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ခရီးသွားကား၊ ကုန်စည်ကားများ ရာချီ ပိတ်မိနေ
၁၉။ စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံစတင်ကျင်းပ၊ KNU ဥက္ကဌ တက်ရောက်
၂၀။ KNU တပ်မဟာ ၆ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့် ကျဆုံးဟုဆို
၂၁။ မတူပီမြို့နယ် ဝေတူးကျေးရွာ ပြည်သူအားလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြရ
၂၂။ မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက် ၁၅ ဦးခန့်သေဆုံး
၂၃။ မင်းတပ်-မတူပီလမ်းတွင် CDF- Mindat နှင့်် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံး အရှိ
၂၄။ ဟားခါးမြို့နယ် သီနမ်းကျေးရွာက လူနေအိမ် ၉ လုံးကို စစ်ကောင်စီက မီးရှို့
၂၅။ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြေဆိုသူ ၂၂၅၉ ဦးရှိ၊ ၇၀၁ ဦး ပျက်ကွက်
၂၆။ ဟားခါးမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစင်း ပျက်ကျ
၂၇။ NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံ လျှောက်ထားမှု ပယ်ချခံရ
၂၈။ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး
၂၉။ မြဝတီမှ မော်လမြိုင်သို့ပြန်လာသည့်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး
၃၀။ PDF ကို ငွေထောက်ပံ့သည်ဟုဆိုကာ သံတွဲမှ အမျိုးသမီး ၃ ဦး ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရ
၃၁။ ဘင်္ဂလားဒေ့ရှ်မှ အထောက်အထားမဲ့မူဆလင် ၁၁ ဦး မောင်တောနယ်စပ်ခြံစည်းရိုးမှဝင်ရောက်နေစဉ် ဖမ်းဆီးခံရ
၃၂။ နေရာဖယ်ရှားပေးရမည့် ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၅၀ ကျော် နေအိမ်သစ် ဆောက်လုပ်ရန် ခက်ခဲနေ
၃၃။ အမ်းမှ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယနေ့တွင် နေရပ်ပြန်ပို့
၃၄။ သျှမ်းတောင် စစ်ကောင်စီ စစ်အင်အား ဖြည့်နေ
၃၅။ ရွာငံမြို့နယ် အမျိုးသားတစ်ဦး အသတ်ခံရ
၃၆။ ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး
၃၇။ ပင်လုံမြို့ မှတ်ပုံတင်လုပ်သူ ငွေကျပ်၂ သောင်းပေးဆောင်ရ
၃၈။ တိုင်းရင်းသားချင်းချင်း ပစ်ခတ်မှုသည် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဟန့်တားနေသူ ဟု SWAN ပြောဆို
၃၉။ နမ္မတူမြို့နယ် ရှရှားတောင်အနီး ပစ်ခတ်မှုဖြစ်
*************
၁။ ဒေါက်တာ M Kawn La မြစ်ကြီးနားမြို့နယ်ရဲစခန်းတွင် ထပ်မံတရားစွဲဆိုထား
31st March 2022

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းတွင် စစ်တပ်ဘက်က ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံ အမှုဖွင့်စွဲ ချက်တင်ထားကြောင်း သိရသည်။

မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ၂၀၂၁ ဩဂုတ်လ ၂၆ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံတရားစွဲဆို ထားခြင်းဖြစ်သည့် အတွက်ကြောင့် လာမယ့် ဧပြီလ သင်္ကြန်ပွဲတော်မတိုင်မှီ ထပ်မံ တရားရင်ဆိုင် ခံရနိုင်ဖွယ်ရှိသည်ဟု KNC ပါတီ ပြောရေးဆို ခွင့်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှုဖွင့်စွဲချက်တင်ထားသည့်အပေါ် မည်သည့်အကြောင်း အရင်းကြောင့် တရားထပ်မံစွဲဆိုထားကြောင်း အသေးစိတ်မသိရသေးသော်လည်း စွဲချက်တင်ထားသည့် အမှုကို ဖြေရှင်းပေး ရန်အတွက် စစ်တပ်ဘက်ကနေ ကချင်ပြည်နယ် စစ်ကောင်စီအဖွဲ့ထံသို့ စာတင်ပြတောင်းဆိုထားပြီ ဖြစ်ကြောင်းလည်း ဆက်သိ ရသည်။ ယခုလို ဒေါက်တာ M Kawn La ထပ်မံ တရားစွဲဆိုခံထားရသည့်အပေါ် KNC ပါတီအနေဖြင့် လူတစ်ဦး တစ်ယောက် ကိုဘဲ တူညီသော ပုဒ်မ ဖြင့် ၂ ကြိမ်တရားစွဲဆိုခံရသည်မှာ မတရားမှုသာဖြစ်နေသည်ဟု KNC ပါတီတာဝန်ရှိသူက ဆက်ဆိုထား သည်။ https://burmese.kachinnews.com/2022/03/31/mar-31-y1/
********************
၂။ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး
30th March 2022

မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်အတွင်းရှိ လမ်းဘေးနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် မူးယစ်ဆေးဝါးလာ ရောက်သုံးစွဲသူများကို ရပ်ကွက်နေပြည်သူများက ဖမ်းဆီးကာ အပြစ်ပေး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ရပ်ပူရပ်ကွက်အတွင်း၌ ယခုနောက်ပိုင်းတွင် လမ်းဘေး လမ်းကြိုလမ်းကြားနှင့် အများပြည်သူနှင့်သက် ဆိုင်သည့်နေရာ များတွင် မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူများတစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသောကြောင့် ရပ်ကွက်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်သွားစေရန်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကြောင်း ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGသ တင်းဌာနသို့ပြောသည်။ လတ်တလောမှာ ပညာပေးကာလအဖြင့် ရိုက်နှက်ပြစ်ဒဏ်ပေး၍ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းပြီး မှသာ ပြန်လွတ်ပေးလျက်ရှိပြီးနောက်ပိုင်းတွင် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရမ်ပူရပ်ကွက်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအများဆုံးနေရာများမှာ လမ်းသွယ် ၂၁ ၊၂၂ ၊ ၂၄ နေရာများနှင့်နီးစပ်သည့် နေရာများတွင် အများဆုံးဖြစ်ပြီး ကျန်သည့်နေရာများတွင်လည်း သုံးစွဲသူရှိနေကြောင်းသိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး


**********************
၃။ နန့်ပုတ်ချောင်းတံတား ပျဥ်ကားဖြတ်သန်းစဥ် ကျိုးကျ၊ ကားသမားသေဆုံး
30th March 2022

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန့်ပုတ်ကျေးရွာ ချောင်းတံတား ပျဥ်သယ်လာသည့် ကားဖြတ်သန်းစဥ် ကျိုးကျ၍ ကားသမား သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ပြီး ပျဥ်တင်လာသည့်ကား နန့်ပုတ်ချောင်းတံတားပေါ်မှဖြတ်သန်းစဥ် ခံနိုင်ဝန် မမျှသဖြင့် တံတားကျိုးကျခဲ့ရာ ကားသမားသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ သေဆုံးသွား သော ကားသမားများ၏ ကိုယ်ရေးအချက်အလက်များကို KNG က အသေးစိတ်မသိရှိနိုင်သေးပါ။

အဆိုပါ တံတားသည် နန့်ပုတ်ကျေးရွာအလွန် ယခင် မီးရထားလမ်းဟောင်းအနီးတွင် တည်ရှိသည့် တံတားဖြစ်ပြီး ဒေသခံများက စားဝတ်နေရေး၊ စီးပွားရေးနှင့်အခြား ကိစ္စရပ်များအတွက် အသုံးပြုနေဆဲတံတားလည်းဖြစ်သည်။

နန့်ပုတ်ချောင်းတံတား ပျဥ်ကားဖြတ်သန်းစဥ် ကျိုးကျ၊ ကားသမားသေဆုံး


********************
၄။ မော်ဟန်ကျေးရွာတွင် မီတာခပေးဆောင်လျှင် မီးပြန်ပေးမည်ဟု စစ်ကောင်စီပြောဆို
29th March 2022

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် လျှပ်စစ်မီတာခမပေးဆောင်သည့်အတွက် စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားပြီး မီတာခပေးဆောင်မည်ဆိုပါက လျှပ်စစ်မီးအချိန်ပြည့်ပြန်ပေးမည်ဟုပြောဆိုလာကြောင်းသိရသည်။

အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် မော်ဟန်ကျေးရွာတွင် အိမ်ခြေ ၆၀ခန့်ကသာမီတာခပေးဆောင်လျက်ရှိပြီး အများပိုင်းကမီတာ ခမပေးဆောင်သည့်အတွက် စစ်ကောင်စီက မတ် ၂၁ ရက်နေ့မှစတင်ကာ တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ််တောက်ထားခြင်း ဖြစ်သည်။ ယခုလို ပြည်သူများအနေဖြင့် မီတာခ ပုံမှန်ပြန်ပေးဆောင်ပါက ပုံမှန်အတိုင်းမီးပေးမည်ဟုပြောလာကြောင်း မော်ဟန် ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

မီတာကြေးပေးဆောင်မည်ဆိုပါက ပြီးခဲ့သော ၂၀၂၁ခုနှစ် စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိအသုံးပြုထားသည့် မီတာခများ ကိုပါ ပြန်လည်ပေးဆောင်ရမည်ဖြစ်ပြီး ရွာသားများက မီတာခပေးဆောင်မည်ဟု သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ မော်ဟန်ကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်နှင့် လူဦးရေ ခြောက်သောင်းကျော်မှီတင်း နေထိုင်နေကြောင်းသိ ရသည်။ https://burmese.kachinnews.com/2022/03/29/mar-29-cj1/
****************
၅။ အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး
29th March 2022

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ပါရမီးကျေးရွာတွင် လူနေအိမ် ၃လုံးကိုစစ်ကောာင်စီတပ်က မီးရိူ့ဖျက်စီးခဲ့ပြီး မီးရိူ့ ဖျက်ဆီးမှုတွင် လေဖြတ်နေသည့် အသက်ကြီးရွယ်အို ၁ဦးလည်းမီးလောင်သေဆုံး သွားကြောင်း သိရသည်။

မတ်လ ၂၉ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောာင်စီစစ်တပ်နှင့် ရဲများသည် အင်အားအများအပြားဖြင့် ပါရမီကျေးရွာအတွင်း သို့ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရိူ့ဖျက်ဆီးခဲ့သည်ဟု ပါရမီကျေးရွာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆို ခဲ့သည်။ ရောဂါဝေဒနာကြောင့် မီးလောင်မှုတွင် သေဆုံးသွားသည့် သူမှာ အသက် ၆၂အရွယ်ရှိ ဦးညွှန့်တင့်ခေါ်သူဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီက မီးရိူ့ဖျက်ဆီးသွားသော လူနေအိမ် ၃လုံးသည်တစ်ဆက်တည်းတည်ရှိနေခြင်းမဟုတ်ပဲ သီးသန့်တစ် နေရာဆီ ရှိနေခြင်းမှ တစ်အိမ်ချင်းစီ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ကြောင်းလည်း ဆက်လက်သိရသည်။

အရာတော်မြို့နယ်တွင်လတ်တလော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုအရှိန်မြင့်တင်နေကာ လူနေအိမ်များမီးရိူ့ဖျက်ဆီးမှု နှင့် အပြစ်မဲ့အရပ်သားများအား ဖမ်းဆီး သတ်ဖြတ်မှုပိုမိုလုပ်ဆောင် လာနေပါနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

အရာတော်မြို့နယ်တွင် လူနေအိမ် ၃လုံး စစ်ကောင်စီ မီးရိူ့ဖျက်ဆီး၊ အသက်ကြီးရွယ်အို ၁ဦး မီးထဲသေဆုံး


**********************
၆။ မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန်
29th March 2022

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) မြို့နယ် မုံးပေါ်ဒေသ၊ မန်နောင် ကောင်ရွာအနီး ယမန်နေ့ တစ်ရက်ထဲ စစ်ကောင် စီနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည်ထိမှန် ပျက်စီး သွားတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့် စစ်ကောင်စီတပ်သည် ရွာလယ်လမ်းမမှ ဖြတ်လာချိန် ၁ ဖာလုံခန့်အကွာတွင် KIA မှ စောင့်ကြိုကာဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင်လည်း တံတားနားမှာ ထပ်မံ ဗုံးဖောက်ခွဲခံရတာကြောင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။ ဒေသခံအားလုံး ဘုရားကျောင်းထဲ ထွက်ပြေးတိမ်းရှောင်လိုက်တာကြောင့် လူသူထိ ခိုက်မှုမရှိပေမယ့် စစ်ကောင်စီက ရွာထဲ လက်နက်တွေပစ်ခတ်မူကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၂ ရက်နေ့ကလည်း မုံးပေါ်ဒေသ နမ့်ခေါင်ရွာဟောင်းနားမှာ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ PDF ပူးပေါင်းတပ်တို့မှ စစ်ကောင်တပ်အားစောင့်ကြို မိုင်းခွဲ၊ ပစ်ခတ်ခဲ့တာကြောင့် နမ့်ခေါင်တောင်ကြောတစ်လျှောက် ၁ နာရီ နီးပါး တိုက်ပွဲ ပြင်းထန် ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာလည်း မုံးပေါ် ဆမာရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲဖြစ် ပွားကာ ဒေသခံများယာယီရှောင်တိမ်းခဲ့ကြရသည့်အပြင် ယခုနှစ် ဖေဖော်ဝါရီလမှစကာ လက်ရှိအထိ စစ်ကောင်စီနဲ့ KIA၊ MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

မုံးပေါ်ဒေသမှာ စစ်ကောင်စီနဲ့ KIA တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန်


*****************
၇။ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာအတွင်း ထောင်ထားခဲ့တဲ့ မိုင်းတွေကို KNDF B-02 ရှင်းလင်း
March 31, 2022

ကရင်နီပြည် လွိုင်ကော်မြို့အတွင်းရှိ စစ်ကောင်စီတပ်မှ တစ်လခွဲခန့် တပ်စွဲခဲ့တဲ့ တောင်ကုန်းတစ်ခုမှာ ထောင်ထားတဲ့ မိုင်းတွေ ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-02 က မတ်လ ၁၈ ရက်နေ့မှာ သွားရောက်ရှင်းလင်းခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့သလို ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူ ၅ ဦး အထိ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG) ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီ ဝင်ရောက်စီနှင်း ခဲ့တဲ့ ကျေးရွာမှာ မြေမြှုပ်မိုင်း အလုံး ( ၃၀ ) ကို တွေ့ရှိခဲ့တယ်လို့ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေး မြန်မာ/ဗမာ နိုင်ငံ ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် (၉၇) ခုမှာလည်း မိုင်းပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ခံစားနေရပြီး အဓိက အားဖြင့် လူတွေကို ပစ်မှတ်ထားထိခိုက်စေတဲ့ မိုင်းတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Homepage


*******************
၈။ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ဈာပနာကို ကရင်နီပြည်မှ NUG ကိုယ်စားလှယ်များ တက်ရောက်
March 31, 2022

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တည်ထောင်သူ ဥက္ကဌဟောင်း၊ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနားကို ကရင်နီပြည်နယ်မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီကနေ့ မတ်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ တက်ရောက်ကြပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်မဟာမိတ်တပ်မတော် (MNDAA)ကို တည်ထောင်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့က မိုင်းလားမြို့မှာ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ် ရှိပြီလို့ သိရပါတယ်။

ဈာပနာအခမ်းအနားကို မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်မှာ မတ်လ ၂၉ရက်နေ့မှ ၃၁ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မိုင်းလာမြို့မှာ ဂူသွင်းသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ အဆိုပါဈာပနာအခမ်းအနားကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA )၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ အခြားသော မဟာမိတ်အဖွဲ့အစည်းတို့မှ ခေါင်းဆောင်ကြီးတွေ၊ ကိုးကန့် ပြည်သူများနဲ့အတူ လွမ်းသူပန်းခွေချပြီး တက်ရောက် ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/
**********************
၉။ ဖယ်ခုံမြို့နယ်အတွင်း တတိယမြောက် နွေဦးစာကြည့်တိုက် ဖွင့်လှစ်
March 31, 2022

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ နွေဦးစာကြည့်တိုက် အမှတ်(၃)ကို ဖွင့်လှစ်ခဲ့တယ်လို့ ရန်ကုန်နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဆိုပါတယ်။ တတိယမြောက် နွေဦးစာကြည့်တိုက်ကို ထပ်မံဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မတ်လ (၂၈)ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်းမှာ နွေဦးစာကြည့်တိုက် အမှတ်(၁)နဲ့ အမှတ်(၂)ကို ဒီးမော့ဆိုမြို့နယ် မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စာကြည့်တိုက်အတွက် ပစ္စည်းတွေ သယ်ယူရတဲ့နေရာမှာ အခက်အခဲရှိသလို ရေရှည် ဖွင့်လှစ်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ် တယ်လို့ ဆိုပါတယ်။

လက်ရှိ ထပ်မံဖွင့်လှစ်လိုက်တဲ့ စာကြည့်တိုက်မှာ သုတ၊ ရသ၊ ဘာသာပြန်၊ကာတွန်း၊ အင်္ဂလိပ်စာပေ၊ နိုင်ငံရေး၊ကဗျာ၊ ကလေးပုံပြင်နဲ့ ရုပ်ပြ စတာတွေကို ထားရှိပေးထားပြီး စာအုပ်ပေါင်း(၃၀၀၀)ခန့် ထားရှိထားတယ်လို့ သိရပါတယ်။

Homepage


**********************
၁၀။ ယနေ့နံနက်တွင် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ပြီး နေအိမ်ပျက်စီးမှုရှိ
March 31, 2022

ဒီကနေ့(မတ်လ၃၁ရက်) နံနက်(၇)နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ကရင်နီပြည်နယ်၊ ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ ဒေါခူလီကျေးရွာအတွင်း ကျရောက်ပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားတယ်လို့ KNDF B-10က ဒီကနေ့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ဒီကနေ့ မနက် ၉ နာရီခွဲအချိန်ထိ လက်နက်ကြီး ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ အနီးအနားကကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ခြေအနေ အတိအကျကိုတော့ မသိရသေးပါဘူး။ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ပြီးခဲ့တဲ့ မတ်လ(၁၃)ရက်နဲ့ (၁၈)ရက်မှာလည်းဒီးမော့ဆို အရှေ့ဖက်ခြမ်း တနီးလားလဲကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ သလို နေအိမ်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ အရပ်သားပြည်သူ ထိခိုက် ဒဏ်ရာရသူ ၁၇၇ ဦးရှိပြီး သေဆုံးသူ ၂၃၅ ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် KCSNက မတ်လ ၁၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။ https://www.kantarawaddytimes.org/
**********************
၁၁။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-09မှ စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဒဂုံ ဘီယာကို ဖျက်ဆီးခဲ့
March 30, 2022

KNDF B-09မှ စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဒဂုံဘီယာကို ဖျက်ဆီးခဲ့တယ်လို့ ဒီကနေ့( မတ်လ၃၀ရက်)နေ့မှာ ထုတ်ပြန်ထား ပါတယ်။ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Adman Goldဘီယာ၊ Red rubyဆေးလိပ်၊ Premium Goldဆေးလိပ်နဲ့ Mytel Simcardတို့ကို ယာဉ်တန်းပေါ်တင်ဆောင်ခြင်း ဖြန့်ချီရောင်းချခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထုတ်ကုန်တွေကို Boycottလုပ်ကြရန်နဲ့ ထပ်မံတိုက်တွန်းထားပြီးတွေ့ရှိပါက ထိရောက်စွာအရေးယူမယ်လို့ ထုတ် ပြန်ထားပါတယ်။ ယမန်နေ့ မတ်လ ၂၈ရက်နေ့မှာလည်း စစ်ကောင်စီထုတ်ကုန်တချို့ကို KNDFတပ်ရင်း ၁၀က ဖျက်ဆီးခဲ့တဲ့ ပုံရိပ်တချို့ကို ထုတ်ပြန်ခဲ့ပါတယ်။ https://www.kantarawaddytimes.org/
**********************
၁၂။ ဖရူဆိုမှာ ရဲစခန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံး
March 30, 2022

ဒီကနေ့( မတ် ၃၀ရက်)မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ဖရူဆိုမြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၈ဦးသေဆုံးခဲ့တယ်လို့ ဖရူဆိုPDFက ဒီကနေ့ မှာ သတင်းထုတ်ပြန်ပါတယ်။ မွန်းလွဲ ၂နာရီ ၂၀မိနစ်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁နာရီကျော်ကြာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖက် ထိခိုက်ဒဏ်ရာမရဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါ တယ်။ တိုက်ခိုက်မှုမှာ ဖရူဆိုPDF၊ KNDF B-04၊ DMO PDF တပ်ရင်း(A,B,D,G)၊ အလယ်ပိုင်းတိုင်း ၁၁၀၁နဲ့ နည်းပညာ လက်ရုံး တပ် CTU စတဲ့ မဟာမိတ် တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ ဖရူဆိုPDFက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ၊ ၂၇ ရက်နေ့မှာ ဖရူဆိုအခြေစိုက် ခမရ ၄၂၈ တပ်ရင်းကို KA၊ KNDF B-04၊ KNDF B-08 တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၁၈ရက်နေ့မှာလည်း ဖရူဆိုမြို့မ ရဲစခန်းနဲ့ ခမရ ၅၃၁တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင် စီတပ်သား ၄ဦး သေဆုံး ခဲ့ပါတယ်။ https://www.kantarawaddytimes.org/
**********************
၁၃။ ခရီးသွားပြည်သူအချို့ကို စစ်ဆေးခံရပြီး ရိုက်နှက်ခံရမှုများရှိနေ
March 30, 2022

ရန်ကုန်-လွိုင်ကော် လမ်းမကြီးတစ်လျှောက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားပြည်သူအချို့ စစ်ဆေးခံရပြီးနောက် ရိုက်နှက်ခံရမှုတွေ ရှိနေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ခရီးသွားပြည်သူ တစ်ဦးက ပြောပါတယ်။ အဓိက ဖုန်းနဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြား ( မှတ်ပုံတင်) ကိုစစ်ဆေးပြီး ဖုန်းထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဓတ်ပုံ၊ သပိတ်အတွင်းပါဝင်လုပ်ရှားတဲ့ပုံ၊ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားတဲ့ပုံ၊ သေနတ်ကိုင်ထားတဲ့ပုံ၊ ဆိုရှယ်မီဒီယာရှဲထားတဲ့ ပိုစ့်(Post) တွေ့ရှိပါက စစ်ဆေးခံပြီး ဖမ်းဆီးခံရတာရှိနိုင်တယ်လို့ အဆိုပါ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။ ဖမ်းဆီးရိုက်နှက်ခံရတဲ့ထဲ ဖယ်ခုံမြို့မှ မိန်းကလေးငယ် နှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ခရီးသွားလိုင်းကားအပါအဝင် အိမ်စီးကားလည်း စစ်ဆေးခံရပြီး လွိုင်ကော်ကို ပြန်ဝင်မယ့်ကားတွေကို အဓိကထား စစ်ဆေး တယ်လို့ ခရီးသွားပြည်သူတွေက ဆိုပါတယ်။ ဆန်၊ အဝတ်အထည်၊ အိမ် အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး သယ်ဆောင်လာတဲ့ ကားတွေကို ပိုပြီး စစ်ဆေးတယ်လို့ သိရပါတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အချို့မှာ ခရီးသွားပြည်သူထဲက မင်္သကာတဲ့ အမျိုးသားတွေကို အင်္ကျီချွတ်စစ်ဆေးတာ၊ တက်တူးထိုးတာရှိမရှိ စစ်ဆေးတာ၊ ဓတ်ပုံရိုက် မှတ်တမ်းယူတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့မှ နယ်ခြားကို သွားတဲ့လမ်းတစ်လျှောက်မှာ လွိုင်ကော်မြို့တွင်း ခလရ ၂၆၁တပ်ရင်းရှေ့၊ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂တပ်ရင်းရှေ့၊ ဖယ်ခုံဂိတ်၊ ဆောင်းပြောင်းဂိတ်၊ ပင်လောင်းဂိတ်၊ အောင်ပန်း စတဲ့နေရာတွေမှာ စစ်ကောင်စီ ဖက်မှ စစ်ဆေးရေးဂိတ်တွေကို ထားရှိတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ကူညီသူတွေလည်း ခရီးသွားလာရင်း ဖမ်းဆီးခံရ တာတွေ ရှိနေပါတယ်။ https://www.kantarawaddytimes.org/
**********************
၁၄။ CDM ကျောင်းဆရာနဲ့ ပညာရေးကောလိပ်ပထမနှစ်ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်
March 30, 2022

လွိုင်ကော်ပညာရေးကောလိပ်ကျောင်းဆင်း CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ကိုခူးလယ်ဝါးနဲ့ လွိုင်ကော်ပညာရေးကော လိပ်ပထမနှစ်ကျောင်းသား မောင်စည်သူတို့ကို လွိုင်ကော်မြို့နယ်တရားရုံးမှ မတ်လအတွင်းမှာ ထောင်ဒဏ်အသီးသီး ချမှတ် လိုက်ပါတယ်။ လွိုင်ကော်ပညာရေးကောလိပ် DTEdအပတ်စဥ်(၂၁/၁၆)ဆင်း၊ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ကိုခူးလယ်ဝါး ကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၆ရက်နေ့မှာ စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

အကြမ်းဖက်မှုကိုကျူးလွန်သူ၊ ကျူးလွန်ရန် အားထုတ်သူ၊ အားပေး ကူညီသူ၊ လှုံ့ဆော်သူ သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်မှု စတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီးနောက် ၇လအကြာမှာ လွိုင်ကော်မြို့နယ်တရားရုံးက မတ်လ ၁၄ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အလားတူ လွိုင်ကော်ပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသားဖြစ်တဲ့ မောင်စည်သူကို မတရားအသင်း ဆက် သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် စွပ်စွဲပြီး လွိုင်ကော်မြို့နယ် တရားရုံးမှ မတ်လ ၁၄ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ ပါတယ်။

ပညာရေးကောလိပ်မှ ကျောင်းဆရာလောင်းလျာများအပါအဝင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီ ဆန်ရေးလုပ်ရှားမှု CDM မှာပါဝင်ပြီး လက်နက်ကိုင်တော်လှန်တိုက်ပွဲမှာ ကျဆုံးခဲ့သူ (၁၀)ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အနယ်နယ်အရပ်ရပ်မှ အကျဉ်းထောင်အသီးသီးမှာလည်း ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသား နဲ့ ဖမ်းဆီးခံရ ပညာရေးကောလိပ်ကျောင်းသား၊ ကျောင်းသားဦးရေ ၃၀ ကျော် ရှိနေတယ်လို့ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများ ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
**********************
၁၅။ ဒေါတော်ကူးကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပြီး ဒေသခံနှစ်ဦးထိ၊ တစ်ဦးသေဆုံး
March 29, 2022

ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါတော်ကူးကျေးရွာမှာ ယမန်နေ့ မတ်လ ၂၈ရက်နေ့ ညနေ ၂နာရီဝန်းကျင်အချိန်မှာ လက်နက်ကြီး ကျရောက်ပြီး ဒေသခံနှစ်ဦး လက်နက်ကြီးစ ထိမှန်ကာ တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒေါတော်ကူးကျေးရွာအတွင်း လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲပြီး အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့တာပါ။

အမျိုးသမီးတစ်ဦးက ဦးခေါင်းထိမှန်သွားပြီး ဆေးရုံပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦး ကတော့ ညာဖက်လက်မှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရသွားတာ ဖြစ်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလားလဲကျေးရွာကို လက်နက်ကြီး ကျရောက်ခဲ့ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂၃၅ဦး သေဆုံးသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Homepage


**********************
၁၆။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုတိုးမြှင့်လာကြောင်း KHRG အစီရင်ခံစာ ထုတ်ပြန်
March 31, 2022

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသများတွင် အာဏာသိမ်းယူမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခ တိုးများလာသည်နှင့်အတူ စစ်ကောင်စီဘက်က အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများတိုးမြှင့်လာကြောင်း ယနေ့ မတ်လ ၁၃ရက်နေ့တွင် ထုတ်ပြန်သည့် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာပြည်၏ အရှေ့တောင်ပိုင်းဒေသဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသ အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင်တိုက်ခိုက်မှုများ ပိုတိုးလုပ်ဆောင်လာပြီး အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများနှင့် လူသားဒိုင်းလုပ်ဆောင်မှုများတွင် ပိုတိုး လုပ်ဆောင်လာသလို စစ်ပြေးရှောင် ဦးရေလည်းတိုးများလာကြောင်း KHRG ၏ အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပြုစုထားသည့် KHRG ၏ အစီရင်ခံစာအရ အရပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်များတွင် ပေါ်တာဆွဲခေါ်ခြင်း၊ လူသားဒိုင်းပြုလုပ်ခြင်း၊ ရိုက်နှက် ဖမ်းဆီးခြင်း၊ စစ်ပြေးရှောင်နေ အိမ်များကို ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများ၏ စားနပ်ရိက္ခာနှင့် အိမ်မွေးတိရိစ္ဆာန်များကို ခိုးယူသတ် ဖြတ်ခြင်းအပြင် နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့အရပ်သားအများအပြား ထိခိုက်သေဆုံးနေရသလို အဆိုပါ ကျူးလွန်ခံရ သူများတွင် အမျိုးသားများထက် အမျိုးသမီးနှင့် အမျိုးသမီးငယ်များ၊ ကလေးသူငယ်များမှာ ပို၍ခံစားကြရ ကြောင်း ဖော်ပြထားသည်။ https://kicnews.org/2022/03/
*******************
၁၇။ KNU တပ်မဟာ ၁နှင့် စစ်ကောင်စီတို့ မုပ္ပလင်လမ်းဆုံ တိုက်ပွဲတွင် စစ်ကောင်စီတပ် ၆ ဦးကျဆုံး
March 31, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံတွင် ယနေ့ မတ်လ ၃၁ ရက်နေ့နံနက်က ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA တပ်မဟာ-၁ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး ကျဆုံးခဲ့သည်ဟု KNU ဘက်က ပြောသည်။

မုပ္ပလင်လမ်းဆုံတွင် အခြေစိုက်ထားသည့် စစ်ကောင်စီဂိတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ ယနေ့ နံနက် ၅ နာရီအချိန်က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၆ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦးကျဆုံးခဲ့သည်ဟု KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိနစ် ၄ဝ ကျော် ကြာမြင့်သည့် ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ဒေသခံ ၂ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရပြီး မုပ္ပလင်ရွာထဲသို့ စစ်တပ်က သေနတ်ပစ်ဖောက် စစ်ဆေးမှုများလည်း ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ https://kicnews.org/2022/03/

၁၈။ မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ခရီးသွားကား၊ ကုန်စည်ကားများ ရာချီ ပိတ်မိနေ
March 30, 2022

လတ်တလော စစ်ရေးတင်းမာနေသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ပေါ်တွင် ခရီးသွားကားများနှင့် ကုန်စည်ကားများ ရာချီပိတ်မိနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိသည်။ မြဝတီ-ကော့ကရိတ်အာရှလမ်းအား မတ်လ ၂၇ရက် နေ့မှစ၍ လမ်းအသုံးပြုမှုမလုပ်ရန် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ပြည်သူများသို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ပြီးသည့်နောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်လိုလိုဖြစ်ပွားခဲ့ရာ အရပ်သားကားများ ပစ်ခတ်မီးရှို့ခံရသဖြင့် လူအသက်သေဆုံးသည့်ဖြစ်စဉ်များရှိလာသည်။

ယမန်နေ့ မတ်လ ၂၉ ရက်တွင်လည်း မြဝတီ ကော့ကရိတ် အာရှလမ်းသစ် ကော့နွဲ ရွာနှင့် တောနော်ချောင်းတံတားဘက်တွင် အိမ်စီးကား ၂ စီး၊ ကုန်ကား ၂ စီးတိုက်ပွဲ ဖြစ်နေချိန် ပစ်ခတ်မီးရှို့ခံခဲ့ရသလို အရပ်သားကားများ၊ ကုန်စည်ကားများ မြဝတီ ဘက်နှင့် ကော့ကရိတ်မြို့ဘက်သို့ ပြန်ဆုတ်ကာ အစီးရေ ရာချီလမ်းပိတ်နေကြောင်းဒေသတွင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

အဆိုပါ အာရှလမ်းသစ်လမ်းပိုင်းမှတစ်ဆင့် ဝေါလေ-သေ့ဘောဘိုးဘက်သို့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းများ အရပ်သား ကားများ အသုံးပြုတက်လာနေသည့် သတင်းကြောင့် ကော့ကရိတ်ဒေသ KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေသလို အဆိုပါ လမ်းပိုင်းဖြစ်သည့် ကျောက်ခက်၊ ဘလယ်ဒိုကျေးရွာဘက်တွင်လည်း စစ်ကောင်စီ စစ်ကြောင်း များနှင့် KNLA ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲနေ့စဉ်ဖြစ်ပွားသည့်အတွက် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် သောင်ရင်းမြစ်ဘေးတွင် သွားရောက်တိမ်းရှောင်ခဲ့ကြရသည်။ https://kicnews.org/2022/03/
*******************
၁၉။ စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံစတင်ကျင်းပ၊ KNU ဥက္ကဌ တက်ရောက်
March 29, 2022

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(NCA-EAOs)၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့ မတ်လ ၂၉ ရက်နေ့မှစ၍ မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနှစ်မျိုးဖြင့် စတင်ကျင်းပနေပြီး ညီလာခံတွင် လည်း ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံကို ယနေ့ မတ်လ ၂၉ ရက်နေ့မှစ၍ ဧပြီလ ၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံတွင် မည်သည့် အကြောင်းအရာများ ဆွေးနွေးသွားမည်ကို မသိရသေးသော်လည်း ယနေ့ ညီလာခံ ဖွင့်ပွဲအခမ်း အနားတွင် ဦးဆောင် သဘာပတိများအဖြစ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဌ နိုင်ဟံသာ စသည့် ခေါင်းဆောင်များက ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြကြောင်း သိရသည်။

PPST စုဖွဲ့မှုအတွင်း KNU အနေဖြင့် တရားဝင် နုတ်ထွက်ကြောင်း ဖော်ထုတ်ပြောဆိုခြင်းမရှိသေးသော်လည်း ယခင် PPST ၏ အစည်းအဝေးဆွေးနွေးမှုများတွင် KNU ကိုယ်စားလှယ်ခေါင်းဆောင်များ ပါဝင်ခြင်း မရှိခဲ့ကြောင်း တွေ့ရပြီး ယနေ့ ညီလာခံ ဖွင့်ပွဲသို့ KNU ဥက္ကဋ္ဌ တက်ရောက် ပါဝင်မှုသည်လည်း KNU ကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အွန်လိုင်းစာမျက်နှာတွင် ပြန့်နှံ့လာသည့် ၎င်း၏ မိန့်ခွန်းစာများအရ သိရသည်။ https://kicnews.org/2022/03/
*******************
၂၀။ KNU တပ်မဟာ ၆ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့် ကျဆုံးဟုဆို
March 29, 2022

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုးရွာအနီးတွင် ဖြစ်ပွား ခဲ့သော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့တို့အကြား နှစ်ရက် အတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဝ ဦးခန့်ကျဆုံးကာ လက်နက်ခဲ ယမ်းအမြောက်အများလည်းသိမ်းဆည်းရမိသည်ဟု တော်လှန်ရေးပူးပေါင်းအင်အားစုအဖွဲ့ဘက်က တာဝန်ရှိသူများက ပြောဆိုသည်။

စစ်ကောင်စီ၏ တပ်မ ၄၄ နှင့် မြဝတီဒေသအခြေစိုက်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့အင် အား ၃ဝဝ ကျော်သည် မတ်လ ၂၇ ရက်နေ့က မြ၀တီ-ဝေါလေလမ်းမ ဘလယ်ဒို့ကျေးရွာအနီးတွင် ထိုးစစ်ဆင်လာပြီး တော်လှန်ရေးပူးပေါင်း အင်အားစုအဖွဲ့နှင့် မတ်လ ၂၇ ရက်တွင် တစ်ကြိမ်၊ ၂၈ ရက်နေ့တွင် ၂ ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့မတ်လ ၂၉ ရက်နေ့တွင် ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲကြောင့် ဘလယ်ဒို့ ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံ ၂ဝဝဝ ကျော်ထိုင်းဘက်သို့ စစ်ဘေးတိမ်းရှောင် နေကြရသည်ဟု KNU တပ်မဟာ ၆ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ https://kicnews.org/2022/03/
*******************
၂၁။ မတူပီမြို့နယ် ဝေတူးကျေးရွာ ပြည်သူအားလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြရ
MARCH 31, 2022

မတူပီမြို့နယ်၊ ဝေတူးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားဖြည့်တင်းမှုများရှိနေသောကြောင့် မတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ကျေးရွာနေပြည်သူ အားလုံးနီးပါး လွတ်မြောက်နယ်မြေနှင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရ သည်ဟု သိရသည်။

ဝေတူးကျေးရွာသို့ မတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်က နယ်မြေရှင်း လင်းရေး ပြုလုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ပြည်သူများကို ဖမ်း ဆီခြင်းနှင့် ပြည််သူများ၏ ဖုန်း ၂၄ လုံးကိုလည်း သိမ်းယူခဲ့သောဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ ရွာထဲသို့မနေရဲကြ တော့ပဲ ထွက်ပြေကြခြင်းဖြစ်သည်။

မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသော ဝေတူးကျေးရွာတွင် လူဦးရေ ခန့်မှန်းချေ ၂၅၀ ဝန်းကျင်ရှိပြီး မတူပီမြို့ အရှေ့ဖက် စစ်ဗျူ ဟာကုန်းနှင့် မျက်နှာချင်းဆိုင် ကျေးရွာဖြစ်ကြောင်း သိရသည်။ မတူပီမြို့သည် စစ်ကောင်စီတပ် စစ်ဗျူဟာအခြေစိုက်ရာ ဒေသနှင့် ခမရ ၃၀၄ နှင့် ၁၀၄ တပ်ရင်းနှစ်ရင်းတပ်စွဲ ရာဒေသဖြစ်သည်။ ယခုလက်ရှိတွင်လည်း မတူပီမြို့သို့ စစ်အင်အား ဖြည့်တင်းရန် မင်းတပ်မြို့မှ စစ်ကောင်စီယာဉ်တန်း ကားအစီး ၈၀ ကျော်နှင့် ချီတက်လာကြပြီး CDF-Mindat တပ်ဖွဲ့နှင့် လမ်းခု လတ်တွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ https://khonumthung.org/
*********************
၂၂။ မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီဘက် ၁၅ ဦးခန့်သေဆုံး
MARCH 30, 2022

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ချီတက်သွားတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်း ၈၀ ကျော် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မတ်လ ၂၆ ရက်နေ့ကတည်းကနေ တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် နဲ့ CDF-Mindat တပ်ဖွဲ့တို့ဟာ မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ မှာ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးခဲ့ပြီး ဒီကနေ့မှာလည်း စစ်ကောင်စီဘက်က ၁၅ ဦး လောက် သေဆုံးခဲ့တယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်က ဆက်သွယ်ရေးဖုန်းလိုင်းတွေကလည်း ဖြတ်တောက် ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှေ့တန်းနဲ့နောက်တန်း ချိပ်ဆက်မှုမရှိအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ မတ်လ ၂၄ ရက်နေ့က မင်းတပ်မြို့ကို ရောက်ရှိလာပြီး စစ်ဗျူဟာအခြေစိုက်ရာနဲ့ တပ်ရင်း ၂ ရင်းအခြေစိုက်ထားတဲ့ မတူပီမြို့ဘက်ကို ဆက်လက်ချီတက်ထွက်ခွါရာမှာ CDF-Mindat တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ https://khonumthung.org/
*********************
၂၃။ မင်းတပ်-မတူပီလမ်းတွင် CDF- Mindat နှင့်် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံး အရှိ
MARCH 29, 2022

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှ မတူပီမြို့သို့ ထွက်ခွါသည့် တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းနှင့် CDF-Mindat တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့ကစ၍ နှစ်ဖက်ထိတွေ့မှု စတင်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်နှင့် CDF-Mindat တပ်ဖွဲ့တို့သည် မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ တွင် မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့်သေဆုံးခဲ့သည်ဟု CDF-Mindat ကထုတ်ပြန်သည်။

ယခုလက်ရှိတွင် မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်ရှိ ဖုန်းလိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ဖြတ်တောက်ထားပြီး တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်ကိုမူမသိရသေးကြောင်း CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ မကွေးတိုင်း၊ ကျောက်ထုဘက်မှ မင်းတပ်မြို့သို့ရောက်ရှိလာသည့် တင့်ကားနှစ်စီးနှင့် ကားအစီး ၈၀ ကျော်ပါသော စစ်ကောင်စီ ယာဉ်တန်း သည် မင်းတပ်မြို့မှ မတူပီမြို့သို့ မတ်လ ၂၅ ရက်နေ့က ဆက်လက်ထွက်ခွါကာ CDF-Mindat တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၇ ရက်နေ့က မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၂၃- ၂၄ တွင် ညအိပ် ကာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွါလာပြီး နှစ်ဖက်ထိတွေ့မှုများတောက်လျှောက်ဖြစ်လာနိုင်သည်ဟု သိရသည်။ မင်းတပ်မြို့နှင့် မတူပီမြို့သည် ၁၀၂ မိုင် ခန့်ကွာဝေးပြီး စစ်ကောင်စီယာဉ်တန်းသည် ယနေ့ညတွင် မင်းတပ်မြို့နယ်အတွင်း မိုင်တိုင် ၃၀၊ ၃၁ တွင် ညအိပ်ကြမည်ဟု ခန့်မှန်းရပြီး မတူပီမြို့သို့ ဝင်ရောက်ရန် အနည်းဆုံး ရက်သတ္တပတ်နှင့် ဆယ်ရက်ခ န့် ကြာမြင့်နိုင်ကြောင်း CDF- Mindat ပြောရေးဆိုခွင့်ရှိသူကပြောသည်။ https://khonumthung.org/
*********************
၂၄။ ဟားခါးမြို့နယ် သီနမ်းကျေးရွာက လူနေအိမ် ၉ လုံးကို စစ်ကောင်စီက မီးရှို့
MARCH 29, 2022

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားခါး- ဂန့်ဂေါ်ကားလမ်းမပေါ်တွင်ရှိသော သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူ ပိုင်အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ဖျက် ဆီးခဲ့သည်ဟု သိရသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂၆ ရက်နေ့က သီနမ်းကျေးရွာသို့ဝင်ရောက်လာပြီး နှစ်ခြင်းဘုရား ကျောင်းနှင့် ယုံကြည်သူများအသင်းတော်ဘုရားကျောင်းတွင် ၂ အိပ်ကြပြီးနောက် ယနေ့မတ်လ ၂၈ ရက်နေ့တွင် လာမ်သုတ် ကျေးရွာဘက်သို့ ပြန်လည်ထွက်ခါနီးတွင် လူနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ဟားခါးမြို့မှ ၃၆ မိုင်ခန့်ဝေးသော သီနမ်းကျေးရွာသည် အိမ်ခြေ ၁၀၅ အိမ်ရှိပြီး လူဦးရေ ၇၀၀ ဝန်းကျင်ခန့်နေ ထိုင်ကြသည်။ ၎င်းတို့ကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့များ မဝင်ရောက်ခင်ကတည်းက သတင်းရရှိကြသည့် အတွက် တရွာလုံးတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သီနမ်းဒေသခံကပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၇ ရက်နေ့ကတည်းက ဟားခါး-ဂန့်ဂေါလမ်းဘက် သို့ စစ်ကြောင်းချီ လာပြီး ဒီရက်ပိုင်းအတွင်း ဇိုခွါ၊ ရွာဗန်းကျေးရွာဘက်တွင် ချင်းအမျိုးသားတပ်မတော် CNA, CDF-Hakha တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဟားခါး-ဂန့်ဂေါလမ်းမပေါ်ရှိ နီပီး၊ ဇိုခွါး၊ ရွာဗန်၊ သီနမ်း၊ မာလ်ဆောမ်စသည့် ကျေးရွာမှ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွါကာ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ https://khonumthung.org/
*********************
၂၅။ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြေဆိုသူ ၂၂၅၉ ဦးရှိ၊ ၇၀၁ ဦး ပျက်ကွက်
APRIL 1, 2022

စစ်ကောင်စီလက်အောက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့က စတင်ဖြေဆိုခဲ့ကြပြီး ချင်းပြည်နယ်တွင် စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့်အနက် စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်းမှာ ၂၂၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၃၂% ရှိကာ ပျက်ကွက်သူဦးရေ စုစုပေါင်း ၇၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ မြို့နယ်တို့မှာ စာမေးပွဲဖြေဆိုသူရှိခဲ့ပြီး ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် မြို့နယ်တို့တွင်ဖြေဆိုသူမရှိခဲ့ကြပေ။ https://khonumthung.org/
*********************
၂၆။ ဟားခါးမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစင်း ပျက်ကျ
MARCH 30, 2022

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့နံနက်ပိုင်း ၉ နာရီမိနစ် ၂၀ ခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရဟတ်ယာဉ်တစင်း ပျက်ကျမှုဖြစ် ပွားခဲ့သည်ဟု သိရသည်။

အဆိုပါရဟတ်ယာဉ်သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာသည့် ရဟတ်ယာဉ် ဖြစ်ပြီး ဟားခါးမြို့သို့အဆင်းတွင် ထိုကဲ့သို့ ပျက်ကျသွားခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ်ဦးက ပြော သည်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးမှုမရှိသော်လည်း ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ https://khonumthung.org/
*********************
၂၇။ NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံ လျှောက်ထားမှု ပယ်ချခံရ
၂၀၂၂ မတ် ၂၉

မော်လမြိုင် NLD ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်၏ ကျန်းမာရေး အာမခံလျှောက်ထားမှု ပယ်ချခံရကြောင်း သိရသည်။ ဒေါ်နွယ်နွယ်အောင်သည် နှလုံးရောဂါ ခံစားနေရသောကြောင့် ပြီးခဲ့သည့် ရုံးချိန်းတွင် ၎င်း၏ ရှေ့နေ့အဖွဲ့မှ ကျန်းမာရေးအာမခံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၂၉ရက် ရုံးချိန်းမှာတော့ အာမခံလျှောက်ထားမှုကို မော်လမြိုင်မြို့နယ် တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့်အပြင် ငွေကြေး ထောက်ပံ့နေသည်ဟုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။ ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုတရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါ်နွယ်နွယ်အောင်ကို လက်ရှိတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒေါ်နွယ်နွယ်‌အောင်သည် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သလို မော်လမြိုင် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ https://burmese.monnews.org/2022/03
*****************
၂၈။ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး
(၂၀၂၂၊ မတ်လ ၂၈)

ရေးမြို့နယ် တူးမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၏ အစ်မဖြစ်သူ မတ်လ ၂၇ ရက်က နံနက်ပိုင်းတွင် နေအိမ်၌ သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ သိရသည်။ ဦးသန်းထွန်းကို သေနတ်ဖြင့် လာရောက်ပစ်ခတ်စဥ် အစ်မဖြစ်သူ၏ ရင်ဘက်တွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းမှာ ရေးမြို့ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် အလိုရှိကြောင်း ကြေငြာခံထားရသည့် ရေးဘီလူးအဖွဲ့ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က အစင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ သေးသည်။

ရေးဘီးလူးအဖွဲ့က သတင်းပေးဟု စွပ်စွဲခံရသူ ပရဟိတလုပ်ကိုင်ဆောင်ရွက်သူ တပ်မတော် အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်း ဆရာမ ၁ ဦးအပါအဝင် အနည်းဆုံး ၃ ဦးထက်မနည်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
https://burmese.monnews.org/2022/03
*****************
၂၉။ မြဝတီမှ မော်လမြိုင်သို့ပြန်လာသည့်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး
(၂၀၂၂ မတ်လ ၂၈)

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ယာယီဘေလီတံတားအနီးတွင် ယနေ့ (မတ်လ ၂၈ရက်) နံနက်ပိုင်းက မြဝတီမှ မော်လမြိုင်သို့ ဆင်းလာသည့် အိမ်စီးကားတစ်စီး အပစ်ခံရပြီး ကားပေါ်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပုလဲဖြူလူမှု ကယ်ဆယ်ရေးထံမှ သိရသည်။

အမျိုးသား ၅ ဦး လိုက်ပါစီးနင်းလာသည့် အနက်ရောင် Probox အမျိုးအစား ကားပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ပြီး ကားနောက်ခန်းတွင် ထိုင်သည့် သုံးဦးအနက် အလယ်မှ အမျိုးသား ကျည်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ကျည်ထိမှန်သူကို ၎င်းတို့ကိုယ်တိုင် ကော့ရိတ်ဆေးရုံသို့ ပိုဆောင်ခဲ့ပြီး သေဆုံးသူ အမျိုးသားအလောင်းကို မော်လမြိုင်သို့ပြန်လည်ယူဆောင်သွားကြောင်း လူမှုကယ် ဆယ်ရေး တာဝန်ခံက မွန်သတင်းအေဂျင်စီကို ပြောသည်။

သေဆုံးသူဘေးမှ အမျိုးသား ကွမ်းတံတွေးငုံ့ထွေးနေစဉ် ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေး ခဲ့သည့် ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းထံမှသိရသည်။ အဆိုပါ ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေ လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ ဒူးပလာယာခရိုင်က မတ်လ ၂၇ရက်နေ့တွင် စာထုတ်ပြန်ထားသည်။ https://burmese.monnews.org/2022/03/28/
*******************
၃၀။ PDF ကို ငွေထောက်ပံ့သည်ဟုဆိုကာ သံတွဲမှ အမျိုးသမီး ၃ ဦး ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရ
31 Mar, 2022

PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ အမျိုးသမီး ၃ ဦးသည် ယနေ့တွင် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံလိုက်ရကြောင်း သိရသည်။ ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့်အမျိုးသမီး ၃ ဦးမှာ သံတွဲမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်(၃၅ နှစ်)၊ ဒေါ်တင်စန္ဒာဝင်း(၂၈ နှစ်)နှင့် ဒေါ်စန်းချိုသိုက် (၄ဝ နှစ်ခန့်)တို့ဖြစ်သည်။

၄င်းတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ယနေ့ မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် သံတွဲခရိုင် တရားရုံးက ထောင်ဒဏ် ၁ဝ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေက ပြော သည်။ ၄င်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုလုပ်ကာ သံတွဲခရိုင်တရားရုံး၌ ပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း သိရသည်။

၄င်းတို့အနက် ဒေါ်ငြိမ်းအိဖြိုးကျော်နှင့် မတင်စန္ဒာဝင်းတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင်နေအိမ်မှ ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်ကာ ဒေါ်စန်းချိုသိုက်သည် နောက်ထပ် ၃ ရက်အကြာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲ၊ ငပလီ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ၁ဝ ဦးအထိရှိခဲ့သည်ဟု သိရသည်။ https://burmese.narinjara.com/news/detail/624578fa0e719f232cb31767
******************
၃၁။ ဘင်္ဂလားဒေ့ရှ်မှ အထောက်အထားမဲ့မူဆလင် ၁၁ ဦး မောင်တောနယ်စပ်ခြံစည်းရိုးမှဝင်ရောက်နေစဉ် ဖမ်းဆီးခံရ
31 Mar, 2022

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုးကိုဖြတ်ကျော်ဝင်ရောက်ရန်ကြိုးပမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အ ထောက်အထားမဲ့မူဆလင် ၁၁ ဦးသည် ယနေ့ နံနက်က ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

၄င်းတို့သည် ယနေ့ မတ်လ ၃ဝ ရက် နံနက်ပိုင်းက တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် မောင်တောနယ်စပ်ရှိ နယ်စပ်ခြံ စည်းရိုးအား ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းနေစဉ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ပါဝင်ပြီး ယင်းအထဲတွင် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် ၄င်းတို့အား သီးခြား ကော်ရန်တင်းထားရှိကာ ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးသွားမည်ဖြစ်ပြီး လဝကအက်ဥပဒေအရ အရေး ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://burmese.narinjara.com/news/detail/624556790e719f232cb31763
*****************
၃၂။ နေရာဖယ်ရှားပေးရမည့် ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၅၀ ကျော် နေအိမ်သစ် ဆောက်လုပ်ရန် ခက်ခဲနေ
31 Mar, 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ မြေနေရာမှဖယ်ရှားပေးရမည့် စစ်ဘေးရှောင်အိမ် ထောင်စု ၅၀ ကျော်သည် နေအိမ်သစ်ဆောက်လုပ်ရန် ခက်ခဲနေကြောင်း ကာယကံရှင်များက နိရဥ္စရာကို ပြောသည်။ ၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်မှစ၍ ညောင်ချောင်းကျေးရွာဘောလုံးကွင်းအနီးရှိ မြေကွက်တွင် မြေပိုင်ရှင် များထံမှ ငွေကြေးအနည်းငယ်ဖြင့် ၂ နှစ်ကြာ ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြေပိုင်ရှင်များ၌ ငွေကြေးအခက်ခဲကြောင့် စစ်ဘေးရှောင်များနေထိုင်သည့် မြေနေရာအား အခြားသူများကို ရောင်း လိုက်ရာ ဝယ်ယူလိုက်သူများက နေအိမ်ဆောက်လုပ်ရန်လိုအပ်နေသည့်အတွက် ယခုကဲ့သို့ စစ်ဘေးရှောင်များ နေရာဖယ်ရှား ပေးရခြင်းဖြစ်သည်ဟု သိရသည်။

နေရာဖယ်ပေးရမည့်စစ်ဘေးရှောင်များအား ညောင်ချောင်းကျေုးရွာ၏အများပိုင်မြေနေရာတွင် နေရာချထားရန်စီစဉ်ထားသော် လည်း နေအိမ်များဆောက်လုပ်ရန် ငွေကြေးနှင့် အိမ်ဆောက်ပစ္စည်းများအခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း ညောင်ချောင်းစစ် ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းအေးက ပြောသည်။ အဆိုပါစစ်ဘေးရှောင်စခန်းတွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်များက စစ်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာ၊ မာလာ၊ ပြိုင်းချောင်း၊ မီးဝ၊ မျောက်တောင်နှင့် သာစည် စသည့် ကျေးရွာပေါင်း ၂၂ ရွာမှ စစ်ဘေးရှောင်ဦးရေ ၄ ထောင်ခန့်ခိုလှုံလျက်ရှိသည်။
https://burmese.narinjara.com/news/detail/624555c30e719f232cb3175f
********************
၃၃။ အမ်းမှ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယနေ့တွင် နေရပ်ပြန်ပို့
30 Mar, 2022

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယနေ့တွင် နေရပ်ပြန်ပို့လိုက်ပြီဟု သိရသည်။ အမ်းမြို့ရှိ ပဲပဒုံ၊ မိုးလုံလေလုံအားကစားခန်းမနှင့် ကမ်းဒိတ်စသည့် စစ်ဘေးရှောင်စခန်း(၃)ခုမှ နေရပ်ပြန်ရန်စာရင်းပေးထားသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က နေရပ်သို့ပို့လိုက်ပြီဟု ပဲပဒုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုက နိရ ဉ္စရာကိုပြောသည်။

ယခုပြန်သွားသူများတွင် အိမ်ထောင်စု ၃ဝရ စုပါဝင်ပြီး အမ်းမြို့နယ် ဒါးလက်ချောင်းဒေသဘက်မှ ဖြစ်ကြသည်ဟုလည်း သိရ သည်။ နေရပ်ပြန်ပို့လိုက်သူများအတွက် ငွေကြေးအချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ပြည်နယ်အစိုးရက ထောက်ပံ့ လိုက်သည်ဟု သိရသည်။

လက်ရှိ အမ်းမြို့တွင် စစ်ဘေးရှောင်ဦးရေ ၁ဝဝ ကျော်သာကျန်ရှိတော့ပြီး ၄င်းတို့၏ရပ်ရွာအနီးတို့တွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များကို အစိုးရက ရှင်းလင်းမပေးသေးသည့်အတွက် နေရပ်ပြန်ရန်အဆင်သင့်မဖြစ်သေးဟု ပဲပဒုံစစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးသန်းချိုက ပြောသည်။ အမ်းမြို့ရှိ စစ်ဘေးရှောင်လူဦးရေ ၇၀၀ ခန့်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က ပြည်နယ်ကောင်စီက နေရပ်ပြန်ပို့ခဲ့သည်။
https://burmese.narinjara.com/news/detail/62440ae30e719f232cb31757
******************
၃၄။ သျှမ်းတောင် စစ်ကောင်စီ စစ်အင်အား ဖြည့်နေ
April 1, 2022

ပြီးခဲ့သည့် မတ်လကုန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် မိတ္ထီလာမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ် များထံသို့ တပ်သားအင်အား အများအပြား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ မတ်လ ၂၈ ရက်နေ့တွင် စစ်သားအင်အားနှင့် စားနပ် ရိက္ခာ အပြင် လက်နက်များကိုင်ဆောင်ထားသည့် စစ်ကား အစီးရေ ၇၀ ကျော်သည် ကလောမြို့ကို ဖြတ်ပြီး တောင်ကြီးဘက်သို့ ဦးတည်မောင်းနှင်သွားကြောင်း မြင်တွေ့ရသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကားအစီး ၇၀ ကျော်များအနက် စစ်ကား ၁၀ စီးကျော်သည် ရွှေညောင်လမ်းခွဲမှ ရပ်စောက်ဘက်သို့ ဆင်းသွားပြီး တောင်ကြီးမြို့ဘက်သို့ စစ်ကားအစီးရေ ၅၀ ကျော် ရောက်လာကြောင်း သိရသည်။ အဆိုပါ စစ်ကားတို့သည် တောင်ကြီးမြို့မှ သျှမ်းပြည်တောင်ပိုင်းရှိ နမ့်စန်မြို့အခြေစိုက် စစ်တပ် အမှတ် ၂၄၇ သို့ အင်အားဖြည့်တင်းရန်အတွက်ဟု ဒေသခံများက ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပါ။

ထို့အပြင် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအတွင်းသို့လည်း စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကား ၁၀ စီး ဝန်းကျင် ရောက်ရှိလာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် ရပ်စောက်မြို့ရှိ ဗထူးတပ်အတွင်း စစ်ရေးလေ့ကျင့်နေသည့် စစ်သားများစွာလည်း မြင်တွေ့နေရသည့် အတွက် စစ်ဆင်ရေးအတွက် ပြင်ဆင်နေကြခြင်းဖြစ်မည်ဟု ဒေသခံများက ထင်မြင်မိကာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

သျှမ်းတောင် စစ်ကောင်စီ စစ်အင်အား ဖြည့်နေ


*****************
၃၅။ ရွာငံမြို့နယ် အမျိုးသားတစ်ဦး အသတ်ခံရ
March 31, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာသို့ အလည်ရောက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံလိုက် ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် အလယ်ချောင်ကျေးရွာ အနောက်ကုန်း ရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ အလည်ရောက်ရှိနေသည့် စစ်တပ်သတင်းပေး ဟု နာမည်ထွက်နေသည့် အမျိုးသား တစ်ဦး အသတ်ခံရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုညီထွေးသည် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။ ဖြစ်စဥ်များဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကားများက ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ဆေးရုံကားမှ အလောင်း ကို လာရောက်သယ်ဆောင်သွားကြောင်း သတင်းသိရသည်။

ကိုညီထွေးသည် အလယ်ချောင်ကျေးရွာအတွင်း PDF နှင့် ဆက်စပ်ပတ်သက်သူများရှိသည်ဟု စစ်တပ်ကို သတင်းပေးသူဖြစ်ပြီး ၎င်းကို ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG) နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ (၄)မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ကိုညီထွေး အသတ်ခံရခြင်းနှင့် ပတ်သက် ပြီး ရွာငံမြို့ ပြပြောက်ကျား တပ်ဖွဲ့(YUG) နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တို့ကို ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ https://burmese.shannews.org/archives/27576
*******************
၃၆။ ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး
March 31, 2022

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခဲ့သဖြင့်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက် ညနေပိုင်းတွင် ကျောက်မဲ စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြို့တွင်း နေရာ တော်တော်များများတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ကောင်စီတို့မှ စစ်ဆေးရိုက်နှက်မှု ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ သေဆုံးသူမှာ စိုင်းပီး (၄၁)နှစ်ဖြစ်ပြီး ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာတွင်နေထိုင်သူဖြစ်ကာ ယမန်နေ့ (မတ် ၃၀) နေ့လည် ၃ နာရီတွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတို့မှ မကြာခဏ ဖမ်းဆီးမှုလည်း ရှိနေပြီး ထို ဖမ်းဆီးခံရသူများ အား ငွေကြေးဖြင့် ပြန်လည် ထုတ်ယူရကြောင်း သိရသည်။ ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ရပ် ကွက် (၉)တွင် နေထိုင်သည့် စစ်ဘေးရှောင် ပြည်သူ တစ်ဦးအား စစ်ကောင်စီတို့မှ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး နေအိမ်တွင်းရှိ ပစ္စည်း များလည်း ယူဆောင်သွားကြောင်း သိရသည်။ https://burmese.shannews.org/archives/27568
****************
၃၇။ ပင်လုံမြို့ မှတ်ပုံတင်လုပ်သူ ငွေကျပ်၂ သောင်းပေးဆောင်ရ
March 31, 2022

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အတွင်း မှတ်ပုံတင်လုပ်သူများ တစ်ဦးလျှင် ငွေကျပ် ၂ သောင်း ပေးဆောင်ရကြောင်း စုံစမ်း သိရှိရသည်။ ယခု မတ်လအတွင်း ပင်လုံမြို့တွင်း ကွင်းဆင်းပြီး မှတ်ပုံတင်လုပ်ပေးရာတွင် ရန်ပုံငွေဟု အကြောင်းပြပြီး မှတ်ပုံတင်လာလုပ်သူ တစ်ဦးကို ၁ သောင်းခွဲ မှ ၂ သောင်းကျပ်ထိ ပေးဆောင်ရကြောင်း ပင်လုံမြို့ဒေသခံများက ပြောသည်။

ထို့အပြင် မှတ်ပုံတင်ကို အလျင်မြန်လိုချင်သူများက ငွေ ၅ သောင်းကျပ်ပေးဆောင်ရပြီး၊ တရက်လျှင် လူဦးရေ ၃၀ နီးပါး လုပ်ပေးနေကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံရေး၏ နိုင်ငံရေးအခြေနေနှင့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်ဖြစ်ပြီး ယခုကဲ့သို့ ငွေပေးဆောင်ရသောကြောင့် ပြည်သူများက ပိုခက်ခဲလာကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီကလည်း လာမည့် ဧပြီလ ကစပြီး အသက် (၁၆)နှစ် ပြည့်သူတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားရမည် ဟု ထုတ်ပြန်ထားသည်။

မြန်မာပြည်သူများအနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့က စပြီး ခရီးသွားပါက နိုင်ငံသားကတ်(မှတ်ပုံတင်) တရားဝင်ထုတ် ထားသည့် မှတ်ပုံတင်ဖြင့်သာ အသုံးပြုရန် စစ်ကောင်စီ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ https://burmese.shannews.org/archives/27572
*******************
၃၈။ တိုင်းရင်းသားချင်းချင်း ပစ်ခတ်မှုသည် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဟန့်တားနေသူ ဟု SWAN ပြောဆို
March 29, 2022

သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများသည် ပြည်သူလူထုတို့အတွက် ငြိမ်းချမ်းရေး နှင့် သာယာဝပြော ရေးတို့ကိုအကြောင်းပြပြီး အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကာ ပြည်သူလူထုတို့ လိုလား တောင့်တသည့် တည်ငြိမ်းအေး ချမ်းရေးအတွက် နှောက်ယှက်ဟန့်တားနေကြောင်း SWAN က ပြောဆို လိုက်သည်။ ထိုပြောဆိုချက်သည် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN ) ဖွဲ့စည်းတည်ထောင်ခြင်း (၂၃) နှစ် ပြည့် အနေဖြင့်ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြမည်ဟု ခေတ်အဆက်ဆက် ကြွေးကြော်လာခဲ့ကြသည့် သျှမ်းပြည်တွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် မိမိတို့အချင်းချင်းကြား ဖြစ်ပွား နေသည့် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် SWAN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်းပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အချင်းချင်း နိုင်ငံရေးလမ်းကြောင်း တူညီမှုမရှိသော်လည်း နိုင်ငံ ရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ကြောင်း ယိင်းစံဟွမ် ကပြောသည်။ ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုရှိလျှင် အမျိုးသမီး နှင့် ကလေးများ အများဆုံး ထိခိုက်နစ်နာမှုရှိပြီး ပညာရေး နှင့် ကျန်းမာရေး တို့လည်း နစ်နာ ဆုံးရှုံးရကြောင်း SWAN ကထောက်ပြ ပြောဆိုလိုက်သည်။ https://burmese.shannews.org/archives/27560
*******************
၃၉။ နမ္မတူမြို့နယ် ရှရှားတောင်အနီး ပစ်ခတ်မှုဖြစ်
March 28, 2022

သျှမ်းပြည်မြောက်ပိုင်း ရှရှားတောင် အနီးတစ်ဝိုက်တွင် လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် ဘော်တွင်း နှင့် ရုရှားတောင် အနီးတစ်ဝိုက် တွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး လက်နက်ကြီးပစ်ခတ်သံများပါ ကြားရကြောင်း နမ္မတူမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ညအချိန်တွင် ထွက်ပေါ်လာသည့် ပစ်ခတ်သံများကြောင့် အသံငြိမ်သွားသည့်တိုင်အောင်ဒေသခံ ပြည်သူများက ထိတ်လန့် ပြီး ယခုအချိန်ထိ မအိပ်ရဲကြသေးကြောင်း ဆက်ပြောသည်။ အဆိုပါ ပစ်ခတ်မှုသည် ရုရှားတောင်နားရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟုသာ သိရပြီး မည်သည့် အဖွဲ့အစည်း ဆိုတာတော့ အတည်ပြုချက် မရရှိသေးပါ။

နမ္မတူမြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် TNLA တပ်ဖွဲ့၊ SSPP/SSA တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။ https://burmese.shannews.org/archives/27549
*****************

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button