တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

KNDO စစ်ဦးစီးချုပ်အသစ် ဗိုလ်ချုပ်စောရှီးလေ့ကို ခန့်အပ်

ဓါတ်ပုံ – တာဝန်မှ ရပ်နားခံရသော ဗိုလ်ချုပ်စောနယ်ဒါးမြကို တွေ့ရစဉ်။
ဓါတ်ပုံ – တာဝန်မှ ရပ်နားကြောင်း ကရင်ဘာသာဖြစ် ထုတ်ပြန်ချက်။

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၉၊ ၂၀၂၂

ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ နှင့် သူရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ဗိုလ်မှူးကြီးစောဘာဝါးနှစ်ဦးကို တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၇ ရက်နေ့မှာ စာထုတ်ပြန်လိုက်ကြောင်း ယင်းသတင်း အရင်းအမြစ်ဖြစ် နီးစပ်သည့် ကရင်ဒေသ သတင်းဌာနများက ဖော်ပြထားကြသာ တွေ့ရပါတယ်။

“KNU Executive Committee ရဲ့ ၃၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါ်လေဒေက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလက လူ ၂၅ ဦးသတ်မှုနဲ့ပတ်သက်လို့ စောနယ်ဒါးမြနှင့် စောဘာဝါးတို့နှစ်ဦးကို ၎င်းတို့၏တာဝန်နှင့်ရာထူးအသီးသီးမှ ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း” KNU ရဲ့ ကာကွယ်ရေး ဌာန ဥက္ကဌ ဗိုလ်မှူးကြီး စောရောဂျာခင် လက်မှတ်ရေးထိုးထားတဲ့ ကရင်ဘာသာဖြစ် ထုတ်ပြန်ထားသည့် ကြေညာချက်တစောင် ဖော်ပြထားသာကို တွေ့ရပါတယ်။

KNU ဗဟိုနှင့် နီးစပ်သူ တချို့ကလည်း “Investigation team က စစ်ဆေးတဲ့ အချိန်မှာ တာဝန်က ခေတ္တရပ်တာပေါ့ အခု investigation team က သူ့တာဝန်ပြီးမြောက်တော့ တာ၀န်ရပ်ဆိုင်းလိုက်တာပေါ့“ဟု အတည်ပြုပြောဆိုထားပါတယ်။

ထုန်ပြန်ချက်သည် မှန်ကန်ကြောင်း KNU ဗဟိုနဲ့နီးစပ်သည့် သတင်းရင်းမြစ်ကလည်း အတည်ပြုကြောင်း ဒေသ ကရင်သတင်းဌာနများကလည်း ဖော်ပြကြပါတယ်။

KNDO ရဲ့ယာယီစစ်ဦးစီးချုပ်အသစ်ကိုတော့ KNDO ရဲ့ ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောရှီးလေ့ကို ခန့်အပ်ထားကြောင်း စာမှာဖော်ပြထားပါတယ်။

ယမန် ၂၀၂၁ ခုနှစ် ဇူလိုင်လက ဗိုလ်ချုပ်စောနယ်ဒါးမြ နှင့် ဗိုလ်မှူးကြီးစောဘာဝါးတို့ကို တာဝန်မှ ရပ်စဲကြောင်း KNU က ကြေညာခဲ့ဖူးပြီး  ဗိုလ်ချုပ်စောနယ်ဒါးမြက KNU ၏ ယင်းဆုံးဖြတ်ချက်ကို ပြန်လည် ပြစ်တင်ဝေဖန်ခဲ့ သလို လက်မခံကြောင်းလည်း ဇူလိုင် ၁၁ က ပြောခဲ့ပါသေးတယ်။

ပြီးခဲ့သည့် ၂၀၂၁နှစ် မေလ ၃၁ ရက်နေ့က မြဝတီခရိုင် ဝေါလေမြို့နယ် ကနဲလေး-မော်ခီးသွား ကားလမ်း၊ အူးဟူချောင်း တံတား တည်ဆောက်ရေးလုပ်ငန်းခွင်နေရာမှ အလုပ်သမားဆိုသူ ၄၇ ဦးအား KNDO က ဖမ်းဆီးခဲ့ပြီးနောက် ၂၂ ဦးအား ပြန်လွှတ်ပေး ခဲ့ကာ ၂၅ ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည့်အတွက်KNDO စစ်ဦးစီးချုပ်က သေဆုံး သွားသူ အားလုံးမှာ အရပ်သားများမဟုတ်ဘဲ ဆောက်လုပ်ရေး အသွင်ဆောင်ထားသည့် စစ်ကောင်စီတပ် ဖွဲ့ဝင်များ ဖြစ်ကြောင်း ဖမ်းဆီးရမိချိန်တွင် သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ၏ ရာထူး၊ ရာခံ အဆောင်အယောင်များနှင့်တကွ ပြန်လည်ရှင်းလင်းထုတ်ပြန်ပြီး ၎င်းတို့၏ နယ်မြေအတွင်းသို့ စုံစမ်း ထောက်လှမ်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း ရှင်းလင်း ပြောဆိုထားပါတယ်။

Related Articles

Back to top button