ဖက်ဒရယ်လစ်ဇင်အကြောင်း

အာဏာပိုင်းခြားသုံးစွဲခြင်း (Separation of Powers)

အာဏာပိုင်းခြားသုံးစွဲခြင်း (Separation of Powers)

ကျောင်းပိတ်ရက်ဆို ကစားကွင်းမှာ သူငယ်ချင်းတွေ အတူတူဆုံပြီး သွားဆော့ရတာ ပျော်စရာတစ်မျိုးပါ။ ဒီအပတ် ပိတ်ရက်မှာ ဉာဏ်ကျယ်လေးဖော်တို့ကတော့ စိတ်ကြိုက်ဆော့ဖို့ ကစားကွင်းသွားကြတယ်။

အားရပါးရ ကစားကြပြီးတဲ့အခါ မောလာတော့ မုန့်စားရင်းအပန်းဖြေဖို့ အရိပ်အခက်ကောင်းတဲ့ အပင်ကြီးတစ်ပင် အောက်မှာ ထိုင်နားလိုက်ကြတယ်။ ဗိုက်ဆာလို့ စားတဲ့သူက စား၊ မောလို့နားတဲ့သူက နားနဲ့ပေါ့။

အဲ… အမြဲစူးစမ်းလေ့လာတတ်တဲ့ ပိုပိုကတော့ သူတို့အရိပ်ခိုနေတဲ့ အပင်ကြီးမှာ အကိုင်းကြီးသုံးခက်ရှိတာကို ကြည့်ပြီး ဒီမိုကရေစီ အစိုးရတစ်ခုမှာဆိုရင်လည်း အခွင့်အာဏာတွေကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးခုနဲ့ ပိုင်းခြားထားကြောင်း၊ ဒီသုံးခု အပြန်အလှန် ထိန်းကျောင်းမှုရှိဖို့လိုကြောင်းတွေကို အတင်းရှင်းပြနေပါတော့တယ်။ သစ်ပင်ခြေရင်းမှာ လှဲပြီး နားနေတဲ့ ဆလိုင်းကတောင် ဆရာမကြီးလုပ်ရမှ ကျေနပ်တဲ့ ပိုပိုပြောတာကို နားထောင်ရင်း လှမ်းပြီး ခနဲ့လိုက်ပါသေးတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၁၊ ၂၀၂၂

Related Articles

Back to top button