သတင်း

ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိမည်ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းပြော

ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိမည်ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းပြော

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၊ ၂၀၂၁

ကုလသမဂ္ဂစိစစ်ရေး ကော်မတီက  မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်  ခွင့်မပြုကြောင်း ကုလ သမဂ္ဂစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌက တရားဝင် ကြေညာလိုက်ပြီဖြစ်သည်။

ကုလသမဂ္ဂစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆွီဒင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Anna Karin Enestrom က  မြန်မာနှင့် အာဖဂန်နိုင်ငံ ကိုယ်စားပြုခွင့် ဆိုင်ရာ ဆုံးဖြတ်ချက်များကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းထောက် များကို တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

လက်ရှိအာဖဂန်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များသည် ၎င်းတို့၏ နိုင်ငံများကို ဆက်လက်ကိုယ်စားပြု နေသေးခြင်း ရှိ၊ မရှိအပေါ် ၎င်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ မြန်မာက စစ်ကောင်စီနှင့် အာဖဂန်နစ္စတန်မှ တာလီဘန်တို့၏ ကိုယ်စားလှယ်များကို ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ပေးရန် ဆုံးဖြတ်ချက်ကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာမှုသည် မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သံ အမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ သမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ဆက်လက်ရရှိမည်ဖြစ်ကြောင်း NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုသည်။

အရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပေးမည်ဟု ယူဆကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

“သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ Credential Committee ဥက္ကဌဖြစ်သူ ဆွီဒင်နိုင်ငံသံ အမတ်က တရားဝင်ကြေညာသွားပါပြီ။ ကော်မတီရဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြသွားမှာဖြစ်ပါတယ်။ ကော်မတီမှာပါဝင်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ကော်မတီရဲ့အခုဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့တဲ့အတွက်ကြောင့် အထွေထွေညီလာခံကနေ ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်မယ်လို့ ယူဆရပါတယ်” ဟု ဦးအောင်မျိုးမင်းက ရေးသားထားသည်။

တာလီဘန်များနှင့် မြန်မာစစ်ကောင်စီက ယခုနှစ်အတွင်း ၎င်းတို့ အာဏာ သိမ်းယူလိုက်သော အစိုးရများက ခန့်အပ်ထားခဲ့သော သံတမန်များ၏ နေရာတွင် ၎င်းတို့ ခန့်အပ်သော ကိုယ်စားလှယ်များနှင့် အစားထိုးရန် ကြိုးစားခဲ့သော်လည်း ကုလသမဂ္ဂက ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ ပါဝင်သော အဖွဲ့ဝင် ကိုးဦးရှိသည့် ကုလသမဂ္ဂ စိစစ်ရေးကော်မတီသည် လက်ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် အဖွဲ့ဝင် ၁၉၃ ဦးစလုံး၏ ထောက်ခံချက်များကို ထည့်သွင်း စဉ်းစားရန် ကုလ သမဂ္ဂ ဌာနချုပ်တွင် တွေ့ဆုံခဲ့သည်။

Credentials Committee မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာပိုင်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် ဟားမား၊ ဘူတန်၊ ချီလီ၊ နမီဘီးယား၊ ဆီရာလီယွန်းနဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ကြပြီး၊ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို အထွေထွေညီလာခံထံ ဒီနှစ်မကုန်ခင် တင်ပြရမှာ ဖြစ်သည်။

ကော်မတီနှင့် အထွေထွေညီလာခံ နှစ်ခုစလုံးသည် အစဉ်အလာအားဖြင့် အများသဘောတူဆန္ဒအရ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြစ်သည်ဟု သံတမန်များက ဆိုသည်။

ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီသည်  ကုလသမဂ္ဂ အထူးသံတမန်အဖြစ် စစ်မှုထမ်းဟောင်း ဦးအောင်သူရိန်ကို အစားထိုးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ရာထူးမှနုတ်ထွက်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းက မည်သည့်နိုင်ငံမှ စစ်အစိုးရအား အသိအမှတ်ပြုခြင်း သို့မဟုတ် တရားဝင်အောင် မလုပ်သင့်ကြောင်း သတိပေးခဲ့ပြီး ဂူတာရက်စ်က “အာဏာသိမ်းမှု မအောင်မြင်စေရန် ဖိအားများ ပေးဆောင်ရန် ဖေဖော်ဝါရီလတွင် ကတိပြုခဲ့သည်။

ဓါတ်ပုံ – Al Jazeera ကုလသမဂ္ဂညီလာခံတွင် တွေ့ရစဉ်

Related Articles

Back to top button