တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ကောင်စီနှင့် BGF အချင်းချင်းမှားယွင်းပစ်ခတ်၊ ၂၀ ဦးသေဆုံးဟုဆို

စစ်ကောင်စီနှင့် BGF အချင်းချင်းမှားယွင်းပစ်ခတ်၊ ၂၀ ဦးသေဆုံးဟုဆို
ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၁

မွန်ပြည်နယ် သထုံမြို့နယ် စစ်ကောင်စီတပ်စခန်းရှိသည့်ဝီရော်အထက်နားလေးမှာရှိတဲ့ ထုံးဘိုလေးရွာနှင့်ထုံးဘိုကြီးရွာအနီးနားတစ်ဝိုက်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF တို့အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့လို့ ၂၀ ဦးသေဆုံးတယ်လို့ ဒေသခံနှင့် KNU သတင်းအရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီအဖွဲ့နှင့် BGF တပ်ဖွဲ့ဝင်တွေက နှစ်ဖွဲ့လူစုခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခဲ့ရာမှာ အခုလိုအချင်းချင်းမှားယွင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
သူတို့နှစ်ဖွဲ့ပေါင်းတပ်သား ၂၀ ဦးသေဆုံးခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာက ဒေသခံနှင့် KNU တပ်မှူးတစ်ဦး ကပြောပါတယ်။

စစ်ကောင်စီနဲ့ BGF တို့မှားယွင်းပစ်ခတ်မှုမှာ စစ်ကောင်စီတပ်က BGF တပ်ရဲ့လုပ်ကိုင်ဆောင်ရွက်မှုတချို့ကို မကျေနပ်လို့ တမင်ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံရွာသားတချို့က အချင်းချင်းပြောဆိုသုံးသပ်နေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်မှုဖြစ်ပွားသည့်နေရာအနားက ဆီဆိုင်တစ်ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထိုဒေသတစ်ဝိုက်မှာတာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

မီးရှို့ခံရတဲ့ဆီဆိုင်ပိုင်ရှင်ကတော့ ကရင်ပြည်နယ် ဖားအံခရိုင် ကျောက်တစ်လုံးကျေးရွာသားဖြစ်ပြီး အဲ့ဒီရွာမှာဆီဆိုင်လာတည်တယ်လို့ ဒေသခံကပြောပါတယ်။
Credit - Photos, Local News

Related Articles

Back to top button