တိုင်းရင်းသားများသတင်း

မြန်မာ စစ်​ဘေး​ရှောင် ၄၅ ဦး မဏိပူရ ပြည်နယ်မှ နှင်ထုတ်ခံရ

မြန်မာ စစ်​ဘေး​ရှောင် ၄၅ ဦး မဏိပူရ ပြည်နယ်မှ နှင်ထုတ်ခံရ

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၁

အိန္ဒိယ နိုင်ငံ ၊ မဏိပူရပြည်နယ် ၊ Kamjong ခရိုင်၊ Phaikok ​ကျေးရွာတွင် ခိုလှုံရန် မြန်မာပြည်မှ ထွက်​ပြေး တိမ်း​ရှောင်လာသည့် အမျိုးသမီး ၃၄ ဦးပါ၀င်သည့် စုစု​ပေါင်းစစ်ဘေးရှောင် ၄၅ ဦးကို မဏိပူရ ရဲတပ်ဖွဲ့မှ စက်တင်ဘာလ ၁၆ ရက်​နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မြန်မာပြည်ဘက် သို့ ပြန်လည် နှင်ထုတ်လိုက်​ကြောင်း မဏိပူရပြည်နယ် ​ဒေသတွင်း သတင်းဌာနများက ​​ဖော်ပြသည်။
အိန္ဒိယ နိုင်ငံ ၊ မဏိပူရ ပြည်နယ် သည် မြန်မာနိုင်ငံဘက်မှ စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်​နေပြီး နိုင်ငံတကာ နယ်နိမိတ် အရှည် ၃၉၈ ကီလိုမီတာ ရှိသည်။

ယခုနောက်ပိုင်း ချင်းပြည်နယ်မှ အန္ဒိယ နယ်စပ်ဘက်တို့ စစ်ရှောင် ပြည်သူများ ခိုလှုံရန် ပို၍ များပြားလာပြီး ယင်းအခြေအနေကဲ့သို့ ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ် မကင်းဖြစ်နေကြရသည်။

Mizoram News ကို ကိုးကားပြီး ချင်းသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်ကို ကိုးကား တင်ဆက်သည်။

Related Articles

Back to top button