
နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက်(အမေး၊ အဖြေကဏ္ဍ)
ဒီကနေ့ တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ တင်ဆက်နေတဲ့ နိုင်ငံရေး လူထုအသိပညာပေး အစီအစဉ်အတွက် ဖက်ဒရယ်ယူနစ်ကိုအခြေခံပြုပြီး တည်ဆောက်တဲ့ ဖက်ဒရယ်စနစ်ထဲက လူထုလှုပ်ရှားမှု တခုဖြစ်တဲ့ ပင်လုံပြည်ထောင်စုကို ပြန်လည်တည်ဆောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက် ထုတ်လွင့် တင်ဆက်နေတဲ့ Lecture series ဟောပြောမှု အခန်းဆက် အစီအစဉ်ထဲက အမေးအဖြေ ကဏ္ဍလေးကို တင်ဆက် ပေးသွားမှာပါ။
အခုအစီအစဉ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ ဝမ်ဆန်ဝါး (VANSANGVA) ဝိုင်းတော်သားများက ပူးပေါင်းပြီး အဓိက ပင်တိုင်အနေဖြင့် ဖက်ဒရယ်ရေးရာနှင့် ပင်လုံသမိုင်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူ ဆရာ ဆလိုင်းကစ် (Salai Kipp) နှင့် ဆရာအောင်စောဦးတို့ကနေ နှစ်ပေါင်းများစွာ လေ့လာထားပြီး တော်လှန်ရေးထဲက အတွေ့အကြုံများနဲ့ ပေါင်းစပ်ကာ ဟောပြော တင်ပြပေးနေတာဖြစ်ပါတယ်။
ဒီကနေ့ညရဲ့ သီးသန့်အမေးအဖြေကဏ္ဍ ဒီအစီအစဉ်ကနေ စစ်ကောင်စီကျင်းပချင်နေတဲ့ ရွေးကောက်ကို ခြုံငုံပြီး လက်ရှိကြုံနေရတဲ့ မြန်မာ့ပြည်တွင်း အခြေအနေနဲ့ ပေါင်းစပ်ကာ မေးမြန်းပေးသွားဖို့ မေးခွန်းတချို့ကို ရွေးချယ်ထားပါတယ်။
အခုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူးတင်ရှိပါတယ်။
နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ်နှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက [email protected] / Federal Journal Facebook Chat Box, Comments တို့ကနေလည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#FJMM_Lecture_series
#Vansangva_Episodes_Q_A_Session
#Transformation_Movement_For_Bottom_up_Federalism


