
FJMM ကဗျာ – ပွဲတော်တွေကို ရာသီမလွဲစေနဲ့
ကဗျာ – ဖားစည်မောင်ထူး
ရာဇဝင်ထဲက လိမ်ညာမှု
ပစ္စုပ္ပန်ထဲက နာကျင်မှု
အနာဂတ်ပေါ်က သာယာမှု
ယဥ်ကျေးမှုက ပျောက်ကွယ်
ဓလေ့ထုံးတမ်းက ရှုံးဆုံး
အမုန်းများတဲ့ ကမ္ဘာ
မီးစတွေ တပွားပွားနဲ့
ပျော်ပါစေ ဆုတောင်
ခလေးငယ်တွေရဲ့ မျက်ရည်စီးကြောင်း
မိခင်များရဲ့ ဆန်အိုးပေါက်တွေ
ဖခင်များရဲ့ ခွန်အားယိုစီးမှုတွေ
ဒီဆောင်းမှာ နှစ်အသစ်ထဲ
ဘယ်သူတွေ ပျော်နိုင်ကြမှာလဲ
ဖြစ်နေတဲ့ စစ်ပွဲ
ချစ်နေရတဲ့ သံယောဇဥ်တချို့
လွတ်နေတဲ့ မီးပလပ်အား
ရှာဖွေကြကုန်လော့
ငြိမ်းချမ်းရေးဟာ ဒီနိုင်ငံမှာ
ထွန်းလင်းတောက်ပဖို့
ရာသီအချိန် တန်ပြီ။ ။
ဖားစည်မောင်ထူး