Season 2 Episode 3 လူမျိုးသုဉ်း သတ်ဖြတ်မှု (ခ) ဂျီနိုဆိုက်-အပိုင်း ၁
“တိုင်းရင်းသား”ဆိုတဲ့ စကားရပ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်လောက်အထိ အနက်အဓိပ္ပာယ်ရှုပ်ထွေးတဲ့ စကားရပ်ဖြစ်သလဲ။ မြန်မာနိုင်ငံမှာ “တိုင်းရင်းသား” ၁၃၅ မျိုး သတ်မှတ်ထားတာဟာ ဘယ်လိုကနေ ဘယ်လိုဖြစ်လာသလဲ။ ခေတ်အဆက်ဆက် ဘယ်လို အာဏာရှင်တွေ အသုံးချခဲ့သလဲ။ တိုင်းရင်းသား/နိုင်ငံတနိုင်ငံမှာရှိတဲ့ လူမျိုးစုတွေကို သတ်မှတ်ကောက်ယူရာမှာ ဘယ်လို ပညာရပ်ဆိုင်ရာ စနစ်တွေကို အခြေခံသင့်သလဲ။ မြန်မာနိုင်ငံမှာ ပြောပြောနေတဲ့ “တိုင်းရင်းသား”ဆိုတာဟာ အဲဒီလို စနစ်တကျ ကောက်ယူသတ်မှတ်ခဲ့တာလား။ “တိုင်းရင်းသား ၁၃၅ မျိုး”ဆိုတဲ့ နေဝင်းထားခဲ့တဲ့ အမွေဆိုးဟာ လက်ရှိမြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ သက်ဆိုးရှည်နေတုန်းပဲလား။
ဒီအကြောင်းတွေကို ဗမာ့ပြည်တွင်းစစ်ပြတိုက် (Burma Civil War Museum) တည်ထောင်သူ ကိုရဲဟိန်းအောင်က အဓိကာရမှာ လာရောက်ဆွေးနွေးထားတာကို နားဆင်နိုင်ပါပြီ။
အစီအစဉ် အစအဆုံး နားဆင်ရန် –
Spotify – Listen to Here
Apple Podcast – Listen to Here
Youtube – Listen to Here