တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 25, March 26, 2024)

၁။  NCA ၌ ကျန်နေသည့်အဖွဲ့အချို့ အာဏာရှင်စနစ် ပျောက်ဆုံးရေးတိုက်ပွဲဝင်ကြရန် PNLO ဥက္ကဋ္ဌ တိုက်တွန်း
     March 26, 2024

စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် ရန်သူကိုပူးသတ်ခြင်းသည်အလုပ်မဖြစ် စိတ်ကူးယဉ်သပ်သပ်သာဖြစ်၍ တစ်နိုင်ငံ လုံးအပစ်ရပ်စာချုပ် (NCA)၌ ကျန်နေသည့်အဖွဲ့အချို့အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၌ပါဝင်ကြရန် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန် က ပြောသည်။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ကျင်းပခဲ့သည့် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့  အခမ်းအနား၌ ဗိုလ်ချုပ်ခွန်သူရိန်က မိန့်ခွန်းပြောကြားချက်ရာ ယခုကဲ့ သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ PNLO အနေဖြင့် စစ်အာဏာရှင် တိုက်ဖျက်ရေးလုပ်ဆောင်ရာ၌ သွေးထွက်သံယိုမှု နည်းစေ ရန်အတွက် နိုင်ငံရေးအရ ဆွေးနွေးမှု နည်းလမ်း၊ ရန်သူကို ပူးသတ်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ ဟု ဗိုလ်ချုပ်ခွန်သူရိန်က ရှင်းပြသည်။ “ဒီလိုမျိုး ပူးသတ်ဖို့လုပ်တဲ့အခါမှာ ကျနော်တို့လည်း လုပ်နေရင်း လုပ်နေရင်းနဲ့ အာဏာရှင် စနစ်ကို သတ်ဖို့ မပြောပါနဲ့နောက်ဆုံးကျတော့ အာဏာရှင်စနစ်က ကျနော်တို့ကို ပူးသတ်တော့မယ့် အခြေအနေကို ရောက်ရှိ လာရတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီတော့ NCA ထဲမှာ အခု ကျန်ရှိနေသေးတဲ့ တချို့အဖွဲ့အစည်းတွေဟာဆိုရင်လည်း ရန်သူကို ပူးသတ်မယ်ဆိုတဲ့ အတွေးအခေါ်ကတော့ ဒါက လက်တွေ့မကျတော့ဘူး။ စိတ်ကူးယဉ်ဆန်ပါတယ်။ အဲဒီတော့ ခွာပြီးတော့မှ အာဏာရှင်စနစ်ကို ပျောက်ဆုံးသွားအောင် သတ်တာပဲ အဆင်ပြေပါလိမ့်မယ်လို့လည်း ဒီမှာ ပြောကြားချင်ပါတယ်” ဟု ဗိုလ်ချုပ် ခွန်သူရိန်က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့အပါ အဝင် အဖွဲ့အချို့သည် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဖြေရှင်းမည်ဟု ကြေညာအသိပေးထားသည်။  ယင်းသို့ ကြေညာခဲ့သည့်အဖွဲ့များအနက် မွန်ပြည်သစ်ပါတီ(NMSP) တွင် အဖွဲ့တွင်း သဘောထား ကွဲကာ   NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး)အမည်ဖြင့် ခွဲထွက်ကာ စစ်ကောင်စီကို ယခု နှစ် ဖေဖော်ဝါရီ လမှစတင်၍ တိုက်ခိုက်လျက်ရှိသည်။ အလားတူ လားဟူအဖွဲ့ (LDU) ဗဟိုကော်မတီက လည်း စစ်ကောင်စီကို လက်မခံဘဲ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးကာ NCA လက်မှတ်ထိုး အဖွဲ့များ အနေ ဖြင့် ၎င်းတို့ အဖွဲ့အမည်ကို အလွဲသုံးခြင်းမပြုရန် သတိပေးထားသည်။  စစ်အာဏာ သိမ်းမှု ဖြစ်ပေါ်လာသည့်အခါတွင်လည်း ပအိုဝ်းအမျိုးသားများသည် အခြေအနေအရပ်ရပ်ကို သုံးသပ်ဆောင်ရွက်ခဲ့ကြောင်း ၊ ပအိုဝ်းခေါင်းဆောင်များ အကြား ညှိနှိုင်းပြီး လုပ်ငန်းများကို ခွဲပြီး လုပ်ဆောင်ခဲ့ကြောင်း၊ PNLO ဗဟိုကော်မတီဝင်  ဖြစ်သူ ခွန်မြင့်ထွန်း ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) အဖွဲ့ ဖွဲ့စည်းပြီး နွေဦးတော်လှန်ရေး၌ ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်ခွန်သူရိန်က ပြောပြသည်။ Read in full

၂။  ကော့ဘိန်းရွာရဲစခန်းကို  ၂ ရက်ကြာတိုက်ခိုက်ပြီး နောက် တော်လှန်ရေးတပ်ဖွဲ့ တွေ သိမ်းယူ 
     March 25, 2024

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစပ် ကော့ကရိတ်မြို့နယ်ထဲ က ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကိုတော်လှန်ရေး မဟာ မိတ်တပ်ဖွဲ့တွေ သိမ်းယူလိုက်တယ်လို့သိရှိရပါတယ်။ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေကမနေ့ကမနက် ၇ နာရီလောက် ကတည်းက ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မွန်းလွဲ ၁ နာရီကျော်မှာ အပြီး သတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ မွန်ပြည်သစ် ပါတီ (အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ရဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်(MLA) တို့နဲ့အတူ ကျားဖြူစစ်ကြောင်းနဲ့ ဂဠုန်စစ်ကြောင်း စတဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး အလံဖြူထောင်လက်နက်ချ အညံ့ခံတယ်လို့ မွန်ပြည်နယ် သစ်ပါတီ (AD) နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ကော့ဘိန်း ရဲစခန်းဟာ စစ်ကောင်စီတပ် ၊ ရဲ နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်း စခန်းချတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်တွေဟာ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့တယ်လို့ သိရပြီး ကော့ဘိန်း တိုက်နယ်ဆေးရုံ ကိုပါဗုံးကျဲခဲ့တယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ လတ်တလောမှာတော့တော်လှန်ရေး ပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်တွေ အကြား ကော့ဘိန်း ရွာနဲ့ တဆက်တည်း တည်ရှိ တဲ့ ကျိုက်မရော တရနာရွာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။  Read in full

၃။ KNDF တပ်ဖွဲ့ဝင်၂ ဦးကို အရပ်သား ၁ ဦး သေဆုံးစေမှုဖြင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်
    March 25, 2024

ဖမ်းဆီးထိန်းသိမ်းထားသော အရပ်သားတဦး သေဆုံးစေမှုဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်သား ၂ ဦးအား ထောင်ဒဏ် အနှစ်၂၀ နှင့် ၁ လစီ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ယခုနှစ်ဖေဖော်ဝါရီ ၂၁ ရက်က ပီကင်းကောခူရွာခံ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးအား ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသော လက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ထို့ကြောင့် ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖြစ် စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ (၄၉) အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှု ဆောင်ရွက်ခဲ့ကြောင်း KNDF က အသိပေးထားသည်။ ကျူးလွန်သူ KNDF တပ်သား ၂ ဦးအား စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀) အရ ထောင် ဒဏ် ၂၀ နှစ် နှင့် ၁ လ ပြစ်ဒဏ်ခံယူရန်  ဗဟိုစစ်ခုံရုံးအဖွဲ့မှ စီရင်ချက်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ Read in full

၄။ စစ်ကောင်စီအတွက် စစ်သား စုဆောင်းပေးသည့် Non CDM ဝန်ထမ်း ၅ ဦးကို PDF Zoland ကဖမ်းဆီး
    March 25, 2024

ချင်းပြည်နယ်၊တီးတိန်မြို့တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးသူ စစ်ကောင်စီဝန်ထမ်း ငါးဦးကို မတ်လ ၂၅ ရက်နေ့မနက်တွင် PDF-Zoland ကဖမ်းဆီးလိုက်ကြောင်းသတင်းထုတ်ပြန်ထားသည်။ သတိပေးချက်ကိုဂရုမစိုက်ပဲအကြမ်း ဖက် စစ်ကောင်စီအတွက် အတင်းအဓ္ဓမ စစ်သားစုဆောင်းကူညီပေးကြသူများဖြစ်သည့် ကပ်ဆွင်းခွါလ် (လက်ထောက် အင်ဂျင်နီယာ၊ စည်ပင်)၊ ခွါလ်လျန်းမုန် (ဒုကြီးကြပ်၊ မွေး/ကု)၊ လျန်းလမ်ခိုင် (အုပ်စုစာရေး၊ထွေအုပ်)၊ ရှင်းခန့်ခွါလ်(အားကာမှူး)နှင့် နန်ဆွင်းဂင့် (အငယ်တန်းစာရေး ၊လ၀က) တို့ကို လက်ရှိ၌ လုံခြုံသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

“အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်း နေသူတိုင်းဟာ ကျွန်တော်တို့ရဲ့ ဘုံရန်သူပဲ။ စကစ စစ်မှုထမ်း စာရင်းကောက်ယူ နေတဲ့ သူတွေကိုထပ်မံ အရေးယူဆောင်ရွက်သွားမှာပါ။ စစ်မှုထမ်းထဲပါတဲ့သူ ဘယ်သူမဆို ဟာလည်းကျွန်တော်တို့ ရဲ့ ဘုံရန်သူ ပါပဲ” ဟု PDF Zoland ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုက်တီးက ပြောသည်။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် တီးတိန်မြို့နယ်အပါအဝင် ချင်းပြည်နယ် အတွင်းရှိ လူငယ်လူရွယ်အများအပြား တိုင်းတစ်ပါးသို့ ထွက်ခွါသူပိုများလာကာ အချို့ မှာလည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်လာကြောင်း ကိုမိုက်တီးက ဆိုသည်။ Read in full

၅။ ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ အကြိမ် ၅၀ ကျော်ပစ်ခတ်
    March 25, 2024

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို စိန်ရတု ၇၅ နှစ်မြောက် ပအိုဝ်းအမျိသားနေ့ ကျရောက်သည့် မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး ဒရုန်းဗုံးများဖြင့် အကြိမ် ၅၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါ တယ်။ မတ်လ ၂၄ ရက်  မနက် ၁၀ နာရီက နေ့လည် ၂ နာရီအထိ စစ်ကောင်စီဟာ ဆီဆိုင်မြို့ထဲကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ၂၈ ကြိမ်ပစ်ခတ်ခဲ့ပြီး ညနေ ၅ နာရီက စ၍လည်စး လက်နက်ကြီးနဲ့ အကြိမ် ၂၀ ကျော်၊ ဒရုန်းနဲ့ ဗုံး ၆ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက် မှာ ဆီဆိုင်မြို့ကို လက်လွှတ်ခဲ့ရပြီးနောက် ၂ လကြာသည် အထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ဆိုက်ခေါင်အထိုင်ချ ဟဲဟိုး အမတ၂၀၇ က အမြောက်တွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက် နေခဲ့တာဖြစ်ပါတယ်။ ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ မတ်လ ၁၈ ရက် က ရှမ်းတောင်တိုက်ပွဲအခြေအနေနဲ့ဖြစ်စဉ်များ ထုတ်ပြန်ချက်မှာ လက်နက်ကြီး ပစ်ခတ်မှု ၂၁၂၀ ကြိမ်နဲ့အထက်ရှိခဲ့တယ်လို့ ဖော်ပြပါရှိထားပါတယ်။ Read in full

 ၆။ ချင်းမှာ စစ်ကောင်စီ စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကိုအရေးယူမည်ဟု ချင်းပြည်အစိုးရအဖွဲ့ကြေညာ
  March 25, 2024

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီက ၎င်းတို့ စစ်အုပ်စု ၏ အာဏာနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးချပြီး ပြည်သူလူထု၏ အသက် အိုးအိမ်လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့်အတွက် ချင်းပြည်အစိုးရက ကွန့်ကွက်ရှုံ့ချကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ချင်းပြည်အတွင်း စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကြပ်စတင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်း ကန့်ကွက်ရှုံချသည်ဟု ဆိုသည်။ စစ်ကောင်စီသည် ချင်းပြည်နယ်၏ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီ၊ မင်းတပ်မြို့များအပါအဝင် နိုင်ငံတဝန်းမြို့နယ်ပေါင်း ၁၇၂ မြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် စာရင်း ကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်း အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းများကို လုပ်ဆောင်နေသည်။ Read in full
၇။  ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲစစ်တပ်က တစ်နာရီမှာ တစ်ကြိမ်နှုန်း ဗုံးကြဲတိုက်ခိုက်နေ
    March 25, 2024

မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို KIA တပ်တွေက မတ်လ ၉ ရက်နေ့မှာ စတင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်က နေ့တိုင်းဆိုသလို တစ်နာရီမှာတစ်ကြိမ်နှုန်းနဲ့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တိုက်ပွဲအချိန် ကြာမြင့်နေတာဖြစ်တယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။“တိုက်ပွဲပုံမှန်ဖြစ်နေတယ် KIA က တပ်ရင်းကို ပိတ်ဆို့တိုက်ခိုက်နေတာ။ စစ်တပ်က လေယာဉ်လည်း နေ့တိုင်းလိုလိုလာပစ်နေတော့ ဒီဘက်ကလည်း ပြန်ပြန်ဆုတ် ပေးနေရတော့ သိမ်းနိုင်ဖို့ ခက်နေသေးတဲ့ အခြေအနေဖြစ်နေတယ်။ လေယာဉ်လာတဲ့ အချိန်မှာက ပြန်တိုက်ဖို့ကခက်။ အဲ့တာ ကြောင့် အခုချိန်အထိ ကြာနေသေးတာဖြစ်တယ်”လို့ပြောပါတယ်။

ဆွမ်ပရာဘွမ့်မြို့အနီးတဝိုက် KIA တပ်သားတွေရှိနိုင်တဲ့ နေရာဘက်ကို စစ်ကောင်စီတပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ တစ်ခါလာပစ်ရင် တစ်နာရီခွဲ၊ ၂ နာရီဝန်းကျင်အထိ ကြာမြင့်ပြီး တစ်ရက်မှာ အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်နေ တယ်လို့ဆိုပါတယ်။ စစ်တပ်ဘက်ကနေ တပ်စခန်းကို လက်မလွတ်ရလေအောင် လေကြောင်းတိုက်ခိုက်တဲ့အပြင် ပူတာအိုဘက် ကလည်း ပြည်သူ့စစ်အပါ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့တွက် တိုက်ပွဲအချိန်ကြာမြင့်နေတာလို့ သိရပါတယ်။ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ မတ်လ ၉ ရက်နေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတစ်ထောင်ကျော်က ဆွမ်ပရာဘွမ့်နဲ့ နီးတဲ့ ကျေးရွာတစ်ချို့နဲ့ တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနား – ပူတာအို လမ်းပိုင်းကိုလည်း မတ်လ ၈ ရက်နေ့နောက်ပိုင်း သွားခွင့်အားလုံးကို စစ်တပ် ၂ ဖက်ကနေ ပိတ်ဆို့ထားတာဖြစ်ပြီး လက်ရှိမှာ ဆွမ်ပရာဘွမ့် နဲ့ ပူတာအိုဒေသတွေမှာ သွားလာခွင့်မရတာ ရက်ပေါင်း ၂၀ လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ Read in full

၈။ မောင်တော၊ ဘူးသီးတောင်တပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၊ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး
  March 25, 2024

ရခိုင်ပြည်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော် သေဆုံးကြောင်း AA က တရားဝင် သတင်း ထုတ်ပြန်သည်။ မောင်တောကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းအား မတ်လ ၂၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီး စစ်ကောင်စီတပ်သားအလောင်း၊ စစ်အသုံး အဆောင်၊ လက်နက်ခဲယမ်းအချိုအား သိမ်းဆည်းရရှိခဲ့သည်။ အလားတူ မောင်တောမြို့၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ် တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယင်းစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲဝင်များအား လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AAက ရှင်းလင်းရာတွင် စစ်ကောင်စီတပ် သား အလောင်း ၂၀ ကျော်နှင့်  လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း AA ၏  ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်းအား ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၂၄ရက်မှ ဆက်လက် ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိကြောင်း ဆိုသည်။ ရက္ခိုင့်တပ်တော်၏ ပိတ်ဆို့ဖြတ်တောက်ရေး တပ်ဖွဲ့ဝင်များမှ မတ်လ ၂၀ ရက်နေ့မှစတင်ပြီး ဂုပ္ပီစခန်းမှ ထွက်ပြေးလာ ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိပြီး ဘူးသီးတောင်မြိုနယ်၊ အနောက်ပြင် (ရွာပျက်) အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ယင်းတိုက်မှုအတွင်း စစ်ကောင်စီဘက်က  နောက်ထပ် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA ဆက်လက်တိုက်နေကြောင်း ဆိုသည်။  Read in full
၉။ တောင်ကြီးမြို့ တိုက်ခိုက်ခံရမည်ဟု သတင်းထွက်၊ အရပ်ဘက် ပစ်မှတ်များ ဗုံးကြဲရှင်းလင်းရန် ဒုချုပ်စိုးဝင်း အမိန့်ပေး
   March 25, 2024

သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရန် စုဖွဲ့ ပြင်ဆင်နေ သည့် ဆိုသည့် စစ်ထောက်လှမ်းရေး အစီရင်ခံစာကြောင့် အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ ပစ်မှတ်အားလုံး ဗုံးကြဲ ရှင်းလင်းရန် စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူး စိုးဝင်း အမိန့်ပေးသွားသည်ဟု တပ်တွင်း သတင်းရင်းမြစ်က (မတ်လ ၂၅ ရက်) တွင်ပြော သည်။ တောင်ကြီးမြို့ တိုက်ခိုက်ခံရဖွယ်ရှိသည်ဆိုသည့် အစီရင်ခံစာကြောင့် ဒုချုပ်စိုးဝင်း မတ်လ ၁၉ ရက်နေ့က ကလောမြို့ အခြေစိုက် တပ်မ (၅၅) သို့ ရုတ်တရက် ရောက်ရှိလာပြီး စစ်ပွဲဇုန် အဖြစ် သတ်မှတ်ထားသည့် ဖယ်ခုံ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး နှင့် မိုင်းပွန်မြို့နယ်ရှိ အရပ်ဘက် စစ်ဘက်ပစ်မှတ်များ အားလုံးရှင်းလင်း တိုက်ခိုက်ရန် တပ်မှူးများကို ညွှန်ကြားခဲ့ခြင်း ဖြစ်သည် ဟု ၄င်းကဆိုသည်။“၁၉ ရက်နေ့ညက ကလော တပ်မ (၅၅) မှာပဲ ညအိပ်သွားတယ်။ တောင်ကြီး ပတ်ဝန်းကျင်ကို ကပ်လို့မရ အောင် လေကြောင်းက ဗုံးကြဲ၊ ကြည်းကြောင်းက လက်နက်ကြီးတွေသုံးပြီး ပစ်ရှင်းလင်းဖို့၊ အရပ်ဘက် ပစ်မှတ်တွေမှာ ခိုအောင်း တာတွေ မရှိဖို့၊ လိုအပ်ရင် အပြောင်ရှင်းဖို့ အသေးစိတ် ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ဒုချုပ် စိုးဝင်း ၏ တရားဝင် ထုတ်ပြန်ခြင်းမရှိသည့် ကလော ခရီးစဥ်အပြီး ဒေသတွင်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် မှုများ ပိုမိုပြင်းထန်လာရာ ဖယ်ခုံမြို့နယ်၊ လအိဆေးရုံကို မတ် ၂၂ မနက် ၁၀ နာရီ ကျော်က ဗုံး ကြဲ တိုက်ခိုက်၍ ဆေးရုံပျက်စီးပြီး ဒေသခံ တစ်ချို့သေဆုံးထိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာကို တိုက်ပွဲ မရှိဘဲ မတ်လ ၂၂ ရက်နေ့၊ ညသန်းခေါင် စစ်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးပေးခန်း တစ်ခု ပျက်စီးခဲ့ကြောင်း သိရ သည်။ အလားတူ နန်းတုတ်ကျေးရွာကို မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ် ခဲ့ကြောင်း ဒေသခံများကပြောသည်။ ယခုကဲ့သို့ စစ်ကောင်စီတပ်က ဒေသခံများနေထိုင်ရာ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက် မှုများမကြာမီ ပိုမိုဆိုးရွားလာဖွယ် ရှိနေသဖြင့် သတိပြုနေထိုင်ကြရန် စစ်ရေးသတင်းရင်းမြစ်ကသတိပေးသည်။ Read in full

၁၀။ ကျောက်ဖြူမှာ စာမေးပွဲဖြေပြီးပြန်လာသူ ရှစ်ဦးအပါအဝင် ၁၁ ဦး အဖမ်းခံရ
    March 26, 2024

မတ်လ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စာစစ်ဌာနအသီးသီးကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးနောက် နေရပ်ပြန်မယ့် ကျောင်းသူ၊ ကျောင်းသား ရှစ်ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးကို စက်လှေဆိပ် မရောက်ခင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲမှာ အသက် ၂၀ အရွယ် ကျောင်းသူ ငါးဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး စုစုပေါင်း အမျိုးသမီး ခုနစ်ဦး ပါဝင်ပါတယ်။ “ဝင်ကတည်းက သူတို့ခွင့်ပြု ချက်နဲ့ ဝင်ရတဲ့ကိစ္စလေ၊ ပညာရေးဌာနတွေရဲ့ စာရင်းဇယားတွေလည်းရှိတယ်။ ပြန်ထွက်တဲ့အခါလည်း လွတ်လွတ်လပ်လပ်ဖြစ် သင့်တယ်” အဖမ်းခံရသူတွေကတော့ အသက် ၂၀ အရွယ် ကညင်တောကျေးရွာက ကိုမင်းထက်နိုင်၊ မနှင်းအိနွယ်နဲ့ မယုဝါလှိုင်၊ ရွှေညိုမရွာက ကိုမျိုးမြင့်ဆွေ၊ ကိုဇော်မျိုးနိုင်နဲ့ မမိုးသက်နွယ်၊ ချောင်းကြီးဖျားရွာက မသူဇာရည်နဲ့ မခင်စုလှိုင်တို့ ဖြစ်ပါတယ်။ နောက်ထပ်အဖမ်းခံရသူ အရပ်သား သုံးဦးကတော့ ရွှေညိုမကျေးရွာကပဲ အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်သန်းမေ၊ ဒေါ်မရွှေဝါ နဲ့ ဦးခင်ကျော်သန်း တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့အားလုံး နေရပ်ပြန်ဖို့ ကျောက်ဖြူမြို့က ဂျပန်မဆိပ်ကမ်းကိုအသွား ဆားပြင်ရပ်ကွက်အနီးက မီးလောင်ကွင်းလို့ ခေါ်တဲ့ နေရာအရောက်မှာ စစ်ကောင်စီတပ်သား သုံးဆယ်ကျော် ရုတ်တရက်ရောက်လာပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ စာမေးပွဲဖြေဖို့လာချိန်မှာ ကျောက်ဖြူမြို့ထဲ ဝင်ခွင့်ရပြီး ရွာတွေကိုပြန်ချိန်ကျမှ စက်လှေဆိပ်စောင့် စစ်သားတွေရဲ့ ဖမ်းဆီးခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။ အခုနောက်ပိုင်းမှာ ကျောက်ဖြူမြို့နယ် ကနေ မြို့နယ်ပြင်ပကို ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေရဲ့ ခွင့်ပြုချက်ထောက်ခံစာပါမှသာ သွား လာခွင့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အခုအဖမ်းခံရသူတွေဟာ မြို့နယ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ပါရှိ ပေမယ့် စက်လှေဆိပ်မှာ မြို့အဝင်၊ အထွက်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ စစ်သားတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာ လို့ နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ Read in full
၁၁။  ကျင်ဒွေးမြို့တွင် တိုက်ပွဲပြင်းထန် ၍ AA က လာရောက်ပူးပေါင်းပေးနေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများအပြင် ရဟတ်ယာဉ်ဖြင့် စစ်ကူများချပေးနေ
  March 26, 2024

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ မြို့ သိမ်းတိုက်ပွဲဆင်နွှဲနေပြီး လက်ရှိအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ ကျင်‌ဒွေးမြို့သိမ်းတိုက် ပွဲတွင် ချင်းညီနောင်ဘက်မှ ရက္ခိုင့်တပ်တော်(AA)ကလည်း ပူးပေါင်းတိုက်ကူပေးနေပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက် သေဆုံး မှု များပြားခြင်းကြောင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သလို ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အားဖြည့်တင်း မှုများလည်း အကြိမ်ကြိမ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ “ကျင်‌ဒွေးမှာဆိုရင် တိုက်ပွဲအပြင်းအထန် ရှိတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၁၂ ကြိမ်တိတိ လာပြီး ဗုံးကြဲတိုက်ခိုက်တယ်။ ရဟတ် ယာဉ်နဲ့လည်း ၆ ကြိမ်ထက်မနည်း စစ်သည်အင်အားချပေးတယ်။ တိုက်ပွဲနေရာတွေကိုချပေးတာရှိတယ်။ ကျင်ဒွေးတိုက်ပွဲက သုံးလခန့်ရှိနေပြီပေါ့နော်။ လတ်တ လောအနေနဲ့က ပြီးခဲ့တဲ့တစ်ပတ်လောက်က အားလုံးလည်း သတင်းကြားကြမယ်ပေါ့နော်။ တရားဝင်ထုတ်ပြန်မှုမရှိပေမယ့် လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)က ကျင်းဒွေးမြို့အတွက် စစ်ကူခေါ်ထားတာရှိတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ကလည်း စစ်ကူပေးတာ၊ ပူးပေါင်းတိုက်ပွဲဝင်တာရှိတယ်”လို့ ကျင်ဒွေးမြို့၊ မြို့သိမ်းတိုက်ပွဲအခြေအနေကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)က မြို့သိမ်းတိုက်ပွဲအတွက် ရကခိုင့်တပ်တော်ကို စစ်ကူခေါ်ထားပြီး ရက္ခိုင့် တပ်တော် (AA)တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်  တစ်ပတ်ခန့်မှ စတင်၍ စစ်မြေပြင်သို့  ရောက်လာရှိလာခဲ့ကြောင်းသိရသည်။ ရက္ခိုင့်တပ်‌တော် (AA)တပ်ဖွဲ့ဝင်များ ကန်ပက်လက်မြို့ဘက်သို့ စစ်ကူလာရောက်ချိန်တွင် မတူပီမြို့နယ်ကို ဖြတ်သန်းလာမှု ကြောင့် ချင်းပြည်သူများက စိုးရိမ်မှုများမြင့်တက်နေကြပြီး စစ်ကူခေါ်မှုနှင့် ပတ်သက်၍ ကန်ပက်လက်မြို့နယ်၊ တိုက်နယ် ၅ နှင့် တိုက်နယ် ၇ တို့က ကန့်ကွက်ကြောင်းထုတ်ပြန်ထားသည်။“အဓိက ကျွန်တော်တို့ ပြောချင်တာကတော့ ကျင်ဒွေးတိုက်ပွဲ အတွက် စစ်ကူခေါ်တဲ့အတွက် အဲ့ဒီကိုလာဖို့အတွက် ရက္ခိုင့်တပ်တော်(AA)က နယ်မြေဖြတ်သန်းလာတာပဲဖြစ်တယ်။ ဒါကို အကြောင်းပြုပြီးတော့မှအထူးသဖြင့် ကန်ပက်လက်ဒေသ တိုက်နယ် ၅ နဲ့ ၇ က ပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စစ်ကူ လာတဲ့ဟာကို ကန့်ကွက်တယ်။ ဒီနယ်မြေတွေမှာ ရက္ခိုင့်တပ်တော်လာကို မကြိုက်ကြဘူးဆိုပြီးမှ ထုတ်ပြန်တာတွေရှိတယ်ပေါ့ လေ။ ဒါတွေက တဖက်မှာ စစ်ကောင်စီကို သတင်းပေးသလိုမျိုး၊ လုံခြုံရေးစည်းပေါက်တာတွေမျိုးအများကြီးရှိတယ်။ ပြီးခဲ့တဲ့ အပတ်က ရက္ခိုင့်တပ်တော်ရဲ့ စစ်ကားတစ်စီးကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာတွေလုပ်ခဲ့လို့ မီးလောင်တာ၊ ထိခိုက်ကျဆုံးတာတွေရှိတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ဝင်တစ်ဦးက ဆက်လက်ပြောဆိုသည်။ Read in full
၁၂။ စက်စဲကျေးရွာတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ တစ်အိမ်လျှင် ကျပ် ၅၀၀၀ နှုန်း ခြိမ်းခြောက်ကောက်ခံ
   March 25, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အကြမ်းဖက်စစ်တပ် လက် အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီးများက တစ်အိမ်လျှင် ကျပ် ၅၀၀၀ နှုန်း ခြိမ်းခြောက်၍ လိုက်လံကောက်ခံ ကြောင်း ဒေသပြည်သူများကပြောဆိုသည်။ မတ်လ ၂၂ ရက်နေ့မှစတင်ကာ စက်စဲကျေးရွာတွင် စစ်မှုထမ်း ဥပဒေ ကို အကြောင်း ပြ၍ အုပ်ချုပ်ရေးမှူး စိုးအောင်၊ ရာအိမ်မှူး ကျော်သန်း၊ ပျူစောထီး ခေါင်းဆောင် စိုးနိုင်၊ မြို့နယ်မီးသတ် စိုးသန်းတို့က လိုက်လံ ကောက်ယူနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ရွာမှာ အုပ်ကြီးတို့ ပျူစောထီးတို့ အတော်လေးဆိုးနေတယ်။ သွားပြောရင် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ အထိ ဖြစ်နေတယ်။ တစ်ရွာလုံးကောက်ခံနေရတယ်ဗျာ”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် ရာအိမ်မှူး ကျော်သန်း သည် လက်နက်ငယ် အမြဲကိုင်ဆောင်၍ ရွာသူရွာသားများအပေါ် ဖိနှိပ်နေကြောင်း၊ စက်စဲကျေးရွာသည် မွန်လူမျိုး များ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ပြည်သူများအပေါ်  မတရား‌ဖိနှိပ်ခြင်း၊ ငွေကောက်ခံနေခြင်းများအတွက် မွန်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် အရေးယူဆောင်ရွက်ပေးစေလိုကြောင်းလည်း ဒေသပြည်သူများ ပြောဆိုသည်။ https://www.facebook.com/photo/?fbid=775090491385226&set=a.568142278746716

၁၃။ မြေပုံမြို့နယ်မှာ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ၂ ဦး သေဆုံး​ပြီး သံဃာနှစ်ပါးအပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရ
  March 25, 2024

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ သုံးရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သံဃာ နှစ်ပါး အပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ရှိ တိုက် နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ ဦးခေါင်း ဗုံးစထိမှန်ပြီး နာရီပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လေယာဥ်တစ်စီးနဲ့ နှစ်ကြိမ်ခန့် လာရောက်ပြီး ဗုံးသီး ၅ လုံးလောက် လာကြဲသွား တာပါ။ ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ဦးက ဦးခေါင်း ဗုံးသီးစ မှန်သွားတယ်။ နာရီပိုင်းအကြာမှာဘဲ ဆရာမ သေဆုံးသွားတယ်။

လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ အသက် ၄၀ နှစ်အရွယ် ဆေးရုံဝန်ထမ်းအမျိုးသမီး မဝါရဲ့ခေါင်းကို ဗုံးစ ထိမှန်လို့ သေဆုံး သွားပြီး ဆေးရုံရှိ အမျိုးသား၊ အမျိုးသမီး လူနာ အဆောင်၊ မွေးဖွားခန်း အဆောင်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ မတ်လ ၂၃ ရက်နဲ့ ၂၂ ရက်ကလည်း မြေပုံမြို့နယ် သရက်တောင်နဲ့ ညောင်ကန်ရွာတို့ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အသက် ၅၇ နှစ်အရွယ် ဦးစိုးမြအောင် ဗုံးစထိမှန် သေဆုံးပြီး သံဃာနှစ်ပါးအပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သရက်တောင်ရွာခံတစ်ဦးက ပြောပါတယ်။ မြေပုံမြို့နယ်ဟာ ရက္ခိုင့်တပ်တော်- AA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်ထဲကမြို့ ဖြစ်ပါတယ်။ Read in full
၁၄။ ဖမ်းဆီးခံရတဲ့ ဟိုပင်က ခရစ်ယာန်ဘာသာရေးဆရာ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ
   March 25, 2024

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ နန့်ရင်းကျေးရွာအနီးမှာ မတ်လ ၁၅ ရက်က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့ တဲ့ ခရစ်ယာန်ဘာသာရေးဆရာ ဂျိမ်းမုန်ရာနော် ဟာ မတ်လ ၂၅ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ နီးစပ်သူ တွေကပြောပါတယ်။ ဟိုပင်မြို့ ကက်သလစ်အသင်းတော်ကဆရာ ဂျိမ်းမုန်ရာနော်ဟာ သူတာဝန်ကျတဲ့ ထိုင်ရာယန်ကျေးရွာ ကိုသွားတဲ့လမ်းမှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၄၀) ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။ သူ့ကို ဘယ်မှာဖမ်းဆီး ချုပ် နှောင်ထားလဲဆိုတာ မသိရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဆရာ ဂျိမ်းမုန်ရာနော်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အဖွဲ့ဝင်တစ်ဦးနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး KBC အဖွဲ့ဝင်ကိုတော့ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း သေဆုံးနေတဲ့ စစ်ကောင်စီတပ် သားတွေရဲ့ ဓာတ်ပုံတွေ ဖုန်းထဲမှာတွေ့ရှိတာကြောင့် ဆရာ ဂျိမ်းမုန်ရာနော် ဖမ်းဆီးခံရတယ်လို့ သိရှိထားကြောင်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာ သိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ ၂၀,၂၇၀ ဦး ဖမ်းဆီးခံထားရပါတယ်။ Read in full
၁၅။ ရေးမြို့ခံသင်းတံတားတိုက်ပွဲ ရေးဘီလူးတပ်ဖွဲ့ ရဲဘော် နှစ်ဦးကျဆုံး
  March 26, 2024

မွန်ပြည်နယ် ရေးမြို့နယ်ရှိစစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးရှိသကဲ့သို့ ကာကွယ်ရေးရဲဘော် အချို့ထိခိုက်ကျဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ က အသိပေးသည်။ ရေးဘီလူးအဖွဲ့ကကြေညာထားသည့် ဘီလူးနင်းမယ့်လမ်းစစ်ဆင်ရေး ဒုတိယမြောက်အဖြစ် ရေးမြို့အထွက် ခံသင်းတံတား စစ်ဆေးရေးဂိတ်ကို (မတ်လ ၂၅ ရက်) နံနက်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ပြောသည်။ ” ဝင်သိမ်းတော့ စခန်းဧရိယာထဲ ဝင်နေပြီ။ ကျားထိုးနေပြီ။ စခန်းကို ရှင်းလင်းရေး ဝင်တဲ့အချိန် ရန်သူ ထောင်တဲ့ မိုင်းတွေထကွဲတယ်။ မိုင်းတအားများတော့ ရဲဘော် နှစ်ဦးမိုင်းကွင်းထဲမှာ ကျတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူလည်းရှိ တယ်။ ဒဏ်ရာရတာတော့ မစိုးရိမ်ရဒဏ်ရာပဲရကြတာ”ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ငါးဦး ကျဆုံးပြီး ရေးဘီလူးတပ်ဖွဲ့မှ နှစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က လူမှုကွန်ရက်၌ ရေးသားအသိပေးသည်။ ” အလောင်းကိုတော့ ပြန်လည်ရရှိခဲ့တယ်။ ဆုတ်လမ်း က မတရားဝေးတော့ ဆုတ်လမ်းကိုပဲ ဦးစားပေး ပြန်လည်ဆုတ်ခွာခဲ့တယ်။ကျနော်တို့ဘက်က ကျဆုံးမှုရှိသွားတယ်။ ဆုံးရှုံးမှုရှိ သွားတယ်”ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ ရေးဘီလူးအဖွဲ့သည် မတ်လ ၁၄ ရက် နံနက်ကလည်း ရေးမြို့ နယ် ချောင်းတောင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးရှိသည်ဟု ရေးဘီလူးအဖွဲ့က အသိပေးထားသည်။  အဆိုပါစစ်ဆင်ရေး၌ ရေးဘီလူးတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ရေးဘီလူးတပ်ဖွဲ့၏ စစ်ဆင်ရေးကို နည်းမျိုးစုံဖြင့် ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူများ အသွားအလာ ဂရုစိုက်ရန်လည်း ရေးဘီလူးအဖွဲ့က မေတ္တာ ရပ်ခံထားသည်။ Read in full
၁၆။ ဖရူဆိုမြို့ရှိ ခိုးလီဆိုစစ်ရှောင်စခန်းမှာ ကျောင်းအမိုးအကာနဲ့ အိမ်သာခွက် လိုအပ်
   March 26, 2024

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းရှိ ခိုးလီဆိုစစ်ရှောင်စခန်းက ဘူးခူနဲ့ လောတဖုံ စစ်ဘေးရှောင်တွေရဲ့ ကိုယ်ထူကိုယ် ထ စာသင်ကျောင်းဆောင်အတွက် အမိုးအကာနဲ့ အိမ်သာခွက် လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာမြင့်လာ တာနဲ့အမျှ ကျောင်းအမိုးအကာ၊ အိမ်သာခွက်၊ နေအိမ်တဲ အမိုးအကာ လုံလောက်မှုမရှိတော့သလို ၇ လ ကြာတဲ့အထိ အလှူရှင် မရရှိသေးဘူးလို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။ ” ကျောင်းအတွက်ကော၊ ကျောင်းဆရာ၊ ဆရာမ အတွက်ကော ကလေးတွေအတွက်ကော လိုအပ်တာပေါ့။ တင်ပြထားတာပေါ့ ဒါပေမယ့် အရမ်းကြာနေပြီ အရေးပေါ်လိုအပ်နေတယ်။”လို့ ကျောင်း ဆရာမ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ အိမ်သာ (၃) လုံးလျှင် ၈ အိမ် မိသားစု အထိ မျှသုံးနေရတာကြောင့် အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ “ဟို အောက်ဘက်က အိမ်သာ သုံးလုံးပဲရှိတယ်၊ အိမ်က ၈ အိမ်ရှိနေတော့ ခက်ခဲတယ်၊ အိမ်သာမရှိတော့ ကြာလာတော့ ခက်ခဲ တယ်”လို့ သူက ဆက်ပြောပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်းကို သွားလာရခက်ခဲသလို လမ်းခရီးဝေးတာကြောင့် အလှူရှင်လာ ရောက်မှု နည်းပါးတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှု မကြာခဏ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။  ခိုးလီဆိုစစ်ဘေးရှောင် စခန်းထဲက လောတဖုံစစ်ရှောင်နဲ့ ဘူးခူစစ်ရှောင်မှာ အိမ်ခြေ ၆၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိနေပါတယ်။ Read in full

၁၇။  ကွတ်ခိုင်မှာရေရှားပါးမှုကြုံနေရ
   March 25, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လျှပ်စစ်မီးမရရှိ‌သေးတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြှင့်တက်တာတွေ ကြောင့် ဒေသခံတွေ ရေရှားပါးတဲ့ပြဿနာနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ရေကို အဝီဇိတွင်းတွေကနေသာအဓိကရယူကြတာဖြစ်ပြီး ရေရဖို့အတွက် လျှပ်စစ်မီးကိုအဓိကအသုံးပြုရတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအစမှာပဲ လျှပ်စစ်မီးတွေ လုံးဝမရပဲပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။“လျှပ်စစ် မီးမရတာပေါ့နော် စက်သုံးဆီကိုအဓိကထားပြီးတော့ မီးစက်နှိုးပြီးရေတင်ရတာကို လူတိုင်းကရေတင်ဖို့အတွက် ဆီဖိုးမတတ်နိုင် ကြတာပေါ့ စက်သုံးဆီစရိတ်ကလည်းကြီးလို့ပေါ့ရေခမ်းတာလည်းမဟုတ်ဘူး ကွတ်ခိုင်မှာက ၇၀ ရာခိုင်နှုန်းလောက်က အဝီဇိ တွင်းကနေပဲ မော်တာနဲ့စုပ်သုံးတာပေါ့“လို့ပြောပါတယ်။ ကွတ်ခိုင်မှာ လျှပ်စစ်မီးမရရှိတာဟာ ၅ လကြာမြှင့်လာပြီဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးမစတင်မှီ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီရဲ့ဆက်သွယ်ရေးတွေကိုဖြတ်တောက်ဖို့အတွက် လျှပ်စစ်မီး ပေးတဲ့ နေရာကို ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ လမ်းပန်းဆက်သွယ်ရေးကြောင့် စက်သုံးဆီဈေးနှုန်းကလည်း ဆက်တိုက်မြှင့်တက်နေပြီး အသုံး များတဲ့ ၉၂ ဓာတ်ဆီအမျိုးအစားဟာ တစ်လီတာကို ၅၀၀၀ ဝန်းကျင်ရှိနေတယ်လို့ ဒေသခံ တွေကဆိုပါတယ်။ အခုလို ရေမရ တာတွေကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ဒေသခံ တွေစိုးရိမ်နေကြပြီး လက်ရှိတော့ ရေရဖို့ အတွက် ငွေကြေးတတ်နိုင်တဲ့နေအိမ်တချို့က အကူအညီနဲ့ ရေသုံးစွဲနေရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။“ရေ ရှားပါးလို့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အရေပြားရောဂါ၊ ဝမ်းရောဂါတွေဖြစ်လာမယ် ဒါတွေကတော့ နောက်ဆက်တွဲပေါ့ လောလော ဆယ်တော့မရှိသေးပေမဲ့ နောက်တော့ဖြစ်လာမှာပေါ့ စီးပွားရေး လည်ပတ်နိုင်တဲ့သူတွေကတော့ ရေအလှူလုပ်ပေးတာပေါ့ အချိန်ပိုင်းနဲ့ပေါ့ ရေတင်ပေးတာ ပေါ့“လို့ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ဟာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အပြင် ကချင်လွတ်လပ် ရေးတပ်မတော် KIA တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားတဲ့မြို့လည်း ဖြစ်ပါတယ်။ Read in full
၁၈။ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ (၁) ဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိ
   March 26, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မူကြောင့် မြို့သစ်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံးပြီး မိသားစုဝင်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဟားခါးမြို့ ခံတစ်ဦးက “လက်နက်ကြီးအိမ်ပေါ်ကျပြီးတော့ ဆုံးတာလို့ကြားတယ်၊ BOC ဖက်မှာဖြစ်တာ။ အိမ်ထောင်ဦးစီး သေဆုံးသွား တယ်၊ မိသားစုဝင်တွေလည်း ထိခိုက်တယ်။ ကျန်တာမသိရသေးဘူး” ဟုပြောသည်။

ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်မူထမ်းရန် စာရင်းကောက်ယူမူ လုပ်ဆောင်လာပြီးနောက်ပိုင်း မတ်လ (၁၈) ရက်မှစကာ မြို့တွင်းမကြာခဏ ပစ်ခတ်ဖြစ်ပွားမူများရှိလာသော်လည်း ယမန်နေ့တွင် ထိတွေ့မူမရှိပဲ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ပြည်သူသေဆုံးမူရှိလာခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းအပြင် ယမန်နေ့ညမှစပြီး မြို့ပေါ် တွင် အင်တာနက် Wifi လိုင်းများပြတ်တောက်နေသည်ဟု ဟားခါးမြို့ခံများထံမှ သိရသည်။ Read in full
၁၉။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းစောရွာ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၁၇ လုံး ပျက်စီး
   March 25, 2024

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင်တပ်မဟာ(၁)ဘီးလင်း မြို့နယ် မင်းစောကျေးရွာထဲကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီက အင်အားပြင်းဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၁၇ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက မင်းစောကျေးရွာထဲကို ဂျက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကော်သူးလေ ကရင်အလယ်တန်း ကျောင်းဆောင် ၃ လုံးအပြင် လူနေအိမ် ၁၁ လုံး၊ ဘာသာရေး အဆောက်အဦး ၂ လုံးနှင့် နှမ်းကြိတ်စက်ရုံ ၁ လုံး ပျက်စီးသွားပြီး ဒေသခံအရပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က “ရန်သူစစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ပြီး ပြည်သူလူထုကို သတ်တာ ကြောင့် သူတို့ကကျနော်တို့ရန်သူဟာ ရန်သူပါပဲ။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူတိုင်းက စစ်ကောင်စီကို ရန်သူလို့ပဲ သတ် မှတ်တယ်။ ပြည်သူကို ကာကွယ်တဲ့လက်နက်ကိုင်လို့ မသတ်မှတ်ဘူး။ တိုက်ပွဲမဖြစ်ဘဲလူထုကိုပစ်မှတ်ထားတာဖြစ်တယ်။ ဒါကြောင့် အခုဆိုရင် အဲဒီကရွာ နှစ်ရွာက လူထုတွေက ရွာလုံးကျွတ်ရှောင်နေရတယ်။”ဟု ပြောသည်။ ဗုံးကြဲတိုက်ခိုက် မလုပ်ဆောင်ခင် တစ်ရက်တွင် ထိုနေရာသို့ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် မကြာခဏလာရောက်ပျံဝဲနေသောကြောင့် ဒေသခံ လူထုများမှာ ညအချိန်တွင် ဘေးလွတ်ရာသို့ကြိုတင် တိမ်းရှောင်ထားကြသည့်အတွက် ယခုလို လူထုထိခိုက်မှုနည်းပါးခြင်း လည်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ သထုံခရိုင်တွင် စစ်ကောင်စီတပ်ဘက်က ကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် မကြာခဏပစ်ခတ် လေ့ရှိသည့်အတွက် ကျေးရွာအများစုမှ ဒေသခံများသည် နေ့အချိန်ရွာတွင် ရွာထဲပြန်လည်ဝင်ရောက်လာပြီး ညအချိန်တွင် တော ထဲတောင်ထဲနှင့် ကျောက်ဂူကဲ့သို့သော ယာယီခိုလှုံရာနေရာများတွင် သွားရောက်တိမ်းရှောင် ညအိပ်နေကြသည်ဟု သိရသည်။ Read in full
၂၀။ ပစ္စည်းပြန်ယူသည့် ဒေသခံနှစ်ဦးထံ PNO ပြည်သူ့စစ် က လေးလုံးထိုးကား၊ ဖုန်းနှင့် ငွေ ၄ သိန်း သိမ်းယူသွား
    March 26, 2024

ဆီဆိုင်မြို့ထဲသို့ ပစ္စည်းပြန်ယူသည့် ဒေသခံများထံ PNO ပြည်သူ့စစ်က လေလုံးထိုးကားတစ်စီး၊ဖုန်းနှင့် ပိုက်ဆံ ၄ သိန်း ကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ပစ္စည်းပြန်ယူသည့် ဒေသခံများသည် ပစ္စည်းယူ ပြီး ပြန်ထွက်ချိန် ဆိုက်ခေါက်ကျေးရွာ အနောက်တောင်ဖက်၌ PNO ပြည်သူ့စစ်က စစ်ဆေးမှု ပြုလုပ်ပြီး ခြိမ်းခြောက် ငွေတောင်း ခဲ့ကြောင်းသိရသည်။ “ကျွန်တော်တို့ကလူနှစ်ယောက်ဘဲ PNO က အကြီးပိုင်းအပါအဝင်အင်အား ၅၀ ခန့်ရှိတယ်။ ကျွန်တော်တို့ ကိုစစ်ဆေးချိန် သေနတ်တွေနဲ့ချိန်တယ်။ ပြီးရင်ဖုန်းတွေကို စစ်ဆေးတယ်။ မင်းတို့ကားကိုသိမ်းပြီဆိုပြီးပြောတယ်။ ပါလာတဲ့ ပိုက်ဆံ လေးသိန်းလည်းယူသွားတယ်။ ဖုန်းလည်းပြန်မပေးဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ရသူက ပြောသည်။

ဖုန်း၊ ပိုက်ဆံ၊ ကားများသိမ်းယူပြီး လူကိုပြန်လွှတ်ကာ အမျိုးမျိုးလည်းခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ “နင်တို့ ကို ပစ်သတ်လို့ရတယ်နော်။ မဟုတ်ရင်လက်နောက်ပြန်ကြိုးတုတ်ပြီး တဘက်ချောင်းထဲ ပစ်ချလို့ရတယ် “စသည့် အသက် အန္တရာယ်ခြိမ်းခြောက်မှုလည်း ပြုလုပ်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။ ဆီဆိုင်ဒေသခံများသည် စစ်ရှောင်ကာလကြာ လာ သည်နှင့်အမျှ စားရေးသောက်ရေးခက်ခဲခြင်းကြောင့် အသက်ရင်းပြီးနေအိမ်ရှိပစ္စည်းများကို ပြန်ယူကြကြောင်းသိရသည်။ ပစ္စည်း ပြန်ယူသည့် လူငယ်၊လူကြီး၊ အမျိုးသား၊အမျိုးသမီးအပါအဝင် ဒေသခံ ၆၀ နီးပါးလည်း အဆက်သွယ်မရဘဲ ပျောက်ဆုံး နေကြောင်းသိရသည်။ Read in full
၂၁။  စစ်ကောင်စီအတွက် စစ်သားစုဆောင်းရေး လုပ်ပေးနေတဲ့ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
   March 25, 2024

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ လက်တွေ့အကောင် အထည်ဖော်တာမှာ အကူ အညီပေးနေတဲ့  မွန်ပြည်နယ် ကျိုက်ထို မြို့နယ် တောင်ကလေးကျေးရွာ အုပ် ချုပ်ရေးမှူး ဦးစံလွင်ကို  ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးတပ်ဖွဲ့  (KRF)က ဓာတ်ပုံ ဗီဒီယိုနဲ့တကွ ထုတ်ပြန်ထားပါတယ်။ ကျိုက်ထိုတော်လှန်ရေးတပ်ဖွဲ့ (KRF)နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး မတ် ၂၄ ရက်နေ့ မနက် ၉ နာရီကျော်အချိန်လောက်မှာ နေအိမ်ကနေ ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးကို သွားနေတဲ့ အုပ်ချုပ်ရေးမှူး ဦးစံလွင်ဆိုသူကို လမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးစံလွင်ဟာ တောင်ကလေးကျေးရွာအုပ်စုရှိ အင်းဝကျေးရွာ၊ ကွင်းက လေးကျေးရွာနဲ့ တောင်ကလေးကျေးရွာတို့မှ လူငယ်လူရွယ်တို့ကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ စာရင်းကောက်ခံတာ၊ စုဆောင်းတာတို့ကို လုပ် ဆောင်နေကာ မဲနှိုက်ပွဲပြုလုပ်ပြီး လူငယ်တွေကို စစ်ကောင်စီတပ်ထဲကိုတွန်းပို့ဖို့ ကြိုးပမ်းတာတွေကြောင့် ပစ်ခတ်ရှင်းလင်း လိုက်တာလို့ ကျိုက်ထိုတော်လှန်ရေးတပ်ဖွဲ့ (KRF)ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင် အထည်ဖော်ရာမှာ ပူးပေါင်းမပါဝင်ကြဖို့ အုပ်ချုပ်ရေးမှုးတွေကို မြေပြင်ကတော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းသတိပေးနေကြပါတယ်။ Read in full
၂၂။ ရခိုင်ပြည်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု AA ဖိတ်ခေါ်နေ
   March 25, 2024

ရခိုင်ပြည်အတွင်း အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးကို အထောက်အကူပြုသောမည်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံ မှုများကိုမဆို ကြိုဆိုကြောင်း ရက္ခိုင့်တပ်တော် AA က ဖိတ်ခေါ်နေသည်။ ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများနှင့် ဒေသ ဖွံ့ဖြိုးရေးအခြေအနေများကို ရက္ခိုင့်တပ်တော် AA မှ မတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ် သည်။ ရခိုင်ပြည်အတွင်း မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု AA က ပြောသည်။ လာရောက် ရင်းနှီး မြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် AA နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ထုတ်ပြန် ချက်တွင် တိုက်တွန်းထားသည်။

ရခိုင်ဒေသအပေါ် စစ်မှန်သည့်စေတနာရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုကြသောသူများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း AA က ပြောသည်။ ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည်အတွင်းက ကျန်ရှိနေသေးသော လက်နက်ချအညံ့မခံသည့် စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ရရှိ နိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ သိမ်းပိုက်ရရှိထားသော မြို့ရွာများ၏တည်ငြိမ်ရေး၊ အုပ်ချုပ် ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားအဝဝတို့ကို အကောင်းဆုံးကြိုးစား ဆောင် ရွက်လျှက်ရှိ သည်ဟု AA က ထုတ်ပြန်ထားသည်။ Read in full
၂၃။ ဖားဆောင်းမြို့တွင်းမှာ လူသားဒိုင်းအဖြစ် ပိတ်မိနေတဲ့ ပြည်သူ (၁၀၀) ကျော်ကို တော်လှန်ရေးတပ်ဖွဲ့ ကယ်ထုတ်
   March 25, 2024

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မြောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ကွက်သစ်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စတင်ခဲ့တဲ့ ဖားဆောင်းမြို့တွင်းတိုက်ပွဲမှာ ဒေသခံပြည်သူ ၁၆၀ ကျော်ဟာ ပိတ်မိနေခဲ့တာဖြစ်ပြီး ကွက်သစ်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ လူဦးရေ ၁၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံး ပြုခဲ့တယ်လို့ ပြန်လည်လွှတ်မြောက်လာတဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။ “ဒီလူထုတွေကို သူတို့က လူသားဒိုင်းပါ့ ကာဗာ လုပ်ပြီး လာနေတော့ လူတွေကနေရတာကျဉ်းကြပ်ကုန်တယ်။ အိမ်လည်း ပေးမပြန်တော့ဘူး။ ရိုင်းရိုင်းပြောရင် ဒီနောက်ပိုင်းဆို အိမ်သာ တောင်ပေးမတက်တော့ဘူး။ ရေချောင်းလည်း ပေးမဆင်းတော့ဘူး။ မိုင်းထောင်ထားတယ်ဆိုပြီး ဘယ်သူမှ မသွားရဲတော့ဘူး။ နောက်ပြီးတော့ အမိန့်တွေထုတ်တယ် သဘောက ည ၆ ၊ မနက် ၆ ခြံစည်းရိုးအပြင်မထွက်ရတာတို့ မီးမထိုးရတာတို့ စကားကျယ် ကျယ်မပြောရတာတို့ အဲ့ဒါတွေတော့ ပြောတယ်။”လို့ ပြန်လည်လွှတ်မြောက်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေဟာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၄ ရက်အကြာမှာ ပြန်လည်လွှတ်မြောက်လာခဲ့ တာဖြစ်ပါတယ်။ ပိတ်မိနေစဉ်အတွင်း စစ်ကောင်စီတပ်က ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာမရှိပေမဲ့ အသွားအလာ ကန့်သတ်တာမျိုး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။“ကိုယ့်လူထုတွေ အယောက်တိုင်းကြည့်ကြည့်လိုက် အားငယ်စိတ်တွေရှိတယ်။ သေမင်းကြားမှာနေရတာပေါ့။ ဘယ်နေ့သေမလဲဆိုတာ ဒါပဲတွက်ကြတာ။ မနေ့ကလိုမျိုး လာကယ်ထုတ်မှ ငါတို့လွှတ်မြောက် ပြီဆိုပြီးတော့မှ အကုန်လုံးပြုံးပြုံးရွှင်ရွင်နဲ့ ပြန်လာနိုင်တာပေါ့။ သွားလာတာ ဒုက္ခရောက်ပေမဲ့လည်း အရင်လိုမျိုး စိတ်ဒုက္ခ မရောက်တော့ဘူးပေါ့။ အရင်တုန်းက စိတ်ဒုက္ခလည်းရောက်တယ် သေနတ်သံလည်း နေ့တိုင်းကြားနေရတယ်။ သေနတ်သံက ဘယ်ကနေပစ်မှန်းမသိ။ ကိုယ်က သူတို့(စစ်ကောင်စီ) ပြောတဲ့အတိုင်းနေရတာပေါ့ ။ မထွက်နဲ့ဆို မထွက်နဲ့ ဝပ်နေဆိုဝပ်နေ။ ထမင်းချက်တန်းလန်းနဲ့ လေယာဉ်လာပြီဆိုရင်လည်း မီးငြိမ်းပေးရတာပေါ့။” လို့ အဆိုပါ ပြန်လည်လွှတ်မြောက်လာတဲ့ ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်နိုင်ခဲ့တဲ့ ဒေသခံပြည်သူ ၁၃၀ ကျော်ရှိပြီး မြို့တွင်းပိတ်မိ နေတဲ့ ပြည်သူတွေလည်း ရှိနေဆဲလို့ သိရပါတယ်။ လတ်တလော ဖားဆောင်းမြို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဖားဆောင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စေတီကုန်း ၂ ခု၊ ရဲစခန်းတံတား၊ စစ်ဆေးရေးဂိတ် ၂ ခု၊ မြို့နယ်ခန်းမ၊ ထီးတာ၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်း တွေကို သိမ်းပိုက်ရရှိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် (KNDF) ရဲ့ မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ Read in full
၂၄။  ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ
   March 25, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို မိုင်းနင်းမိတဲ့အရေအတွက်ဟာ ပိုပြီးမြှင့်တက်လာ နေပြီးတော့ နှစ်ပတ်အတွင်းသေဆုံးသူက ၂ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူက ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့ အကူညီပေးရေးဆောင်ရွက်နေသူ တစ်ယောက်ကပြောပါ တယ်။“အဓိကက ကျေးလက်ကဒေသခံတွေ သစ်ခုတ်ဝါးခုတ်ပေါ့ ရွာကသူတွေပေါ့ မြို့ပေါ်ကဆိုလည်း အခြေခံလူတန်းစားတွေ များတယ် မြို့အပြင်ရွာအစပ်တွေ၊ တောစပ်တောင်စပ်တွေက ထိခိုက်တာ များတယ်”လို့ပြောပါတယ်။ လက်တလော မတ်လ ၂၃ ရက်နေ့ကဆိုရင် ရပ်ကွက် ၁ သာယာကုန်းရပ်ကွက်က စစ်တပ်နဲ့ကပ် လျှက်နေရာမှာ နွားသွားရှာရကနေ အသက် ၆၀ ကျော် အရွယ် အမျိုးသားတစ်ယောက် ခြေကျင်း ဝတ်ကနေ ဖြတ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း ကွတ်ခိုင် တိုးဂိတ်အကျော် ခရစ်ယာန်သုဿန်အနီး လမ်းခင်း လုပ်သားတွေ မိုင်း နင်းမိပြီး ၁ ယောက်သေဆုံးခဲ့သလို ၅ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့တစ်ရက်တည်းမှာပဲ ကွတ်ခိုင် ပန်းဆေး ရွာနဲ့ရပ်ကွက် ၅ တို့မှာ မိုင်းနင်းမိတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုးသမီးနဲ့အမျိုးသားတစ်ယောက် ခြေထောက်ဖြတ်ခဲ့ ရပါသေး တယ်။ အခုလိုမိုင်းနင်းမိတာ၊ လက်နက်ကြီးပေါက်ကွဲတာတွေမြင့်တက်လာတာကြောင့် အရပ်သားတွေဘက်ကလက်ရှိ ကွတ်ခိုင် ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် TNLA ဘက်ကို မိုင်းရှင်းလင်း ရေးတွေဆောင်ရွက်ပေးဖို့ တောင်းဆို ထားတယ်လို့ သိရ ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ မြေမြုပ်မိုင်းနဲ့ တိုက်ပွဲကျန်လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ တတိယအပတ်အထိ စာရင်းတွေအရ အရပ်သားထိခိုက်သေဆုံးမှု ၃၀ ကျော်လောက် ရှိတယ်လို့ ဒေသတွင်း သတင်းဌာန တွေက ဖော်ပြကြပါတယ်။ Read in full
၂၅။ မိုးညှင်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ
   March 26, 2024

မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ နံနက် ၄ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံ ခဲ့ရပြီး နေရာတွင်သေဆုံးသွားကြောင်းသိရသည်။ နတ်ကြီးကုန်းရပ်ကွက်မှ နန့်မွန်းဈေးသို့ ဆိုင်ဖွင့်ရန်သွားချိန် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“သူက နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးပေါ့။ သူ့မိန်းမကို အဲဒီနန့်မွန်းမြို့ မနက်ဈေးကို ဆိုင်ကယ်နဲ့လိုက်ပို့ရင်းနဲ့ ဈေးမှာပစ်ခံရတာပေါ့နော်။ သေသွားပြီ ဗျ။ အဲဒီနေရာမှာပဲ သေတာ”ဟုဆိုသည်။ အုပ်ချုပ်ရေးမှူးဦးဌေးအောင်မှာ ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရပြီး စစ်ကောင်စီ အတွက် စစ်မှုထမ်းရန်လူငယ်များကို ဖုန်းဆက်ခေါ်လေ့ရှိကြောင်း အခြားဒေသခံအမျိုးသား တစ်ဦးကပြောသည်။

“သူကလူငယ်တွေကိုဖုန်းဆက်ပြီး ခြိမ်းခြောက်သလိုနဲ့မှတ်ပုံတင်တွေယူ စစ်မှုထမ်းရမယ်လို့ အဲဒီလိုတွေပြောတာ။ ပထမ တော့ မဲနှိုက်ခိုင်းတယ်။ မှတ်ပုံတင်ရော လူရောယူပြီး စစ်တပ်ကိုအပ်မယ့်သဘောဗျ” ဟုပြောသည်။ မည်သည့်အဖွဲ့အစည်း က ပစ်ခတ်ခဲ့သည်ကို မသိရှိရသော်လည်း ညာဘက်မျက်လုံးအောက် နှာခေါင်းဘေးတွင် ကျည်ထိမှန်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ၏ ရုပ်အလောင်းကို မြစ်ကြီးနားသို့ သယ်ဆောင်သွားကြောင်း သိရသည်။ နန့်မွန်းမြို့တွင် ၂၀၁၄ သန်းခေါင်စီ ရင်းအရ အိမ်ထောင်စု ၂၄၀၀ ကျော်၊ လူဦးရေစုစုပေါင်း ၆၀၀၀ ကျော်နေထိုင်ပြီး ရှမ်းနီလူမျိုးများနှင့် ကချင်လူမျိုးအများဆုံးနေထိုင် ကာ ရှမ်းနီပြည်သူ့စစ်လှုပ်ရှားရာဒေသဖြစ်ကြောင်း သိရသည်။ Read in full
၂၅။ ဓနု ၁၀၀၃ တပ်ရင်း ပြည်သူလူထုပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်း မမှန်ကန်
   March 25, 2024

ဓနုဒေသအခြေစိုက်  ၁၀၀၃ တပ်ရင်းက “ဒေသခံပြည်သူလူထု၏ ပစ္စည်းဥစ္စာများအား ကားများဖြင့် လာရောက်ခိုးယူနေ သည် ဆိုသည့်`Mawshan Myay Media (Telegram Channel) ပါသတင်းမှာ ဝါဒဖြန့် Post  တစ်ခုသာ ဖြစ်ပြီး အမှန်တကယ် မဟုတ်ကြောင်း ထုတ်ပြန်ပါတယ်။ အဆိုပါ စစ်ကောင်စီကိုအားပေးထောက်ခံတဲ့ မတ်လ ၂၀ ရက်က ဝါဒ ဖြန့်သတင်းတွင် ဓနု ၁၀၀၃ တပ်ရင်းအနေနဲ့ မတ်လ ၁၈ ရက်က”ပြည်သူလူထုများသို့ မေတ္တာရပ်ခံခြင်းနှင့် အသိပေးထုတ်ပြန်ခြင်း”ပါ မှတ်တမ်း ဓာတ်ပုံများကို အသုံးပြုကာ ဝါဒဖြန့်မှုလုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဖြေရှင်းထုတ်ပြန်ပါတယ်။ ယင်းဓာတ်ပုံတွေ ဟာ အကြမ်းဖက် စစ်ကောင်စီတွေ စစ်ကြောင်းထိုးနေတဲ့ ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ၊ ဗန်းမောက်ကျေးရွာနဲ့ နမ့်ဖောမူ ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ညွန်ကြားထားသည့် လူထုအပေါ် လူသားဆန်ဆန် အလေးထားဆက်ဆံရန်၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို အသုံးပြုပါက အသုံးပြုသည့်ကာလအပေါ် အခကြေးငွေပေးချေရန် စည်းမျဉ်းစည်းကမ်းများချမှတ်ထားသည့်အပြင် ဓနုတပ်ရင်းသာမက တော်လှန်ရေးမဟာမိတ်အင်အားစုများဟာ တိုက်ပွဲမဖြစ်မီ၊ တိုက်ပွဲဖြစ်ပြီး လူထုအသက်တွေကို ကာကွယ်ဖို့၊ လူထုနေအိမ်တွေက ပစ္စည်းတွေကို ဝင်ရောက်ခိုးယူထာ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ကြဖို့ စစ်ဥပဒေချမှတ်ထားပြီး အားလုံးလိုက်နာလျက်ရှိတယ်လို့ ပြောပါတယ်။ ဓနု ၁၀၀၃ တပ်ရင်းဟာ ဓနုဒေသ၊ ဓနုလူမျိုး တွေအတွက်သာ တိုက်ပွဲဝင်နေတဲ့ တပ်ရင်းမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းဖြစ်တဲ့အတွက် နိုင်ငံရဲ့ဘယ်နေရာမဆို သက်ဆိုင်ရာ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး အကြမ်း ဖက်စစ်ကောင်စီကို တိုက်ထုတ်သွားမှာဖြစ်တယ်၊ ဒါကြောင့် စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ Media တွေရဲ့ ရေးသား ဖြန့် ဝေမှုတွေကိုမယုံကြည်ကြဖို့ မေတ္တာရပ်ခံတယ်လို့ ပါရှိပါတယ်။ Read in full
၂၆။ CDF-Hakha ထံ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် ထပ်မံ အလင်းဝင်
   March 25, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား၁ ဦးသည် CDF-Hakha ထံသို့ လက်နက်ဖြင့် အလင်ဝင်လာကြောင်း ထုတ်ပြန်ချက်အရသိရသည်။ မတ်လ ၂၄ ရက်နေ့တွင် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီ လက်အောက်တွင်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူတော်လှန်ရေးတွင်ပါဝင်တော့မည်ဟုဆိုကာ သေနတ် လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်နှင့် အတူ အလင်းဝင်လာသူအား ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်သည့်အပြင် လုံခြုံလွတ်မြောက်နယ်မြေသို့ ‌ပို့ဆောင်ပေးကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်တွင် လက်နက်ကိုင်တာဝန်ထမ်းဆောင်နေသော ရဲနှင့် စစ်သားများအား လက်နက်ပါသည် ဖြစ်စေ၊ မပါသည်‌ဖြစ်‌စေ အချိန်မနှောင်းမီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်နှင့် ခိုလှုံလာသူများအား CDF- Hakha အနေဖြင့် နွေးထွေ စွာကြိုဆိုကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထိုသို့ထုတ်ပြန်ပြီးနောက် ဟားခါးမြို့ပေါ်မှ ရဲတပ်သား ၄ ဦးအား လက်နက်အပြည့်အစုံဖြင့်သော်လည်းကောင်း ကိုယ်လွတ်ရုန်းပြီးသော်လည်းကောင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံ လာကြပြီဖြစ်ကာ ၎င်းတို့အား လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးသည့်အပြင် လက်နက်များဖြင့် အလင်းဝင်လာသူများအား ဆုငွေ ချီးမြှင့်‌ပေးလေ့ရှိကြောင်း သိရသည်။ Read in full
၂၇။ လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ဖန်တီးနေကြောင်း AA ထုတ်ပြန်
  March 26, 2024

စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင် ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေကို ဒီရက်ပိုင်း အတွင်း ပိုပြီးလုပ်ဆောင်လာနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က မတ်လ ၂၅ ရက်နေ့ ထုတ်ပြန် ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့အတွက် ကြိုးစားတာလို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါ တယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅) က လူမျိုးရေး ပဋိပက္ခ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြပွဲလုပ်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာ ၇ဝဝ ခန့်ဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်ကို ကာကွယ်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ မောင်တောမြို့မှာလည်း အလားတူဆန္ဒပြပွဲတွေ ဖန်တီးဖို့ စစ်ကောင်စီက ကြိုးပမ်းနေပြီး အာရက္ခပြည်သူတွေအနေနဲ့ စစ်ကောင်စီလိုချင်တဲ့ နိုင်ငံရေး ထောင်ချောက်မှာ မမိကြဖို့ နိုင်ငံရေးအသိ၊ သမိုင်းထဲက အတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ သတိထားစောင့်ကြည့်ကြဖို့ ULA က ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့၊ ဘယ်သူ့ကိုမဆို စစ်ကောင်စီ ဘက်တော်သားအဖြစ် သတ်မှတ်တိုက်ခိုက်သွားမှာဖြစ်သလို အာရက္ခဒေသအတွင်း ရက္ခိုင့်တပ်တော်ကလွဲပြီး ဘယ်လက်နက် ကိုင်အဖွဲ့အစည်းမှ မရှိရဆိုတဲ့ မူအတိုင်းရှိနေမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ Read in full
၂၈။ ကျိုက်ထိုမြို့က ပျူစောထီးအဖွဲ့ဝင် ၁ ဦးနှင့် ဘုန်းကြီး ၁ ပါး ပစ်ခတ်ခံရ
   March 26, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှာ မတ် ၂၅ ရက်နေ့က ပျူစောထီးအဖွဲ့ဝင် အမျိုးသားတဦးနဲ့ ဘုန်းကြီးတပါး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာလမ်းဆုံမှာ  မနေ့ မွန်းလွဲ ၁ နာရီလောက်က ကျောက်ဖြူ တောင်ကျောင်း(ဘောဂဝတီကျောင်း)က ဘုန်းကြီးဥူးစန္ဒိမာနဲ့ ပျူစောထီးအဖွဲ့ဝင် “စင်တော်” လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းတို့ကို ပစ်ခတ်ခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ဘုန်းကြီးက တော်လှန်ရေးအဖွဲ့တွေသတင်းကို စုံစမ်းပြီး စစ်တပ်နဲ့ ရဲတွေကို သတင်းပို့နေတာ။ သေနတ်ကိုင်ပြီး ရမ်းကားနေတာလည်း ကြာပြီ။ တင်ငြိမ်းနဲ့ပေါင်းပြီး ဒလန်လုပ်နေလို့ ကျိုက်ထို ပကဖအဖွဲ့နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။” အဲဒီ ပစ်ခတ်မှုကြောင့် ဘုန်းကြီး ဥူးစန္ဒိမာဟာ ဘယ်ဘက်လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဘယ်ဘက်ကျောကုန်း ကျည် ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားကြောင်းနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းကတော့ ဆီးခုံ ဖောက်ဝင်ဒဏ်ရာနဲ့ ညာဘက်ပေါင်မှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူ မတ် ၂၄ ရက် မနက်ပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာကစစ်မှုထမ်းကိစ္စ ဆောင်ရွက်နေတဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးကို တော်လှန်ရေးအဖွဲ့တွေကပစ်သတ် ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF )က ထုတ်ပြန်ပါတယ်။ Read in full
၂၉။ မိုးမောက်မြို့နယ်၌ လက်နက်ကြီးထိမှန်ပြီး ရွာသား ၁ ဦး သေဆုံး၊  ကလေး ၂ ဦးဒဏ်ရာရ
   March 26, 2024

ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်မှာ မတ် ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသား တဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ စစ်တပ်က မင်းဂျမ်းတောကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကျေးရွာအတွင်းက နေအိမ်အလယ်တည့်တည့်ကို လက်နက်ကြီးကျည်ကျရောက်ပြီး အမျိုးသားတဦး သေဆုံးကာ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။ ဒေသခံတဦးက “လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ထွက်ပြေးဖို့ လုပ်တဲ့အချိန် အိမ်တည့်တည့်ကို လက်နက်ကြီးကျတာ။ အဲ့ဒီ အိမ်က အမျိုးသား တဦးသေပြီး ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်”လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၃၀ ကျော်အရွယ်အမျိုးသားတဦးသေဆုံးကာ အသက် ၁၀ နှစ်အောက်ယောက်ျား လေး တဦးနဲ့ အသက် ၁၀ နှစ်အထက်မိန်းကလေးငယ်တဦးကတော့ လက်၊ခြေထောက်နဲ့ကိုယ်ခန္ဓာမှာ ထိခိုက် ဒဏ်ရာပြင်းထန်ခဲ့ ပါတယ်။ မေ ၂၁ ရက်ကလည်း  စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဟင်္သာကျေးရွာက စစ်ရှောင်အမျိုးသမီး နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ ခုနစ်ဦးထက်မနည်းရှိခဲ့ပါတယ်။ Read in full
၃၀။ လွိုင်ကော်မြို့တွင်းကျန်နေတဲ့ ဒေသခံတွေ စားဝတ်နေရေး ပူပန်နေရ
    March 26, 2024

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးတွေ ကျရောက်နေပေမယ့် တခြားနေရာဒေသကို စစ်မရှောင်နိုင်ပဲ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရှိနေပါတယ်။ လွိုင်ကော်မြို့ကနေ တခြားမြို့တွေကို စစ်ဘေး ရှောင်သွားဖို့ ကားခတစ်ဦးအတွက် တစ်သိန်းကုန်ကျတယ်လို့ သိရပါတယ်။ လွိုင်ကော်ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်သီတာဝင်းက တော့ စစ်ဘေးရှောင်ဖို့ သွားလာရေးအတွက် ငွေကြေးမရှိသလို နေရာထိုင်ခင်းအတွက် အခက်အခဲရှိတာကြောင့် မိမိနေအိမ်မှာ သာ နေထိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နေ့စားအလုပ်လုပ်ရင်း တစ်ရက်စာ ဝမ်းရေးကို ဖြေရှင်းနေရပြီး မိသားစုလူဦးရေ များတာ ကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။“အဒေါ်လက်ထဲမှာ ပိုက်ဆံရှိမှသွားနိုင်မယ်လေ။ အခုခါ အဒေါ်လည်း လက်ထဲမှာ ပိုက်ဆံမရှိတော့ သား၊ သမီးတွေကို မခေါ်သွားနိုင်ဘူး။ ဒီမှာနေတာ ကြောက်တာပေါ့ တုန်လှုပ်တာပဲလေ လက်နက်ကြီးက အဒေါ်တို့ နံဘေးမှာပဲကျနေတယ်။ တချို့ခါကျတော့ မသွားဘဲနဲ့ ဘာဖြစ်လို့ နေတာလဲပေါ့နော အဒေါ်တို့ကိုပြောတယ်။ အဒေါ် တို့ မသွားချင်တာမှ မဟုတ်တာမသွားနိုင်တာလေ။ စားဝတ်နေရေးက အရင်တုန်းကတရက်လုပ်မှတရက် စားလေ။ အခုကျတော့ အဒေါ်တို့ဘာအလုပ်အကိုင်မှမရှိတော့ အရင်တုန်းကသူများထောက်ပံ့ပေးတဲ့ဟာ ချွေတာပြီးစားရတယ်။”လို့ ဒေါ်သီတာဝင်း က ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်ဖက်ကို စစ်ဘေးရှောင်ကြတဲ့ ဒေသခံတချို့ ဟာ လွိုင်ကော်မြို့ကို ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ရင်း လွိုင်ကော်မြို့ကို ပြန်လာနေထိုင်တဲ့ဦးတိုးက “စိုးရိမ်ရပါတယ် ဒါကတော့။ ကျနော်တို့ ဒီမှာက အမြဲတမ်းလိုလို အသံကြားနေရတာဆို‌တော့ မနေချင်ဘူး ပွင့်ပွင့်လင်းလင်းပြော ရ‌ရင် အခက်ခဲတွေရှိလို့ မနေချင်ပဲနေနေရတာ။ လက်နက်ကြီးတွေလာတဲ့အချိန်ဆိုတော့ တော်တော်စိုးရိမ်ရတယ် တော်တော် ကြောက်ရတယ်။ ဒရုန်းတွေဘာတွေလဲ လာတယ်လေ ကြောက်ရတာပေါ့ ကျနော်တို့မှာ။ အဲ့ဒါဆိုရင် မအိပ်တော့ဘူး။ ညလာတဲ့ အသံကြားရင် ထိုင်ပြီးကြည့်နေတာ” လို့ ဆိုပါတယ်။ ဒေသခံအများစုကတော့ ဈေးရောင်းတာ၊ ဟင်းရွက်ခူးတာ၊ ထင်းခုတ်တာ၊ နေ့စားလိုက်တဲ့ လုပ်အားခနဲ့ စားဝတ်နေရေး ဖြေရှင်းကြတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့မှာ နှစ်ဖက်ထိတွေ့မှု နေ့စဉ်ရက် ဆက်ရှိနေပြီး စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံး အသုံးပြုမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Read in full
၃၁။ မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်
   March 26, 2024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၅ ရက်နေ့ မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရှိ စစ်ကောင်စီ၏ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းနှင့် ခမရ ၃၂၀ တပ်ရင်းတို့ကို KIA  ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ခမရ ၃၈၇ ဗျူဟာ တပ်ရင်းစခန်းကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

” မိုးမောက်မြို့နယ်၊ မြို့သစ် ကုန်းလော အခြေစိုက် ခမရ-၃၈၇ တပ်ရင်းဌာန စခန်းကို  KIAက ဒီနေ့မနက် ၇ နာရီ ၄၀ မိနစ် မှာ သိမ်းပိုက်ပါတယ်။ အခုထပ်ပြီး ခမရ ၃၂၀ တပ်စခန်းကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်” ဟု KIA သတင်းရင်းမြစ် က ပြောဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း၊ တိုက်ပွဲအသေးစိတ် အခြေအနေများဖြစ်သော စစ်တပ်ဘက်မှသေဆုံးထိခိုက်မှုနှင့် လက်နက်သိမ်းဆည်းရရှိမှု အခြေအနေများကို လတ်တလော တိုက်ပွဲ ပြင်းထန်နေ၍ မသိရှိရသေး ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။ Read in full
၃၂။ မောင်တောခရိုင် ဆေးရုံအုပ်နှင့်လက်ထောက် ဆရာဝန်ကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်
   March 26, 2024

မောင်တောခရိုင် ပြည်သူ့ဆေးရုံ အုပ်နှင့် လက်ထောက်ဆရာဝန်သည် ရက္ခိုင့်တပ်တော် (AA)ထံ ခိုလှုံသွားသည်ဟု ဆို ကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ” ဒေါက်တာနုကေသီစံနဲ့ ဒေါက်တာအောင်နိုင်လင်းကို ဒီနေ့မှာပဲ စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်လိုက်တာပါ။ ဒေါက်တာနှစ်ယောက်က တပ်တော်ဆီသွားပြီး ခိုလှုံနေလို့ကြားရ တယ်။ အဲဒီဟာကိုတော့ အသေးစိတ်မသိပါဘူး။ စစ်တပ်ကတော့ ဝရမ်းထုတ်တဲ့သတင်းမှန်ပါတယ်”ဟု မောင်တောမြို့မှ သတင်းရင်း မြစ် တစ်ဦးက ပြောသည်။ မောင်တောခရိုင် ပြည်သူ့ဆေးရုံအုပ်နှင့်မြို့နယ်ကုသရေးဦးစီးဌာနမှူးဖြစ်သူ ဒေါက်တာ နုကေသီစံနှင့် လက်ထောက်ဆရာဝန် ဒေါက်တာအောင်နိုင်လင်း တို့ကို စစ်ကောင်စီက  ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ် သည်။

၎င်းတို့နှစ်ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ်ပြီး  AA ထိန်းချုပ်နယ်မြေအတွင်း တိမ်းရှောင်သွားသောကြောင့် ပြည်ပသို့ မထွက်ခွာနိုင်ရေး တားဆီးရန်နှင့် ဖမ်းဆီးရမိရေးဆောင်ရွက်ရန် စစ်ကောင်စီ၏ ပြည်နယ်အဆင့်က မောင်တောခရိုင်ရဲတပ်ဖွဲ့ထံ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။ ” သူတို့( ဆရာဝန်နှစ်ဦး) လွတ်မြောက်နယ်‌ မြေရောက်ရှိသွားပြီလို့ထင်တယ်။ လိုက် ဖမ်းလို့လည်းမရပါဘူး။ နယ်မြေအခြေအနေကို မသိဘဲ ခိုင်းနေတာ”ဟု မောင်တောမြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ‌ကြောင့် တိမ်းရှောင်လိုသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအနေဖြင့် ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ဒေသများသို့ လာရောက်ခိုလှုံကြရန် AA က ဖေဖော်ဝါရီ ၂၀ ရက်တွင် အသိ ပေးထုတ်ပြန်ခဲ့သည်။ Read in full

၃၃။ ကရင်နီက တပ်စခန်းတွေ ထပ်မံအသိမ်းမခံရအောင် တပ်စခန်းအကာအကွယ်တွေကို စစ်ကောင်စီတိုးချဲ့လုပ်ဆောင်ထား
   March 25, 2024

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းတွေရဲ့ ပတ်လည်မှာ အကာအကွယ် တိုးချဲ့တည် ဆောက်ထားတယ်လို့  မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မှတ်တမ်းယူ၊ အချက်အလက်စစ်ဆေးမှုတွေ ကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myanmar Witness ရဲ့ တွေ့ရှိချက်တွေအရ သိရပါတယ်။  ၎င်းတို့ရဲ့ တွေ့ရှိချက်မှာ  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ က စစ်ကောင်စီတပ်စခန်းရဲ့ ဂြိုလ်တုမှတ်တမ်းပုံနဲ့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ မှတ်တမ်းပုံ နှစ်ခုရဲ့ နှိုင်းယှဉ် ဖော်ပြချက်အရ တပ်စခန်းပတ်လည် အကာအကွယ်တွေ တိုးချဲ့တည်ဆောက်ထားတာကို တွေ့ရှိရတာဖြစ်ပါတယ်။ အခုလို စစ်ကောင်စီအခြေစိုက်တပ်စခန်းတွေ အကာအကွယ် တိုးချဲ့ တည်ဆောက်နေတဲ့အပေါ်မှာ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက နယ်မြေမစိုးမိုးနိုင်တော့တဲ့ စစ်ကောင်စီအနေနဲ့ တပ်စခန်းမကျ ရေးကို ဦးစားပေးလုပ်ဆောင်တာဖြစ်ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။

“ စစ်ကောင်စီတွေကတော့ မြို့နယ်တော်တော်များများမှာ နယ်မြေမစိုးမိုးနိုင်တော့ဘူး သူတို့ရဲ့ အခြေစိုက်တပ်ရင်း တွေထဲမှာပဲ ခံစစ်ကို အထပ်ထပ်လုပ်ပြီးမှပဲ ခံစစ်သဘောထားအနေနဲ့ပဲ နေတော့တယ်ပေါ့နော။ ခံစစ်သဘောမျိုးပဲ နေနိုင်တော့ တဲ့အနေအထားမျိုးဖြစ်တဲ့အတွက် သူတို့ မိုင်းတွေနဲ့ ခံစစ်လုပ်တယ်၊ နောက် ဗန်ကာ တွေ သေချာဆောက်တာမျိုးတွေတော့ လုပ်လာတာမျိုးလို့ပဲ ကျနော်တို့ သုံးသပ်တယ်ပေါ့။ သူတို့ရဲ့ စခန်းမကျရေးကိုပဲ ဦးစားပေးတဲ့ဟာမျိုးဖြစ်သွားပြီပေါ့နော။ မြို့ကို မထိန်းချုပ်နိုင်တော့နဲ့ သဘောမျိုးဖြစ်သွားပါပြီ။” လို့ သူကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ကင်းစခန်းတွေ၊ ယာယီစခန်း တွေ လည်း ထားရှိပေမဲ့ အများစုဟာ တော်လှန်ရေးတပ်ဖက်က သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ကရင်နီပြည်တပ်မတော်(KA)  စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။ တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ ရဲ့ တပ်စခန်းပေါင်း (၆၅)ခုကို သိမ်းပိုက်ရရှိခဲ့ပြီး အဲ့ဒီအထဲမှာ ဖရူဆိုမြို့နယ်က စခန်းတစ်ခုပါဝင်ပါတယ်။ ဖရူဆိုမြို့နယ်အတွင်း မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း၊ ခမရ ၄၂၈ နဲ့  ၅၃၁ တပ်ရင်းရှိနေပါတယ်။ Read in full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button