တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 23, March 19, 2024)

၁။ နမ္မတီးတွင် ဘာသာရေးဆရာတစ်ဦးကို အမည်မသိလူတစ်စုက ပစ်ခတ်သတ်ဖြတ်
   March 18, 2024

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နေ ဘာသာရေးဆရာတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားသုံးဦးက လာရောက်ပစ်သတ်သွားကြောင်း သိရသည်။ လမ်းခွကျေးရွာ၊ ညောင်ပင်ရပ်ကွက်၊ နေအိမ်ရှေ့ရှိ ကွန်ပျူ တာဆိုင်သို့ အမျိုးသားသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ငါးချက်ထက်မနည်းပစ်ခတ်သွား သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြော သည်။“ကျွန်တော်တို့သွားကြည့်တော့ ကွန်ပျူတာဆိုင်အထဲမှာ သွေးအိုင်တွေနဲ့ ခန္ဓာကိုယ်ကိုတော့ မကြည့်ဖြစ်တော့ဘူး။ ဆေးရုံကိုသွားပို့တော့ ဆရာဝန်ကြီးလည်းမရှိတော့ ဆရာမတွေစမ်းကြည့်ရင် လူနာကသေနေပြီလို့ပြော တယ်။ မိသားစုဝင်တွေပြောတာက အနီးကပ်လာပစ်သွားတယ်တဲ့။ ဘာကြောင့်ဘယ်လိုပစ်သတ်ခံရတာတော့မသိဘူး” ဟုပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဘာသာရေးဆရာ ဦးနမ်မြဲခွန်ဂျော်လီမှာ ဦးခေါင်းငယ်ထိပ်နှင့် နောက်စေ့တို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။ “အခုလေးတင်ဖြစ်တာတဲ့ ဖုန်းဝင်လာတာ။ သူ့ကွန်ပျူတာခန်းထဲကို လူနှစ်ယောက်ဝင်လာပြီး ဝင်ပစ်သွားတာတဲ့။ ခေါင်းမှာ သုံးချက်ထိပြီး အခုအလောင်း က နမ္မတီးရင်ခွဲရုံမှာတဲ့” ဟုပြောသည်။ ပစ်ခတ်သတ်ဖြတ်ခံရသည့် အကြောင်းအရင်းနှင့် လာရောက်ပစ်ခတ်သွားသူများကို မသိ ရှိရသေးပါ။ ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းမှစတင်ကာ တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ဒေသခံပြည်သူများကို ဖမ်းဆီးမှု၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်။ https://www.facebook.com/ph oto/?fbid=729412056053132&set=pcb.729407039386967

၂။ 7 EAO Alliance တွင် PNLO ပါဝင်ခြင်း မရှိဟုဆို
    March 18, 2024

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပခဲ့သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ ဆွေးနွေးပွဲအပြီး ဖွဲ့စည်းလိုက်သော 7 Ethnic Armed Organizations Alliance-7 EAO Alliance အဖွဲ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLO) အနေဖြင့် ပါဝင်ခြင်းမရှိကြောင်း PNLO/PNLA စစ်ဦး စီးချုပ် ဗိုလ်ချုပ်ခွန်သူရိန်က ပြောသည်။ မတ်လ ၁၇ ရက်နှင့် ၁၈ ရက်၌ ကျင်းပခဲ့သော ဆွေးနွေးပွဲအပြီး NCA လက်မှတ်ထိုးထား သော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က မဟာမိတ်စုဖွဲ့မှုပုံစံသစ်အနေဖြင့် 7 EAO Alliance ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး ယင်း ၇ ဖွဲ့ထဲတွင် PNLO အဖွဲ့အမည်လည်း ပါဝင်ခဲ့သည်။ PNLO/PNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခွန်သူရိန်က “အခုဖွဲ့ လိုက်တဲ့ ၇ ဖွဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် မပါတဲ့အတွက်ကြောင့် PNLO အနေနဲ့ ပါဝင် ခြင်း မရှိဘူးဆိုတာကို ဖြေကြားလိုပါတယ်” ဟု ပြောသည်။ ၂ ရက်တာဆွေးနွေးပွဲသို့ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ဗဟိုအလုပ်အမှုဆောင် ၂ ဦး တက်ရောက်ခဲ့သည်ကို တွေ့ရပြီး 7 EAO Alliance အတွင်းရေးမှူးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် PNLO မှ အဖွဲ့ဝင်တဦး ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်ခွန်သူရိန်က “ အခုသွားတဲ့အထဲမှာတော့ PNLO ဗဟိုကော်မတီသဘောထား မပါ ပါဘူး။ ပါဝင်တဲ့ ပုဂ္ဂိုလ်တဦး ခြင်းရဲ့ တာဝန်ပဲ ဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအရသည် အနည်းစုက အများစုကို နာခံရ မယ်ဆိုတဲ့ ဖွဲ့စည်းပုံဥပဒေပါတဲ့အတွက်ကြောင့် သွားရောက် လုပ်ဆောင်တဲ့သူရဲ့တာဝန်ပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဆို သည်။ PNLO သည် လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်ဒေသ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ယခုဆွေးနွေးပွဲမှ ချမှတ်ထားသောနိုင်ငံရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်နိုင်ရန် အဖွဲ့ခေါင်း ဆောင်အဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူပြီး မွန်ပြည်သစ်ပါတီ (MNSP)မှ နိုင်အောင်မင်းက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ https://www.facebook.com/photo?fbid=8182 39600349229&set=a.600722605434264

၃။   ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်   ဖယ်ရှားမည်ဟု CNF ဆို
  March 18, 2024

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားနှင့် ချင်းလဲန်းကိုတည်ဆောက်နေသည့်အချိန်တွင် ဟန့်တားနှောင့် ယှက်သည့် လုပ်ရပ်မှန်သမျှ ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။ လာမည့် မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ကြိုတင်ထုတ်ပြန်ချက်ကို မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ရာမှာ ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။“ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်များဖြင့် ချင်းအမျိုးသားနှင့် ချင်းလဲန်းကို တည်ဆောက်နေချိန်မှာ မဏ္ဍိုင် အသီးသီး၏ လုပ်ငန်းယန္တယားများအပေါ် ဟန့်တားနှောက်ယှက်သည့်လုပ်ရပ်မှန်သမျှကို ချင်းပြည်သူနှင့်အတူ တွန်းလှန်ဖယ် ရှားသွားမည်’’ ဟု ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း CNF က ဆိုသည်။ နွေဦးတော်လှန်ရေးတွင် စစ်ရေး နှင့် နိုင်ငံရေးအကြပ်အတည်းများရင်ဆိုင်နေရသော စစ်ကောင်စီ သည် စစ်မှုမထမ်းမနေရဥပဒေကို အသက်ပြန်သွင်းပြီး စတင်အကောင်အထည်ဖော်ဆောင်လာပြီဖြစ်သောကြောင့် ယင်းဥပဒေ နှင့် အကျုံးဝင်သူများအနေဖြင့် ၎င်းတို့ထံအချိန်မှီ ပူးပေါင်းပါဝင်လာကြရန်လည်း CNF တိုက်တွန်းတောင်းဆိုထားသည်။ မတ်လ ၂၀ ရက်သည် အာဏာရှင်စနစ်မှန်သမျှအမြစ်ပြတ်ချေမှုန်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်းတည်ဆောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ချင်းအမျိုးသား တပ်ဦး CNF/CNA ကိုစတင်ဖွဲ့စည်းခဲ့သောနေ့ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး CNF/CNA စတင်ဖွဲ့စည်းသော မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး  ယခုနှစ်တွင် ၃၆ နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်သည်။  https://www.facebook.com/photo/?fbid=914890260640028&set=pcb.914890703 973317

၄။ စစ်တွေဆန်ပြဿနာနေ့ အခမ်းအနား တက်မိသော ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ
   March 19, 2024

ရခိုင်ပြည်အတွင်း တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌလည်းဖြစ်သော ဒေါ်ညိုအေးကို အာဏာ သိမ်း စစ်ကောင်စီက  မတ်လ ၁၈ ရက် နံနက်တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။  ဒေါ်ညိုအေးသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားသို့ တက်ရောက်ပြီး သမိုင်းအတွေ့အကြုံများကို ဟောပြောခဲ့၍ အာဏာသိမ်း စစ်ကောင်စီက ၅၀၅ (ခ) ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။ ရှစ်လကြာ တရားရင်ဆိုင်ပြီးနောက် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီ တရားရုံးက သက်သေအတု လုပ်ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ဘက်တော်သား စစ်တွေမြို့မရဲစခန်းမှ အရာရှိ တစ်ဦးက တရားလိုအဖြစ် စစ်တွေမြို့နယ် တွဲဖက်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး သက်သေအတုလုပ်ကာ ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု ဒေါ်ညိုအေး အသိုင်းအဝိုင်းက ပြောသည်။

နီးစပ်သူတစ်ဦးက ” ဒေါ်ညိုအေးက ပွဲစီစဉ်သူမဟုတ်ဘူး။ ပွဲစီစဉ်တဲ့သူတွေက ဖိတ်ကြားလို့ အခမ်းအနား တက်ခဲ့တာ။ စစ်တွေဆန်ပြဿနာနေ့ အတွေ့အကြုံတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးအနေနဲ့ပဲ ဟောပြောခဲ့တာ။ အဲဒါကို စစ်တွေ ဆန် ပြဿနာအခမ်းအနား ဗီနိုင်း ဒေါ်ညိုအေးရုံးက ရတယ်ဆိုပြီး တရားရုံးက သက်သေ အတုလုပ်ကာ ထောင်ချလိုက်တာ ဖြစ်တယ်။ စစ်ကောင်စီရဲ့ တရားရုံးတွေက ဘယ်တော့မှ မျှတမှု မရှိဘူး။ ပြည်သူတွေကို အမြဲတမ်း စစ်ကောင်စီ အလိုကျ ထောင်ဒဏ်တွေ ချမှတ်ပေးနေတယ်။ ” ဟု ပြောသည်။  ၂၀၂၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနား ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေါ်ညိုအေးက အခမ်း အနား တက်ရောက်သူအဖြစ်သာ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးသည် အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေး အခြေအနေ ဆိုးဝါးနေ၍ အထူးသတိထားနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။ https://www. facebook.com/photo/?fbid=858640852942009&set=a.682731967199566

၅။ တန့်ယန်းမြို့မှာ စစ်ကောင်စီတပ် စစ်မှုထမ်းဖို့ အစည်းအဝေးလုပ်၊ တစ်ရပ်ကွက်ကို ၂ ယောက် နှုန်းနဲ့စခေါ်
   March 18, 2024

ရှမ်းမြောက် တန့်ယန်းမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံတွေဖြစ်တဲ့ ရဲ၊ ခရိုင်မှူး၊ ထွေအုပ်၊ လဝက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်မူထမ်းဆင့်ခေါ်ဖို့ တန့်ယန်းမြို့ ရပ်ကွက် ၄ ခန်းမမှာ အစည်းအဝေးပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ “တကယ်ခေါ်တာတော့ ဟုတ်တယ်။ စစ်သားကောက်ဖို့အတွက်ခေါ်တာပေါ့။ ရှေ့လျှောက်စစ်မူထမ်းဖို့အတွက်  ခေါ်သွားမဲ့ ကိစ္စ ပြောတာ” လို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်မှူးထမ်းဖို့အတွက် တစ်ရပ်ကွက်ကို ၂ ယောက် အရင်ခေါ်ပြီး ကျား/မ မရွေး အသက် ၁၈ ကနေ ၃၅ နှစ်အထိဖြစ်ပြီး  မတ်လ ၁၇ ရက် နောက်ဆုံးထား စာရင်းပေးပို့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာလည်း ရှမ်းတောင် ကျေးသီးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်က ခေါ်ယူပြီး စစ်မူထမ်း ဖို့အတွက် စာရင်းကောက်ခိုင်းတာတွေ ရှိနေပါတယ်။ လားရှိုးမြို့နယ်မှာလည်း စစ်မှုထမ်းဉပဒေထွက်ပေါ်လာတဲ့နောက် ကျေးရွာအများစုက ပြည်သူ့စစ်သင်တန်းကို ရွေးချယ်တက်နေကြပါတယ်။ https://www.facebook.com/photo?fbid=737 648405209093&set=a.404503215190282

၆။ KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တနိုင်းမြို့နယ်မှ စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းပိုက်
    March 19, 2024

တနိုင်းမြို့နယ်တွင် KIA က ယမန်နေ့မှစတင် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စခန်းကို ည ၈ နာရီခန့်က အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တနိုင်းမြို့မှ ၁၀ မိုင်ခန့်အကွာရှိ နမ်ဂေါန်ကျေးရွာ (Namgawn Mare) ရှိ ရွှေမှော်တွင် စခန်းချနေ ထိုင်သည့် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၂၉၇ စခန်းလက်အောက်ရှိ စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။“မနေ့ည ပိုင်းမှာမှ အပြီးသိမ်းပိုက်နိုင်ခဲ့တယ်။ စခန်းကိုလည်း မီးရှို့ဖျက်ဆီးထား နိုင်ခဲ့ပြီ။ မနေ့ကတော့ လေယာဉ်နဲ့လည်းဗုံးလာကြဲတယ်။ ထိခိုက်သေဆုံးမှုတွေကတော့ နောက်မှသိရမှာ၊ အခုတော့မသိနိုင် သေးဘူး။ တိုက်ပွဲကမပြီးသေးဘူး။ အခုပိုပြင်းထန်လာဖို့ပဲရှိတယ်” ဟုပြောသည်။ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ယမန်နေ့ည ၁၀ နာရီအချိန်ခန့်က တနိုင်းမြို့စစ်ကောင်စီစခန်းမှ လက်နက်ကြီးနှင့် နမ်ဂေါန်ကျေးရွာကို နှစ်ကြိမ်ပစ်ခတ် ကြောင်း တနိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးပစ်သံက တော်တော်လည်းကျယ်တယ်။ အခုသိမ်းပိုက်နိုင်တာက ပရင်းမှော်ဘက်မျက်နှာမူပြီး ချထား တဲ့ စခန်းငယ်ဟုတ်တယ်။ အင်အားလည်း ၃၀ ကျော်လောက်တော့ရှိမှာ၊ အခုအဲ့စခန်းသိမ်းပိုက်ပြီးရင်တော့ စခန်းကြီး ၂၉၇ ကို ပြန်ထိုးစစ်ဆင်လာနိုင်တယ်။ တနိုင်းကတော့ အခြေအနေဆိုးလာနိုင်တယ်” ဟုပြောသည်။ အဆိုပါတပ်စခန်းကို ကချင်လွတ် မြောက်ရေးတပ် (KIA) တပ်မဟာ (၂) ခုပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရသေးပါ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း တနိုင်းမြို့နယ် ဒရူကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ – ၈၆) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=7298625226 74752&set=pcb.729862876008050
၇။ ဟားခါးမှာ စစ်ကောင်စီနဲ့တော်လှန် ရေးတပ်ဖွဲ့ကြားတိုက်ပွဲဖြစ်ပွား
   March 18, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ဒီကနေ့မွန်းလွဲပိုင်းကစပြီး စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေ တယ်လို့ သိရပါတယ်။ ဟားခါးမြို့ပေါ် ရပ်ကွက်များဖြစ်ကြတဲ့ ဂိတ်ရှေ့ရပ်ကွက်၊စျေးဟောင်းရပ်ကွက် နဲ့ ပြည်တော်သာရပ်ကွက် တို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီကနေ စပြီး နှစ်ဖက်ထိတွေ့မှုဖြစ်ပွားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီက စစ်မှုထမ်းဖို့စာရင်းတွေလိုက်ကောက်နေတာကြောင့်ဖြစ်မယ်။ ညနေ ၂ နာရီကနေ သေနတ်သံတွေ စကြားတာ အခု ညနေ ၃ နာရီခွဲထိ သေနတ်သံတွေမငြိမ်သေးဘူး၊ ဘယ်မှမသွားရဲလို့ အိမ်ထဲမှာပဲ ပုန်းနေကြတာ၊ တိုက်ပွဲပို ပြင်း ထန်လာမှာ စိုးရိမ်တယ်”လို့ ပြည်တော်သာရပ် ကွက်မှာနေထိုင်သူတစ်ဦး ပြောပါ တယ်။ ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်းနှစ်ဖက် ထိခိုက်သေဆုံးမှုရှိမရှိ ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ မတ်လ ၁၈ ရက်ကနေစပြီး စစ်ကောင်စီက ဟားခါးမြို့ပေါ်မှာ အိမ်ထောင်စုစာရင်းကောက်ခံ ခြင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်စာ ပေးခြင်းတို့ စတင်လုပ်ဆောင်နေပြီလို့သိရ ပါတယ်။ https://www.facebook.com/photo/?fbid=753233130241189&set=a.603254745 2390

၈။   အမ်းမြို့နယ်ထဲက စစ်ကောင်စီစခန်းနဲ့နီးစပ်တဲ့ ချင်းရွာတွေကို စစ်မှုထမ်းဖို့ ညွန့်ကြားထား
   March 18, 2024

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက စစ်ကောင်စီစခန်းနဲ့နီးစပ်တဲ့ ချင်းရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဆောင်ဖို့ ညွန်ကြား ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်ထဲက ချင်းရွာတွေမှာ ယခု ရက်ပိုင်း စစ်ကောင်စီ အင်အား ၅၀ ခန့်ဟာ ကျေးရွာထဲသို့ အဝင်အထွက်ပြုလုပ်ကာ စစ်မှုထမ်းဖို့ အုပ်ချုပ်ရေးမှူးကနေတဆင့် ညွန့်ကြားထားတယ်လို့ သိရပါတယ်။ “အမ်းမြို့နယ်အရှေ့ဘက် ရွာတွေနဲ့ အမ်းချောင်းဘက်က ရွာတွေမှာ စစ်တပ်ကနေပြီး စစ်မှု ထမ်းဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် ညွန့်ကြားတာပါ။ အခုလိုမျိုး ညွန့်ကြားတော့ ကျေးရွာထဲက လူငယ်တွေရှိတဲ့ မိဘ တွေက စိုးရိမ်နေကြပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားတဲ့ အမ်းမြို့နယ်ထဲက ကျေးရွာအချို့မပါဝင်ခဲ့ပေမယ့် စစ်ကောင်စီ အားကောင်းတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်လောက်က စစ်တပ်က အခုလို ညွန့်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်က စစ်မှုထမ်းဖို့ ညွန်ကြားခံရတဲ့ အဲ့ဒီ ကျေးရွာထဲက လူငယ်တွေကို လာမယ့် ရက်ပိုင်းတွင်း စစ်သင်တန်း တက်ရောက်ဖို့ လာခေါ် မယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ စတဲ့ မြို့တွေကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့တွေကို သိမ်းပိုက်ရရှိရေး အတွက် AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ https://www.facebook.com/photo?fbid=752709230293579 &set=a.603254748572362
၉။  မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ
   March 19, 2024

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်း ပစ်ခတ်တာတွေလုပ်နေ တာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာတပ်စခန်းချတာမျိုး မရှိသေးဘဲ ဒေသခံပြည်သူ တွေရဲ့ နေအိမ်တွေအပြင် နေရာတိုင်းမှာ ပြန့်ကျဲပြီး နေထိုင်နေသလို သေနတ်ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်တယ်လို့ သိရပါ တယ်။“ဒီအတိုင်း ရမ်းပစ်တယ်။ ကြက်ပစ်တယ်ဆိုပြီး ပစ်ခတ်တာတွေ၊ ပြီးတော့ အသက်မပြည့်တဲ့ကလေးတွေများတော့ ပိုဆိုးတာပေါ့။ ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာကမရှိ။ အရင် စစ်တပ်ရှိတုန်းကတော့ စစ်တပ်စခန်းဆိုပြီး နေရာတစ်ခုမှာပဲနေ တယ်။ အခုက ချောင်တိုင်း၊ နေရာတိုင်း၊ အိမ်တိုင်းရှိတယ်။” လို့ မုံးကိုးမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ်ရမ်းသမ်းပစ်ခတ်တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီက မုံးကိုး မြို့ ခဆန်ရပ်ကွက်က အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင့် အခုလိုဆက်ပြောပါတယ်။“တနင်္ဂနွေ မနက် ၈ နာရီမှာ ဟုတ်တယ်။ အဲ့ဒီကလေးက သူ့ညီ၊ ညီမလေးတွေကို မနက် ထမင်းစားဖို့ လိုက်ခေါ်နေတဲ့အချိန် တစ်ခါတည်း အနောက်ကနေ ရင်တည့်တည့် ကျည်တစ်ခု လာထိမှန်ပြီး သေသွားတာ။ လာထိတော့ အဖေ ကိုခေါ်ပြီး ဆေးရုံကို ချက်ချင်းသွားပြီး ခွဲစိတ်စစ်ဆေးကြည့်တော့ ကိုးကန့်ရဲ့လက်နက်ကျည်ဖြစ်နေတယ်။ ကိုးကန့် MNDAA ရဲ့ လက်နက်ကျည်ဖြစ်နေတော့ ကိုးကန့်ဘက်က မဆူညံနဲ့တော့ ငြိမ်ငြိမ်နေ။ ဒါမျိုးက တိတ်တိတ်လေး ထားလိုက်ရတဲ့ဟာမျိုး ဟုတ်တယ်ဆိုပြီး ပြောတာ”လို့ သူမက ဆက်ပြောပါတယ်။ သေဆုံးခဲ့ရတဲ့ကလေးဟာ ဦးလိုင်ချောက်ရဲ့သား အသက် ၁၃ နှစ်ရှိ မောင်လိုင်းဇော် ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့ MNDAA ကို ဖုန်းနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မှတ်တမ်းရိုက်ယူတာ တွေအပြင် သတင်းဌာနတွေဆီ သတင်းပေးပို့သူကိုလည်းအရေးယူ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ https://burmese.kachinnews.com/2024/03/19/ld2-32/
၁၀။ ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အုပ်ချုပ်ရေးစနစ်တွေ စတင်မယ်လို့ ဗိုလ်ချုပ် ယွက်စစ်ဆို
    March 18, 2024

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့က ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် စတင်တော့မယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က မတ်လ ၁၇ ရက်မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။ NCA ထိုးထားတဲ့ (၇)ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံ အသစ် အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာအဆိုပြုချက်တွေ (မူကြမ်း) နဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) တွေကို အကြေအလည်ဆွေးနွေးပြီး အတည်ပြုနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့ ခေါင်း ဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့ ရဲ့ မျက်နှာစုံညီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ  သုံး ရက်ကြာ ကျင်းပမှာဖြစ်ပြီး မတ်လ ၁၇ ရက်ကစလို့ ၁၉ ရက်အထိကျင်းပမဲ့ အစည်းအဝေးကနေ စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီး ရင်လည်း ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း သေချာစွာလိုက်နာဆောင်ရွက်မှပဲ အလုပ်ဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။ မိမိတို့ ခုနစ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအသီးသီးမှာ မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ် သွားရမှာဖြစ်ပြီး မိမိတို့ဒေသတွေမှာ ရှိနေတဲ့လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစည်းအဝေးသဘာပတိဖြစ်တဲ့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။ မျက်နှာစုံညီ အစည်းအဝေးကို NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC)နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ ဖြစ်ပါတယ်။ https://www.facebook.com/photo/? fbid=737705648536702&set=pcb.737705748 536692
၁၁။ မင်းတပ်မြို့ ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်တယ်လို့ သိရ
    March 18, 2024

ချင်းပြည်နယ် မင်းတပ်မြို့နေ ဒေသခံအမျိုးသားတစ်ဦး မနက်မတ်လ (၁၈) ရက်နေ့ မနက်ပိုင်းလောက်မှာ မိုင်းနင်းမိလို့ ခြေတစ်ဖက် ပြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ အရှေ့ပြင်ချောင်းနဲ့ ဘောင်ထဲရွာကြားက ဥယာဉ်ခြံကိုသွားတဲ့ အရပ်သားအမျိုးသားတစ်ဦးဟာ စစ်ကောင်စီ ထောင်ထားတဲ့ နင်းမိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်သွားတယ်လို့ သိရ ပါတယ်။

မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်သွားတဲ့ လူနာကို ဆေးရုံကို ဆေးရုံပို့ဆောင်ပေး နိုင်ဖို့ အကူအညီတောင်းထားရတဲ့ အခြေနေလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ ချင်းပြည်နယ်မှာ  စစ်အာဏာသိမ်းမှုအလွန် မိုင်းနင်းမိလို့ သေဆုံးသူ အရပ် သား အယောက် ၂၀ ရှိပြီဖြစ်ပြီး ၃၇ ယောက်ကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ၂၀၂၃  စက်တင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ https://www.facebook.com/photo/?fbid=8129136508709 68&set=a.273500801478925
၁၂။ လောက်ကိုင်မြို့က ဗမာတန်းကို MNDAA စဖြိုနေပြီ
   March 18, 2024

လမ်းချဲ့ဖို့အတွက် ကိုးကန့်ဒေသ လောက်ကိုင်မြို့က ဗမာတန်းကို ကိုးကန့်တပ်မတော်- MNDAA စဖြိုနေပြီလို့ သိရ ပါတယ်။ မတ်လ ၁၇ ရက် မနက်ပိုင်းမှာ MNDAA က ဘိုဒူဇာနဲ့ ဖြိုချနေတာဖြစ်ပြီး ဒီနေ့နေ့လည်ပိုင်းအထိ တိုက်ခန်း ၈ လုံးအထိ ဖြိုချနေပြီလို့ ဗမာတန်းရပ်ကွက်မှာ နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ” ဒီမနက်စဖြိုတာ။ ၈ အိမ်လောက်တော့ပြီးပြီ။ ကျမတို့အိမ်တော့ မရောက်သေးဘူး။ ကျမတို့အိမ်ကို မနက်ဖြန်လောက် စဖြိုမယ်ထင်တယ်” လို့ ဆိုပါတယ်။ MNDAA က နေအိမ် တွေနဲ့ ဆိုင်ခန်းတွေကို စတင်ဖြိုချနေပေမယ့် နေအိမ်ဖြိုချခံရသူတွေအတွက် နေရာပြန်ပေးမပေးဆိုတာကိုတော့ ပြောထားတာ မရှိသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

” ရုံးမှာ စာရင်းပေးထားလိုက်လို့တော့ လာပြောတယ်။ ဒီဟာတွေ မဖျက်ခင် ပြည်သူတွေကို ညှိနိုင်းစေချင်တယ်။ ဒီဟာ တွေရဲ့ ဆုံးရှုံးမှုတွေက ဘယ်လောက်ကြီးလဲဆိုတာ သူတို့သိပါတယ်” ပြီးခဲ့တဲ့ မတ်လ ၉ ရက်မှာ MNDAA ရဲ့ စည်ပင်သာယာရေး အဖွဲ့က လမ်းချဲ့ဖို့အတွက်နဲ့ ပန်းခုံလုပ်ဖို့အတွက်ဆိုပြီး ဗမာတန်းမှာရှိတဲ့ နေအိမ်အပါအဝင် ဆိုင်ခန်းပေါင်း ၆၀ ကျော်မှာ နေထိုင် သူတွေကို ၃ ရက်အတွင်းအပြီး ရွေ့ခိုင်းထားတာ ဖြစ်ပါတယ်။ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ ဗမာတန်း ဖြစ်လို့ ဖြိုချတာမဟုတ်ဘဲ လမ်းချဲ့ဖို့အတွက်လုပ်ဆောင်တာဖြစ်ပြီး ပြောင်းရွေ့ပေးရမယ့်သူတွေအတွက် နေရာပြန်ပေးမပေးဆို တာကိုတော့ ဗဟိုကော်မတီက ဆွေးနွေးနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။ https://www.facebo ok.com/photo?fbid=737264875247446&set=pcb.737264 945247439

၁၃။ မင်းပြားမြို့နယ် သာ​ဒေရွာကိုစစ်​ကောင်စီ ဗုံးကြဲ၍ ​ဒေသခံပြည်သူ ၂၅ ဦး​ထက်မနည်း​သေဆုံး ၊ ၂၀ ​ကျော်ဒဏ်ရာရ
    March 18, 2024

မင်းပြားမြို့နယ် သာ​ဒေရွာကိုစစ်​ကောင်စီ ဗုံးကြဲမှုကြောင့် ​ဒေသခံပြည်သူ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းဒေသခံ များကပြော သည်။ မင်းပြားမြို့နယ်၊ သာ​ဒေ​​​ကျေးရွာကို ( မတ်လ ၁၈) နံနက် ၁ နာရီခန့်တွင် စစ်​ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခြင်းဖြစ်​ကြောင်းဒေသခံတစ်ဦးကပြောသည်။ “ရွာထဲကို ပစ်တာ။ကမ္ဘာပျက်သလိုပဲ။ သေဆုံးတာ တွေများတယ်။ ကလေး‌တွေ၊ အမျိုးသမီးတွေပါတယ်။တော်တော်ရက် စက်တယ်” ဟု မင်းပြားမြို့မှ စစ်ဘေးရှောင်တစ်ဦးက ပြော သည်။ သာ​ဒေ​​​ကျေးရွာသည် ရိုဟင်ဂျာ(ဘင်္ဂါလီ)များနေထိုင်သည့်ရွာဖြစ်ပြီး သေဆုံးသူများတွင် အသက် ၁၀ နှစ်အောက် ကလေး ငယ်အချို့ပါဝင်သည်။ သေဆုံးသူများနှင့်ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို အသေးစိတ် မသိရှိရသေးပေ။ မင်းပြား မြို့မှ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တိုက်ခိုက်သိမ်းယူခဲ့သည်။ ယခု အခါ မြေပြင်တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်လာခြင်းဟု ဒေသခံများကပြောသည်။

မတ်လ ၉ ရက်နေ့ ည  ၁၁ နာရီခန့်ကလည်း စစ်တွေမြို့ မွတ်ဆလင်များ‌​နေထိုင်သည့်ရပ်ကွက်သို့ စစ်ကောင်စီပစ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး  ရှစ်ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်းဒဏ်ရာရခဲ့သည်။ မတ်လ ၁၇ ရက်​နေ့လယ်ပိုင်းက လည်း ပေါက်တောမြို့နယ် လက်ပံပြားကျေးရွာကု စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကလေးငယ် တစ်ဦး အပါအဝင် ၂ ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ၃ ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့ကြသည်။  ထိုအပြင် မတ်လ ၁၇၊ နံနက် ၆ နာရီခန့်တွင် မြောက်ဦးမြို့ကို ကုန်သည်တန်းရပ်ကွက်အားစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲချခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ https://www.facebook. com/photo/?fbid=74715488 7483306&set=a.559396186259178
၁၄။ လွိုင်ကော်မြို့တွင် မီးလောင်ဗုံးကြောင့် နေအိမ်များ ပျက်စီး၊ ဖောက်ထွင်းခံရမှု ပိုများလာ
   March 18, 2024

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တော်မှာ စစ်ကောင်စီတပ်ရဲ့ မီးလောင်ဗုံးနဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် အရပ်သား နေအိမ်တွေ မီးလောင်ပျက်စီးတာနဲ့ဖောက်ထွင်းခံတာတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လွိုင်ကော်မြို့တော်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတာ ၁၁၁၁ စစ်ဆင်ရေး စတင်ချိန်ကတည်းက အခုချိန်အထိ လေးလကျော် ရှိလာပါပြီ။ လက်ရှိအချိန်အထိလည်း မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မြို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြကာ ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီး စစ်ဘေးရှောင် နေကြရပါတယ်။ အုပ်စုဖွဲ့ ခိုးယူသူတွေပါ ရှိလာပြီး စစ်ကောင်စီတပ်က သူတို့ကို အကာအကွယ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယော်က “ကုန်စုံဆိုင်အကြီးတွေကို အကုန်လုံး သူတို့လိုက်ဖောက်တာပေါ့။ သူတို့အချင်းချင်းပဲ ကျနော်တို့ကို ပြန်ပြောပြတာ။ သူတို့ဖောက်နေတဲ့ဟာတွေ ပြီးရင်သူတို့ကို နှုတ်ပိတ်ခ မုန့်ဖိုးဆိုပြီး လာလာပေးနေတဲ့ဟာတွေ။ တော်တော်များ တယ် သိန်းပေါင်းမနည်းဘူး။ သူတို့ ထုတ်ရောင်းနေတဲ့ဟာတွေပေါ့။ သူတို့ဖောက်၊ ဖောက်ပြီးရင်ကျန်တာတွေ မင်းတို့ယူနိုင်သ လောက်ယူပြန်ကျန်တာထားခဲ့ပေါ့။ ရဲစခန်းမှာရော ဒကစမှာရော ခိုးရာပါပစ္စည်းတွေ ရှိတယ်။ တဖြည်းဖြည်းနဲ့ သူတို့ သယ်ထုတ်တယ်။ ပြည်သူတွေ ကားတွေကို ချောဆွဲတယ်”လို့ ပြောပါတယ်။ လွိုင်ကော်ရဲစခန်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(ဒကစ) တို့မှာ ခိုးရာပါပစ္စည်း အများအပြားရှိနေပြီး စစ်ကောင်စီတပ်နဲ့  ဖောက်ထွင်းခိုးယူသူတွေ ပူးပေါင်းသယ်ထုတ်နေသလို ကိုယ့်အိမ်ကိုယ် ပြန်ကြည့်တဲ့သူတွေကိုလည်း ဖမ်းထားကာ ပိုက်ဆံပေးပြီး ရွေးရတယ်လို့ ဒေသခံက ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေ တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ ဒေသခံတွေနဲ့ပူး ပေါင်းပြီး မြို့စီမံထိန်းသိမ်းရေး ကော်မတီတွေဖွဲ့ကာ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။ မြို့တွင်း နေအိမ်တွေ ဖောက်ထွင်းခံရတာဟာ လွိုင်ကော်တင်မဟုတ်ဘဲ စစ်ကောင်စီတပ်တွေအရင်က ဒီးမော့ဆိုမြို့ကို ထိန်းချုပ်တုန်း ကလည်း အလားတူ ဖြစ်နေတာလို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။ https://burmese.dvb.no/post/643825
၁၅။ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့တွင် ပျူစောထီးများကို လစာပေးရန် ဒေသခံများထံမှ ကောက်ခံ
    March 18, 2024

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ပျူစောထီးတွေရဲ့ လစာကို ပြည်သူတွေ ဆီမှ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူစောထီးတွေရဲ့ လစာကို ပြည်သူတွေဆီက ကောက်ခံတာဟာ ပြီးခဲ့ တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာလလောက်ကတည်းက ကောက်ခံနေတာဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်ပေါ်မူတည်ပြီး ကျပ်ငွေ ၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။“မောင်းလှော်ရွာမှာတော့ ပျူစောထီးဆက်ကြေးဆိုပြီး တအိမ်ကို ၅,၀၀၀ ပေးရတယ်။ အရင်ကတော့ ပျူတွေလိုက်ကောက်ပြီး အခုတော့ ရွာသူကြီးကိုယ်တိုင် လိုက်ကောက်တယ်။ မောင်းလှော်ကျေးရွာ အုပ်စု တခုလုံးဆိုရင် ပျူစောထီး ၆၀ နီးပါးလောက်ရှိမယ်။ ရွာသားတွေဆီက ကောက်လို့ရတဲ့ငွေကို ပျူတယောက် ၂ သိန်းစီ ပြန်ခွဲပေးတယ်” လို့ အမည်မဖော်လိုသူ ရွာသားတဦးက ပြောပါတယ်။

မြိတ်မြို့နယ်ရှိ ကလွင်ကျေးရွာအုပ်စု၊ ရေပုန်းရပ်ကွက်နဲ့ မြိတ်တောင်ကျေးရွာအုပ်စုတို့မှာ ပျူစောထီး အားကောင်းတဲ့ နေရာဖြစ်ပြီး ပျူစောထီးတွေရဲ့ လစာအတွက် ဒေသခံတွေရဲ့လုံခြုံရေးကိုအကြောင်းပြပြီး အုပ်ချုပ်ရေးမှူးက ပိုက်ဆံကောက် တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အမည်မဖော်လိုသူ မြို့ခံတဦးက “တရားမဝင် လောင်းကစားဒိုင်တွေက မဖြစ်မနေပေးရ တာ။ ရပ်ကွက်ထဲမှာကျတော့ တအိမ်ကို ၂၀,၀၀၀ နှုန်းနဲ့ လာကောက်တယ်။ ပိုက်ဆံရှိတဲ့ အိမ်တွေကိုတော့ ပိုက်ဆံများများထည့် ရင်လုံခြုံမယ်လို့ပြောပြီး ကောက်တယ်။ မပေးရင်လည်း ကျနော်တို့ လုံခြုံရေးအတွက် ပြဿနာရှိလာနိုင်တယ်”လို့ ပြောပါတယ်။ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ သတင်းပေး ဒလန်လို့ စွပ်စွဲခံရသူ စုစုပေါင်း ၁၀၀ နီးပါး အသတ်ခံရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်ဆီက သိရပါတယ်။ https://burmese.dvb.no/pos t/643785
၁၆။ တာချီလိတ်မှာ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား တစ်ဦး ပြင်းထန်ဒဏ်ရာရ
    March 18, 2024

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မတ်လ ၁၇ ရက် ညနေပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားလို့ အမျိုးသား ၁ ဦး ပြင်း ထန်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ မတ်လ ၁၇ ရက် ညနေ ၆ နာရီခန့်မှာ တာချီလိတ် မြို့၊ အာခါဈေးလမ်း၊ ရှမ်းရှေ့တန်ဆောင်ကျောင်းရှေ့ ခြံဝန်းအတွင်းမှာ ယင်းပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပြီး အဆိုပါပေါက်ကွဲမှု ကြောင့် အမျိုးသား ၁ ဦး ဘယ်နားထင်နဲ့ ဘယ်ပေါင်တွေမှာ စိုးရိမ်ရတဲ့ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ်။

ဒဏ်ရာရသူကို တာချီလိတ်ဆေးရုံကြီးကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ် ပြီးခဲ့တဲ့ မတ်လ ၈ ရက် မနက်ပိုင်းက လည်း တာချီလိတ်မြို့၊ ရန်အောင်မြေနဲ့ဝိန်းကျောက်ရပ်ကွက်အကြား အါခါဈေးလမ်းက ခြံဝန်းတံခါးက ချိတ်ဆွဲထားတဲ့အထုပ်ကို ဆွဲယူခဲ့တဲ့  အမျိုးသမီးငယ် ၁ ဦး ဗုံးပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ကြောင်း သိရပါတယ်။ https://www.facebook.com/photo/?fbid=437625211957262&set=pcb.437625558623894

၁၇။ ရေးမှာ တစ်ရက်တည်း အမျိုးသား ၂ ဦး အသတ်ခံရ
  March 19, 2024

မွန်ပြည်နယ် ရေးမြို့နယ် ကြိုးတံတားကျေးရွာနဲ့စံပြကျေးရွာအနီးမှာ တစ်ရက်တည်း အမျိုးသား ၂ ဦး သတ်ဖြတ်ခံလိုက်ရ တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မတ် ၁၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရေး-သံဖြူဇရပ်လမ်းပေါ် ကြိုးတံတားရွာနဲ့စံပြရွာကြားမှာ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး လက်ပြန်ကြိုး တုတ်ပြီး လည်ပင်းဓားခုတ် ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။ အဲဒီနေ့ မနက် ၁၁ နာရီအချိန်ခန့်မှာလည်း ကြိုးတံတားရှိ စစ်ကောင်စစ်ဆေးရေးဂိတ်ဟောင်းနေရာမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ အမျိုးသား၂ ဦးဟာ ရေးဒေသခံမဟုတ်ဘူးလို့ သိရပေမယ့် သီးခြား အတည် ပြုနိုင်တာ မရှိပါဘူး။ သေဆုံးသွားတဲ့ အမျိုးသား ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံထံ ပို့ဆောင်ပေးခဲ့ ပြီး ပိုင်ရှင်မဲ့တွေအနေနဲ့ သဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်ဟာ အာဏာ သိမ်း ကာလအတွင်း အရပ်သားပြည်သူတွေ မကြာခဏ သတ်ဖြတ်ခံရတာနဲ့ ပစ္စည်းလု လူသတ်တဲ့ ဖြစ်စဉ်တွေလည်း အမြဲလို ဖြစ်ပေါ် နေရပါတယ်။ https://www.facebook.com/photo?fbid=461917089732436&set=pcb.461917283065750
၁၈။ စစ်ကောင်စီ လက်အောက်ခံ ခေါန်လန်ဖူးပြည်သူ့စစ်(ဌာနေ)မှ စစ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်
   March 18, 2025

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးဒေသ၊ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ပြည်သူ့စစ်တစ်ဦး လက်နက် နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။ မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးဒေသ၊ အောက်ရှန်ဂေါင်ရွာနေ ပြည်သူ့စစ်တပ် သား အသက် ၅၉ အရွယ် တပ်သားတစ်ဦးသည် ပြည်သူနှင့်တစ်သားတည်းရပ်တည်လိုသဖြင့် ၎င်းကိုင်ဆောင်သော လက်နက်ခဲယမ်းများ ယူဆောင်ကာ ပူတာအို PDF တပ်ဖွဲ့ထံ သို့ အလင်းဝင် လာခဲခြင်းဖြစ်ကြောင်း သိရသည်။

“အလင်းဝင်လာတဲ့သူက ခေါင်လန်ဖူးပြည်သူ့စစ်စခန်းက၊ အဲဒီစခန်းထဲမှာ ထွက်လာချင်တဲ့ ပြည်သူ့စစ် ၂၀ လောက်ရှိ သေးတယ်၊ စစ်ကောင်စီတပ်သားတွေရှိနေလို့ ထွက်မလာရတာလို့ ပြောတယ်။ တိုက်ပွဲကလည်း စတာကြာပြီ၊ လောလောဆယ် တော့ တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေမို့ တပ်မဟာဘက်ကို ပို့ဖြစ်ဖို့များတယ်” ဟု ပူတာအို PDF မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ အဆိုပါ တပ်သား ထွက်ပြေးလာသည့် ဆွမ်ဘရာဘွမ်စခန်းသည် အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ရှိပြီး စစ်ရေး တင်းမာနေသဖြင့် ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်လိုသည့် ပြည်သူ့စစ် ၂၀ ခန့်မှာ ထွက်ပြေးလာနိုင်ခြင်းမရှိသေး ကြောင်း သိရသည်။ ။ https://www.facebook.com/photo?fbid=7710818117860 94&set=a.568142278746716
၁၉။ ဖရူဆိုမြို့နယ်ရှိ တဖူဒီးကူစစ်ရှောင်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေပြီး အကူအညီ လိုအပ်နေ
   March 18, 2024

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ ဒိုးပရယ်အုပ်စုအတွင်းက တဖူဒီးကူ (ဖရူဆို) စစ်ဘေးရှောင်စခန်းမှာ နွေရာသီ ရေမရှိတော့တဲ့အတွက် သောက်သုံးရေရရှိဖို့အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ နွေရာသီ ကာလအတွင်း နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြဿနာနဲ့ကြုံတွေ့ရပြီး အလှူရှင်ရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့သာ ရင်ဆိုင်ဖြေရှင်းခဲ့ရ တယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာတော့ အကူအညီမရရှိတော့တဲ့အတွက် ပိုမိုခက်ခဲတဲ့ အခြေအနေကိုရောက်ရှိနေတာကြောင့် ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

တဖူဒီးကူ(ဖရူဆို) စစ်ရှောင်စခန်းကနေ ရေအရင်းအမြစ်ရှိတဲ့ ရေထွက်ပေါက်မှာ အသွားအပြန် ၁၂မိုင်ခန့် သွားရောက် သယ်ယူရပြီး ကားတစ်စီးသယ်ယူစရိတ်အနေနဲ့ ကျပ်နှစ်သိန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။ ရေဂါလံ ၁၅၀၀ ဆံတဲ့ ကား တစ်စီးကို သောက်သုံးရန်နဲ့ ချက်ပြုတ်ရန်အတွက် တစ်ပတ်ခန့်သာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၃၄ အိမ်၊ စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော်ရှိနေပြီး၊ ဖရူဆို ဒေသခံ အများဆုံးဖြစ်သလို တခြားမြို့နယ်၊ ကျေးရွာက ဒေသခံတွေလည်း စုပေါင်းနေထိုင်ကြတယ်လို့ သိရပါတယ်။ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းအားလုံး နီးပါးမှာ နွေရာသီ ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရပြီး ရေအလှူရှင်လိုအပ်နေတာကြောင့် ကူညီပေးကြဖို့ စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်သူတွေနဲ့ စစ်ဘေးရှောင်တွေက အကူအညီတောင်းခံထားပါတယ်။  https://www.kantarawaddytimes.org/y6s9

၂၀။ အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ပဋိပက္ခအတွင်း သေဆုံးတဲ့ ကလေး ၄၃ ဦးရှိ
    March 18, 2024

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေထဲ ၁၈ နှစ်အောက် ကလေး ၄၃ ဦးရှိနေပါတယ်။ အဲ့ဒီစာရင်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့အထိ လက်လှမ်း မှီသလောက် ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာတော့ အဲ့ဒီထက် ပိုများနိုင်ပါတယ်။ သေဆုံးသွားတဲ့ ကလေးတွေ ဟာ စစ်ကောင်စီတပ်က ပစ်ခတ်လာတဲ့ လက်နက်ကြီးကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး ၂၄ ဦး၊ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသူ ၇ ဦး နဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကလေးလည်း ရှိနေတာပါ။ ဒါ့အပြင် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေလည်း များပြားခဲ့ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကလေးတွေစာသင်ကြားနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၅ နှစ်အောက် ကျောင်းသား လေးဦးသေဆုံးခဲ့သလို ရှားတော မြို့နယ်မှာလည်း စစ်ဘေးရှောင်လာတဲ့ ဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှာလည်း ၁၀နှစ်အောက် ကလေးငယ် ၃ ဦးပါဝင်ခဲ့ ပါတယ်။ ဒီဖြစ်စဉ်တွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ရာဇဝတ်မှုကို ချိုးဖောက်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)အတွင်းရေးမှူး (၂) ဦးဗညားက ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ အရပ်သားတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ် ပေးအရေးယူနိုင်ဖို့ လည်း ကြိုးစားနေတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။“သေချာတာတခုကတော့ အရေးယူမှုက တော့ case by case ပြင်ဆင်ပြီးတော့ သွားဖို့ရှိတယ်ပေါ့ သွားလည်းသွားနေပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ကျနော်တို့ နိုင်ငံအတွင်းမှာ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက်က ခက်ခဲမှုအများကြီးရှိတယ်။ နိုင်ငံတကာမှာတင်ပြ တောင်းဆိုတဲ့နေရာမှာလည်း ထင်သလောက်မပေါက်ဘူးပေါ့။ သို့ပေမဲ့ ကျနော်တို့ခေါ်တဲ့ Accountability တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ကတော့ ဆက်ပြီးတော့မှ ရှိနေမယ်။ ကျူးလွန်တဲ့သူကို စစ်ရာဇဝတ်မှုအရဖြစ်စေ မဟုတ်လည်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြစ်စေ သို့မဟုတ် နိုင်ငံအတွင်းမှာ ခုနကပြောတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတဲ့ကိစ္စ အောက်မှာ အရေးယူနိုင်အောင် ဆက်ပြီးကြိုးစားနေမှာပါ။”လို့ ဦးဗညားက ဆက်ပြောပါတယ်။ https://www.kantarawaddy times.org/%e1%80%a1%e1%80%ac%e1%80%8f %e1%80%ac%e1%80%9e%e1%80%
၂၁။ အောင်မြေ (၁) နဲ့ (၂) ကျေးရွာက စစ်ရှောင်တွေရဲ့ နေအိမ်ရှိ ပစ္စည်းတွေကို စစ်ကောင်စီတပ်က သယ်ယူသွား
   March 18, 2024

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) နဲ့ (၂) ကျေးရွာက ဒေသခံနေအိမ်တွေကို စစ်တပ်ကဖွင့်ဖောက်ပြီး  ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးထံက သိရပါတယ်။ မနေ့ကမနက် ၁ နာရီခွဲဝန်းကျင်မှာ ရွှေညောင် ပင်ကျေးရွာအခြေစိုက် ခလရ ၃၂၁ တပ်ရင်းကနေ သုံးဘီးကား၊ လေးဘီးကားနဲ့ ဟိုက်ဂျက်ကားတွေ ထွက်လာပြီး အောင်မြေ(၁) နဲ့ (၂) ကျေးရွာမှာရှိတဲ့ ဒေသခံနေအိမ်တွေကို ဖောက်ထွင်းပြီး စားစရာတွေ အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေ ယူသွားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကတစ်ဆင့် သိရပါတယ်။ အဲ့ဒီနောက် မနက်မိုးလင်းခါနီး ၄ နာရီခွဲမှာ ဆယ်ဘီးကားနဲ့ နောက်တစ် ခေါက် ပြန်လာသယ်ယူသွားပြန်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

စစ်တပ်က အခုလိုမျိုးပြည်သူတွေရဲ့ နေအိမ်က ပစ္စည်းတွေသယ်ထုတ်သွားပေမယ့်၊ ဒေသခံရွာသားတွေကိုတော့ မိုင်း ရှင်းရမယ်လို့အကြောင်းပြပြီး စားစရာရိက္ခာတွေ သယ်ယူဖို့ ခဏတဖြုတ်တောင် ကျေးရွာထဲ ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းက အောင်မြေ (၁)၊ အောင်မြေ (၂) နဲ့ ခါးရှီးကျေးရွာဘက်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကစပြီး တစ်ပတ် နီးပါးလောက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ကကျေးရွာဘက်ကို မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်နဲ့ Y – 12 ကင်းထောက်လေယာဉ်တွေ အသုံးပြုပြီး ဝေဟင်ကနေ တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားနေအိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ ပိတ်မိပြည်သူတွေ သေဆုံးတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ https://www.faceb ook.com/photo/?fbid=8145264 44044581&set=a.605896064907621
၂၂။ မူဆယ်မြို့ ဆက်ကြေးမပေးသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ပစ်ခတ် ဖမ်းဆီး
  March 18, 2024

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ် ပြီး ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ (မတ်လ ၁၇ ရက်) ညအချိန်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ တွင်းစတား ဟိုတယ်အနီးပင်လုံ ၁ လမ်းတွင်အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဆက်‌ကြေးမပေးသူကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မူဆယ်မြို့ဒေသခံများက ပြောသည်။“မနေ့ညက ပင်လုံ ၁ လမ်းထဲမှာ Alphard ကားပေါ်ကနေ ဆင်းလာတဲ့ လူကို ဘယ်ကမှန်းမသိတဲ့ သေနတ်ကိုင်လူစုက လိုက်ဖမ်းတာ။ သူတို့ကို အခွန်မပေးလို့ လူလိုက်ဖမ်းတာလို့ ပြော တယ်။ သေနတ်ပစ်တာကောဆိုတော့ လူဘယ်နှယောက်မိလဲ သေချာမသိဘူး။ မူဆယ်က တော်တော်ကြောက်စရာ ကောင်းနေ ပြီ”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့် MSPDF အယောင်ဆောင်အဖွဲ့မှ လက်ပစ်ဗုံး လာရောက်ဖောက်ခွဲခဲ့ပြီး မိသားစုဝင် များ၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “အခုက PDF အယောင်ဆောင် အဖွဲ့တွေကော၊ ပြည်သူ့စစ်အဖွဲ့က လုပ်စားနေတာကော အစုံပဲ။ လက်နက်ကိုင်တပ်လည်း ဘယ်သူ့ကိုမှလည်း အားကိုးလို့ မရ ဘူး။ တစ်ခုခု ဖြစ်လာရင် ပြည်သူက ခံဘက်ကြီးပဲ။ စီးပွားရေးအကြီး မပြောနဲ့၊ အိမ်ဆိုင်အသေးကအစ ဘယ်ဆက်ကြေးမှ မလွတ် ဘူး။ တဖြည်းဖြည်းနဲ့ ရှာစားရခက်လာပြီ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။ https://burmese.shannews.org/

၂၃။  ၂ ပတ်အတွင်း သင်္ဃန်းညီနောင်ဝန်းကျင်က စခန်း ၃ ခု ကာကွယ်ရေးတပ်များ သိမ်းပိုက်နိုင်
   March 18, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊ သင်္ဃန်းညီနောင်ဒေသနှင့် အနီးဝန်းကျင်ရှိ စစ်စခန်း ၃ ခုကို ၂ ပတ်အတွင်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း ရန်ပုံငွေရှာဖွေခြင်းအဖွဲ့က ထုတ်ပြန်သည်။ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၇ ရက်တွင် သင်္ဃန်းညီ နောင်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ၁၂ လက်အောက်ခံ ခမရ – ၃၅၅ ကို လက်နက်ခဲယမ်းအများအပြားနှင့်အတူ သိမ်းပိုက် နိုင်ခဲ့သည်။ ထို့နောက် မတ်လ ၁၁ ရက်တွင် မြဝတီတောင်ပိုင်း ဖလူး မဆုတ်တမ်းခံစစ်စခန်းကို လက်နက်ခဲယမ်းနှင့်တကွ စစ်သုံ့ ပန်းများကိုပါ ဖမ်းဆီးသိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများဖမ်းမိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သောင်ရင်းမြစ်အား ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်သို့အယောက် ၂၀ ကျော် ထွက်ပြေးသွားခဲ့သည်ဟု မြေပြင်ရဲဘော်များနှင့် ကရင်အမျိုးသားအစည်း အရုံး – KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအပြင် ခမရ – ၃၅၆ ကိုလည်း ယခုမတ်လ ၁၅ ရက်တွင် လက်နက်ခဲယမ်းအများအပြားဖြင့်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း ရန်ပုံငွေရှာဖွေခြင်းအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်​ထားသည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက် ကလည်း ၆ ဦး ကျဆုံးခဲ့သည်ဟုကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။ https://thanlwinkhet.net/?p=8470
၂၄။  ကျိုက်ထိုတွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်သူများအား KRF အရေးယူမည်
    March 18, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို့ ကြိုးစားနေတဲ့ ဘယ်သူမဆို စစ်ရေး ပစ်မှတ်အဖြစ် အရေးယူသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က သတိပေးထုတ်ပြန်ခဲ့ပါတယ်။ ကျိုက်ထိုမြို့ နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့တပတ်မှာ အစည်းအဝေးခေါ်ယူပြီး ‌စစ်မှုထမ်းဖို့အ တွက် ရပ်ကွက်နဲ့ ကျေးရွာတခုကို လူငယ် ၁၀ ဦးစီ စာရင်းကောက် ခေါ်ယူဖို့ ခိုင်းစေခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှုတ်ချပြီး ကျိုက်ထိုမြို့အတွင်းရှိ လူငယ်တွေကို စစ်မှုထမ်းဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စစ်ကောင်စီဘက်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမယ်လို့ ကျိုက်ထိုတော် လှန်ရေးအင်အားစု (KRF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်တဲ့နေရာမှာ ကိုယ်တိုင်ပါဝင်တဲ့သူတွေအပြင်ကို လိုက်ပြီး လုပ်ကိုင်ပေးနေတဲ့ ဝန်ထမ်းတွေ၊ မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ နောက်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ စစ်ကောင်စီ ဒေါက်တိုင် တွေကိုပါ စစ်ရေးပစ်မှတ်အဖြစ် ထိရောက်စွာ အရေးယူသွားပါမယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူမှန်သမျှ နိဂုံးမလှဘူးလို့ ပြော ချင်ပါတယ်။” စစ်ကောင်စီမှာ စစ်မှုမထမ်းဖို့ ရှောင်လွဲနိုင်တဲ့ နည်းလမ်းမှာ တောခိုဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတဲ့အတွက် နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပြီး စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်နက်ကိုင်ရမှာ ကြောက်ပေမဲ့ စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းခိုင်းပါက တော်လှန်ရေး တပ်ဖွဲ့ထဲ ဝင်သွားမယ်လို့ ကျိုက်ထိုမြို့မှာ နေထိုင်တဲ့ လူငယ်တဦးက ပြောပါတယ်။ စစ်ကောင်စီမှာ စစ်မှုမထမ်းချင်ဘဲ ရှောင်လွှဲ လိုသူတွေကို ကျိုက်ထိုမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေဘက်က ကြိုဆိုလက်ခံပေးသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အသီးသီးထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/post/643763
၂၅။ ၄ လကြာ ကုန်စည်စီးဆင်းမှုရပ်နေသည့် ရခိုင်တွင် ကုန်စည်စျေးများ ထပ်ဆင့်မြင့်တက်နေ
   March 19, 2024

ကုန်စည်စီးဆင်းမှု ၄ လအကြာ ရပ်တန့်နေသည့်ရခိုင်တွင် ပြည်နယ်အတွင်း ကုန်စည်စျေးနှုန်းများမှာ ထပ်ဆင့်မြင့်တက် လျှက်ရှိနေကြောင်း ဒေသခံများကပြောသည်။ စားသောက်ကုန်နှင့် လူသုံးကုန်များအတွက် ပြည်မမြို့များကို အဓိကအားထား နေခဲ့ရသည့် ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများစတင်ခဲ့သည့် နိုဝင်ဘာလမှစ၍ ပုံမှန်ကုန်စည် စီးဆင်းရာ လမ်းကြောင်းများ ပိတ်ဆို့ခံရမှုကြောင့် ပြည်နယ်အတွင်း ကုန်စည်များပြတ်လပ်မှုများပြားခဲ့သည်။ လက်ရှိတွင်မူ ရရာလမ်း ကြောင်းများမှ ကုန်စည်များသယ်ယူရောင်းချမှုတို့ ရှိနေကြသော်လည်း အဆင်ပြေမှုမရှိဟု ကုန်စည်သယ်ယူရောင်းချနေသူ တစ်ဦးက ပြောသည်။ “အခုအခြေနေမှာ ကုန်ကူးတာက အသက်ကိုရင်းထားရတာပဲ။ ရတဲ့နေရာက ရသလိုကုန်စည်တွေ သယ်နေရတယ်။ လမ်းကြောင်းက မကောင်းတော့ ဒီကိုရောက်တဲ့ ကုန်စျေးတွေကလည်းမြင့်သွားတာပဲ ” ဟု ပြောသည်။

လက်ရှိတွင် ကုန်စည်များထဲမှ အချို့ကုန်စည်စျေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿကို ၃ သောင်းကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿကို ၅ သောင်းကျပ်၊ ကြက်ဥ ၁ လုံး ၈၀၀ ကျပ်၊ ငရုတ်သီးခြောက် ၁ ပိဿာ ၅ သောင်းကျပ်၊ သားရေဖိနပ်တစ်ရံကို ၁၀၀၀၀ ကျပ်နှင့် တစ်ခြားလူသုံးကုန်ပစ္စည်းများမှာလည်း ၂ ဆမှ ၁၀ ဆကြား မြင့်ဆက်လျှက်ရှိနေသည်။ လတ်တလောတွင် လည်း ဘင်္ဂလာမှ စားသောက်ကုန်စည်အချို့လည်း ဝင်ရောက်နေကာ ပြည်နယ်အတွင်း ဝယ်ယူရောင်းချမှုရှိနေကြောင်း စျေးရောင်းချသူများက ပြောသည်။ “လောလောဆယ် မုန့်နဲ့ စားဆီဝင်နေတယ်။ မုန့်က ဘီစကွတ်မုန့်အမျိုးအစားတွေ ၄၊ ၅ မျိုး လောက်ရှိတယ်။ ဆီကတော့ ဆီသန့်လိုမျိုး ပုလင်းနဲ့လာတာ။ ဒီမှာရောင်းနေကျ စားအုန်းဆီနဲ့ စျေးအတူတူပဲ” ဟု ပြောသည်။ ရခိုင်ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရက္ခိုင့်တပ်တော် အနေဖြင့်လည်း ရခိုင်ပြည်၏ ကုန်စည် စီးဆင်းမှု လမ်းကြောင်းအား ပြင်ဆင်လျှက်ရှိနေပြီး အဓိကအနေဖြင့် အိန္ဒိယနှင့် ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းကို ဆက်လက် ဖောက်လုပ်လျှက်ရှိနေက အိန္ဒိယနိုင်ငံတာဝန်ရှိသူများနှင့်လည်း ရက္ခိုင့်တပ်တော်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မှုရှိထားကြောင်း သိရသည်။ https://www.facebook.com/photo?fbid=858 142809658480&set=pcb.858143076 325120
၂၆။ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသူများအားအရေးယူသွားမည်ဟု တော်လှန်ရေးလူငယ်အင်အားစုထုတ် ပြန်
   March 18, 2024

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေသူများ အား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု (SSRY) က ထုတ် ပြန်သည်။ စစ်မှုထမ်းရန်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များမှ လဝက၊ ထွေအုပ်၊ ရပ်ကျေး ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများနှင့် နောက် လိုက်များ သည် နိုင်ငံရေးမတည် ငြိမ်မှုကို အခွင့်ကောင်းယူကာပြည်သူများအား မတရား ခြိမ်းခြောက် ကာ အကျိုးစီးပွားရှာနေကြကြောင်း သိရသည်။

ထိုသို့ ကိုယ်ကျိုးစီးပွားရှာနေကြသော သူများ၏ ကိုယ်ရေးအချက်အလက်များကို ရရှိထားပြီး စစ် ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးနေသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ် ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းတော်လှန် ရေးလူငယ်အင်အားစု (SSRY) အမှတ် ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ထားသည်။ တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်သွားသည့် ရဲဘော်များနှင့် ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခ ရောက်နေရသူများကို လျစ်လျူရှုကာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေသူများနှင့် အကြမ်းဖက် စစ်ကောင်စီကို  ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန် ရေးလူငယ်အင်အားစု (SSRY) အမှတ် ၁၀၀၈ တပ်ရင်းမှ အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ https://www.facebook.com/photo/?fbid=77103909845703 2&set=a.568142278746716
၂၇။ ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အဓိကထားခုခံနေ၊ စစ်ကောင်စီတပ်စခန်း တစ်ခုသာကျန်
   March 18, 2024

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ဆွမ်ပရာဘွမ်မြို့အတွင်း တစ်ခုတည်းကျန်သော စစ်ကောင်စီတပ် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း‌ လေကြောင်းပစ်ကူများ ဖြင့် ခုခံနေကြောင်း သိရသည်။ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KIA ပူးပေါင်းတပ်က မြို့အတွင်း ဝင်ရောက်နေရာယူထားပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။“မြို့အတွင်းက (စစ်ကောင်စီတပ်ဖွဲ့ဝင်)တော့ အကုန်ပြေးသွားလို့ မြို့ကိုတော့ဝင်နိုင်ပြီ။ ရဲစခန်းကဟာတွေတော့ သေနတ်တွေ၊ ကျည်ဆန်တွေ အကုန်ထားပြီးထွက်ပြေးသွားတာ။ ပြေးတဲ့သူကပြေး၊ အလင်းဝင်တဲ့သူကဝင် လုပ်နေတဲ့အချိန် ရဲအုပ်တစ်ယောက်က မပြေးဘဲနဲ့ လေကြောင်းပစ်ကူတွေ၊ စစ်ကူတွေ တောင်းနေတာ သေသွားတယ်လေ။ စခန်းကုန်းတစ်ခုကျန် သေးတယ်” ဟုပြောသည်။

ဆွမ်ပရာဘွမ်မြို့ပေါ်တွင် ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းမှာ ပူတာအိုအခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ – ၄၆) လက်အောက်ခံတပ်စခန်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိကာ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ် အခြားတစ်ဦး က ပြောသည်။“အခြေအနေကတော့ မထူးသေးဘူး တိုက်နေတုန်းပဲ ချနေတုန်းပဲ။ မြို့နဲ့ ရဲစခန်းကရပြီ ရဲစခန်းအပေါ် တောင်ကုန်းမှာရှိတဲ့ စစ်တပ်ကုန်းတစ်ကုန်းပဲလိုတာ။ အဲ့စခန်းမှာက ခ.လ.ရ ၄၆ က အဖွဲ့တွေပဲ။ အခုလေကြောင်းလာနေတယ်” ဟုပြော သည်။ တိုက်ပွဲပြင်းထန်နေသည့် ဆွမ်ပရာဘွမ်မြို့သို့ စစ်ကူလာသော စစ်ကောင်စီတပ်နှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းလည်း ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ကချင်လွတ် မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်စစ်ကောင်စီစခန်းကိုလည်း ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ တွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ https://www.facebook.com/photo?fbid=729482426046095&set=pcb.7294 82479379423
၂၈။ နောင်ကားကျေးရွာအုပ်စုအတွင်းတွင် PNO ပြည်သူ့စစ်က အဆမတန်ဆက်ကြေးကောက်ခံနေ ခြင်းကြောင့် ဒေသခံ အချို့မှာအခက်ခဲရှိနေ
   March 18, 2024

နောင်ကားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စက်အမျိုးမျိုး ယာဥ်အမျိုးမျိုးရှိသည့်ပြည်သူများထံ PNO ကအဆ မတန် သိန်းချီ ဆက်ကြေးကောက်နေသည့်အတွက် ဒေသခံအချို့ အခက်အခဲဖြစ်ရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့နယ်ခွဲ နောင်ကားကျေးရွာအုပ်စုအတွင်းရှိကျေးရွာကို PNO ပြည်သူ့စစ်က ယာဥ်များ စက် များအတွက် အခွန်ပေးဆောင်ရန်စာထုတ်ပြီး အတင်းဆက်ကြေးကောက်နေသည်။ “အာဏာသိမ်းချိန်ဆိုပြည်သူက စစ်ကောင်စီ အတွက်ရော သူတို့ (PNO)အတွက်ပါ အခွန်ပေးနေရတာ အဲ့လိုပေးဖို့ပြည်သူမှာ တစ်ဦးချင်းစီကိုက အခက်အခဲဖြစ်နေရတာ မပေးချင်တောင် ဘာမှမတတ်နိုင်ဘူးလေ ပေးနေရတယ် လွန်ဆန်ဖို့လည်းမလွယ်ဘူးလေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

PNO ပြည်သူ့စစ်သည် ပြည်သူများထံ မည်သို့ အခွန်ကောက်ရမည်ကိုသာ စဥ်းစားပြီး အချို့ပြည်သူမှာ စစ်ဘေးရှောင် ရင်း အခွန်အခထပ်ပေးရသည့်အတွက် နှစ်ဆင့် လူ့အခွင့်ရေးချိုးဖောက်ခံရသည်ဟု သူကဆက်ပြောသည်။ PNO ပြည်သူ့စစ် ဆက်ကြေးအခွန်ကောက်သည်မှာ အိမ်စီးကား ၅ သောင်း၊ တင်ဘာကား ၁၄’ပေအောက် ၁ သိန်း၊ ထွန်ကား ၁သိန်း၊ ဆယ်ဘီး ၂သိန်း၊ ဆယ့်နှစ်ဘီးတွဲ ၃ သိန်း၊ ဘက်ဖိုး ၁ တန်နှုန်း ၅သောင်း၊ စပါးကြိတ်စက် အသေး ၅ သောင်း၊အလတ် ၃သိန်း၊ အကြီး ၅ သိန်းနှင့် ဆီစက် ၁ သိန်းကျပ်တို့ကိုကောက်ခံမည်ဟုသိရသည်။ ယင်းအပြင် ပွဲရုံ အသေး ၃သိန်း၊ အကြီး ၅သိန်း၊ကြက်ခြံ တစ်ခြံ ၁ သိန်း၊ ဆီပန့်ဆိုင် အသေး ၃ သိန်း၊ အကြီး ၅ သိန်းနှင့် သဲကျင်းအသေး ၃သိန်း၊ အကြီး ၆ သိန်းစသည် သိန်းချီကောက်နေကြောင်း ဆိုသည်။ ဒေသခံများကို အတင်းဆက်ကြေးအ​​ပြင် ပြည်သူ့စစ်မှုထမ်းရန်လည်း လူငယ်များကိုဆင့်ခေါ်စုဆောင်းပြီး နောင်ကား ကျေးရွာအတွင်း လူငယ် ၆ ဦးကိုလည်း စစ်ကောင်စီအတွက် ခေါ်ယူပေးခဲ့ကြောင်းစုံစမ်းသိရှိသည်။ https://www.thepeoplevoicepaoh.com

၂၉။ ၃ နှစ်ကျော်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄၇၂၀ ထိ မြင့်တက်လာ
   March 18, 2024

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၇၂၀ ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ပြောပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၁၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၄၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၁၃၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ် ရေးတပ်တွေ၊ တိုင်းရင်းသားခုခံကာကွယ်ရေး တပ်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ စစ်အုပ်စုဘက်က စစ်ကြောင်းထိုး တာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက်မှာတိုးမြင့်လာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/post/643881
၃၀။ ဖမ်းဆီးခံထားရတဲ့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၅ ဦးပြန်ပြီးလွတ်မြောက်
    18 March 2024

ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းကနေ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်အမျိုးသား ၁၅ ဦး မနေ့ညနေပိုင်းပြန်ပြီး လွတ် မြောက်လာပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းကနေ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည စစ်တပ်က စစ်ရှောင်စခန်းထဲကနေ လာရောက်ဖမ်းဆီးခေါ်သွားတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ပြန်လွတ်ပေး လိုက်တာဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံဆရာတစ်ဦးက ပြောပါတယ်။“အကုန်ပြန်လွတ်လာပြီ၊ ဒီက ရပ်မိရပ်ဖတစ်ချို့နဲ့ သွားခေါ်ခဲ့တာပေါ့၊ သူတို့ဘက်ကလည်း မေးစရာရှိတာနည်းနည်းပါးပါးပြန်မေးပြီး ဘာအပြစ်မှမရှိဘူးဆိုပြီး ခံဝန်ချက် ထိုးပြီး ပြန်လွတ်လိုက်တာပေါ့”လို့ပြောပါတယ်။

မတ်လ ၇ ရက်နေ့ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲကို ကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဝင် ရောက်လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့မြို့တွင်း၊မြို့ပြင် အရပ်သားပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာ လုပ်ဆောင်လာပြီး မတ်လ ၈ ရက်နေ့မှာလည်း ဟိုတယ်၊ တည်းခိုခန်းအားလုံးမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး မြစ်ဆုံဟိုတယ်ပိုင်ရှင်ကို ဖမ်းဆီးသွားတဲ့အပြင် မတ်လ ၉ ရက်နေ့ညမှာလည်း ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်ဖမ်းဆီးရသူ စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။“လွတ်တာကလွတ်တာပေမဲ့၊ သူတို့ကို အပြင်မထွက်ရလို့ လက်မှတ်ထိုးထားရတာပေါ့၊ သူတို့ စစ်စရာမေးစရာရှိလာရင် အချိန်မရွေးပြန်လာခေါ် နိုင်တယ်လို့လည်းပြောတယ်”လို့ဆိုပါတယ်။ အခုလို ပြန်လွတ်လာပေမဲ့ စစ်တပ်ဘက်က အချိန်မရွေးပြန်ခေါ်ပြီး စစ်ဆေးမေးမြန်နိုင်တဲ့အတွက် ဖမ်းခံခဲ့ရတဲ့ လူငယ်တွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ် လို့ သူကဆက်ပြောပါတယ်။ https://burmese.kachinnews.com/2024/03/18/bb1-85/
၃၁။ ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ မြို့အပြင်နှင့် မြဝတီမြို့ဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်နေ
    March 18, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်း ရွှေကုက္ကိုလ်မြို့ရှိ တရုတ်နိုင်ငံသားများ ဦးစီး လုပ်ကိုင်နေသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းအများစုကို မြို့အပြင်နေရာများနှင့် မြဝတီမြို့ဘက်တွင် ပြောင်းရွှေ့လုပ်ကိုင်နေကြကြောင်း ထိုလုပ် ငန်းနှင့်နီးစပ်သည့် ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။ ရွှေကုက္ကိုလ်မြို့တွင် လျှပ်စစ်မီး၊ ရေနှင့် အင်တာနက်များ ဖြတ် တောက်ခံထားရ၍ ကျားဖြန့် ကုမ္ပဏီမှ လုပ်ငန်းဦးစီးသူ တရုတ်နိုင်ငံသားများက ၎င်းတို့၏ အလုပ်သမားများနှင့်အတူ မြို့အပြင် နှင့် မြဝတီ မြို့ဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် အခြေအနေနှင့်ပတ်သက်၍ လုပ်ငန်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။“အွန်လိုင်းကာစီနိုလုပ်ငန်းတွေတော့ နည်းနည်းတော့ အလှမ်းဝေးသွားတယ်။ ကုက္ကိုလ် မြို့ထဲမှာမဟုတ် တော့ဘူး။ သူတို့က မြို့အပြင်ဘက်ကို ပြန်ရွှေ့လိုက်တယ်။ မြဝတီဘက်ကိုလည်း ရွှေ့သွားကြတာ။ ကုက္ကိုလ်မှာ လုပ်ငန်းက မကုန်တကုန်ပဲ။ ကာစီနိုအသေးတွေလောက်ပဲကျန်တော့တယ်။ ကျန်တာက မြဝတီဘက်နဲ့ မြို့အပြင်ဘက်ကို ရောက်ကုန်ပြီး။ ဒီကကောင်လေးတွေ အလုပ်သွားလုပ်ကြတယ်။”ဟု ၎င်းဒေသခံက ပြောသည်။

ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းအများစု ရပ်နားထားလိုက်သော်လည်း မြို့အတွင်းမှာ အထပ်မြင့် အဆောက် အဦးများ တိုးချဲ့ဆောက်လုပ်နေဆဲဖြစ်ပြီး စက်မှုဇုန်လုပ်ငန်းနှင့် အထည်ချုပ်ရုံများအဖြစ် ပြန်လည်ပြုလုပ်သွားမည် ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။ ထို့အပြင် ရွှေကုက္ကိုလ်မြို့အပြင်နှင့် မြဝတီဘက်သို့ ပြောင်းရွှေ့သွားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းမှ အလုပ်သမားများကိုလည်း အတင်းအဓမ္မခိုင်းစေမှုများပြုလုပ်ခံနေရကြောင်း အမည်မဖော်လိုသူ အွန်လိုင်းငွေလိမ်လုပ်ငန်းအလုပ်သမားတစ်ဦးက ပြောသည်။ ၎င်းက “ကုက္ကိုလ်က သူဌေးက ငါတို့ကို မြဝတီဘက်မှာရွှေ့မယ် ပြောပြီး ခေါ်သွားတယ်။ ဒါပေမဲ့ မြဝတီ မှာက သူတို့ပေးတာနဲ့ခိုင်းတာက မတန်တော့ဘူး။ အခန်းကျဉ်းထဲမှာ စုပြီးနေရတယ်။ အိမ်တွေ ငှားပေးတာလည်းရှိတယ်။ သွားလုပ်မနိုင်ဘူး အလုပ်ပင်ပန်းတယ်။ သူတို့ကျွေးသလိုစားရတာလည်းအဆင်မပြေဘူး” ဟု ပြော သည်။ https://kicnews.org/2024/03/%e1%80%9b%e1%80%bd%e1 %80%be%e1%8080%e1%80%af%e1
၃၂။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်း ဖြတ်သန်းလို့မရဘဲ ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်‌နေပြီး   ပြတ်လပ်မှုပါရှိနေ
  March 19, 2024

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်း ပိတ်ထားပြီး ပူတာအိုမြို့မှာ ကားလမ်းနဲ့ အဓိက တင်သွင်းယူတဲ့ စားသောက်ကုန်တွေနဲ့ အခြားကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ပြတ်လပ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆီကသိရပါတယ်။ ကားလမ်းပိတ်ထားတာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့ကို ကားနဲ့ နေ့ချင်းတင်သွင်းတဲ့ CP ကြက်လို အသားတွေနဲ့ ငါး၊ သစ်သီးဝလံတွေကအစ ဈေးမြင့်တက်နေတဲ့အပြင် ပြတ် လပ်မှုတွေ လည်း ရှိလာတယ်လို့ ပူတာအိုမြို့ခံတစ်ဦးက အခုလိုပြောပါတယ်။ “တချို့ကုန်ခြောက်ပစ္စည်းတွေဆို ဝယ်လို့မရတော့ဘူး။ ဈေးကြီးတာထက်ကို ပိုက်ဆံရှိလို့ ဝယ်စားမယ်ဆိုရင်တောင် ဝယ်လို့မရတာတွေ အများကြီးရှိတယ်။အသား ငါးတွေတော့ တော် တော်လေး ပြတ်လပ်နေပြီ။ လမ်းကြောင်းလေးဖွင့်ဖို့ပဲ ဆုတောင်းနေရတာ။”  လို့ ဆိုပါတယ်။

လက်ရှိအချိန် မြို့ပေါ်က ဆိုင်ကြီးတွေမှာ ကြက်ဥဝယ်လို့မရတော့တာနဲ့ တချို့တလေ ဝယ်လို့ရတဲ့ ဆိုင်တွေမှာလည်း တစ်လုံးတစ်ထောင် ပေးဝယ်နေရတဲ့အပြင် ယုဇနလက်ဖက် တစ်ထုပ်ကို တစ်ထောင်နဲ့ သုံးလေးရာတန်ပစ္စည်းတွေလည်း တစ်ထောင်လောက်ထိ  မြင့်တက်သွားတာလို့ ဆိုပါတယ်။ မြစ်ကြီးနား- ပူတာအို ကားလမ်း ပိတ်ထားကတည်းကနေ လက်ရှိ အချိန်ထိမဖွင့်သေးတဲ့အတွက် ကုန်ဈေးမြင့်တက်တာအပြင် တချို့ပစ္စည်းတွေဆိုရင် ဝယ်လို့မရတော့ဘူးလို့ နောက်ထပ် ပူတာအို ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။ ” လမ်းကြောက အခုထိမပွင့်သေးတော့ ပူတာအိုဘက်မှာ ကုန်ဈေးနှုန်းက အရမ်း တက်နေတာ။ ဘိလပ်မြေတွေက တက်တာတောင်မဟုတ်တော့ဘူး ဒီမှာရှိကို မရှိတော့ဘူး။ ကုန်ပစ္စည်းတွေလည်း အကုန် ပြတ် ကုန်တော့မှာ ကားလမ်းက ပိတ်ထားတော့။” လို့ ဒေသခံက လက်ရှိအခြေအနေကို ပြောပါတယ်။ လက်ရှိ ဆန်တစ်အိတ်ကို ၁၄၀,၀၀၀ (တစ်သိန်းလေးသောင်း)ဝန်းကျင်လောက် ဈေးပေါက်နေပြီး ကားနဲ့ အဓိကတင်သွင်းယူတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ ကအစ ဈေးမြင့်တက်မှုတွေ ရှိနေတာလို့ သိရပါတယ်။   https://www.facebook.com/photo?fbid=428921713148161&set= a.266001999440134

၃၃။ ရသေ့တောင်မြို့ကို AA သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး သိမ်းယူနိုင်သည့် မြို့ပေါင်း ၁၀ မြို့အထိရှိလာ
   March 18, 2024

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ-၅၃၆ ၊ ၅၃၇  နှင့် ၅၃၈  တပ်ရင်း သုံး ခုစလုံးအား ရက္ခိုင့်တပ်တော်  (AA) က  အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ရက္ခိုင့်တပ် တော် (AA) သည် ရသေ့တောင်မြို့ကို မတ် ၁၇ ရက်၊ ညနေ ၄ နာရီခန့်တွင်  အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် ရသေုတောင်ကို  ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်း အထန် ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း သုံးခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ စခန်းများအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ခန့်သည် ၂၀၀  စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက် ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်၍ စစ်ကောင်စီက  လောလော လတ်လတ် စစ်သင်တန်းပေးထားသည့်  မူဆလင်အချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သား အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။ လက်ရှိတွင် AA သည်  ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ နှင့် ယခု ရသေ့တောင်အပါအဝင် တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ပေါင်း ၁၀ မြို့ရှိလာပြီ ဖြစ်သည်။ https://www.facebook.com/pho to/?fbid=738248351777520&set=pcb.738248431777512

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button