တိုင်းရင်းသားများသတင်းမော်ကွန်းသတင်း

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုစုပေါင်းတည်ဆောက်ကြမလဲ ဆွေးနွေးပွဲစကားဝိုင်း အနှစ်ချုပ်

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုစုပေါင်းတည်ဆောက်ကြမလဲ ဆွေးနွေးပွဲစကားဝိုင်း အနှစ်ချုပ်

ဆလိုင်းရမ်ကုလ်ကျုံး (ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင် စီ (ICNCC)

ဗြိတိသျှကိုလိုနီလက်အောက်က အားလုံးအတူတကွ ပူးပေါင်းပြီး လွတ်လပ်ရေးရယူဖို့အတွက် ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။ ဒီလို ချုပ်ဆိုတဲ့နေရာမှာ ဥပမာ ချင်းလူမျိုးတွေက ချင်းပြည်မှာ ကိုယ့်ဖွဲ့စည်းပုံ၊ ကိုယ့်ဥပဒေနဲ့ ကိုယ်ပိုင်အုပ်ချုပ်မယ်ဆိုတာဖြစ်တယ်။ ပြီးတော့ ပြည်ထောင်စုအရေးကိုတော့ အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာဖြစ်တယ်။ နောက်ပြီး ပင်လုံစာချုပ်ဟာ လူမျိုးမစုံဘူး။ အချက်အလက်မစုံလို့ မပြည့်စုံဆိုတာ ဘာကိုအခြေခံပြီးတာလဲ…? နောက်ပြီး စာချုပ်က အချက် (၉)ချက်ပဲဆိုတာကြည့်လို့မရဘူးလေ ညီလာခံမှာ ကတိကဝတ်ပြုတဲ့အရာတွေ ဆွေးနွေးခဲ့တဲ့အရာ ပြီးတော့ စာချုပ်ချုပ်ပြီးတော့မှ ဘယ်လိုပုံစံနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မလဲဆိုတဲ့ဟာတွေရှိတယ်။ ကျနော်တို့က ယုံကြည်မှုနဲ့သွားတာဖြစ်တယ်။  ကျနော် ထပ်လောင်းပြောချင်တာက ဒီပြည်ထောင်စုကြီးကို ကိုလိုနီ လေးခုပဲဖြစ်လို့ လေးခုပဲပိုင်တယ်ဆိုတာမဟုတ်ပါဘူး။ ကျန်တဲ့ မွန်၊ ရခိုင်၊ ကရင်နီတို့စတဲ့ နောက်ခံသမိုင်းရှိတဲ့ အားလုံးက ပြည်ထောင်စုကြီးနဲ့ဆိုင်တယ်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် နှစ်ပေါင်း ၇၅ နှစ်အတွင်းမှာ လုပ်ဆောင်တဲ့ အပိုင်းလည်းရှိတယ်။ ဒီနေ့ ပြည်ထောင်စုနေ့မှာ ပြန်သုံးသပ်ဖို့လိုတာက ကျနော်တို့ တကယ်လုပ်နိုင်တဲ့ အရာတွေကို ဘယ်လောက်ထိလုပ်ခဲ့ကြသလဲပေါ့။ ဖက်ဒရယ်ဒီမိုကရေစီ ချာတာက ဒီတော်လှန်ရေး အလုပ်ကို လုပ်နိုင်အောင်ဆိုပြီး ဖန်တီးပေးလိုက်တာပေါ့။ ၂၀၀၈ ကိုဖြတ်သိမ်းလိုက်ပြီကြေညာမယ် ဒါဆို အခြေခံဖို့ တခုလိုတယ် အဲ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ချာတာပေါ့ ဒီ ချာတာဖြစ်လာဖို့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေကြားမှာ အကြိမ်ဖန်များစွာဆွေးနွေးပြီးပေါ်ပေါက်လာတာဖြစ်သာကြောင့် တန်ဖိုးအများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီချာတာကို ဘယ်လောက်မျှော်လင့်လို့ရမလဲ လူနဲ့မူ ဆိုသလို မူကောင်းဖို့လိုသလို လူတွေရဲ့ ကြိုးစားမှုပေါ်လည်းမူတည်မှာပါ။ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအခက်အခဲမှာ အဓိက ဖက်ဒရယ်ရမှဖြစ်မယ်လို့ ပြောတဲ့အခါမှာ ဖက်ဒရယ်က အာဏာခွဲဝေတာပဲဖြစ်တယ် အာဏာခွဲဝေတာအဆင်မပြေလို့ အခုဒက္ခရောက် နေတာ ဆိုတော့ အာဏာခွဲဝေမှုမှာ နည်းလမ်းတွေအများကြီးရှိတယ်။ အဲ့ထဲကမှ တခုက ပြည်နယ်တွေ ဖွဲ့စည်းတာပဲဖြစ်တယ်။

ကိုဗညား (Karenni Human Rights Group (Director)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC))

ဗမာအစိုးရအဆက်ဆက်က တိုင်းရင်းသားတွေအရေးကို ဆောင်ရွက်ဖို့ပျက်ကွက်တာ ဥပမာ တခုအနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ ကရင်နီပြည်မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တဲ့ကြားက အတင်းအဓမ စိုက်ထူခဲ့တယ်။ ကျနော်တို့ပြောတာက ဒီချိန်မှာ ပင်လုံစိတ်ဓါတ်ကိုတည်ရမဲ့အချိန်ဖြစ်တယ်ဆိုတဲ့ ရှုဒေါင့်ကနေပြောခဲ့တယ်။ ဒါပေမဲ့အရဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျနော်တို့ ကရင်နီတွေက ပင်လုံစာချုပ်ချုပ်တဲ့ထဲလည်း မပါဘူး။ အတင်းအဓမသွပ်သွင်းခံရတာ ကျနော်တို့ကသီးခြားလွတ်လပ်စွာ နေထိုင်ခဲ့တာဖြစ်တယ်။  ဒီ ချာတာကို ဘယ်လောက်မျှော်လင့်လို့ရမလဲဆိုတော့ ဒီတော်လှန်ရေးကာလမှာ NUG အစိုးရ၊ အစိုးရတရပ်အနေနဲ့ ဆက်သွားဖို့ အတွက် အရေးကြီးတယ်။ နောက်ပြီး အရပ်ဘက် အကြည့်နဲ့ကြည့်မယ်ဆိုရင် အဖွဲ့အစည်းလည်းတော်တော်စုံတယ်။ နောက်ပြီး ပူပူနွေးနွေး တော်လှန်ရေး ကာလမှာ ရေးဆွဲနိုင်ခဲ့တာဖြစ်တယ်။ တချိန်တည်းမှာ ဖက်ဒရယ်ဆိုတဲ့ စကားကို ဗမာလူမျိုးစုတွေကြားမှာ ခွဲထွက်ရေးအမြင်လို့ယူဆတဲ့ အမြင်ကို ပြောင်းစေခဲ့တယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံး မစုံဘူးဆိုပေမဲ့ ပြည်မမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက ဖက်ဒရယ်ဆိုတာကို နားလည်လာတယ်။ နောက်ပြီး ဒီချာတာကို တော်လှန်ရေးကာလအတွက် အရေးကြီးတယ်ဆိုတာကို သူတို့သိလာတဲ့အတွက် များစွာဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း ကျနော့အနေနဲ့ စိုးရိမ်စိတ်တွေများစွာရှိပါတယ်။ ဒီဟာက ကြားကာလအတွက် စဉ်းစားထားတဲ့ ပုံစံဖြစ်တဲ့အတွက်ကြောင့် တချိန်ကျရင် နောက်ကြောင်းလှည့်သွားနိုင်မလား ဘာလို့ဆို ကျနော် မြန်မာနိုင်ငံသူ/သားကိုယ်၌က ဒီမိုကရေစီအနစ်သာရကို ကောင်းကောင်းမခံစားရဘူး။ ပြန်လည်ထူ ထောင်ရေးကာလမှာ ဒါကို ကောင်းကောင်းမကျင့်သုံးနိုင်ဘူးဆိုရင် နောက်ကြောင်းပြန်လှည့်နိုင်တဲ့ သဘောရှိလာနိုင်တယ်။ ဒီ့အတွက်ကြောင့် NUG အစိုးရက ပြည်သူလူထုတွေ ဖက်ဒရယ်ဆိုတာကို နားလည်းသဘောပေါက်အောင် ပြောပြဖို့အတွက် တာဝန်ရှိပါတယ်။ ကျနော်တို့ အနာဂါတ်နိုင်ငံတစ်ခုကို တည်ဆောက်မယ်ဆိုရင်တော့ အတူတကွ ယှဉ်တွဲနေထိုင်ရေးကပိုပြီး သင့်တော်မယ်လို့ ကျနော်ထင်တယ်။ လူမျိုးတိုင်း ကိုယ့်ကိုယ်ကို စံမံအုပ်ချုပ်ခွင့်ရတဲ့ ဖက်ဒရယ်ပုံစံနဲ့သွားမယ်ဆို ကျနော်တယောက်ရဲ့ အမြင်အရတော့ Independent တို့  ကွန်ဖက်ဒရေးရှင်း လိုဟာမျိုးကိုတော့ သိပ်ပြီးတော့ သဘောမကျပါဘူး။ သွားစရာကို မလိုတော့ဘူး။ သို့ပေမဲ့ ဗမာလူမျိုးစုတွေက ကျန်တဲ့ လူမျိုးစုတွေကို ဘယ်လောက်ထိ နာလည် လိုက်လျောပေးနိုင်မလဲဆိုတာကတော့ရှိတာပေါ့။ နောက်ပြီး အရင်တုန်းကလို ဗမာလူမျိုးကြီးဝါဒ ပထမမြန်မာနိုင်တော်၊ ဒုတိယမြန်မာနိုင်ငံတော်ဆိုတဲ့ အစွဲတွေကို မဖြောင့်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားတွေက တမျိုးတဖုံဖြစ်သွားနိုင်တာပေါ့။

ဗမာပြည်တောင် ဖွဲ့ဆိုတဲ့ဟာ ပင်လုံစာချုပ်ကို ပြန်ကြည့်မယ်ဆိုရင် စာချုပ်ချုပ်တဲ့နေရာမှာ လူမျိုးကိုအခြေခံပြီးတော့မဟုတ်ဘဲ ဒေသကို အခြေခံပြီးတော့မှချုပ်ခဲ့ကြတယ်ဆိုတဲ့ မှတ်ချက်ကို တွေ့ရတယ်။ ဒီချိန်မှာ တာကို စဉ်းစားဖို့ လိုအပ်လာပြီးလိုလည်း ယူစပါတယ်။ ဘာလို့ဆို ကျနော်တို့က ဖက်ဒရယ်ယူနစ်တွေကို ပေါင်းစုပြီးတော့မှပဲ ပြည်ထောင်စုအာဏာက ဒီဖက်ဒရယ်ယူနစ်ကနေ ဆင်းသက်ရမယ်။ အဲ့ဒါကြောင့် ရှိကိုရှိရမယ်။

နိုင်သီဟ (မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC))

ဗမာလူထုနဲ့ ကျနော်တို့တွေကြားမှာ နိုင်ငံရေးအမြင်မတူတာတွေရှိတယ်။ ဗမာကတော့ နိုင်ရေးတခုတည်းကို တသားတည်းဖြစ်တဲ့ အမျိုးသားလူထုကြီး နိုင်ငံယူနစ်ကြီးဖြစ်တယ်ဆိုတဲ့အမြင်ရှိတယ်။ ပြည်နယ်ဆိုတာ သူတို့က ခွဲပေးတာဆိုတဲ့အမြင် နောက်ပြီး အဲ့ဒီပြည်နယ်မှာရှိတဲ့ လူထုတွေကိုလည်း အမျိုးသား လူထုတွေဖြစ်တယ်ဆိုတဲ့အမြင် သူတို့မှာ မရှိတော့ဘူး။ သူတို့မြင်သာက လူမျိုးစုငယ်တွေလို့ သူတို့မြင်တယ်။ သူတို့က ပြည်နယ်တွေရဲ့ အရေးကို သူတို့ဦးစီးပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ကရှိနေတယ် လူမျိုးကြီးဝါဒပဲပြောရမှာပေါ့။ ဒါကြောင့် ပြည်နယ်တိုင်းလိုလိုမှာ ပြဿနာတွေဖြစ်ခဲ့တယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုရင် ပုံပန်းတိုင်တူညီဖို့လိုမယ်။ နောက်ပြီး ပြည်သူတွေကို ပိုပြီး နာလည်လာအောင်ပြောရမယ်။ နိုင်ငံရေးကနေတော့ တပ်မတော်ကို ဖယ်ထုတ်ရမယ်။ ကျနော်တို့အနေနဲ့ ချာတာနဲ့ပါတ်သက်ပြီး စိုးရိမ်စိတ်တွေကတော့ရှိတယ်။ ဘာလို့ဆို ကျနော်တို့ ပင်လုံစာချုပ်ကိုကြည့်လို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက်ပိုင်းမှာ တိုင်းရင်းသားတွေနဲ့ သဘောတူထားတဲ့ကိစ္စတွေအကုန် ပျက်သွားခဲ့တာရှိတယ်။

ဒီတွဲရေး ခွဲရေးကတော့ လူများစုဖြစ်တဲ့ ဗမာ အမျိုးသားလူထုတွေပေါ်မှာပဲ မူတည်မယ်။ ကျနော်တို့က ပြည်ထောင်စုချင်လို့ပဲ အခုလိုမျိုးပြောဆိုဆွေးနွေးနေတာ၊ ကျနော်တို့ရဲ့ ခံစားချက်တွေ စိုးရိမ်မှု‌တွေကို နားလည်ပေးနိုင်ရမယ်။ သဘောတရားအရတော့ အမေရိကန်ကို ပြန်ပြီးကြည့်မယ်ဆိုရင်လည်း အစတုန်းကတော့ သူတို့လည်း ကွန်ဖက်ဒရေးရှင်းတွေကို စုကြတာပေါ့။ စုကြတဲ့ချိန် စီမံခန့်ခွဲမှုအားကနည်းလာတဲ့အခါကျတော့ ဖက်ဒရယ်ကို ပြောင်းလာခဲ့ကြတယ် အဲ့လိုသဘောမျိုးကို ပြန်ပြီးကြည့်ဖို့တော့လိုတယ်။ ကျနော်တဦးရဲ့အမြင်အရတော့ ယနေ့ခေတ်ကာလက ဖက်ဒရယ်ကတော့ အကောင်းဆုံးလို့မြင်တယ်။ သို့သော် အဲ့လို ဖက်ဒရယ်ကိုတည်ဆောက်ဖို့ စနစ်ရဲ့အခြေခံလိုအပ်ချက်တွေ ယူနစ်တစ်ချင်းစီရဲ့ နိုင်ငံရေးတန်းတူညီမျှမှုတွေကို အာမခံချက်ပေးနိုင်ဖို့လိုတယ်။ အရင်တုန်းကလို စကားလုံးတွေမှာတော့ ရေးထားတာရှိပေမဲ့ စီမံခန့်ခွဲတဲ့ချိန် ပုံစံတွေပြောင်းပြီး လုပ်သာတွေတော့ မဖြစ်စေချင်ဘူး။ မဟုတ်ရင်တော့ ရေရှည်နေထိုင်ဖို့ အခက်အခဲတွေဖြစ်လာနိုင်တာပေါ့။

ပြည်နယ် ဖွဲ့စည်းပုံတွေကတော့ ဖက်ဒရယ်စနစ်ဖြစ်လာပြီဆိုရင် ရှိရမှာပေါ့။ အမေရိကန်ကတော့ ၁၆၀၇ နှစ်လောက်မှာ အမေရိကန်က ကိုလိုနီ ချာတာခေါ်တယ် ပုံစံသုံးခုလောက်ရှိတယ်။ နာလည်ရမှာက ဖွဲ့စည်းပုံ ရှိတာမရှိတာထက် နိုင်ငံရေးယူနစ်တွေထည့်တယ် အဲ့ကနေမှ စုဖွဲ့လာတယ်။ ကျနော်တို့နိုင်ငံမှာက နိုင်တဲ့လူက ခွဲပေးရတယ်။

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂

Related Articles

Back to top button