သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ရှေ့တန်းစစ်စခန်းရှိ PDF ရဲဘော်များနှင့် တွေ့ဆုံ

ဖက်ဒရယ်ဂျာနယ် ဇွန် – ၇

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းသည် ရှေ့တန်းစစ်စခန်းတစ်ခုသို့ သွားရောက်ပြီး PDF ရဲဘော်များကို တွေ့ဆုံအားပေးခဲ့ကြောင်း Mahn Winn Khaing Thann – Prime Minister of NUG (Facebook)စာမျက်နာတွင် ဖော်ပြထားပါတယ်။

 ပြည်ထောင်စုဝန်ကြီးချုပ်က လူငယ်​တွေ တကယ်​တော့ ​အေး​အေးချမ်းချမ်းပညာသင်​နေကြရမယ့်က​လေး​တွေ တိုင်းပြည်လိုအပ်ချိန်မှာ ​ရှေ့တန်းထွက်ပြီး ပါဝင်လာကြတာ အရမ်းပဲ ​လေးစားကျေးဇူးတင်ကြောင်း၊ စိတ်ဓါတ်ကအ​ရေးကြီးကြောင်း၊ CDM တွေဆိုလည်း ဒီလိုပဲ ​တောင့်ခံ​ပေးထားကြတာ အရမ်း​လေးစားဖို့ ကောင်းကြောင်း စတဲ့အားပေးစကားများပြောဆိုခဲ့ကြောင်းသိရသည်။

PDF စခန်းရောက် NUG ဝန်ကြီး မန်းဝင်းခိုင်သန်း

PDF စခန်းရောက် NUG ဝန်ကြီး မန်းဝင်းခိုင်သန်း

ထို့အပြင် တိုင်းရင်းသား​တွေနဲ့ ငါတို့နဲ့ တသားတည်း ဒီ​တော်လှန်​ရေးကို နိုင်​အောင်တိုက်ကြမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံအားအလေးပြုခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

#FederalJournal

#MahnWinnKhaingThann-Prime Minister

#PDF

#Photo_ Mahn Winn Khaing Thann – Prime Minister of NUG

Related Articles

Back to top button