လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ – GSCN | အပိုင်း ၂
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၁၊ ၂၀၂၄
နွေဦးတော်လှန်ရေးဟာ သက်တမ်းအားဖြင့် သုံးနှစ်တာဝန်းကျင်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပေမဲ့ အာဏာရှင်စနစ် ပြုတ်ကျရေး အလွှာပေါင်းစုံ ဘက်ပေါင်းစုံ တော်လှန်ဆောင်ရွက်မှုတွေကတော့ ခုချိန်ထိ အားကောင်းနေဆဲ ဖြစ်ပါတယ်။
ဒီတပတ် အဓိကာရ podcast ရဲ့ Episode 12 မှာတော့ နွေဦးတော်လှန်ရေးအတွင်းမှာ ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေထဲက တခုဖြစ်တဲ့ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (General Strike Committee of Nationalities – GSCN) ရဲ့ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ ဖြစ်သူ မ Elena ကို ဖိတ်ခေါ်ပြီး GSCN အကြောင်းဆွေးနွေးခဲ့တာရဲ့ ဒုတိယပိုင်းကို ဒီတပတ်မှာ တင်ဆက်လိုက်ပါတယ်။
ဒီတပတ်မှာ GSCN ရဲ့ နိုင်ငံရေးမူ၊ လူကြီးဝါဒပေါ် သဘောထားနဲ့ အနာဂတ်မှာ ရှေ့ဆက်ချီတက်လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကို ဆွေးနွေးထား ကြားရမှာပါ။
အခုအစီအစဉ်ကိုတော့ လူထုအသိပညာ တိုးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာများကို လေ့လာခွင့် ရရှိ စေဖို့ ရည်ရွယ်ကာ အဓိကာရ(Adhikāra)က စီစဉ်ပြီး FJMM ကလည်း ပူးပေါင်း တင်ဆက်ပေးနေ တာ ဖြစ်ပါတယ်။