တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်း တင်ပြခြင်း

(No. 4, January 12, 2024)

၁။ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တတိယအကြိမ်တွေ့ဆုံပွဲတွင် MNDAA ကို လက်နက်ချခိုင်း
   January 11, 2024

အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တစ်လအတွင်း သုံးကြိမ်တွေ့ဆုံခဲ့ပြီး ယခုတတိယအကြိမ် တွေ့ဆုံ ပွဲတွင် ကိုးကန့်တပ် MNDAA ကို စစ်ကောင်စီက လက်နက်ချခိုင်းခဲ့ကြောင်း သိရသည်။ MNDAA ကို ရှမ်းပြည်မြောက် ပိုင်း ကိုးကန့်ဒေသ အထူး ၁ ထူထောင်ခွင့်ပေးမည်ဖြစ်ပြီး သို့သော်လည်း MNDAA အနေဖြင့် လက်နက်ချရမည်ဟု စစ်ကောင်စီက တွေ့ဆုံမှုတွင် တောင်းဆိုခဲ့ကြောင်းသိရှိရသည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် နေ့မှ ၉ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုဖြင့် တတိယအကြိမ် တွေ့ဆုံ ခဲ့ကြကြောင်း ရှမ်းပြည်သတင်းများက ဖော်ပြသည်။ စစ်ကောင်စီသတင်းရင်းမြစ်များနှင့် ညီနောင် မဟာမိတ်တပ်ဖွဲ့ သတင်းရင်း မြစ်များအား ကိုးကား၍ Shan News ကဆိုသည်။ “စစ်ကောင်စီက ကိုးကန်ဒေသ အထူး ၁ ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ကိုးကန်တပ်ဖွဲ့တွေကို လက်နက်ချခိုင်းတာပေါ့။ ပြီးတော့ စစ်တပ်အောက်မှာပဲ နေခိုင်းတာ ပေါ့။ အဲကြောင့် ဆွေးနွေးမှုကပျက် သွားတာ။ ဒါကိုလည်း MNDAA အနေနဲ့ တင်းမာထားတာပေါ့” ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များကိုအပြင်းအထန်တိုက်ထုတ်ပြီး ကိုးကန့်ဒေသ(လောက်ကိုင်)တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ထားသည့် MNDAA အနေဖြင့် စစ်ကောင်စီထံ လက်နက်ချရန် လုံးဝမဖြစ်နိုင်ခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်ကောင်းများ မထွက်သေးခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက် ကနေ ၁၃ ရက်နေ့အထိ တရုတ်အစိုးရကြားဝင်မှုဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး MNDAA နှင့် စစ်ကောင်စီ တို့ ရက်သတ္တပတ် ကြာ ယာယီအပစ်အခတ် ရပ်စဲခဲ့ကြသည်။ ဆက်လက်ပြီး ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှိန်လျှော့ ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA က အလုံးစုံသိမ်းပိုက်ရရှိထား ပြီဖြစ်ကြောင်းနှင့် MNDAA က ကိုးကန့်ဒေသအား ပြန်လည်ထူထောင်ရေး စတင် တော့မည်ဟု အသိပေးကြေညာထားသည်။ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု အောင်မြင်မှုမရရှိခြင်းနှင့်အတူ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တိုက်ပွဲများ တစ်ရက်ထက်တစ်ရက် ပိုပြင်းထန်လာနေသည်။  https://www.facebo ok.com/photo/?fbid=815996133873148&set=a.6 82731967199566
၂။  စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး စစ်ရေးနည်းလမ်းတစ်ခုထဲရှိတော့ကြောင်း KNU ဥက္ကဋ္ဌ ပြော
  January 11, 2024

စစ်အာဏာရှင် ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရေးမှာ လက်နက် ကိုင်လမ်းစဉ်နဲ့ စစ်ရေးနည်းလမ်းတစ်ခုတည်းသာ ကျန်တော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။ KNU အနေနဲ့ စစ်အာဏာရှင်ကျဆုံးရေးတင်မကဘဲ အာဏာရှင်စနစ်အားလုံးနဲ့ လူမျိုးကြီးဝါဒအားလုံး အမြစ်ပြတ်ကျဆုံးရေး ဦးတည်ရည်ရွယ်ထားတာကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လည်း အခြားလမ်းစဉ်ကို ရွေးချယ်ထားတာမရှိဘူးလို့ KNU ဗဟိုကထုတ်ပြန်တဲ့ ကရင်နှစ်သစ်ကူးနေ့ နှုတ်ဆက်စကားမှာ ပဒိုစောကွယ်ထူးဝင်း က ထည့်သွင်းပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ကရင်တိုင်းရင်းသား တွေ အနေနဲ့ နိုင်ငံရေးအယူအဆ တူတဲ့သူရော မတူတဲ့သူတွေအားလုံးဟာ စည်းလုံးညီညွတ်မှု ရှိနေဖို့ လိုအပ်ကြောင်း တိုက် တွန်းလိုက်ပါတယ်။ “ကရင်တိုင်းရင်းသားတွေမှာ ပင်မမျိုးနွယ် လေးမျိုးကိုပဲ အသိအမှတ်ပြုကြရင် ကျွန်တော်တို့တွေ ပိုပြီး စည်းလုံး ညီညွတ်ကြမှာဖြစ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအယူအဆ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်တော် တို့ ကရင် အမျိုးသားတွေအားလုံးဟာ ဒီကနေ့ စည်းလုံးညီညွတ်ကြဖို့လိုတယ်။ မျိုးနွယ်တွေ ကွဲနေပါစေ။ ယုံကြည်ကိုးကွယ်တဲ့ ဘာသာ တွေ ကွဲနေပါစေ၊ နေရာဒေသ နေထိုင်မှုဒေသအရ ကွဲနေပါစေ၊ အားလုံးဟာ ကရင်ဆိုတဲ့ အမည်နာမအောက်မှာ ကျွန်တော်တို့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေထိုင်သွားကြဖို့က အရေးကြီးပါတယ်၊” ကရင်လူမျိုးတွေဟာ ကိုးကွယ်ရာ ဘာသာ၊ စာပေ၊ စကားနဲ့ လူမျိုးစုတွေ မတူညီကြပေမဲ့ ကရင်နှစ်သစ်ကူးချိန်မှာတော့ အားလုံးစုစည်း လုပ်ဆောင်ကြတဲ့ ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ် အလာဟာ ဂုဏ်ယူစရာဖြစ်တယ်လို့လည်း အမှာစကားပြောရာမှာ ထည့်သွင်းပြောဆို သွားပါတယ်။

ဒါ့အပြင် ကရင်လူငယ်တွေအနေနဲ့ ကရင်လူမျိုးသမိုင်းကို လေ့လာကြဖို့နဲ့ မိဘတွေအနေနဲ့ ကရင်ရိုးရာယဉ်ကျေးမှု တွေကို သွန်သင်ပြောပြကြဖို့ကိုလည်း ဖဒိုစောသမိန်ထွန်းက ပြောပါတယ်။ “ခေတ်စနစ်ဆိုးအောက်မှာ တော်တော်လေးကို နှစ်ပေါင်း များစွာနေရတော့ ကျွန်တော်တို့မှာ နှောင့်ယှက်ခြင်းတွေများတယ်၊ ဟိုလူကတစ်မျိုးပြောလိုက်၊ ဒီလူကတစ်မျိုးပြော လိုက်နဲ့ သွေးကွဲမှုတွေ တော်တော်ဖြစ်စေတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကရင်အမျိုးသားတွေဟာ ကိုယ့်ရဲ့သမိုင်းကို ကိုယ် ကောင်းကောင်းနားလည်အောင် လေ့လာကြပါ၊ ယုံစားကြပါ၊ ကိုယ့်ရဲ့မိဘတွေကလဲ သားသမီးတွေကို ပြန်လည်ပြီးတော့ ကရင်နွယ်တွေရဲ့ ဆင်းသက်ပုံ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ပြန်လည်သွန်သင်ကြပါ၊ မျက်မှောက်မှာ ကျွန်တော်တို့ကြား ရတာ အမျိုးမျိုးတွေ ဖြစ်ပြီးမှ သွေးကွဲမှုတွေဖြစ်တယ်” ကွယ်ကဘောင် ကရင်နှစ်သစ်ကူး အခမ်းအနားကိုတော့ မဲဆောက်‌ ဒေသအတွင်း နေထိုင်ကြတဲ့ ကရင်လူမျိုးတွေ စုပေါင်း အလှူငွေထည့်ဝင်ကြပြီး ကွယ်ကဘောင် ကရင်အမျိုးသားကျောင်းရဲ့ ကရင် နှစ်သစ်ကူးကျင်းပရေးကော်မတီက ဦးဆောင်စုစည်းကျင်းပတာလို့ သိရပါတယ်။ ဒီနှစ်ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော် ကိုလာ ရောက်ဆင်နွှဲကြတဲ့ ကရင်လူငယ်တွေအနေနဲ့ ကိုယ့်တိုင်းပြည်ပြန်ပြီး ငြိမ်းချမ်းဖို့နဲ့ စစ်အာဏာရှင် ဖြုတ်ချနိုင်ဖို့ ဝိုင်းဝန်းကူညီ ပါဝင်ကြဖို့ ကွယ်ကဘောင်ကျောင်းရဲ့ ကျောင်းဆရာ မန်းကျော်ခလိမ်းဆူး က ပြောပါတယ်။ https://www.facebook.com/p hoto?fbid=399641625755621&set=pcb.399642165755567

၃။  စစ်တပ်နဲ့ ပျူစောထီးက ဖမ်းဆီးသွားတဲ့ ရွာငံက အမျိုးသမီးတစ်ဦး ရိုက်နှက်စစ်ဆေးခံနေရပြီး ၂ လခန့် ကြာတဲ့အထိ  ပြန်မလွှတ်သေး
 January 11, 2024

PDF နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး စစ်တပ်နဲ့ ပျူစောထီးက ဖမ်းဆီးသွားတဲ့ ရွာငံက အမျိုးသမီးတစ်ဦး ရိုက်နှက် စစ်ဆေးခံနေရပြီး ၂ လခန့် ကြာတဲ့အထိ ပြန်မလွှတ်သေးကြောင်း သိရပါတယ်။ ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် အရှေ့ ဖက်ခြမ်းရှိ အမွန်ဆိုတဲ့ အမျိုးသမီးတစ်ဦးကို စစ်တပ်နဲ့ ပျူစောထီးက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ဖမ်းဆီးခေါ်ဆောင် သွားကာ ရိုက်နှက်စစ်ဆေးတာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ လာရောက်ဖမ်းဆီးရာမှာ ပျူစောထီး အပြင် စစ်ကောင်စီ တပ်သားတွေလည်း ပါတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “ပျူစောထီး၊ စစ်သားတွေရော ပါတယ်။ ဘာမပြော ညာမ ပြောနဲ့ လာပြီးတော့ ခေါ်သွားတယ်။ ရိုးရိုးမခေါ်သွားဘူး ရိုက်ပြီးမှ ခေါ်တာ” ၎င်းအမျိုးသမီးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လ လယ် ခန့်မှာ တစ်ကြိမ် ဖမ်းဆီးခံရဖူးပြီးနောက် ​၇ လအကြာမှာ ပြန်လွှတ်လာပြီး နိုဝင်ဘာလထဲ ဒုတိယအကြိမ် ပြန်ဖမ်းခံရတာလို့ ဆိုပါ တယ်။

“သူ့ကို ဖမ်းတုန်းကဆို ရိုက်ထားတာ ရစရာကိုမရှိဘူး။ သူ့ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ ဘာမှလဲ မကူညီ ပေးနိုင် ခဲ့ဘူး”လို့ အထက်ပါ မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။ လက်ရှိမှာတော့ ရွာငံ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဇန်နဝါရီ ၁၇ ရက်မှာ ရုံးထုတ်စစ်ဆေးမယ်လို့ မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။ https://www.facebook. com/ph oto?fbid=699161255724475&set=a.404503215190282
၄။ စစ်ကောင်စီဖမ်းဆီးသွားသည့် ကွန်ပျူတာဆိုင်မှ လူငယ်နှစ်ဦးနှင့် မိသားစုအဆက်အသွယ်ပြတ်နေ
   January 11, 2024

ဖားကန့်မြို့ မရှီကထောင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းချုပ်ထားသည်ကို မသိရသေးကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ဆယ်ဦးဝန်းကျင် ခန့် အိမ်စီးကားသုံးစီးဖြင့် ခခူးကွန်ပျူတာပုံနှိပ်ဆိုင်သို့ ဝင်ရောက်လာကာ အလုပ်သမားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း မရှီက ထောင် ကျေးရွာနေ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “ဆိုင်ထဲကို  စစ်သားတွေဝင်သွားတာကိုတော့ တွေ့လိုက်ရ တယ်။ ထွက်လာ တော့ ဆိုင်ကအလုပ်သမားကလေးနှစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ဘာကြောင့်ဖမ်းသွားတာလဲ မသိရ သေးဘူး”ဟုပြောသည်။

ဆိုင်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကယူဆောင်သွားကြောင်း ကျောက်အရောင်း အဝယ် ပြုလုပ်နေသူတစ်ဦးက ပြောသည်။ “ဒီနေ့ထိ အဆက်အသွယ်မရသေးဘူးဗျ။ ရပ်ကွက်လူကြီးတွေနဲ့ လိုက်မေးနေတယ်လို့ ပြောတယ်။ ဆိုင်ထဲမှာရှိတဲ့ ဖုန်းနဲ့ ကွန်ပျူတာနှစ်လုံးကိုလည် ယူသွားပေးတယ်”ဟုပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးဖြစ်ပြီး အဆိုပါကွန်ပျူတာဆိုင်တွင် အလုပ်လုပ်နေသူဖြစ်သည်။  ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ တပ်နှင့် KIA စစ်ရေးတင်းမာနေသည့်အပြင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာ များကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေသည်။ https://www.facebook.com/photo?fbid=6907582432 51847&set=a.535867405407599
၅။ ဖယ်ခုံ မြို့တစ်၀က်ကို သိမ်းထားနိုင်ပြီး ပိတ်မိပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့များ ကယ်ထုတ်
   January 11, 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ရှိ စစ်ကောင်စီ ၏ ရဲစခန်းနှင့် တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ၀င်ရောက်တိုက်ခိုက်ရာ မြို့ကို တစ်၀က်သိမ်းထားနိုင်ပြီး ပိတ်မိနေသည့်ပြည်သူများကို ကယ်ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။ တော်လှန်ရေးတပ်ပေါင်းစု၏ “၁၁၁၁ စစ်‌ဆင်ရေး” အဖြစ် တိုက်ခိုက်ခဲ့သည့် ဖယ်ခုံ တိုက်ပွဲတွင် စစ်ကောင်စီ၏ ရုံးစိုက်ရာ နေရာများနှင့် မြို့မရဲစခန်းအပါအ၀င် စစ်ကောင်စီ တပ်တပ်စွဲထားသည့် ကုန်းဆုံဘုန်းကြီး ကျောင်းတို့ကို ပြီးခဲ့ သည့် ဇန်နဝါရီ ၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ၁၀ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ “ဖယ်ခုံမြို့တစ်၀က်လောက် သိမ်းနိုင်ပါပြီ။ ပေးဆပ်မှုတွေရှိပါတယ်။ စကစ(စစ်ကောင်စီ) ကပစ်တဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးထိလို့ သေဆုံးတဲ့ ပြည်သူ တွေလည်းရှိတယ်။ ပိတ်မိနေတဲ့ပြည်သူတွေကို ရဲဘော်တွေက နေ့တိုင်းကယ်ထုတ် ပေးနေပါတယ်။ သူခိုးတွေကိုလည်း ဖမ်းမိ ထားတယ်။ ဖယ်ခုံရဲစခန်းကတော့ အကုန်ပြာကျသွားပါပြီ” ဟု ရှေ့တန်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

တော်လှန်ရေးတပ်ပေါင်းစုသည် ဖယ်ခုံမြို့အတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်အနည်းငယ်ကို ဆက်လက်တိုက်ခိုက် လျက်ရှိပြီး မြို့တွင်းပိတ်မိနေသူများကို ကယ်ထုတ်ရာတွင် လာရောက်ကူညီသည့် စက်လှေများကို စစ်ကောင်စီက လေကြောင်း မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စနိုက်ဘာဖြင့်လည်း ချောင်းမြောင်းပစ်ခတ်မှုများ ရှိကြောင်း သိရသည်။ စစ်ကောင်စီ တပ်စွဲရာ နေရာ များကို ဇန်နဝါရီ ၁၀ ရက် နေ့က အပြီးသတ်ရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ ၀င် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အလောင်း များကို မီးရှို့ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ဖယ်ခုံ PDF ကထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် တိုက်လေယာဉ်များဖြင့် အဆက် မပြတ် ဗုံးကြဲနေသည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်အချို့ မီးလောင်ပျက်စီးပြီး ထိခိုက်ဒဏ် ရာရရှိသူများနှင့် သေဆုံးသူ များရှိကြောင်း သိရသည်။ https://www.faceb ook.com/photo/?fbid=700829962186026&set=pcb.700830072186015
၆။  ဥပဒေမဲ့ငွေကြေးကောက်ခံနေသော လုံးခင်းကျေးရွာက စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရ
   January 11, 2024

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ညနေ ငါးနာရီ ခွဲအချိန်ခန့်က KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ခရီးသည်တင်ကားများနှင့် လမ်းသွားလမ်းလာ ပြည်သူ များအား ဥပဒေမဲ့ဂိတ်ကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း လုံးခင်းကျေးရွာတွင် နေထိုင်သည့် ကုန်စိမ်းသည်တစ်ဦးက ပြောသည်။ “နှစ်မျက်နှာဘုရားမှာ သေနတ်တွေပစ်နေတာ။ အပြန်အလှန်ကိုပစ်နေ တာဗျ။ အဲ့မှာက ခရီးသည်ကားတွေ၊ ကားကြီးတွေဂိတ်ကြေးဝင်ပေးတဲ့နေရာဟုတ်တယ်”ဟုပြောသည်။

အလားတူ လုံးခင်းကျေးရွာလယ်ပြင်အနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း လုံးခင်းကျေးရွာလယ်ပြင်အနီးနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။ “အိမ်ခေါင်မိုးပေါ်ကဖြတ်သွားတာ။ အနီးနားမှကျတာလည်းရှိတယ်။ ခေါင်မိုးပေါ်တွေမှာ လက်နက်ကြီးအစတွေလာကျတယ်။ စစ်တပ်ဘက်က ရမ်းထုခဲ့တဲ့ဟာတွေ။ လူထိခိုက်တာမျိုး မကြားမိသေးဘူး”ဟုပြောသည်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအခြအနေနှင့် လက်နက်ကြီးကြောင့် ပြည်သူများထိခိုက်မှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဖားကန့် မြို့နယ်တွင် နှစ်သစ်မှစတင်ပြီး KIA ပူးပေါင်းတပ်က ဝှေခါကျေးရွာနှင့် နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တပြိုင်နက် တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေသည်။ https://www.facebook.com/photo/?fbid=691479 183179753&set=a.535 867418740931
၇။ CNA နှင့် ZRA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား နှစ်ဖက်ထိခိုက်သေဆုံးမှုမရှိဟု ဆို
    January, 12 2024

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန် – ရိခေါဒါရ်ကားလမ်းမပေါ် လိုင်သွီးကျေးရွာအနီးတွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် ZRA တို့ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ၁ နာရီခန့်မှာ လိုင်သွီး ကျေးရွာအနီးတွင် ZRA (Zomi Revolutionary Army) မှ CNF/CNA တပ်ဖွဲ့က နယ်မြေလုံခြုံရေးအတွက်သွားလာမှု ဆောင်ရွက် နေချိန်မှာ ခြုံခိုတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ ထို့နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီး နောက် ZRA မှ ဆုတ်ခွာ ထွက်ပြေးစဉ် လိုက်လံတိုက်ခိုက်ရာ ပစ္စည်းတချို့နှင့် အဝတ်အစားတချို့ကို သိမ်းဆည်းရမိခဲ့ သည်ဟု သိရသည်။

“ CNA က နယ်မြေလုံခြုံရေး သွားတဲ့အချိန်မှာ ZRA ကနေ Ambush လုပ်ပြီး ပစ်ကြတာပါ သူတို့နောက်ကို ဆက်လိုက် တာ အဝတ်အစားတချို့ သိမ်းခဲ့တာပါ အထိအခိုက်မရှိပါဘူး အနည်းငယ် ပစ်ခတ်ကြတာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။ တိုက်ပွဲအတွင်းနှစ်ဖက်အဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။  စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်နီးပါးအတွင်း CNF/CNA ၊ တွန်းဇံ – CDF အပါအဝင် ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF)တချို့နှင့် ZRA (Zomi Revolu tionary Army) သည် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ https://www.facebook.com/ photo/?fbid=869266618535726&set=a.723151876480535
၈။ နမ့်ဆန်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းရဲ့ အင်တာဗျူးရုပ်သံဖိုင် TNLA ထုတ်ပြန်လာ
   January 11, 2024

တအာင်းဒေသ နမ့်ဆန် မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ တပ်မ(၁၀၁)ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ရဲ့ အင်တာဗျူးရုပ်သံဖိုင်ကို တအာင်းတပ်- PSLF/TNLA ဒီနေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းမှာ ထုတ်ပြန်လာ ပါတယ်။ ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ နမ့်ဆန်စခန်းကုန်းကနေ ထွက်ပြေးဖို့ ကြိုးစားစဥ် ဒီဇင်ဘာ ၁၅ ရက်မှာ တအာင်း တပ် ဖမ်းဆီးတာ ကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အသက် ၄၈ နှစ် ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ လွန်ခဲ့တဲ့ ၁၉၉၅ က စစ်တပ်မှာ စတင်တာ ဝန်ထမ်းဆောင်ခဲ့ကာ အပတ်စဥ်(၄၀) ဗိုလ်လောင်း သင်တန်းဆင်းဖြစ်ပြီး တပ်မမှူးတာဝန်ကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ မှာ စတင်ထမ်းဆောင်ခဲ့ပါတယ်။ နမ့်ဆန်မြို့ကိုတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ကွပ်ကဲ ဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

နမ့်ဆန်မြို့မှာ တာဝန်ယူနေစဥ်အတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ ပြီး ၁၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၃၃ အိမ် ပျက်စီးခဲ့ကြောင်း TNLA ရဲ့ ရုပ်သံဖိုင်မှာ ၎င်းက ဝန်ခံထားပါတယ်။ လက်နက်ကြီး နဲ့ လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သားတွေ သေဆုံးခဲ့ရတဲ့အပေါ် စိတ်မကောင်း ဖြစ်ခဲ့ရကြောင်းနဲ့ တောင်းပန်ကြောင်း ၎င်းက ထွက်ဆိုထားပါတယ်။ စစ်တပ်ဟာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဖမ်းဆီးထောင်ချတာတွေအတွက် စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း ဝန်ခံထားပါတယ်။ ဒါတွေကို ရပ်တန့်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေအနေနဲ့ အရပ်သားကို စစ်ရာဇဝတ်မှု ကျူးလွန်နေ တဲ့ လုပ်ရပ် ရပ်တန့်ဖို့ ဗိုလ်မှူးချုပ် မင်းမင်းထွန်းက တောင်းဆိုထားပါတယ်။ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင် နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ လူထုရဲ့အကျိုးကို ရှေ့ရှုပြီး ပြည်သူ့ရင်ခွင်ထဲ ခိုလှုံဖို့ ၎င်းက တိုက်တွန်းထားပါတယ်။ https://www.facebook.com/photo?fbid=699136339060300&set=a.404503215190282
၉။  စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၍ ကျောက်တော်တွင် အရပ်သား ၂ ဦးသေဆုံး၊ မင်းပြားတွင် ၁ဦးဒဏ်ရာရ
   January 11, 2024

ရခိုင်ပြည် မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့၌ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများက ပြောသည်။ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာသို့ ယနေ့ အာရုဏ်တက်ချိန် ၄ နာရီဝန်းကျင်ခန့်က ကံစောက်တောင်ရှိ စစ်ကောင်စီ ၅၃၉ တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကန်ဇောက်တောင် အောက် အမြောက် တပ်ကပစ်တာ။ ၂ ယောက်သေပါတယ်။ တစ်ယောက်က နေရာမှာပဲ သေတယ်။ တစ်ယောက်က နီးစပ် ရာ ဆေခန်းကိုပို့တဲ့ အချိန် မှာသေတယ်။ တိုက်ပွဲ ဖြစ်တာမရှိဘဲ ပစ်တာပါ” ဟုပြောသည်။ သေဆုံးသူ ၂ ဦးမှာ အသက် ၇၀ ကျော်အရွယ် ဦးအထွန်းချေ နှင့် အသက် ၅၀ ကျော်အရွယ် ဦးဒမောက်တို့ ဖြစ်ပြီး ဒဏ်ရာရရှိသူကို နီးစပ်ရာ ဆေးခန်းသို့ ပို့ဆောင်ထားကြောင်းသိရသည်။

မင်းပြားမြို့တွင်လည်း ဇန်နဝါရီ ၉ ရက်ညဉ့် အချိန်မှစ၍ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ  ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်  ၁ ဦးထိခိုက်ဒဏ်ရာ ရရှိထားသည်။ မင်းပြား ဒေသခံ တစ်ဦးက”လက်နက်ကြီးက မနေ့ညကတည်းက ပစ်နေတာပါ။ ဒီနေ့မနက်ပိုင်းမှာ ပြည်တော်လှ ရက်ကွက် ဖက်က တစ်ယောက် ထိခိုက်ထားတယ်။ သူအကူညီတောင်း နေပေမယ့်။ ကျနော်တို့လည်းသွားကူ လို့မရဘူး” ဟု ပြောသည်။ မြောက်ဦတွင် ဇန်နဝါရီ ၉ ရက်ကလည် စစ်ကောင်စီတပ် လမ်းမှာ တွေ့သည့် အရပ်သား သုံးဦးကို သေနတ်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ ရခိုင်နှင့် ပလက်ဝမြို့ နယ်များတွင် စစ်ကောင်စီတပ်ရင်း အသီးသီးမှ မြို့နယ်အနှံ့လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးသူငယ်အများ အပါအဝင် အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရမှုတို့မှာ တိုးလာနေသည်။ https://www.facebook.com/photo?fbid =815377027268392&set=pcb.81537720726 8374
၁၀။ မတူပီမြို့ဒေသခံတစ်ဦး ရေပိုက်သွားကြည့်ရာ မိုင်းနင်းမိ၍ ခြေ ၂ ဖက်ဆုံးရှုံး
   January 11, 2023

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ပေါ်နေ ဒေသခံတစ်ဦးဟာ ရေပြတ်လတ်မှုကြောင့် ရေပိုက်ပြုပြင်ဖို့သွားကြည့်စဉ် မိုင်းနင်းမိလို့ ခြေ ၂ ဖက် စလုံး ပြတ်သွားတယ်လို့ သိရပါတယ်။ မတူပီမြို့ စန်ဘောင်ရပ်ကွက်နေ ဦးထန်လွေး အသက်-အသက် ၅၆ (U ThangLoi)ဟာ မတူပီမြို့မ အသင်းတော်ရဲ့ ရေပေးကြည့်ရှုစောင့်ရှောက်သူဖြစ်ပြီး၊ ရက်သတ္တပတ်ကြာ ရေမလာတာ ကြောင့် ဇန်နဝါရီ လ ၉ ရက်နေ့တွင် ရေပိုက်ပြင်ဖို့ ခလရ -၃၀၄ ဘက် ရေသွားကြည့်ရာ စစ်ကောင်စီ ထောင် ထားသော ခြေနင်း မိုင်း နင်းမိရာ ခြေ ၂ ဖက်စလုံး ပြင်းထန်ဒဏ်ရာ ရရှိတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

“မြို့မအသင်းတော်ရဲ့ ရေပိုက်ကတော့သူပဲ ၁၀ နှစ်ကျော် ပြုစုကြီးကြပ်တာပေါ့နော်။ စကစ ဘက်ကလည်း အဲ့နေရာ မသွား ဖို့ အရင်ကတည်း တားထားတယ်။ မိသားစု ဘက်ကလည်း တားပေမဲ့ ရေ တပတ်လောက်မလာတဲ့အခါမှာတော့ သူသွားပြီး မိုင်းထိတာပါ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်တွင် ဦးထန်လွေးဟာ ခြေ ၂ ဖက် ပြင်းထန်ဒဏ်ရာဖြင့် မတူပီ ခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသနေပြီး မတူပီဆေးရုံတွင် ခြေဖြတ်ဖို့ အဆင်မပြေလို့ ပြည်မဘက်ပို့ဆောင်မယ်လို့သိရပါ တယ်။ https://www.facebook.com/photo/?fbid=715600594004443&set=a.603254748572362
၁၁။ မြိတ်မှာ စစ်ကောင်စီစစ်ကြောင်းက ပစ်တဲ့ လက်နက်ကြီးကျည်မှန်ပြီး တောင်ပုရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရ
   January 11, 2024

စစ်ကောင်စီစစ်ကြောင်းက တိုက်ပွဲမရှိဘဲ ရွာထဲဝင်ချိန် ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် မြိတ်မြို့နယ်ရှိ တောင်ပုရွာ က ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တောင်ပုရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး မနေ့က ညနေ ၅ နာရီဝန်းကျင်က ဝင်ရောက်လာချိန်မှာ ရွာသားနှစ်ဦး ကျည်ထိ မှန် ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့တဲ့ သူတွေက အသက် ၃၀ ဝန်းကျင် အရွယ်ရှိ မသင်းမြတ်စိုးနဲ့ ကိုရဲဇော်တို့ပဲ ဖြစ်ပါတယ်။ မသင်းမြတ်စိုးကတော့ ခြေဖနောင့်ဒဏ်ရာရရှိပြီး ဆေးရုံ ကိုပို့ဆောင်လိုက် တယ်လို့ သိရကာ ကိုရဲဇော်ကတော့ လက်မောင်းမှာဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဒေသခံတွေဆီ က သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ရွာမြောက်ဘက်ပိုင်းမှာရှိတဲ့ ရာဘာခြံတစ်ခြံလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။“ရွာသားတွေ အကုန်ပစ်သတ်မယ်လို့ အော်ပြီး ပစ်တာဗျ”လို့ တောင်ပုရွာ ခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

“ အိမ်ရှင်ကိုသေနတ်နဲ့ချိန်ထားပြီး ပစ်သတ်လို့ရတယ်လို့ ခြိမ်းခြောက်ပြီး ငွေတွေယူဆောင်သွားတာပါ” လို့ တောင်ပုရွာ ဒေသခံက ပြောပါတယ်။ အဆိုပါစစ်ကောင်စီတပ်သားတွေဟာ မနေ့က ညနေ ၆ နာရီဝန်းကျင်မှာပဲ ရွာထဲက ပြန်လည်ထွက် ခွာသွားခဲ့ပြီး ဖမ်းဆီးထားတဲ့ တောင်ပုရွာသားတွေကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါ တယ်။ တောင်ပုရွာဟာ မြိတ်မြို့နယ် နယ်နမိတ်ထဲ ပါဝင်နေပေမယ့် မြေပြင်အနေအထားအရ တနင်္သာရီမြို့နယ်ထဲက တပ်ရင်းတွေနဲ့ ပိုပြီးနီးကပ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်သားတွေထွက်ခွါသွားပြီးနောက်မှာ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာမှာ ရှိတဲ့ စစ်ကောင်စီတပ် ခမရ (၅၅၇) တပ်ရင်းနဲ့ မော်တုန်းရွာ အခြေစိုက် အမြောက်တပ် (၃၀၆) တပ်ရင်းတို့ကနေ တောင်ပုရွာဘက်ကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ် အတွင်း စစ်ကောင်စီတပ်တွေကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့ အရပ်သား ၆၀ ထက်မနည်းရှိပြီး ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ https://www.fac ebook.com/photo?fbid=396704796080609&set=a.1962126827 96489
၁၂။ နမ့်ဆန် ဘုရားကြီးရွာက လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်
   January 11, 2024

တအာင်းဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးရွာက လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားတယ် လို့ ရွာခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၉ ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်တပ်စခန်းကုန်းအောက်ရှိ လက်ဖက်ခြံမှာ နင်းမိတာဖြစ်ပြီး လက်နဲ့မျက်စိမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “သူက တပ်ကုန်း အောက် လက်ဖက်ခြံမှာ နင်းမိတာ။ လက်ဖက်ခြံဘက်ကိုသွားရင်း လျှောက်သွားရင်း နင်းမိတာလားဆိုတာ ကျနော်တို့လည်း သေချာမသိ ရဘူး။ ညာခြေထောက် တစ်ဖက်ကတော့ မိုင်းနင်းမိတဲ့ နေရာမှာပဲ ပြတ်သွားတယ်။ အဲဒီနေရာတွေမှာ ရွာသား တွေက သူတို့ကို မသွား‌ဖို့‌ပြောတယ်။ သူတို့လည်း သွားမိတော့ နင်းမိတာ” မိုင်းနင်းမိသူဟာ အသက် ၁၉ နှစ်အရွယ် အနေ ခေါ် နေထက်လင်းဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

တပ်စခန်းကုန်းအနီးက လက်ဖက်ခြံတွေမှာ နယ်မြေရှင်းလင်းရေး မလုပ်ရသေးတာကြောင့် မသွားကြဖို့နဲ့ သတိထား သွား လာဖို့ကိုလည်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။ အလားတူ မနေ့ညနေ ၅ နာရီဝန်းကျင်မှာလည်း သီပေါမြို့ရှိ စစ်ကောင်စီ ၂၃ တပ်ရဲ့ ရိက္ခာကုန်းအနီး စစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကို စစ်တပ်အငြိမ်းစားတစ်ဦးက နင်းမိပြီးခြေ ထောက်တစ်ဖက် ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာလည်း မိုးတေရွာမှာ ကျွဲ သွားရှာရင်း ဒေသခံ တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=6990714 82400119&set=a.404503215190282
၁၃။ ရေဖြူမြို့နယ်  ကျောက်လုံးကြီးကျေးရွာက ဒေသခံရွာသား ၃ ဦးကို KTLA  ဖမ်းဆီးသတ်ဖြတ်
   January 11, 2024

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊ကျောက်လုံးကြီးကျေးရွာက ဒေသခံရွာ သားသုံးဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကော်သူးလေအာမီ (KTLA) က ဖမ်းဆီးခဲ့ပြီးနောက် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း  မိသားစုဝင်များနှင့် ဒေသခံ များထံကသိရသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ကျောက်လုံးကြီးကျေးရွာနေ အသက်(၅၂)နှစ်အရွယ် ဦးကျော်အေး၊ အသက် (၃၈) နှစ်အရွယ် ဦးလှမြင့် နှင့် အသက် (၂၂) နှစ်အရွယ် ကိုကျော်ဇော်လင်း တို့ဖြစ်ကြပြီး ပင်းမချောင်းသို့ ရွှေကျင်သွားရာ လမ်း ခုလတ်တွင် ကော်သူလေးအာမီ (KTLA)နှင့် တွေ့ကာဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များထံက သိရသည်။ “ကျွန်မတို့ရဲ့ ဘဝတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေပါရှင်။ ခင်ပွန်းတွေ အလုပ် လုပ်မှ ထမင်းစားရတာပါ။ ကျွန်မတို့ မှာ ကလေး တွေက ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ဒီကလေးတွေနဲ့ ကျွန်မတို့ ဘယ်လိုရှေ့ဆက်ကြရမလဲ။ သူတို့ သုံးယောက် စလုံးက ရိုးရိုး သားသားနဲ့ အလုပ်လုပ်နေကြတဲ့ သာမန်ပြည်သူတွေပါ။ အခုဆိုရင် ကျွန်မတို့မှာ စားဝတ်နေရေးအတွက် အရမ်းကို အခက်အခဲ ဖြစ်နေရပါပြီ။ ကျွန်မ တို့ ခင်ပွန်းတွေဟာ စစ်ကောင်စီသတင်းပေးတွေမဟုတ်သလို ဘယ်အဖွဲ့အစည်းနဲ့မှလည်း ပတ်သက် ဆက်နွယ်တဲ့ သူတွေမဟုတ်ပါဘူး။ အမှန်အတိုင်းပဲဖြစ်စေချင်ပါတယ်” ဟု သေဆုံးသူများ၏ မိသားစုဝင်များက ပြောသည်။

သေဆုံးသူ သုံးဦးစလုံးသည် အိမ်ထောင်သည်များဖြစ်ကြပြီး ဇနီးသည်များနှင့် လသားအရွယ်ကလေးငယ်များ အပါ အဝင် အသက် ၅ နှစ် မှ ၈ နှစ်အရွယ် ကလေးများရှိကြောင်း သိရသည်။ ကျောက်လုံးကြီးကျေးရွာရှိ ဒေသခံရွာသား သုံးဦး ဖမ်းဆီး ခံရပြီးနောက် ရက်ပိုင်းအကြာတွင် မိသားစုဝင်များက ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF တပ် ဖွဲ့ မှ တာဝန်ရှိ သူထံ ဖုန်းဖြင့်ဆက်သွယ်၍ အဖမ်းခံရသည့် ခင်ပွန်းသည်များကို ဝိုင်းဝန်း စုံစမ်းမေးမြန်းပေးရန် အကူညီ တောင်းခံခဲ့ကြောင်း Spring Dhamma PDF ထံက သိရသည်။ “ကျွန်တော့်ကို ဖမ်းဆီးခံရတဲ့ ခင်ပွန်းတွေရဲ့ဇနီးသည် တွေက အကူညီတောင်း လာ တာပါ။ သူတို့ရဲ့ ခင်ပွန်းတွေကို KTLA က ဖမ်းသွားတဲ့အကြောင်း ငိုပြီးပြောလာကြတယ်။ ဘာအပြစ်မှမရှိတဲ့ သူတွေကို ဖမ်းသွား တယ်ဆိုတော့ အရမ်းသနားပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ဒါနဲ့ ဆာကဆော တပ်မဟာ ကော်သူလေးအာမီက ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုချမ်းကို ဖမ်းဆီးခံထားရတဲ့ ဒေသခံရွာသားသုံးဦးနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့တယ်”လို့ ကလိန်အောင် မြို့ အခြေစိုက် Spring Dhamma PDF တာဝန်ခံ ဗိုလ်ယက္ခ ကပြောသည်။ ထိုသို့ ဆက်သွယ်မေးမြန်းရာတွင် ဆာကဆောတပ်မ ဟာ ကော်သူးလေတပ်မတော် (KTLA) ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုချမ်းက တိကျမှန်ကန်သည့် အကြောင်းပြချက်ကိုပြန် လည် ဖြေကြားပေးခဲ့ခြင်းမရှိသလို တာဝန်ရှိသူ အဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဖမ်းဆီးထားခြင်းမရှိဟုသာ ပြန်လည်ဖြေဆိုခဲ့ကြောင်း ဗိုလ်ယက္ခ က ဆက်လက်ပြောကြားသည်။ https://www.facebook.com/photo/?fbid=7007447 35527882&set=pc b.700744842194538
၁၄။ အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရ
   January 11, 2023

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်း တစ်ခုကို KIA၊PDF ကသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ကြီး ဒေသခံတွေက ပြောပါတယ်။ အင်းတော်ကြီး–ဝှေခါ ကား လမ်းပိုင်းမှာရှိတဲ့ အင်းတော်ကြီးဒေသလှုပ်ရှားတပ်ဖြစ်တဲ့ ညောင်ပင်ကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ လ ၁၀ ရက်နေ့ ည ၆ နာရီအချိန်မှာ KIA၊ PDFပူးပေါင်းတပ်တွေက ဒရုန်းနဲ့ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ကြီးဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။“ဒရုန်းက တစ်စင်းထဲမဟုတ်ဘူး သုံးလေးစင်းလောက်လာသွားတယ် ဗုံးသီးလည်း လေး၊ ငါးလုံးမက ဘူးဆူညံသွားတယ်။ စစ်ကောင်စီစစ်သားတွေ အထိနာသွားပုံရတယ်အထဲမှာပဲဆိုတော့ ဘယ်သူမှမသိလိုက်ဘူး။ ဒါပေမယ့် စစ်သားတွေကအထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပြန်ပြီး ရမ်းပစ်တာတွေရှိခဲ့တယ်”လို့ အထက်ပါ အမျိုးသား ကပြောပါ တယ်။

စစ်ကောင်စီတပ်စခန်းဒရုန်းနဲ့တို က်ခိုက်ခံရပြီးနောက်ဝှေခါဘက်နဲ့ အင်းတော်ကြီးဘက်ခြမ်းတွေကို စစ်ကောင်စီတပ် က လက်နက်ကြီး ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေလည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ပြည်သူ အချို့ဟာ တိုက်ပွဲပြင်းထန်လာမှာစိုးရိမ်တဲ့အတွက် တိမ်းရှောင်နေရတယ်လို့သိရပါတယ်။“တချို့က ဘုန်းကျောင်းမှာ သွားစုတဲ့ လူကသွားစုကြတယ် တချို့က နန့်မီးလောင်တို့ရွာတွေဘက်ကို တိမ်းကြတာရှိတယ် ဒီတစ်ရက်နှစ်ရက်တော့ ခြေနေစောင့်ကြည့်ပြီးတိမ်းနေကြအုန်းမှာ”လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။ ဒေသခံပြည်သူတစ်ချို့ မနေ့ည ပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းကနေ အင်းတော်ကြီး၊ နန့်မီးလောင်ရွာ၊ နန့်ပတဲရွာ၊လုံးစန့်ရွာတွေဘက်ကိုတိမ်းရှောင်သွားကြသလို တစ်ချို့လည်း လယ်ခင်း၊ တဲ၊ တောတောင်တွေထဲယာယီတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ ညောင်ပင်ကျေးရွာဟာ အင်းတော်ကြီးမြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ အင်းတော်–ဝှေခါလမ်းပိုင်းမှာရှိတာဖြစ်ပြီးအိမ်ခြေ ၇၀၀ ကျော်နဲ့လူဦးရေ ၂၀၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပါ တယ်။ https://www.facebook.com/photo?fbid=769711211856819&set=a.601270185367590

၁၅။ဖယ်ခုံမြို့တွင်းပိတ်မိနေတဲ့ ဒေသခံတွေကိုလာရောက်ကူညီတဲ့စက်လှေအား စစ်တပ်ကလေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်
   January 11, 2024

ဖယ်ခုံမြို့တွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို လာရောက်ကူညီပေးတဲ့ စက်လှေအား စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရှောင်တစ်ဉီးဆီက သိရပါတယ်။ ပိတ်မိနေတဲ့ ဒေသခံကို ဇန်နဝါရီ ၉ ရက် မနက် ပိုင်းမှာ လွယ်ပေါကျေးရွာရှိ စက်လှေသမားတွေက လာရောက် ကူညီပေးခဲ့ရာ ဖယ်ခုံမြို့ လှေဆိပ်သို့မရောက်မှီ ရေလယ်မှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ “တချို့ကတော့ စက်လှေနဲ့ ပါသွားကြပြီ။ ကျန်ခဲ့တဲ့ လူတွေ လည်း အများကြီး ရှိသေးတယ်။ လာကြိုပေးတဲ့ စက်လှေကို လမ်းတစ်ဝက်မှာပဲ အသားကုန်ပစ်တာ။ နောက်တစ်ခါ လာကြိုဖို့အတွက် အခက်အခဲ ဖြစ်သွားတာပေါ့။ ကျန်ခဲ့တဲ့သူတွေကိုလည်း တစ်နည်းနည်းနဲ့ အမြန်ဆုံး လာခေါ်ပေးစေချင် တယ်။ ဒီမှာနေရတာအဆင်မပြေ တော့ဘူးလေ” လို့ ကျန်ရစ်သူဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျန်ရစ်ခဲ့တဲ့ စစ်ရှောင်တွေအနေနဲ့ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အချိန်နဲ့အမျှ စိုးရိမ်ပူပန်နေရပြီး ခိုလှုံစရာ နေရာ မရှိတော့ကြောင်း ဆက်ပြောပါတယ်။ “အခုဆို လိုင်းတွေလည်း မရတော့ဘူး။ တောင်ပေါ်မှာ ခဏလာသုံးရတာပေါ့။ လိုင်းပါဖြတ်လိုက်ပြီ” ဆိုပြီး ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဇန်နဝါရီ ၇ ရက်က စစ်တပ်နဲ့ ဒေသကာကွယ် ရေး တပ်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး နေအိမ်တွေ ပျက်စီးခဲ့ကာ မနေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ https://www.facebook.com/100068918215879/posts/699085255732075/
၁၆။ မိုးကောင်းတွင် PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စားသောက်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီ ချိပ်ပိတ်
   January 11, 2024

ကချင်ပြည်နယ်၊မိုးကောင်းမြို့ရှိ ရွှေပီတိစားသောက်ဆိုင်ပိုင်ရှင်ကိုဖမ်းဆီးခဲ့ပြီးနောက် ငါးလခန့်အကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်နှင့်စားသောက်ဆိုင်ကို ယနေ့ နံနက်ပိုင်းက ချိပ်ပိတ်ခဲ့ကြောင်းသိရသည်။ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များနှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးခံထားရသည့် ဦးစိုင်းဘို ပိုင်ဆိုင်သည့် အလယ်ရပ်ရပ်ကွက်ရှိ နေအိမ်နှင့် စားသောက်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ် သည့် အမျိုးသားတစ်ဦးက ပြောသည်။“သူ့ကို မိုးကောင်းရဲကနေပြီးတော့ လာအဖမ်းခံပေါ့။ မင်းလာရှင်းပေါ့ မရှင်းလို့ရှိရင် ဆိုင်ကို ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောတော့ ရှင်းမယ်ဆိုပြီး သွားပြီးဖမ်းခံလိုက်တာပေါ့။ ဖမ်းခံတာတော့ လေး၊ ငါးလ လောက် တော့ ရှိပါပြီ။ အခုကဘယ်လိုဖြစ်လဲတော့မသိဘူး။ ဆိုင်ကိုချိပ်ပိတ်တဲ့အနေအထား ဖြစ်သွားတာပေါ့နော်” ဟုပြော သည်။

ရွှေပီတိစားသောက်ဆိုင်ကို ချိပ်ပိတ်ရန်အတွက် ပစ္စည်းများကို ယနေ့အပြီးပြောင်းရွှေ့ရန် ယမန်နေ့က လာရောက်ပြောဆိုခဲ့ ကြောင်း မိုးကောင်းဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။“ရွှေပီတိဆိုင်ကို မနေ့ညနေပိုင်းလောက်က စစ်သားတွေနဲ့ ရဲတွေနဲ့ ပူးပေါင်းပြီးတော့ လမ်းမှာပိတ်ဆို့ပြီးတော့ ပစ္စည်းတွေကို ဒီနေ့အပြီးသိမ်းရင်သိမ်း မသိမ်းရင်တော့ ဒီထဲက ပစ္စည်း တွေမပေးဘူး ချိပ်ပိတ်မယ်လို့ ပြောသွားတယ်။ ဒီနေ့မနက် ကျွန်တော်သွားကြည့်တော့ သူတို့ရွှေ့တော့ရွှေ့နေတယ် မပြီးသေး ဘူး” ဟုဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း PDF များနှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ ဇင်ယော်ဆီဆိုင်ပိုင် ရှင်လင်မယားကို စစ်တပ်ကဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်နှင့်ဆီပန့်ဆိုင်ကို ဖျက်ဆီး ကာ ချိပ်ပိတ်ခဲ့သည်။  https://www.facebook.com/photo?fbid=690776976583307&set=pcb.69 0777109916627
၁၇။ ဖားကန့်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးနေရ
   January 11, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ကြောင့် လူနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့် ဝှေခါရွာနဲ့ နမ့်တိန် ရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ကေအိုင်အေနဲ PDF ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် နေ့မှာ သွား ရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုပြီး နေ့တိုင်းနီး ပါး လာရောက် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ရွာထဲမှာ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ရန်ကို စိုးရိမ်တာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတာလို့ ဝှေခါရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ “လက်နက်ကြီး ဆိုတာက လည်း ဝှေခါရွာ ဗျူဟာကုန်းကနေ နေ့စဉ်လိုလို ပစ်တာပါ။ အိမ်တွေ ထိမှန်တာတွေလည်းရှိ တယ်။ လေကြောင်းကနေ နေ့တိုင်း လာပစ်တယ်၊ ဗုံး လေးငါးလုံး ချလိုက် ပြန်လိုက်နဲ့ လေကြောင်းရော လက်နက်ကြီးနဲ့ ရောဆိုတော့ ရွာမှာ ဘယ်သူမှကို မနေရဲ တော့တာ” ဒါ့အပြင် စစ်ကောင်စီဘက်က ဇန်နဝါရီ ၈ ရက်နေ့ကလည်း ဝှေခါရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ နှစ်ဆယ်နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။

ဖားကန့်မှာ ဇန်နဝါရီ ၆ ရက်နေ့ကစလို့ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို ဝှေခါ၊ နမ့်တိန်၊ နန့်ယား၊ ကပ်မှော်၊ တံတားညီနောင်၊ ဆိုင်းရာ စတဲ့ရွာတွေကနေ ဒေသခံ နှစ်သောင်းနီးပါးဟာ ဆိုင်းတောင်ရွာနဲ့ တာမခံရွာဘက်ကို ထွက်ပြေး ခိုလှုံ နေရတယ်လို့ ဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည် တွေကို ခရစ်ယာန် ဘုရားကျောင်းဝင်းနဲ့ ဘုန်းကြီးကျောင်းဝင်းတွေမှာ ယာယီ နေရာချထားပေးပြီး စားဝတ်နေရေးအတွက် အကူအညီ တွေ လိုအပ်နေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လက အခုနှစ်ဟာ အပြောင်းအလဲတွေ မြင်တွေ့ရမယ့် နှစ်ဖြစ်သလို ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ သူ့ရဲ့ နှစ်သစ် မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သန်းခြောက်သိန်းကျော်ရှိလာပြီလို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ https://www.rfa.org/burmese/news/local-residents-fled-hpakan-01112024022357.html
၁၈။ သရက်ချောင်းမှာ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရ
    January 11, 2024

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လာရောက် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်ဝမ်း ဆိုသူ ဖြစ်ပါတယ်။  အခုလ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က နေအိမ်မှာရှိနေချိန် ပစ်သတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီးဆုံး သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“ရွာမှာနတ်ပွဲတွေ ပွဲခြမ်းတွေလည်းရှိနေတော့ ပိုဆိုးသွားတာ။ သူကပုံမှန်ဆို ည ဘက်အိမ်မှာမအိပ် တတ်ဘူး။ သူ့ရွာမှာပွဲရှိနေတော့ ပွဲကိုကြီးကြပ်ရင်း အိပ်မှာပဲနေလိုက်တုန်းဖြစ်သွားတာ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါ တယ်။ ဦးဇော်ဝမ်းဟာ သူ့ရွာသားတွေကို ရွာဆူပူတာမကြိုက်ရင် အနီးအနားရွာက စစ်ဘေး ရှောင်တွေကိုလက်မခံဖို့ပြောဆို ထားတာရှိတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ ရငဲရွာက စစ်ရှောင် တွေ ပြင်းဖြူသားရွာကို ရောက်လာခဲ့ဖူးလို့ အခုလိုပြောဆိုထားတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရငဲရွာဟာ ပြင်းဖြူ သားရွာနဲ့ ၇ မိုင်ကျော်လောက် အကွာအဝေးရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာတစ်နေရာမှာ ဦးဇော်ဝမ်း စီးလာတဲ့ကား အလစ်ငိုက် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီလထဲမှာပဲ ပြင်းဖြူသားရွာ အနီးတဝိုက် မှာ နောက်တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ ဦးဇော်ဝမ်းဟာ NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့ သလို အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ သူဖြစ်ပါတယ်။ အခုလ ၉ ရက်နေ့ ညက ဦးဇော်ဝမ်းပစ်သတ်ခံရပြီးညတွင်းချင်း ပြင်းဖြူသားရွာနဲ့အနီးတဝိုက်ရွာတွေဖြစ်တဲ့ ဆီတော၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရေချို ချောင်း၊ ကမြိုင်၊ ရငဲရွာတွေကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=396593059425116&set=a.196212679 463156
၁၉။  တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့တွေကို တရားမျှတမှုရှိတဲ့ဥပဒေရေးဆွဲပြီး အုပ်ချုပ်သွားမယ်လို့ PSLF/TNLA ရဲ့ ဥက္ကဌပြော
   January 12, 2024

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့တွေကို တရားမျှတမှုရှိတဲ့ဥပဒေ ရေးဆွဲပြီး အုပ်ချုပ်သွား မယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ရဲ့ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် တအာင်းတော် လှန်ရေး နေ့ ဂုဏ်ပြုမိန့်ခွန်းမှာ တားအိုက်ဘုန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဒေသခံ တိုင်းရင်းသား လူမျိုး မခွဲခြား ဘဲ မှန်ကန်မျှတတဲ့ တရားဥပဒေစနစ်အပေါ်အခြေခံပြီး တရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲ ပြဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ ပူးပေါင်းဖော်ဆောင်သွားမှာဖြစ်တယ်” လို့ ဒုဗိုလ်ချုပ်ကြီးက ပြောပါတယ်။ TNLA သိမ်းပိုက်ထားတဲ့ မြို့တွေထဲ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဒေသခံလူထုရဲ့ နေအိမ်တွေ ကို ပြန်လည်ထူထောင်နိုင်ဖို့ ဦးစားပေးအဆင့်အနေနဲ့ ဆောင်ရွက်သွားမယ်လို့ တားအိုက်ဘုန်းက ပြောပါတယ်။

ဒါ့အပြင် လူထုထောက်ခံမှု မရှိတော့တဲ့ စစ်ကောင်စီဟာ အရပ်သားတွေကို ဖျက်အားပြင်းလက်နက်တွေ တပ်ဆင်ပြီး လေ ကြောင်း တိုက်ခိုက်မှု ပိုလုပ်လာနိုင်တာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ကိုလည်း ၎င်းက တိုက်တွန်းထားပါ တယ်။ ရှမ်းမြောက် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းငေါ့နဲ့ မိုင်းလုံ စတဲ့မြို့ ၇ မြို့ကို တအာင်းတပ်နဲ့ ပူးပေါင်း တပ်ဖွဲ့ က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ စတင်ခဲ့တဲ့ တအာင်းတော်လှန်ရေး ဟာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာတော့ ၆၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကို အေးချမ်းသာယာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုဘဝ ကောင်းမွန်တိုးတက်စေဖို့အတွက် လူထုအကျိုး ကာကွယ်စောင့်ရှောက်တဲ့ စီမံအုပ်ချုပ်ရေး စနစ်ကောင်းကို ဖော်ဆောင်ကာ လူထုတွေနဲ့လက်တွဲပြီး ပြည်နယ်၊ မြို့၊ ရွာတွေကို အကောင်းဆုံးပြန်လည် ပြုပြင် တည်ဆောက် သွားမယ်လို့လည်း ၆၁ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထား ပါတယ်။ https://www.f acebook.com/photo?fbid=700048835635717&set=a.404503215 190282
၂၀။ မြောက်ဦး စစ်ကောင်စီတပ်ရင်းများက ပစ်လိုက်သည့် လက်နက်ကြီးကြောင့် မြောက်ဦးနန်းရာကုန်းနှင့် ရပ်ကွက် နေအိမ်အချို့ မီးလောင် ဆုံးရှုံး
   January 11, 2024

ရခိုင်ပြည် မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ပစ်လိုက်သည့်လက်နက်ကြီးကျည်သည် မြောက်ဦးနန်းရာကုန်း နှင့် ဝါစျေးရပ်ကွက် လမ်းဆုံအနီး နေအိမ်များသို့ ကျရောက်ခဲ့ပြီး ဆုံးရှုံးမှုအချို့ ရှိခဲ့ကြောင်း မြောက်ဦး ဒေသခံများကပြော သည်။  ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့် မြောက်ဦး အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၄၀ တပ် ရင်းမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များသည် မြောက်ဦးမြို့ နန်းတော်ရာကုန်းနှင့် ဝါစျေးရပ်ကွက်တွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့ ဝါစျေးရပ်ကွက် လမ်းဆုံးအနီး နေအိမ်နှစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နန်းတော်ရာကုန်းထက်တွင်လည်း ပျက်စီး မှု တစ်ချို့ရှိခဲ့သည်။  မြောက်ဦး ဒေသခံတစ်ဦးက “စစ်ကောင်စီတပ် ခမရ ၃၇၇ တပ်ရင်းနှင့် ခမရ ၅၄၀ တပ်ရင်းတွေ တစ်လျှောက်ပစ်တယ်။ ပစ်တဲ့ အထဲမှာ ကျည် ၇ လုံးထင်တယ်။ တစ်လုံးကျတယ်။ ပြီးတော့ နောက်တစ်လုံးကျတယ်။ နန်းတော်ရာကုန်းထက်ကို လက်နက်ကြီး ကျတာနော်။ ပြီးတော့ ဝါစျေးရပ်ကွက်ကျတယ်။ နေအိမ် နှစ်လုံးမီးလောင်ပျက်စီး သွားတယ်”ဟုပြောသည်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၇၇ တပ်ရင်းနှင့် ခမရ ၅၄၀ တပ်ရင်းတို့ ယနေ့တွင် လက်နက်ကြီးကျည် ဆက်တိုက်ပစ်ခတ်နေပြီး မြောက်ဦးမြို့နယ် ကျေးရွာအချို့ကို ယင်းကဲ့သို့ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်နက်ကြီး ကျရောက်မှုကြောင့် မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နန်းတော်ရာကုန်းထက်တွင် ရှိသည့် တံတိုင်းများ၊ ရှေ့ဟောင်း ဗိသုကာ လက်ရာများ ပျက်စီးမှုများရှိကြောင်း မြောက်ဦး ဒေသခံတစ်ဦးက ပြောဆိုသည်။ “ရခိုင့် ဘုရင်တွေ တကယ့်အခိုင်အမာ တည်ဆောက်ခဲ့တဲ့ နန်းရာကုန်းပါ။ ပြီးတော့ တံတိုင်းတွေက ဒီလက်နက်ကြီးတွေရဲ့ တုန်ခါမှုတွေကြောင့် ပျက်စီးနိုင်သလို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အစိပ်စိပ်အမွှာမွှာဖြစ်သွားနိုင်တယ်။ ဒါက တကယ့်စိုးရိမ်ရတဲ့အခြေ အနေပါ။ ဒီလိုအမွေအနှစ်တွေကို လက်နက်ကြီးကျည်ကြောင့် ပျက်စီးရမယ်ဆိုတာက လုံးဝမ ဖြစ်သင့်ပါဘူး။ စစ်ကောင်စီတပ်က ရခိုင်က အမွေအနှစ်တွေကိုရည်ရွယ်ချက် ရှိရှိ ဖျက်စီးနေတာပါ”ဟုပြောသည်။  ရခိုင်ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု များစွာ ရှိသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်ပြီး ယဉ်ကျေးမှုပြတိုက် ပျက်စီးသွား ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ https://www.facebook.com/photo?fbid=815623277243767&set=pcb.8156 19303910831
၂၁။ ပူတာအိုမြို့နယ်မှ ဆယ်ကျော်သက်ယောကျ်ားလေး ငါးဦးပျောက်ဆုံးနေ
    January 11, 2024

ပူတာအိုမြို့နယ်၊ အထက်ဆန်ဂေါင်ကျေးရွာမှ ဆယ်ကျော်သက်အရွယ်ယောကျ်ားလေး ငါးဦး ပျောက်ဆုံးနေကြောင်းသိရ သည်။  ပျောက်ဆုံးနေသူများသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အထက်ဆန်ဂေါင်ကျေးရွာမှ ပူတာအိုမြို့ပေါ်သို့ သွားမည်ဟု ဆိုကာ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ခွာသွားပြီးနောက် ယနေ့ထိအဆက်သွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ပျောက် ဆုံးနေသူ တစ်ဦး၏ အစ်မဖြစ်သူကပြောသည်။“အခုချိန်ထိဘာသတင်းမှမရသေးဘူး။ သူတို့ဆီမှာ ဖုန်းသုံးလုံးတော့ပါသွား တယ်။ တခြားတော့ ဘာမှမယူသွားဘူး။ ဖုန်းဆက်ရင်တော့ဝင်တယ်။ မသိတဲ့သူတစ်ယောက်ကကိုင်တယ်။ ဘာမှပြန်မပြော ဘူး။ သူတို့အားလုံး က သူငယ်ချင်းတွေဟုတ်တယ်” ဟုပြောသည်။

ပျောက်ဆုံးနေသူများမှာ မောင်ဖုန်မောင်ကေတီအွန်၊ မောင်ရားဝမ်ဖေဝမ်၊ မောင်ရမ်ဖူးဖုန်၊ မောင်ဖုန်မလေဆင်နှင့် မောင်ဖရန် ကန်ဆင်အောင်ဆိုသူတို့ ဖြစ်ပြီး အသက် ၁၃ နှင့် ၁၄ အရွယ်များဖြစ်ကြောင်းသိရသည်။  သက်ဆိုင်ရာတွင် လူပျောက် တိုင်ကြားထားခြင်းမျိုးမရှိသေးဘဲ အဆိုပါလူငယ်များကိုတွေ့ရှိပါက ဖုန်း ၀၉၂၅၇၁၉၃၀၁၀ သို့ဆက်သွယ်အကြောင်းကြား ပေး စေလိုကြောင်း မိသားစုဝင်များကပြောသည်။ အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့က ပူတာအိုမြို့၊ လုံးစွတ်ရပ် ကွက်မှ အသက် ၂၇ နှစ်ခန့်အရွယ် ဆွံ့အနားမကြားသူအမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့ဖူးသည်။ https://www.face book.com/photo/ ?fbid=691381299856208&set=pcb.691381769856161
၂၂။ မတူပီမြို့တွင် ဆန်ပြတ်လပ်၊ ပြည်သူများ စား၀တ်နေရေးအခက်ကြုံ
    January 12, 2024

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အလွန်ခက်ခဲမှု နှင့် ရင်ဆိုင်နေကြရသည်ဟု မတူပီမြို့ ဒေသခံများထံမှ သိရသည်။ မတူပီမြို့ခံတစ်ဦးက “အခုမတူပီက စားဝတ်နေရေးက တော်တော်ဆိုးတယ်၊ စားစရာလုံးဝမရှိဘူး အဲ့ဒီအခြေနေရှိ တယ်။ သူတို့က ဖြတ်(၄) ဖြတ်နဲ့လုပ်တာဆိုတော့ ဖုန်းလိုင်းက ဆက်လို့ရတယ်ဆိုပေမယ့်တခြား ဆန်၊ ဆီ၊ဆား၊ ငပိတွေကတော့ လုံးဝမရောက်လာနိုင်ဘူး” ဟု ပြောသည်။ ယခုလက်ရှိ မတူပီမြို့ပေါ်တွင် ဆန်တအိတ်ကျပ် တစ်သိန်းရှစ်သောင်းခန့်ရှိနေပြီး ၀ယ်ယူရန်ပင်မရှိသလောက် ရှားပါးပြတ်လပ်နေပြီဟု ဒေသခံကပြောသည်။ မတူပီမြို့ပေါ်တွင် လွန်ခဲ့သည့် ၃ လခန့်ကတည်းက စစ်ကောင်စီက ကုန်တင်ကားအ၀င်အထွက် ပိတ်ပင်ခဲ့ ခြင်းဖြစ်သည်။

မတူပီမြို့မိမြို့ဖများက စစ်ကောင်စီတပ်ဖွဲ့ထံ ကုန်တင်ကားများ၀◌င်ထွက်သွားလာခွင့်ပြုရန် သွားရောက် တောင်းဆိုကာ ခွင့်ပြုသော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က မင်းတပ်-မတူပီလမ်းပိုင်းတွင် ပိတ်ထားသည့်အတွက် ဆန်သည် ကား များ မရောက်လာနိုင်သောကြောင့် အလွန်ခက်ခဲနေကြသည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ မတူပီမြို့က မြို့မိမြို့ဖနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ”စစ်ကောင်စီထံ အကူအညီတောင်းပြီး ချောချော ချုချုသွားဖို့ ဝင်ထွက်သွားလို့ ရအောင်အကူ အညီတောင်းထားတယ်။ အခုက လူငယ် CDF တွေက မင်းတပ်ဘက်ကနေ ဆန်သယ်တဲ့ ကားတွေကို (၈၄) မိုင်မှာ အကုန် လုံးချခိုင်းတယ်” ဟု ပြောသည်။ လက်ရှိတွင် မတူပီမြို့ပြည်သူများသည် ပြည်မဖက်မှ ဝင်လာသည့်ကုန်ကားများ မရှိသော ကြောင့် မြို့အနီးအနား ကျေးရွာဖက်မှ ဝင်လာသည့် တောင်ယာဆန်များကို ဝယ်ယူကြပြီး ယခင် ဆန်(၁)ပုံးတွင် ငွေကျပ် ၄၀၀၀၀ ခန့်ရှိ သော်လည်း ယခုတွင်ငွေကျပ် ၇၀,၀၀၀ ဖြင့်ဝယ်ယူစားသုံးနေကြရသည်ဟု သိရသည်။ https://www .facebook.com/photo?f bid=868778541917867&set=a.723151876480535
၂၃။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် စစ်ကောင်စီနှင့်တွေ့ဆုံဟု  အပစ်ရပ်အဖွဲ့ပြော
    January 11, 2024

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ဖို့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ အပြည့်အဝရဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ကို သီးခြားတွေ့ဆုံခဲ့တာလို့ အန်စီအေ အပစ် ရပ်အဖွဲ့တွေ ပါဝင်တဲ့  PPST ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေထဲက ၇ ဖွဲ့ဟာ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးရာပြည့် ခေါင်းဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုညှိနှိုင်းရေး ကော်မတီ (NSPNC) အပြင် အာဆီယံအထူးကိုယ်စားလှယ်နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။ အပစ်ရပ် ၇ ဖွဲ့က ခေါင်းဆောင် တွေဟာ ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ အန်စီအေစာချုပ်အရ ဆက်လက် အကောင်အထည်ဖော်ရ မယ့်လုပ်ငန်းစဉ်တွေကို ဘယ်လို ဆက်လက်ဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ နိုင်ငံရေး စစ်ရေးအခြေနေတွေကို ဆွေးနွေးခဲ့တာမရှိဘူးလို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုး က ပြောပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်နဲ့လည်း ဇန်နဝါရီ ၁၀ ရက် မှာ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အခက်ခဲတွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပြင် လူသား ချင်းစာနမှု အကူအညီတွေ အပြည့်အဝရရှိရေးကို  အန်စီအေ အပစ်ရပ်အဖွဲ့တွေ ဘက်က ဆွေးနွေးခဲ့ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ကတော့ သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက်အပေါ်မှာ ဆက်လက်ရပ်တည် အကောင်အထည် ဖော်သွား မှာဖြစ်ပြီး အရင်တာဝန်ယူခဲ့တဲ့အထူး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတိုင်ပင်ကာ မြန်မာနိုင်ငံအရေးကို ဖြေရှင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲကို အပစ်ရပ် ၇ ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၊ မွန်ပြည်သစ်ပါတီ (MNSP)၊  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ https://burmese.dvb.no/post/633468
၂၄။ နာဂဒေသ အခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်
   January 11, 2024

စစ်ကိုင်းတိုင်း နာဂဒေသမှာရှိတဲ့ မြို့နယ်‌တွေမှာ အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေပြီးအသားငါး ပြတ်လပ်တာ‌ တွေထိရှိနေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာ–ဟုမ္မလင်း ချင်းတွင်းမြစ်ရေကြောင်းလမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက စစ်တပ်က သွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ခန္တီးဒေသခံတစ်ဦးက ပြော ပါတယ်။“အသားငါးက တစ်ပိဿာ ၄ သောင်းကျော်နေတယ်။ ကြက်က CP ကြက်တွေက မရတော့ဘူး၊ဆန်က အိတ်နဲ့ ရောင်း တာမရှိသလောက်ဘဲ။ အိမ်မှာတော့ပြည်နဲ့ဘဲ ဝယ်စားကြတော့တယ်”လို့ပြောပါတယ်။ အလားတူ လဟယ် မြို့မှာလည်း ဝက်သားတစ်ပိဿာ ၄၀၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊အမဲသားတစ်ပိဿာ ၃၀၀၀၀ ကျပ်၊ငါးတစ်ပိဿာ ၃၀၀၀၀ ကျပ်ထိ မြင့်တက်နေပြီး ဒေသခံတစ်ချို့ စားသောက်ရေး ခက်ခဲသူတွေရှိလာ‌နေတယ် လို့ လဟယ် ဒေသခံ အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။

“ကုန်ဈေးတက်တော့ မဝယ်စားနိုင်တာရှိတယ်လေ အများစုပေါ့၊ ဈေးနှုန်းကတက် ဝင်ငွေက မရှိကြနဲ့ ခက်ခဲကြ တာ ပေါ့။ တချို့က ချေးငှါးစားကြတဲ့သူတွေလည်း ရှိမှာလေ အဆင်ပြေအောင် စားကြတာ။ အရင်က အသားငါး ပုံမှန်စားနေသူက ခုတော့ ကြက်ဥနဲ့ ဒါပေမယ့် ကြက်ဥကလည်း ဈေးပိုများနေရော၊အရာရာအဆင်မပြေနေတာတော့ အမှန်ဘဲ” လို့ ပြောပါ တယ်။ ဒါ့အပြင် နန်းယွန်းမြို့မှာတော့ ဆန်တစ်အိတ် ၁၆၀၀၀၀ ကျပ်၊စားသုံးဆီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ကြက်သွန်ဖြူ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ဝက်သား၊အမဲ တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ကြက်သား ၂၅၀၀၀ ကျပ်နဲ့ ငါးတစ်ပိဿာ ၁၅၀၀၀ ကျပ် တို့ထိ မြင့်တက်နေတယ်လို့ သိရပါတယ်။ နာဂဒေသမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လ ကျင်းပပြုလုပ်တဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ် ၅ ဘီလီယံ ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ https://burmese.kachinnews.com/2024/0 1/10/cj1-12/
၂၅။ ပျူစောထီးခေါင်းဆောင်တစ်ဦး တော်လှန်ရေးတပ်ဖွဲ့က ရှင်းလင်း
   January 11, 2024

သျှမ်းပြည် ရွာငံမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရ သည်။ သျှမ်းပြည် ရွာငံမြို့နယ် တောင်ကြားကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ခေါင်းဆောင် ဦးကျောင်မဲ ကို ဇန်နဝါရီလ ၁၀ ရက် ည ၇ နာရီဝန်ကျင်၌ ရွာငံ PDF(JPRF)နှင့် မှော်ဘုရင် စစ်ကြောင်းတပ်ခွဲ ၃ ပူးပေါင်း တပ်ဖွဲ့ တို့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ယူနီဖောင်းနှင့်အတူ အခြားသောသုံးပစ္စည်းများလည်း သိမ်းဆည်ရမိခဲ့ကြောင့် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။“ပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရတာဟုတ်တယ်။ သူတို့ ပစ္စည်းတွေ စစ်ယူနီ ဖောင်း၊ AKကျည်တို့၊ လက်ပစ်ဗုံးတို့ကိုလည်း သိမ်းစည်းရမိထားတယ်။ လက်တလော ထွေထွေထူးထူးမရှိသေးဘူး”ဟု အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမတည်ငြိမ်မှုကြောင့် အလုပ်ကိုင်များရှားပါးလာကာ စားဝတ်နေရေး ခက်ခဲမှု ကြောင့် သူခိုးများ ပိုမိုများပြားလာကြောင်း ဒေသခံများပြောသည်။ လက်ရှိ ရွာငံမြို့နယ် ကျေးရွာအများစုတွင် အိမ်တွင်းဖောက် ပစ္စည်းခိုးယူခြင်း၊ ရာသီပေါ်သီးနှံခိုးယူခြင်း ပိုမိုများပြားလာခဲ့ကြောင်း ဒေသခံများထံ သိရသည်။ https://burmese.sh annews .org/archives/39361
၂၆။ မြိတ်မြို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြုပြီး ဒေသခံများကို ဖမ်းဆီးငွေညှစ်
   January 11, 2024

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇန်နဝါရီ ပထမပတ်ကစတင်ကာ ဧည့်စာရင်းအကြောင်းပြုပြီး စစ်ကောင်စီတပ်က ဒေသခံတွေ ကို ဖမ်းဆီးငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ စစ်ကောင်စီက ရှမ်းချောင်း ရပ်ကွက်ရှိ ဒေသခံ အယောက် ၂၀ ကို ဧည့်စာရင်းအကြောင်းပြုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တဦးကို ပိုက်ဆံ ကျပ် ၂ သိန်း တောင်းခံပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။ ရပ်ကွက်နေသူတဦးက “ဧည့်စာရင်းမတိုင်ထားလို့ ဆိုပြီး ကလွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်သွားတယ်။ အယောက် ၂၀ နီးပါးမှာ ၄ ယောက်လောက်က အုပ်ချုပ် ရေးမှူးရုံးမှာပဲ ပြန်လွတ်သွားတယ်။ ကျန်တဲ့သူတွေကိုတော့ မြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်။ မြို့မရဲစခန်းမှာ တညအိပ် ရပြီး တယောက် ကို ပိုက်ဆံ ၂ သိန်းပေးပြီး ပြန်လွတ်လာတာပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ မှာလည်း စစ်ကောင်စီက တက္ကသိုလ်ရပ်ကွက်ရှိ သုံးထပ်ဆောင်တိုက်ခန်းတွဲမှာ လူငယ် ၁၀ ဦးဝန်းကျင်လောက်ကို ဧည့်စာရင်း အကြောင်းပြုပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဧည့်စာရင်းလာစစ်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးလည်းမပါဘူး။ စစ်သား၊ ပျူနဲ့ ရပ်ကွက်သတင်းပေးတွေ ပါတယ်။ တိုက်ခန်း တွဲအားလုံး ဝင်စစ်တာတော့ မဟုတ်ဘူး။ လူငယ်တွေစုနေတဲ့ အခန်းတွေကိုပဲ ဝင်စစ်တာ။ ဝင်စစ်တာတောင်မှ ရိုက်နှက်ပြီး ဝင်စစ်တယ်” လို့ အမည်မဖော်လိုသူ အမျိုးသားတဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို မြို့မရဲစခန်း ခေါ်ဆောင်သွား ပြီး တဦးကို ပိုက်ဆံ ကျပ် ၂ သိန်းစီပေးပြီးမှ ပြန်လည်လွတ်မြောက်လာတယ်လို့ သူက ဆက်ပြောပါတယ်။“အဲလိုမျိုး ဧည့်စာရင်းလာစစ်တာက အမည်ခံသက်သက်ပဲ။ ဝင်ရောက်ဖမ်းဆီးတာက ရပ်ကွက်အတွင်း သတင်းပေးတွေ ရှိနေလို့ပါ။ ဖမ်းဆီး ပြီးရတဲ့ပိုက်ဆံကို သူတို့ပဲ ခွဲယူကြတာလေ” လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတဦးက  ပြောပါတယ်။ https://burmese.dvb.no/p ost/633456
၂၇။ ဝိုင်းမော်- ချီဖွေသွားလမ်းပိုင်း စစ်ဆေးတင်းကြပ်တာတွေ ပိုများလာ
   January 11, 2024

ဝိုင်းမော်–ချီဖွေသွားတဲ့ ဂိတ်တစ်လျှောက် စစ်ဆေးမှုတွေတင်းကျပ်နေတာကြောင့် ခရီးသွားပြည်သူများ အဖက်ဖက် ကနေ ခက်ခဲလာနေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ်၊ စုပေါင်းဂိတ် စတဲ့ဂိတ်တွေ စုစုပေါင်း ၁၆ ခုလောက်ရှိသလို ခရီးသွားဒေသခံပြည်သူတွေထဲက မင်္သကာသူတွေ ကို အတင်းအကျပ်စစ်ဆေးတာ၊ ရိုက်နှိက်တာမျိုးတွေ လည်းရှိတယ်လို့ ချီဖွေဒေသခံတစ်ယောက်က ပြောပါတယ်။ “မန်ဝိန်းဂိတ်မှာ ဆိုရင် သူတို့အနေနဲ့ စစ်ဆေးမေးမြန်းတာတွေ သေချာမပြောတာမျိုးဆိုရင် ရိုက်တယ်၊ တစ်လတော့ကြာပြီ အဲ့တုန်းကလည်း လရှီကလေးတစ်ယောက်ကို လရှီလိုမပြောရဘူးလို့ ပြောပြီး ရိုက်လိုက်တယ်တဲ့၊ သူတို့အမြင်မကြည်တာ မျိုး ဆိုရင်လုပ်တယ်ထင် တယ်” လို့ပြောပါတယ်။ အဲ့ဒီဂိတ်မှာ တစ်နှစ်စာ ကားလက်မှတ် ၃ သိန်းအခွန်‌ ဆောင်ထားပေမယ့် ကုန်ကားပစ္စည်း‌ပေါ် မူတည် ပြီးတောင်းတာ၊ ဟင်းဖိုးတောင်းတာအပြင် နောက်ထပ် ခေါင်းစဉ်အမျိုးမျိုးနဲ့ တောင်းခံတာရှိ တယ်လို့ဆိုပါတယ်။

ပြည်သူတွေ၊ ကားသမားတွေဟာ စစ်တပ်ဂိတ် ၊ KIA စောင့်ဂိတ် ဂိတ်တိုင်းမှာအခွန်‌ပေးကြပေမယ့် စိုးရိမ်မှုများစွာနဲ့သွားလာ‌ နေရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ဆိုပါတယ်။“အခက်အခဲကတော့ အခုဆိုပြောမကုန်အောင်ဘဲ၊ ပိုက်ဆံကုန်တာ တစ်ပိုင်း၊ စိတ်ပင်ပန်းတာတစ်ပိုင်း၊ ပြီးတော့ ဒီချီဖွေ ချန်းမောခုန်းဘက်ကသူတွေဆို စကားက မဆုံတာနဲ့ သွားရေးလာရေး အရမ်းခက်ခဲတာပေါ့”လို့ဆိုပါတယ်။ ဂိတ်တွေမှာ လက်နက် ကျည်ဆံပါမပါ၊ မူးယစ်ဆေးဝါး၊ ဖုန်းစသဖြင့် မေးခွန်းတွေမေး ပြီး စစ်ဆေးတာတွေလုပ်တဲ့အပြင် ဂိတ်တွေအားလုံးဟာအရင်ထက် စစ်ဆေးမှုပိုပြီးတင်းကြပ်လာနေတယ်လို့ ခရီးသွား ပြည်သူ‌‌တွေက ပြောပါတယ်။ လက်ရှိ ဝိုင်းမော်ကနေ ချီဖွေထိ ဂိတ်ကြေးအရင်ထက် ၂ ဆလောက်တက်သွားပြီးတော့ ကားတစ်စီးကို အနည်း ဆုံး ၇ သိန်း ၈ သိန်း ထိကုန်ကျတယ်လို့ သိရပါတယ်။ https://burmese.kachinnews.com/2024/01/10/bb1-58/
၂၈။ စစ်ကောင်စီနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တွေ့ဆုံမှု စောင့်ကြည့်ရဦးမယ်လို့ လေ့လာသူတွေပြော
    January 11, 2024

၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အာလွန် ကယ် ကစ်တစ်ခွန် (Alounkeo Kittikhoun) ဟာ ဇန်နဝါရီ ၁၀ ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေမှာတော့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မယ့် အခြေ အနေနဲ့ တခြားသော ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။    “လာအိုနိုင်ငံက အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုကို စိတ်ပါဝင်စားမှုမရှိတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ တရားမဝင် စစ်အစိုးရဘက်ကို ပိုယိမ်းဖို့ရှိပါ တယ်” လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အာဆီယံအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ လာအိုနိုင်ငံဟာ မြန်မာ့အရေး အတွက် စစ်ကောင်စီရဲ့သဘောထားကိုသိဖို့ အရင်ဆုံး ဆက်ဆံကြည့်ရုံသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။“လာအိုကတော့ ဒါ စစ်ကောင်စီနဲ့ အရင်ဆုံးထိတွေ့ ဆက်ဆံမယ်လို့တော့ ယူဆရ တယ်ပေါ့။ တခြားအာဆီယံ ဥက္ကဋ္ဌ ဟောင်းတွေဖြစ်တဲ့ အင်ဒိုနီးရှား တို့၊ ဘရူနိုင်းတို့ကနေ ပြီးတော့ အားပေးတာ၊ ကူညီတာ ကမ္ဘောဒီးယား နိုင်ငံတွေ ဘာတွေ က ထောက်ခံတာကို အခြေခံပြီးတော့ ဒီမိုကရေအင်အားစုတွေနဲ့ စကားပြောတာတွေတော့ ရှိကောင်းရှိလာ နိုင်တယ်ပေါ့။ လောလောဆယ်တော့ ကျွန်တော်ထင်တာ တော့ စစ်ကောင်စီနဲ့ အရင်ဆုံး စကြလိမ့်ဦးမယ်လို့ ထင်တယ်ဗျ” အာဆီယံ အထွေထွေအတွင်းရေးမှူး ကအိုကင်မ်ဟောင် (Kao Kim Hourn) က မြန်မာ့ပြဿနာအပေါ် လာအိုရဲ့ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းကို လျှော့မတွက်ဖို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ၊ အရင်ဥက္ကဋ္ဌနဲ့ နောက် ဥက္ကဋ္ဌတာဝန်ယူမယ့် သုံးနိုင်ငံ ပူးပေါင်း ပြီး ဆောင်ရွက်မယ့်ပုံစံအသစ်ကို ကျင့်သုံးခဲ့ ကြောင်းလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျကာတာမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းပြောထားတာပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ရဲ့ အတွင်းရေးမှူး ချုပ် Debbie Stothard ကတော့ စစ်ကောင်စီကို ထောက်ခံလိုလားတဲ့ လာအိုနိုင်ငံရဲ့ ချဉ်းကပ်မှု နောက် ဆက်တွဲရလဒ်ကို ကျန် တဲ့ အာဆီယံ နိုင်ငံတွေ ထိန်းညှိနိုင်မလားဆိုတာ စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလကတည်းက မြန်မာ့အရေးကိုဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ငါးရပ်ကိုချမှတ်ခဲ့ပါတယ်။ ဒါကို အကောင် အထည်ဖော်ဖို့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ သုံးနှစ်နီးပါး ဦးဆောင် ကြိုးပမ်းခဲ့ပေ မယ့် ဘယ်နိုင်ငံကမှ မြန်မာ့အရေးကို ထိရောက်စွာ မဖြေရှင်းနိုင်ခဲ့သလို ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း တွေ့ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် အခုနှစ် အာဆီယံအလှည့် ကျဥက္ကဋ္ဌ လာအိုနိုင်ငံဟာလည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ နိုင်ငံ ဖြစ်ပြီး တရုတ်နဲ့သဘောထားတူညီတာကြောင့် ပျော့ပျောင်း တဲ့ နည်းလမ်းနဲ့သာ စစ်ကောင်စီကိုချဉ်းကပ်လာနိုင်တယ်လို့ နိုင်ငံ ရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ လာအိုနိုင်ငံ အနေနဲ့ တရုတ်နဲ့ချိတ်ဆက်ပြီး မြန်မာ့အရေးမှာ စေ့စပ်ညှိနှိုင်းမှုတွေ အကောင်အထည်ပေါ်အောင် လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ https://www.rfa.org/burmese/program_2/junta-asean-meet-analysts-01112024053033.html
၂၉။ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်၊ ထိုင်းတို့နှင့် ပူးပေါင်းတိုက်ဖျက်ရန် အသင့်ရှိဟု KNU ပြော
  January 11, 2024

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာလုပ်ကိုင်နေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ၊ ရာဇဝတ်မှုတွေကိုတိုက်ဖျက် ရေး တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူက ပြောပါတယ်။ ကျားဖြန့်လို့ ခေါ်တဲ့ တရုတ် ငွေလိမ်ဂိုဏ်းတွေ ကြီးစိုးခဲ့တဲ့ လောက်ကိုင်ဒေသဟာ ၁၀၂၇ စစ်ဆေးရေးကြောင့် မလည်ပတ် နိုင်တော့ပေမဲ့ ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုလ်မြို့သစ်မှာတော့ အလုံးအရင်းနဲ့ တိုးချဲ့လုပ်ကိုင်နေတယ်လို့ အဲဒီဒေသနဲ့ နီးစပ် သူတွေဆီကသိရပါတယ်။ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးက ရွှေကုက္ကိုလ်မြို့သစ်မှာ လောင်း ကစားဝိုင်းတွေ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုစတဲ့ ရာဇဝတ်မှုမျိုးစုံကို ပေါ်ပေါ်ထင်ထင် ကျူး လွန်နေကြတာပါ။ အဲဒီ ကျားဖြန့် လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းနေသမျှ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဖို့ အဆင်သင့်ပဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

“ဒီလုပ်ငန်းတွေရဲ့မြစ်ဖျားခံရာအရပ်နဲ့အရင်းအမြစ်က စစ်ကောင်စီကလာတာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေတိုက်ဖျက်ဖို့ အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး ဘာအဖြေမှ ထွက်မလာဘူးဆိုတာ ဒီနေရာကနေ ရှင်း ရှင်းလင်းလင်းပြောချင်တယ်။ အထူးသဖြင့် တရုတ်နဲ့ ထိုင်းတို့နဲ့ လက်တွဲပြီးတော့ မတရားတဲ့လုပ်ငန်းတွေ တိုက်ဖျက်ဖို့ဆို တာ ကျနော်တို့ အရန်သင့်ဖြစ်နေတယ်ဆိုတာ သတင်းကောင်းပေးချင်တယ်။ လုပ်ဆောင်ရမယ့် အပိုင်းတွေကို ကျနော်တို့ နဲ့ ရင်းရင်း နှီးနှီး လက်တွဲ ဆွေးနွေးတိုင်ပင်ပြီး အဖြေကောင်းတခု ရလာနိုင်တယ်ဆိုတာ ဒီနေရာကပဲ ပြောချင်ပါတယ်။” ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းဟာ စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တရုတ်လုပ် ငန်းရှင် ရှီရှီကျန်းတို့ကြား အကျိုးတူ ပူးပေါင်းထားတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒီအွန်လိုင်းငွေလိမ် ဂိုဏ်းတွေနဲ့ ရာဇဝတ်မှုတွေက တိုက်ဖျက်ဖို့ စစ်ကောင်စီအပါအဝင် ကရင်နယ်ခြားစောင့်တပ် BGF နဲ့ DKBA, KNU တို့မှာလည်း တာဝန်ရှိတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနေသူတဦးက ပြောပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေဟာ အများဆုံးက တရုတ်လူမျိုးတွေဖြစ်ပြီး သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ အာဖရိကန်၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ စတဲ့ နိုင်ငံပေါင်း စုံပါဝင်ပါတယ်။ https://burmese.dvb.no/post/63 3501
၃၀။ ရှမ်းတောင်နဲ့ ကရင်နီမှာ တိုက်ခိုက်နေတဲ့ SSRY တပ်ရင်းက တပ်သားသစ်တွေ ခေါ်ယူ
   January 11, 2024

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၃)စစ်ဒေသ၊ အမှတ်(၁၀၀၈) Southern Shan Revolution Youth -Eagle Force SSRY တပ်ခွဲ (၁)က ရှမ်းပြည်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံအနှံ့က တော်လှန်ရေးကို စိတ်ပါဝင်စား တဲ့ လူငယ်တွေကို  ဖိတ်ခေါ်နေတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ တပ်သားသစ် အယောက် ၅၀ ကျော်ကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဖိတ်ခေါ်နေပြီး တာဝန်ယူမှုအနေနဲ့ တပ်သားတယောက်ရဲ့ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်နဲ့ NUG၊ MOD တို့က ပြဌာန်းထားတဲ့ ခံစားခွင့်တွေရှိမယ်လို့ဆိုပါတယ်။“အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုး သမီး/အမျိုးသားလူငယ်တွေကို အဓိကဖိတ်ခေါ်တာပေါ့နော်။ ကျွန်တော်တို့တပ်ခွဲမှာ ရှမ်းတောင်နဲ့ မြန်မာ တနိုင်ငံလုံးက တိုင်းရင်းသားလူမျိုးပေါင်းစုံရှိပါ တယ်” လို့ သူက ပြောပါတယ်။

တပ်သားသစ်အနေနဲ့ ကျန်းမာရေးကောင်းမွန်ကာ စစ်သင်တန်းကိုတက်ရောက်နိုင်ရမှာဖြစ်ပြီး တပ်ရဲ့စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာဆောင်ရွက်နိုင်ကာ စစ်အာဏာရှင်စနစ်ကို တွန်းကန်တော်လှန်လိုသူဖြစ်ရမယ်လို့ ဆိုပါတယ်။ အမှတ် ၁၀၀၈ တပ်ရင်းအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်မှာရှိတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်ကောင်စီတပ်ကို ပါဝင်တိုက်ခိုက်နေပြီး နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲရာချီတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=399394459113671&set=pcb.399394552446995

၃၁။ ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရေးသဘောတူညီမှုရ
    January 12, 2024

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ယမန်နေ့ကရှမ်းမြောက်တွင် ယာယီ အပစ် ခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းမှုဖြင့် ကူမင်းမြို့တွင် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် တွ့ဆုံဆွေးနွေးစဉ် ညီနောင်မဟာမိတ်သုံးဖွဲ့၏နယ်မြေများတွင် အပစ်ရပ်စဲရန်သဘောတူညီမှု ရရှိခဲ့ ခြင်းဖြစ်သည်။ ဆွေးနွေးပွဲပြုလုပ်နေစဉ် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ကလက်နက် ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲရလဒ်အဖြစ် ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် အပစ်ခတ်ရပ်စဲရန်၊ မြို့နှင့်စခန်းသိမ်းတိုက်ပွဲများ ဆက်မလုပ်ရန် နှင့် စစ်ကောင်စီဘက်ကလည်း လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုမပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ထိုသဘောတူညီ ချက်လက်လက်မှတ်ရေးထိုးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၀ နာရီမှစတင်ကာ အသက်ဝင်ပြီဖြစ်ကြောင်း ဆွေးနွေးပွဲ တက် ရောက်ခဲ့သူတစ်ဦးကို ကိုးကားပြီး RFA သတင်းဌာနက ဖော်ပြထားသည်။ ထိုသဘောတူညီချက်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသအတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး ရခိုင်ဒေသအတွက် မပါဝင်ကြောင်း သိရသည်။ ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ယနေ့အချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ် များအပါအဝင် မြို့ပေါင်း ၁၅ မြို့ကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းယူထားသည်။ ထို့အပြင် ရခိုင်ပြည် နယ်တွင်လည်း ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်း ၄ နှင့် တပ်စခန်းပေါင်း ၁၅၀ နီးပါး တိုက် ခိုက်သိမ်းယူထားသည်။ https://www.facebook.com/photo/?fbid=691833003144371&set=pcb.6 91833693144302
၃၂။ တပ်မ ၄၄ မှ တပ်ခွဲမှူးဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက် များနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ
    January 11, 2024

ကရင်ပြည်နယ်အခြေစိုက်စစ်ကောင်စီ၏  တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၁၀၂ မှ တပ်ခွဲမှူး ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။ တပ်ခွဲမှူး ဗိုလ်ကြီး ဗိုဗိုဟိန်း နှင့် စစ်ကောင်စီတပ်သား နှစ်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က ကရင်ပြည်နယ်ရှိ  ကျားသစ်နက်စစ်ကြောင်းထံသို့ လက်နက်ချကာ  ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ဇန်နဝါရီ လ ၁၀ ရက်နေ့ တွင် လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ “အဓိက ကစစ်အာဏာရှင်စနစ် ဆိုးကိုမကြိုက်လို့ ပြည်သူ့ရင်ခွင်ခိုလုံလာတာ။ စစ်တပ်ကအတော်လေးပျက်စီးနေပြီးအထက်ဖားအောက်ဖိ လုပ်ဆောင်နေ တာတွေရယ်၊ ကိုယ်ချင်း စားတရားမရှိတာတွေရယ်ကြောင့် ပြည်သူ့ဘက်ကို ကူးပြောင်း လာတာ” ဟု  CDM ပြုလုပ်လာ သည့် တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း ခမရ-၁၀၂ တပ်ခွဲမှူး ဗိုလ်ကြီးဗိုဗိုဟိန်း က ပြောသည်။

ဗိုလ်ကြီး ဗိုဗိုဟိန်းသည် ၎င်းနှင့်အတူရှိသည့် တပ်ဖွဲ့ဝင်နှစ်ဦးကိုပါ ခေါ်ဆောင်ခဲ့ပြီး  MA- 1 မောင်းပြန်သေနက် တစ်လက် ၊ MA-3 မောင်းပြန် တစ်လက် နှင့်  9-MM ပစ္စတို သေနတ်တို့ကိုပါ ယူဆောင်လာနိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိ စစ်ကောင်စီတပ်အတွင်းတွင် အောက်ခြေအရာရှိများက သံယောဇဉ်ဖြင့်ထိန်းထား၍ သေနတ်ပြောင်းပြန်လှည့် မလာခြင်း ဖြစ်ပြီး ပြည်သူပါဝင် မှုမရှိသည့် မတရာသောစစ်ဖြစ်နေ၍ နိုင်စရာ အကြောင်းမရှိဟု CDM ပြုလုပ်လာသူ ဗိုလ်ကြီး ဗိုဗိုဟိန်း က ဆက်လက် ပြောကြား သည်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပင် တပ်ခွဲမှူး ဗိုလ်ကြီးနှင့်တပ်သား နှစ်ဦး ပြည်သူ့ ရင်ခွင် ခိုလှုံလာသည့်အပြင် မြိတ်မြို့အခြေ စိုက် အမှတ် (၉၁၈) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေး တစ်ဦးသည်လည်း မိသားစုနှင့်အတူ ပြည်သူ့ရင်ခွင် သို့ ခိုဝင်လာကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ https://www.facebook.com/photo/?fbid=700869675 515388&set=pcb.700869852182037
၃၃။ ရှမ်းမြောက်မှာ စစ်တပ်စခန်းနဲ့ မြို့တွေသိမ်းယူဖို့ ကျန်နေသေးတယ်လို့ ညီနောင် ၃ ဖွဲ့အသိပေး
    January 11, 2024

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေ၊ တပ်စခန်းနဲ့ မြို့ကြီးတချို့ သိမ်းယူဖို့ ကျန်နေ သေးတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရက္ခိုင်ပြည်နယ်မှာ ရက္ခိုင် တပ်တော်- AA က ရည်မှန်းထားတဲ့ စစ်ဆင်ရေး ပစ်မှတ်တွေကို အပြည့်အဝရရှိဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဆိုပါ တယ်။ ၁ဝ၂၇ စစ်ဆင်ရေးဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထားတဲ့ စစ်အာဏာရှင်အပြတ်ပြုတ်ရေးအတွက် များစွာအ ထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။ ၁ဝ၂၇ စစ်ဆင်ရေးမှာ ရရှိလာ တဲ့ စိတ်ဓာတ် ခွန်အားနဲ့အတူ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအရှိန် မြှင့်သွားဖို့ ညီနောင် ၃ ဖွဲ့က တိုက်တွန်းထားပါ တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေး ၂ လခွဲကာလအတွင်း စစ်ကောင်ရဲ့ တပ်စခန်း ပေါင်း ၄၅ဝ ကျော်ကို သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းမြောက် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ ကြူကုတ်ပန်ဆိုင်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ သိန်းနီမြို့နဲ့ ဖောင်းဆိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ရှမ်းမြောက်၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နဲ့ ရက္ခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ ညီနောင် ၃ ဖွဲ့နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF၊ မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်- MDY-PDF နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA စတဲ့တော်လှန်ရေး အင်အားစု တွေလည်း ပါဝင်တိုက်ခိုက် နေပါတယ်။ https://www.facebook.com/photo/?fbid=699066662400601&set=a.404503215190282

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button