တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်း တင်ပြခြင်း

(No. 3, January 9, 2024)

၁။ နမ့်ဆန် မြို့သစ်ကျေးရွာကို စစ်‌ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၊ ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆    ဦး ဒဏ်ရာရ
  January 8, 2024

သျှမ်းပြည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ကျောင်း ဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ (ဇန်နဝါရီလ ၇ ရက်) ညနေ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့ နယ်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ကြောင့် မြို့သစ်ကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာ/မ ၅ ဦး သေဆုံးသွားခဲ့ ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်လာသည်။ နမ့်ဆန်မြို့သစ် ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူများမှာ တအာင်းအမျိုးသား ပညာရေး ကော်မတီ (TNEC) မှ ကျောင်းဆရာ ၂ ဦးနှင့် ဆရာမ ၃ ဦးတို့ဖြစ်ပြီး အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၆ ဦး ထိခိုဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် စာသင်ကျောင်းနှင့် လူနေအိမ် ၇ လုံးတို့လည်း ကျည်စထိမှန်ပြီး ပျက်စီး ခဲ့ရကြောင်း ဖော်ပြထားသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း နမ္မတူမြို့နယ်ရှိ မန်ဆာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူနေအိမ် ၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ခြင်းကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရ သည်။ လက်ရှိတွင် နမ့်ဆန်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့် ဆက်သွယ်ရေးကွန်ယက်များ ဖြတ်တောက်ခံထားရပြီး “၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော် တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲမှုကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံ များထံမှ သိရသည်။ https://burmese .shannews.org/archives/39247

၂။ ပိတ်စို့ခံထားရတဲ့ တလူးဒေသခံပြည်သူအချို့ တနိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြ
   January 8, 2024

ကချင်ပြည်နယ် တနိုင်းမြို့နယ် စစ်ကိုင်းနဲ့ ကချင်အစပ်မှာ ပိတ်စို့ခံထားရတဲ့ တလူးကျေးရွာထဲကပြည်သူတစ်ချို့ တနိုင်း ဘက်ကိုထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ရေးတင်းမာနေတာကြောင့် ရေ ကြောင်းလမ်း ၂ လကျော်ကြာပိတ်စို့ခံထားရသလို ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့တလူးကျေးရွာထဲက ဒေသခံပြည် သူ အချို့ဟာ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ဒီကနေ့အထိ တနိုင်းနှင့်ရှင်ဗွေယန်ဘက်ကို တဖြေးဖြေးချင်း ထွက်ပြေးတိမ်း ရှောင်လာကြတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူတွေနဲ့နီးစပ်တဲ့ ရှင်ဗွေယန်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။“ရေကြောင်းက ပိတ်ထားတာ ကြာပြီလေး အခုလည်းဖွင့်တယ်လို့ကြီးတော့မဟုတ်ဘူး ပြည်သူတွေကစိုးရိမ်တော့ ကိုယ့် နည်းကိုယ့်ဟာနဲ့ ကိုယ် ရုန်းထွက်လာ ကြတာ အဲ့ကြောင်းတဖြေးဖြေးနဲ့ နည်းနည်းချင်းဆီထွက်လာကြတာ ဟိုမှာက ဒီတိုင်း ဆိုငတ်ပြီးသေရုံပါ့တဲ့ တိုက်ပွဲကလည်း ထပ် ဖြစ်လာမှာပဲ။ အဲ့ကြောင်း တဖြေးဖြေးချင်းရောက်လာကြတာ”လို့ အထက်ပါ အမျိုးသားကပြောပါတယ်။

တလူးကျေးရွာဘက်ကို ရေကြောင်းတစ်ခုတည်းနဲ့သာသွားလာလို့ရတာဖြစ်ပြီး အဲ့ဒီရေကြောင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကတည်းက တလူးဘက်ကနေစစ်ကောင်စီတပ်ကပိတ်ထားသလို တနိုင်းဘက်ခြမ်းကနေလည်း KIA ဘက်က ပိတ်ထား တာကြောင့် စားသောက်ကုန်နဲ့၊အခြားကုန်ပစ္စည်းတွေနဲ့ ခရီးသည်အဝင်ရပ်တန့်သွားတာကြောင့် အခြေခံ စားသောက်ကုန် တွေ ပြတ်လပ်မှုတွေဖြစ်ပေါ်နေပြီး နှစ်ဖက်စစ်ရေးလည်း တင်းမာနေတာကြောင့် ဒေသခံတွေ အခုလိုတိမ်းရှောင်လာနေကြ တာလို့ သိရပါတယ်။“ဒေသခံတွေထွက်လို့ရအောင်တော့ ဆိုင်ရာဆိုင်ရာလူကြီးတွေ အရင်ကတည်းကငြိ နေတာ ဟုတ်တယ် အခုမှပဲ နည်းနည်းချင်းနဲ့ ထွက်လို့ရတာ တစ်ခါတည်းအများကြီးတော့ မထွက်ခိုင်းဘူး တလူးဘက်ကနေ တစ်နေ့ကို ၅၀ ကျော် ၆၀ အဲ့လောက်လောက်ပဲထွက်လာကြတယ်”လို့ အထက်ပါ အမျိုးသားကဆက်ပြောပါတယ်။ တလူးဒေသဟာ ရွှေမှော်ဒေသ ဖြစ်ပြီး တလူးမှာနေထိုင်တဲ့ ပြည်သူထက်ဝက် လောက်ဟာ ရွေ့ပြောင်းလုပ်သားတွေနဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းရှင်တွေ၊ စျေးရောင်း စျေးဝယ် လုပ်တဲ့သူတွေဖြစ်ပါတယ်။ https://burmese.kachinnews.com/2024/01/08/zz2-16/

၃။ ပင်လောင်းစစ်ရှောင်များအတွက် အလှူရှင်မရှိ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
   January 8, 2024

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံ တွေ့နေရကြောင်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှာင်များအတွက် အလှူရှင် များမရှိသည့် အတွက်ကြောင့် စားဝတ်နေ‌ရေး၊စောင့်နှင့် ဆေးဝါများ အရေးပေါ်လိုအပ်နေကြောင်းစစ်ဘေးရှောင် ကူညီ သူတစ်ဦးက ပြောသည်။“ခုကနောက်ပိုင်း အလှူရှင်တွေက မရှိသလောက်ရှားတယ်ဆိုတာထပ်လုံးဝ ရှိကိုမရှိတော့တာ။ တော်တော်လေးလည်း ဖျားနေကြတာ။သူတို့အတွက်ကလည်း ဘာမှမရှိတော့ဘူး။ ဆေးဝါးတွေလည်း သယ်ရတာ ရမ်း အန္တရယ် များတယ်။ကျနော်သယ်တုန်းက ဖမ်းခံရ တော့မလို့ပဲ။ အကူညီ တောင်းလာတာတွေတော့ရှိတယ် အမိုး၊ အကား တွေ၊ စောင်တွေ အရေးပေါ်လိုအပ်နေတယ်။ ကျနော်လည်း ပေးဖို့မရှိတော့ ဘယ်လိုမှလုပ်လို့မရတဲ့ အနေအထားဖြစ်နေ တယ်။”ဟု စစ်ရှောင် ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

ဆွေမျိုးအိမ်များသို့လာရောက် ခိုလှုံနေသော စစ်ဘေးရှောင်များလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး အကူညီ များလိုအပ်နေကြောင်းနှင့် စစ်ဘေးရှောင် ကူညီသူများထံမှ အကူအညီများလိုအပ်နေကြကြောင်း စစ်ဘေးရှောင်များ ကပြော သည်။“နေ့စားအလုပ်လေးပဲလုပ်နေရတာ အလှူရှင်တွေက လာကိုမလာတာဗျာ။ အလုပ်ကလည်းရှားတော့ရှိ လေးနဲ့ စား သောက်နေရတာ။ ငရုတ်သီးခူးတာကလည်းပြီးသွားပြီ။လူဦးရေများပြီး အလုပ်ကရှားတာပေါ့။ ငရုတ်သီး ခူတုန်းက နို့ဆီဘူး တစ်လုံးမှ ၂၅၀ ကျပ်ပဲရတာလေ။ ပင်လောင်းကလည်း ဘာမဆိုဈေးကြီးနေတာကော။ ရေတွေ ကလည်းရှား၊ နေရတာ လည်း အေးတယ်။ ဘာမှလည်းရှာစားလို့ မတက်ဘူး။ ရေတွေလည်း ဝယ်သုံးနေရတာပေါ့။ ထင်းတွေလည်း ရှားတယ်။”ဟု ကရင်နီ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။ ပင်လောင်းမြို့နယ် စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၃ သောင်းခန့်ရှိပြီး အများစုသည် သက်ကြီးရွယ်အို နှင့် ကလေးငယ် အများဆုံးဖြစ်သည်။ အလားတူ အောင်ပန်းဂိတ်၊ နောင်တရားဂိတ် ၊ ပင်လောင်း မြို့အဝင်၊ အထွက်ဂိတ်၊ ရင်းမှီးရွာအနီးနှင့် ဆောင်းပြောင်းဂိတ်‌တို့တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက စားသောက်ကုန်များ၊ အဝတ်အစားများ၊ မိုးကာများ နှင့် ဆေးဝါးများကို သယ်ယူဖြတ်သန်းရန် မပြုသဖြင့် စစ်ရှောင်များအတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။ https://burmese.shannews.or g/archives/39253
၄။ စစ်တပ် သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသမီး ၃၀၀ ကျော် သေဆုံး
    January 9, 2024

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၃ ဇန်နဝါရီ ၁ မှ ဒီဇင်ဘာလ ၃၁ အတွင်း  စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် သတ်ဖြတ် မှုတွေကြောင့် အမျိုးသမီး ၃၉၂ ဦး သေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့  ဇန်နဝါရီ ၂  ရက်ထုတ်ပြန်တဲ့ အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။ သေဆုံးသူအမျိုးသမီးအများစုဟာ လက်နက်ကြီး ထိမှန်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးခံ ထားရတဲ့အတောအတွင်း သေဆုံးတာတွေ၊ ပစ်သတ်ခံရတာတွေ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာတွေ စတဲ့အကြောင်း ရင်းတွေကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အခုလိုသေဆုံးသူ အမျိုးသမီးဦးရေဟာ ပြီးခဲ့တဲ့နှစ်တွေက ထက် ပိုပြီးမြင့်တက် လာတာဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ အာဏာရှင်စနစ်ရဲ့ ဆိုးယုတ်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ် တွေနဲ့ တရားစီရင်ရေး ယိုယွင်း မှုတွေကြောင့် ဖြစ်တယ်လို့ GiHman လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီအဖွဲ့ဝင် မနှင်းဖြူဖွေး က ပြောပါတယ်။

“တော်လှန်ရေးအားကောင်းတဲ့ နယ်မြေဒေသတွေကို စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ၊ လူသတ် မုဒိမ်းကျင့်ခံနေရတဲ့ ဆိုးဝါး လှတဲ့ သတင်းတွေ၊ အမျိုးသမီး အခွင့်အရေးအပေါ် လေးစားတန်ဖိုးထားမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေကြောင့်လည်း အခုလို ရုပ်ပိုင်းဆိုင်ရာအရ မဟုတ်တောင် စိတ်ပိုင်းဆိုင်ရာအရ သေဆုံးသူတွေ ရှိနေကြပါတယ်။” ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ စစ်ပွဲ ကာလကြား ရာသီလာစဉ် တွေ့ကြုံရတဲ့ အခက်အခဲတွေအပေါ် ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နှစ်ဖက်အင်အားစုတွေရဲ့ အမျိုးသမီး အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တရားစီရင်နိုင်မှုမရှိတာတွေ၊ အမျိုးသမီးတွေ အပေါ် တော်လှန်ရေးအဖွဲ့ အစည်းတွေမှာ တောင်မှ တဆင့်နိမ့်တဲ့သတ္တဝါတွေလို ခွဲခြားဆက်ဆံနေမှုတွေ ဒုနဲ့ဒေးကို တော်လှန်အမျိုးသမီးထုအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မနှင်းဖြူဖွေးက ပြောပါတယ်။ သေဆုံးသူအမျိုးသမီးတွေထဲမှာ  စစ်ကိုင်းတိုင်းက ၁၇၁ ဦးနဲ့  အများ ဆုံး သေဆုံးခဲ့တယ်လို့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒ့ါအပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ အမျိုးသမီး ၅၄၁ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီး  ၃၁၈  ဦး အထိရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ https://burmese.dvb.no/post/ 633073
၅။ မြောက်ဦးမှာ လက်နက်ကြီးကြောင့် သုံးဦးဒဏ်ရာရပြီး ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ
    January 8, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဇန်နဝါရီလ ၇ ရက် မနေ့ညနေပိုင်း စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာ ကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ဒီနေ့ နေ့လယ်မှာလည်း တိမ်ညိုရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်း အိမ်ခြေ ရှစ်ရာကျော်ရှိတဲ့ တိမ်ညို စံပြရွာထဲကို မြောက်ဦးမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (၅၄၀) နဲ့ (၃၇၇) တပ်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။ မနေ့ ညနေ လေးနာရီခွဲခန့်မှာလည်း မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း (၃၇၇) တပ်ကနေ ပစ်လိုက်တဲ့ လက်နက် ကြီးကျည် ပုရိမ်ရွာထဲ ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ဘန်ဒအာလီ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အလားတူ မနေ့ညပိုင်း ၈ နာရီခွဲလောက်မှာ ချောင်း သစ်ရွာထဲ လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ဦးအောင်ကျော်စိန်တို့ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းသစ်ရွာအနီးမှာရှိတဲ့ မြောက်ဦး အခြေစိုက် အမှတ် (၃၁) ရဲတပ်ရင်းက လက်နက်ကြီးနဲ့ ငါးချက်ထက်မနည်း ပစ်ခတ် ခဲ့တာဖြစ်ပြီး ရွာထဲကို တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦး အခြေစိုက် လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။“စစ်တပ်ကတော့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာပဲ။။ အခု ဒီမှာ ၅၄၀ ရယ်၊ ၃၇၇ ရယ်၊ ၃၇၈ ရယ်၊ ရဲတပ်ရင်း ၃၁ ရယ်၊ နေ့တိုင်း လက်နက်ကြီးတွေ ပစ်နေတာ။ တစ်လှည့်စီ ပစ်ကြတာ ထင်တယ်။ မနေ့က ညနေတော့ ချောင်းသစ်ရွာထဲ တစ်လုံး ကျကွဲပြီး လင်မယားနှစ်ဦး ဒဏ်ရာတွေ ရတယ်။ ဟိုးရက်ပိုင်းကဆို သေတာတွေတောင် ရှိတယ်။ မြို့ထဲတွေရော၊ ဘေးရွာတွေကိုရော ပစ်နေတာ။ ခုနကလည်း ပစ်နေတုန်း ခုနက ပစ်နေတာ ရှစ်ချက်လောက်ရှိပြီ” ဒီနေ့မနက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှု အခြေ အနေကိုတော့ မသိရ သေးဘူးလို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်ကလည်း လက်နက်ကြီးကြောင့် မြောက်ဦး မြို့ ဘုရားပေါ် ဒုက္ခသည် စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.rfa.org/burmese/news/mrauku-local-residents-fled-01082024073944.html
၆။ နမ်တိန့်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
 January 9, 2024

တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်သွားလမ်း နမ့်တိန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲ အဖြစ် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက်မြောက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲ ဝန်းကျင်လောက်ကနေ တိုက်ပွဲပြန်လည် ဖြစ်ပွား နေတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဆိုင်းဖရာဒေသခံတစ်ယောက်က ပြောပါတယ်။“တိုက်ပွဲပြန်ဖြစ်တာက ၇ နာရီ လောက်ကနေ ဟုတ်တယ်။ KIA ဘက်ကနေ နမ်တိန့်တပ်စခန်းကို မရရအောင်တိုက်ဖို့ရှိနေတယ်။ KIA ရွာကို ဝန်းရံထား တဲ့အနေအထားမှာ ရှိတယ်။ စစ်ကောင်စီတပ်သားတွေက ပြန်ထွက်လို့မရပဲ သူတို့ရဲ့စခန်းထဲက ကတုန်ကျင်းတွေထဲကနေ အပြန်အလှန်ပစ်ခတ်နေ ကြတာ။ လက်ရှိအချိန်အထိ တိုက်ပွဲထိခိုက်သေဆုံးတဲ့အခြေအနေတော့ သေချာမသိရသေးဘူး”လို့ ပြောပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့မှာ KIA က နမ်တိန်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ ရက်လောက်အကြာ ၂ ဖက် တပ် စစ်ရေးတင်းမာမှုဖြစ်ပွားနေ ခဲ့ရာ ဒီကနေ့ မနက်ထပ်မံ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

လက်ရှိမှာ KIA က နမ်တိန်ကျေးရွာတစ်ခုလုံးကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအရှိုန်ပိုကြာမြင့် သွားလာ နိုင်တယ်လို့ သူကဆက်ဆိုပါတယ်။“KIA ဘက်နေလည်း စခန်းကို ရအောင်တိုက်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် တိုက်ပွဲက ဒီထက်ပိုပြင်းထန်လာမယ်လို့ ထင်တယ်။ ရွာထဲမှာလည်း ရွာသားတွေက အကုန်ထွက်သွားကြပြီဆိုတော့ ထပ်ဖြစ်လိမ့်မယ်။ ပြီး ရင် နမ်တိန့်တပ်စခန်းက နှစ်ရှည်ခြေကုတ်ယူထားတဲ့တပ်စခန်းတစ်ခုလည်းဖြစ်တယ်”လို့ပြောပါတယ်။ နမ်တိန့် စစ်ကောင်စီ တပ်စခန်းမှာ စစ်အင်အား ၅၀ နဲ့ ၆၀ ဝန်းကျင်လောက် တပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး တပ်မ ၃၃ လက် အောက်ခံ ခလရ ၁၂၀ တပ်ရင်းဖြစ်ပါတယ်။ အခုလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့် နမ်တိန့်ဒေသခံပြည်သူ ၈၀ ဝန်းကျင် လောက်က ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက နမ်တိန်ကျေးရွာအထက်မှာရှိတဲ့ ၆ မိုင်(ဒေသအခေါ်)နေရာမှာ တိမ်းရှောင်နေ ကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး KIA တပ်ဘက်ကနေ နမ်တိန့်စစ်ကောင်စီ တပ်စခန်းနဲ့ ဝှေခါတပ် စခန်း ၂ နေရာကို တပြိုင်နက်ဝင် ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖားကန့်ဒေသမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ် ပါတယ်။ https://burmese.kachi nnews.com/2024/01/09/yl1-156/
၇။ လောက်ကိုင်ဒကစ ဗိုလ်မှူးချုပ် ၆ ဦးနှင့် ဗိုလ်မှူးကြီး ၃ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီး စစ်ဆေးနေ
January 9, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်နက်ချအပြီး ဇန်နဝါရီ ၆ ရက်မှာ ဗိုလ်မှူးချုပ် မိုးကျော်သူ အပါအဝင် အရာရှိ ၉ ယောက်ကို စစ်ကောင်စီက လားရှိုးမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ် တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင် MNDAA ဆီမှာ လက်နက်ချခိုင်းပြီးနောက် လာရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဇန်နဝါရီ ၆ ရက်က ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။“တပ်က စစ်ဦးစီးချုပ်ကိုယ်တိုင် ၂ ရက်နေ့ညမှာ ဖုန်းဆက်တယ်။ မှူးချုပ် ၆ ယောက် တိုင်ပင်ပြီး ကိုးကန့်တွေ ဆီ မှာ လက်နက်ချလိုက်၊ ခံစစ်လည်းကပ်မနေနဲ့၊ စစ်သည်က မရှိတော့ဘူး၊ သူတို့အားလုံးကို နပတကို ပြန်ပို့၊ မင်းတို့ ၆ ယောက်က ခဏနေခဲ့၊ အခြေအနေပြီးမှ ပြန်လာခဲ့၊ ဒီကိစ္စကို ဘယ်သူမှမသိအောင်လုပ်၊ သိရင် မင်းတို့ ပြစ်ဒဏ်ခံ ရမယ်” လို့ ပြောပါတယ်။ ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ဗိုလ်မှူးချုပ်အေးမင်းဦး၊ ဗိုလ်မှူးချုပ်အောင်ဇော်လင်းနဲ့ ဒုတပ်မမှူး ဗိုလ်မှူးကြီး ၃ ဦးကို ဇန်နဝါရီ ၆ ရက်က အရှေ့မြောက် တိုင်း စစ်ဌာနချုပ်မှာ ဖမ်းဆီး စစ်ဆေးနေတာလို့ တပ်တွင်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“၆ ရက်နေ့ ပြန်မယ်ဆိုတော့ ရမခစစ်ဌာနချုပ်မှာ ဆွေးနွေးစရာရှိတယ်ဆိုပြီး ခေါ်ထားတာ၊ အခုချိန်ထိပဲ၊ အားလုံး ပေါင်း ၉ ယောက်၊ ဗိုလ်မှူးချုပ် ၆ ယောက်၊ ဗိုလ်မှူးကြီး ၃ ယောက်၊ ဗိုလ်မှူးကြီး ၃ ယောက်က အရင်ရောက်နေတာ။” လတ်တ လော စစ်ကောင်စီက ဗိုလ်မှူးချုပ် ၆ ယောက်နဲ့ ဗိုလ်မှူးကြီး ၃ ယောက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ လည်း သူကပြောပါတယ်။“ခိုင်းတဲ့အတိုင်းလုပ်တာကို ဖမ်းပြီးစစ်ဆေးတယ်။ ပြစ်မှုက နိုင်ငံတော်ပုန်ကန်မှုနဲ့ ပုဒ်မတပ်ထား တယ်။ ပုဒ်မတော့ မသိရသေးဘူး။” ဗိုလ်မှူးချုပ် ၆ ဦးနဲ့ ဗိုလ်မှူးကြီး ၃ ဦး ဖမ်းဆီးခံရအပြီးမှာ တပ်တွင်းစည်းလုံးပြိုကွဲမှုတွေ ဖြစ်နေလို့ စိတ်ဝမ်းမကွဲဖို့ စစ်ခေါင်းဆောင်နှစ်ဦးက ဇန်နဝါရီ ၆ ရက် ညနေက အရာရှိစစ်သည်တွေကို မှာကြားခဲ့ပါတယ်။ https://burmese.dvb.no/post/633024
၈။ ကျောက်တော်မြို့နယ်က စစ်ကောင်စီဗျူဟာစခန်းကို AA သိမ်းပိုက်
   January 9, 2023

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား နှစ်ရာဝန်းကျင်ရှိတဲ့ တောင်ရှည်တောင်ဗျူဟာ စခန်း က စစ်ကောင်စီတပ်သားအားလုံး ရက္ခိုင့်တပ်တော် (AA) ထံကို လက်နက်ချခဲ့တယ်လို့ ဇန်နဝါရီ ၈ ရက်နေ့ညမှာ AA အဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။ တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ AA အဖွဲ့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်း တွေက ရဲဘော် တချို့လည်း စစ်ရေးအတွေ့အကြုံယူဖို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဘယ်အဖွဲ့တွေ ဆိုတာကို တော့ တိတိကျကျ ထည့်သွင်းပြောဆိုတာမရှိပါဘူး။ ထုတ်ပြန်ချက်မှာတော့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း တွေကို လည်း ထည့်သွင်း ထုတ်ပြန်ခဲ့ပေမဲ့ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဘယ်လိုဆောင်ရွက်မလည်းဆိုတာကို တော့ ထည့်သွင်းပြောဆို တာမရှိပါဘူး။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကိုလည်း AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက် နေပြီး ပလက်ဝမြို့နယ် အနောက်ဘက်က စခန်းအားလုံးကို သိမ်းဆည်းထားနိုင်ပြီ ဖြစ်တဲ့အပြင် ကျန်ရှိနေတဲ့ စခန်းတချို့ကို လည်း ဒီရက်ပိုင်းထဲမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါ တယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ သင်းကျစ်တော်တောင်စခန်းကိုလည်း ဇန်နဝါရီလ ၇ ရက်နေ့မှာ AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ https://www.rfa.org/burmese/news/aa-rakhine-military-01082024102936.h tml
၉။ ဖားကန့် နမ့်တိန်နဲ့ ဝှေခါမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက် စခန်းမှူးအရှင်ဖမ်းမိ
    January 8, 2024

ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီ တပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဝှေခါစခန်းမှူးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KPDF တာဝန်ရှိသူတွေက အ တည်ပြုပြောဆိုပါတယ်။ ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းအစောပိုင်းကနေတပြိုင်နက် စခန်းသိမ်းတိုက်အဖြစ် ဝင်ရောက်တိုက် ခိုက်ခဲ့ရာကနေ ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ KPDF တာဝန်ရှိသူက ခုလိုပြောပါတယ်။“အား လုံး သိမ်းလိုက်နိုင်ပြီဗျ ဒီမနက်ကနေ တစ်ပြိုင်ထဲ ဝင်တိုက်တာ ခုအားလုံးသိမ်းပြီ စခန်းမှူးကိုလည်း အရှင်ရထားတယ်။ နောက်ထပ် ပြေးသွားတဲ့ဟာတွေတော့ လိုက်ဖမ်းနေတယ်“လို့ပြောပါတယ်။ ဖားကန့်သွားလမ်းမပေါ် နန့်ယားကျေးရွာအ ထက်မှာရှိတဲ့ နမ့်တိန်စစ်ကောင်စီတပ်စခန်းကို ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖားကန့် ဆိုင်းတောင်အုပ်စု ဝှေခါတပ်စခန်းကို မနက်ပိုင်း ၅ နာရီလောက်မှာ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နန့်တိန်းစခန်းဟာ မြစ်ကြီးနား – ဖားကန့်သွားတဲ့လမ်းမပေါ်မှာရှိတဲ့ ကြားစခန်းဖြစ်ပြီး၊ ‌ဝှေခါ တပ်စခန်းဟာ ဝှေခါမှော်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့အပြင် ဖားကန့်မြို့ စစ်ဗျူဟာကုန်းအတွက်လည်း လုံခြုံရေးယူပေး တဲ့ တပ်စခန်းကြီးတစ်ခုဖြစ်ကာ ဆယ်စုနှစ်အထိုင်ချထားတဲ့ စခန်းကုန်းဖြစ်ပါတယ်။ ဒါ့အပြင် ‌ဝှေခါရဲစခန်းကိုလည်း တစ်ပါ တည်း တိုက်ခိုက်သိမ်းပ်ိုက်ထားနိုင်ပြီလို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ KIA,PDF ဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိ ထားပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာများပေမယ့် နယ်မြေရှင်းလင်းရေးလုပ်နေသေးတာကြောင့် အသေးစိတ်‌မသိရ သေးပါဘူး။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နှစ်ဆန်းပိုင်းလောက်နေ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်း နေရာတွေကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ သိရပြီး လုပ်ငန်းစတင်လိုက်တာ ဖြစ်နိုင် တယ်လို့ ဖားကန့် ဒေသခံပြည်သူတွေကိုလည်း သတိထားနေထိုင်ကြဖို့ ပြောဆိုထားတာလည်းရှိတယ်လို့ ဖားကန့် ဆိုင်းဖရာ ဒေသခံ တစ်ယောက် က အခုလိုပြောပါတယ်။“တပ်စခန်းတွေကို သူတို့ လုပ်ငန်းဝင်ဖို့ စီစဉ်ထားပြီး ပြောဆိုထားတာရှိပါ တယ်။ အဲ့ဒါဒီမနက်က စလိုက်တယ်လို့ ထင်ပါတယ်။ ပြောဆိုထားတယ်ဆိုပေမယ့် ပေါ်ပေါ်ထင်ထင်ပြောဆိုတာမျိုးတော့ မဟုတ်ဘူး။ သူတို့ရဲ့ ပုံစံက ဖားကန်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အကုန်ဝင်သိမ်းဖို့လုပ်နေတဲ့ သဘောပါပဲ”လို့ ပြောပါတယ်။ https://burmese. kachi nnews.com/2024/01/06/yl1-155/
၁၀။ သိန္နီမြို့ရှိ စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်နှင့် PLA BPLA KNDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
  January 8, 2024

သျှမ်းပြည် သိန္နီမြို့အခြေစိုက် စစ်‌ကောင်စီတပ် စကခ-၁၆ ကို ညီနောင်မဟာမိတ် တပ်များနှင့်အတူ PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ (ဇန်နဝါရီလ ၇ ရက်) နံနက် ၉ နာရီခန့်မှစ၍ သိန္နီမြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်များနှင့်အတူ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော် (PLA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PLA တပ်ဖွဲ့မှ သတင်းထုတ်ပြန်လာသည်။ သိန္နီမြို့ရှိ စကခ-၁၆ ဌာနချုပ် ကို ဇန်နဝါရီလ ၄ ရက် မှ စတင်တိုက်ခိုက်ခဲ့ပြီး တပ်ရင်းအတွင်းရှိ လက်နက်ကြီးကုန်းများ၊ ရဟတ်ယာဉ်ကွင်း၊ သံချပ်ကာ ကားများ၊ ဟောင်ဝစ်ဇာနှင့် လက်နက်ခဲယမ်း အများအပြားကို ဇန်နဝါရီလ ၇ ရက်တွင် သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန် ထားသည်။

စကခ-၁၆ နှင့် ကပ်ရပ်ရှိ ခလရ-၆၉ တပ်ရင်းကိုလည်း ဇန်နဝါရီလ ၄ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက် နေ့ တွင် စစ်ကောင်စီလက်အောက်ခံ ခမရ-၂၄၀၊ ခမရ-၃၂၃၊ အင်ဂျင်နီယာတပ်နှင့် ဆေးတပ်များအားလုံး ထွက်ပြေးသွား ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ အလားတူ ကွတ်ခိုင်မြို့အခြေစိုက် စစ်ဗျူဟာကုန်း (စဗခ)တပ်ကိုလည်း (ဇန်နဝါရီလ ၇ ရက်) ည ၁၁ နာရီခန့်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ ပြောရေးဆို ခွင့်ရှိသူရုံးမှ တာဝန်ခံတစ်ဦးက ပြောသည်။“ကွတ်ခိုင်မြို့က တပ်ကိုတော့ TNLA တပ်က မနေ့ညက ဝင်ရောက်ရှင်းလင်း သိမ်း ပိုက်နိုင်ခဲ့တယ်။ စစ်သုံ့ပန်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်အရေအတွက်ကိုတော့ အသေးစိတ် မသိရသေးပါဘူး”ဟု ကွတ်ခိုင် ဗျူဟာကုန်း စခန်းသိမ်းအခြေအနေကို TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးမှ ၎င်းတာဝန် ခံက ပြောသည်။ လက်ရှိတွင် “၁၀၂၇ စစ်ဆင်ရေး” နှစ်လခွဲကျော်အတွင်း ညီနောင်မဟာမိတ်တပ်များသည် သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ ကျော် ကို သိမ်းပိုက်ထားနိုင်ပြီး လားရှိုးနှင့် မူဆယ်မြို့များကို ဝိုင်းရံပိတ်ဆို့ထားသည်ဟု ဒေသခံများထံမှ သိရသည်။ https://burme se.shannews.org/archives/39255
၁၁။ ပကာရီရွာရဲစခန်းစစ်ဆင်ရေး၌ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ် မိုင်းနင်းမိပြီး တနင်္သာရီ ပြည်သူ ၁ ဦး ခြေထောက်ပြတ်
   January 8, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ပကာရီကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၂ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁ ရက် မနက် ၁၂ နာရီ ၄၅ မိနစ်မှာ ရဲစခန်းကို Dawei Defense Team-DDT (ထားဝယ်-ပကဖ)၊ ထားဝယ်ချောင်းဖျားနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်-KPDF (တပ် ရင်း-၁) တို့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါစစ်ဆင်ရေးမှာ KPDF (တပ်ရင်း-၁) မှ ရဲဘော်ချစ်ကိုနဲ့ ရဲဘော်ညီသဲတို့ ကျဆုံးခဲ့ တယ်လို့ Dawei Defense Team-DDT က ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ DDT ရဲ့ တာဝန်ရှိသူက “ပကာရီ ရဲစခန်း မစ်ရှင်မှာ ရဲဘော် ၃ ဦး လက်နက်ကြီးကျည်ထိပြီး ၂ ဦး ကျသွားတယ်၊ ၁ ဦးက ဒဏ်ရာ ရတာပေါ့။ မိသားစုဝင်တွေကို အကုန် အကြောင်းကြားပြီးပါပြီ။ မိဘတွေကတော့ ကိုယ့်သားသမီး ဆုံးရှုံးသွားတော့ဝမ်းနည်း ကြတယ်။ မိဘတွေကလည်း တော်လှန် ရေးလုပ်နေတယ်ဆိုတာ နားလည်ပြီးသားပါ” လို့ ပြောပါတယ်။ ပကာရီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နေရာ ၃ ခုခွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ကာ မနက် ၂ နာရီဝန်းကျင်အထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ပြန်ဆုတ်ချိန်မှာ စစ်ကောင်စီ ရဲ့ လက်နက်ကြီးနဲ့ ထိခိုက်မိတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာမှာ စစ်ကောင်စီရဲ့ မိုင်းနင်းမိတဲ့ အရပ်သားပြည်သူ တယောက် ဘယ်ခြေထောက်တဖက် ဖြတ်ထုတ်လိုက်ရသလို နောက်ထပ် ခြေတဖက်ကိုပါ ဆုံးရှုံးရဖို့အထိ ရှိနေတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။ မိုင်းနင်းမိတဲ့အရပ်သားမှာ အရှေ့မော်တုန်းရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ကာမိ ဆိုတဲ့ အမျိုးသားဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီရဲ့ ၃၀၆ မော်တုန်းအမြောက်တပ်ရင်းရှိ လက်နက်ကြီး ပစ်ခတ်လေ့ရှိတဲ့ တောင်ပေါ်နားမှာ ထောင်ထားတဲ့မိုင်းကို နင်းမိခဲ့တာလို့ သိရပါတယ်။ ဒေသခံတဦးက “မိုင်းပေါက်တာက ၃၀၆ တပ်ရင်းနဲ့ နီးနီးလေးပဲ။ မိုင်းက ဒီတပ်ရင်းကနေ ထောင်ထားတဲ့မိုင်းပါ။ အဲ့ဒီတပ်ရင်းနားကလူတွေ အော်သံကြားလို့ ထွက်ပြေး လာပြီးကြည့်တော့ ရွာသားတွေ သစ်ခုတ်ဝါးခုတ်ဖို့ အတက်အဆင်းလုပ်နေတဲ့လမ်းမှာ ဦးကာမိ က မိုင်းထိပြီး လဲနေတာကို တွေ့တာပါ” လို့ ပြောပါတယ်။ ဦးကာမိမှာ မွေးချင်းမောင်နှမ ၈ ဦးအထိရှိပြီး သူ့ရဲ့ နှမဖြစ်သူနဲ့ မိခင်တို့ကို လုပ်ကျွေးနေသူ တဦး ဖြစ်ကာ နေအိမ်အတွက် လိုအပ်တဲ့ ဝါးခုတ်ဖို့သွားရင်း မိုင်းနင်းမိခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ ဘယ်ခြေထောက်တဖက် ဆုံးရှုံးထားတဲ့ ဦးကာမိဟာ စစ်ဆေးရုံမှာ နောက်ထပ် ခွဲစိတ်မှု လုပ်နေရပြီး ဒဏ်ရာက အလွန်ပြင်းထန်တာကြောင့် လူနာအခြေ အနေက စိုးရိမ်နေရသလို သူ့ရဲ့ ကျန်တဲ့ညာခြေထောက်တဖက်ကိုပါ ဖြတ်တောက်ခံရဖို့အထိ ရှိလာနိုင်တယ်လို့ သူနဲ့နီးစပ်သူတွေ ထံက သိရပါတယ်။ https://burmese.dvb.no/post/632984
၁၂။  လားရှိုးမြို့ ဒေသခံ အများအပြား မြို့ကိုစွန့်ခွာနေ
   January 9, 2023

သျှမ်းပြည် မြောက်ပိုင်း၊ မြို့တော် လားရှိုးနေ ဒေသခံ ပြည်သူ အများအပြား မြို့ကို စွန့်ခွာနေကြောင်း မြို့ခံ တစ်ဦးက ယနေ့ (ဇန်နဝါရီ ၉ ရက်)တွင် ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် သိန္နီနှင့် သီပေါမြို့ကို ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လားရှိုးမြို့အနီး တိုက်ပွားများ ဖြစ်ပွားလာရာက မြို့ကို တိုက်ခိုက်သိမ်းပိုက်မည် ဆိုသည့် သတင်း များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ယခုလို မြို့ကို စွန့်ခွာနေခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။“မနေ့က ကျနော် တို့ ထွက်လာတာ။ မြို့က ထွက်လာတဲ့သူတွေ အများကြီးပဲ။ နည်းနည်းနောနော မဟုတ်ဘူး။ ကျနော်က တော့ မိသားစုကို သျှမ်းတောင်မှာ ထားခဲ့ပြီး ပြန်သွားမယ်။ အိမ်ပြန်စောင့်ရမယ်။ အိမ်ဖောက်ဖို့ ချောင်းနေတဲ့သူတွေ ကလည်း အများကြီးပဲ” ဟု ၄င်းကရှင်းပြသည်။ လက်ရှိ လားရှိုး-မန္တလေးလမ်း ပြတ်တောက်နေသည်ဖြစ်ရာ မြို့စွန့်ခွာသူ များ အနေဖြင့် လာရှိုးမှ ထွက်လာ ပါက တန့်ယန်း လမ်းခွဲ၊ တန့်ယန်း လမ်းခွဲမှ ပြင်ရွာရောက်ပါက ညာကွေ့ပြီး တောလမ်း မောင်းကာ စဥ့်အင်တံတား အ‌ပေါ်နားက ကုန်းပုံရွာ ရောက်ရှိမည်ဖြစ်ပြီး ကုန်းပုံရွာမှ ၉ မိုင်လမ်းခွဲ၊ ယင်းမှ နမ့်လန်သို့သွား ကာ နမ့်လန်မှ ကျောက်ဂူ၊ ကျောက်ဂူမှ ရပ်စောက်သို့ သွားရောက်နိုင်သည်ဟု ၄င်းက ရှင်းပြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လားရှိုးမြို့တွင် လူဦးရေ ၆ သောင်းကျော်သာ ရှိသော်လည်း NLD အစိုးရ လက်ထက် ရွှေ့ပြောင်း အခြေချသူ များပြားလာကာ ဒေသတွင်း စစ်ဘေးရှောင်များပါ လာရောက် ခိုလှုံနေသဖြင့် လက်ရှိ လူဦးရေ တစ်သိန်း ကျော်ရှိမည်ဟု လားရှိုးမြို့အခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူတစ်ဦးက ပြောသည်။“လောက်ကိုင်နဲ့ တခြားက စစ်ရှောင်တွေလည်း အများကြီး ရှိနေတယ်။ အခုက တတ်နိုင်တဲ့သူတွေကတော့ ကိုယ့်ကားနဲ့ကိုယ် မြို့က ထွက် နေကြတာ။ မန္တလေးကို တောလမ်းက ဆွဲပေးနေတဲ့ လိုင်းကားတွေလည်းရှိတယ်။ ကားခကတော့ စျေးကြီးတယ်။ ကျနော်တို့ ထွက်မသွားပါ ဘူး။ မြို့ပေါ် တိုက်ပွဲဖြစ်ရင် ဘယ်လို ကူညီမလဲ ဆိုတာ ပြင်ဆင်နေပါတယ်” ဟု ၄င်းက ရှင်းပြသည်။ မြို့ပေါ် ရပ်ကွက် ၁၂ ခုဖြင့် ဖွဲ့စည်းထားသော လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထား သဖြင့် ညီနောင် မဟာမိတ် များ အနေဖြင့် လားရှိုးမြို့ကို တိုက်ခိုက် သိမ်းပိုက်မည်ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ ကြောင်း ၄င်းကဆိုသည်။ https ://www.facebook.com/photo/?fbid=694291232810591&set=pcb.694291469477234
၁၃။ ဖရူဆို၊ ထီးကလူဒေါကျေးရွာမှာ တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်ထားခဲ့
  January 8, 2024

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးကလူဒေါကျေးရွာမှာ ၁ နှစ်ကျော်ကြာအထိ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဆုတ် သွားပြီဖြစ်ပေမဲ့ နေအိမ်ခြံဝန်း၊ ကျေးရွာလမ်းချင်းဆက်တွေနဲ့ ကာဘာကျင်းတွေမှာ မြေမြှုပ်မိုင်း အများအပြားထောင်ထား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ မြေမြုပ်မိုင်းတွေရှိနေတာကြောင့် မိမိတို့ရဲ့ နေအိမ်ပြန်လာကြည့်ချင်တဲ့ ရွာခံ တွေအတွက် အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ မိမိတို့ နေအိမ်ကို ပြန်လာကြည့် သူလဲရှိတာ ကြောင့် သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုထားပါတယ်။

“လက်နက်ကြီး ကျရောက်မကွဲတာတွေ၊ မိုင်းတွေဘာဖြစ်ဖြစ် အမှတ်သားလုပ်ထားပေးဖို့နဲ့ ကျေးရွာသူ/သား၊ စစ်ဘေး ရှောင်တွေ အားလုံး အသွားအလာမှာ မိုင်းအန္တရာယ်တွေကို သတိထားဖို့လိုတယ်။”လို့ တော်လှန်ရေး ရဲဘော်တစ်ဦး က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထီးကလူဒေါကျေးရွာအတွင်း ကာလကြာရှည်တပ်စွဲထားခဲ့ပြီး လူနေအိမ်၊ အဆောက်အအုံ တချို့နဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေဟာ ရွာလုံးကျွတ် စစ်ဘေးရှောင် နေရတာ ၂ နှစ်ရှိနေ ပြီဖြစ်ပြီး လက်ရှိမှာ နေရပ်ပြန်နေထိုင်ဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီကျေးရွာမှာ နေအိမ် ၈၄အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%96%e1%80%9b%e1%80%b0%e1%8 0%86%e1%80%ad%e1%80
၁၄။ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်း စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်း များ နှင့်အတူ အလင်းဝင်၊ သေနတ် တစ်လက်လျှင် ငွေကျပ် သိန်း ၆၀ နှုန်းဖြင့် ဆုချီးမြှင့်ထား
January 9, 2024

ချင်းပြည်နယ်၊ ခလရ ၂၆၉ စစ်ကောင်စီလက်အောက်ခံ တပ်သား ၃ ဦး လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ ပြီး သေနတ် တစ်လက်လျှင် ငွေ ကျပ် သိန်း ၆၀ နှုန်းဖြင့် ဆုချီးမြှင့်ထားကြောင်း PDF Zoland မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၆ ရက်‌နေ့က တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ် ကောင်စီတပ်သား ၃ ဦး သည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ထံ ဆက်လက်နေထိုင်လိုခြင်းမရှိတော့သဖြင့် ၎င်းတို့ ကိုင်ဆောင်သော သေနတ်၊ ကျည် ဘောက်၊ ကျည်ဆန်၊ ခဲယမ်များနှင့်အတူ PDF Zoland ထံ အလင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပါရှိလာသော လက်နက် တစ်လက်လျှင် သိန်း ၆၀ ကျပ်နှုန်းဖြင့် ချီးမြှင့် ထားကြောင်း သိရသည်။

“ဒီလ ၆ ရက်နေ့ကပါ၊ လက်နက် ၃ လက်ရယ်၊ ကျည်ဆန်လည်းပါတယ်၊ လက် ပစ် ဗုံးတွေလည်း ပါတယ်။ ဆုကြေး တွေပေးထားတယ်၊ တစ်လက်ကို သိန်း ၆၀ ၊ နောက်ပြီးတော့ ကျည်ဆံလဲပါမယ်၊ လော လောဆယ်တော့ သူတို့က တော်လှန်ရေး အဖွဲ့ထဲမှာ‌ ခေတ္တနားနေတယ်၊ ခိုလှုံနေတယ်၊ မိသားစုတွေ မပါဘူး၊ သူတို့ ၃ ယောက်က လူပျိုတွေပဲ” ဟု PDF Zoland မှ တာဝန်ရှိသူက ပြောကြားသည်။ https://www.facebook.com/photo/?fbid=730741685820107&set=a.568 1422787 6716
၁၅။ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ
January 8, 2024

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရဘဲကျေးရွာမှ ဖိုးဖိုးကျောက် ကမ်းခြေရောက် ရှိလာပြီး ညနေပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ညောပြင်ရွာအတွင်း ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” အဲစစ်ခွေး စစ်ကြောင်းက သကျက်တောရွာက နေအိမ် ၄  လုံးကို မီးရှို့ပြီး အောက်ဘက်ဆင်းလာတာ ရဘဲကျေးရွာကို လည်း ပတ်မွှေပြီး ၁ ရက်နားကြတယ်။ ဒီနေ့ မနက်မှ ဖိုးဖိုးကျောက် ကမ်းခြေရောက်လာပြီး ညနေပိုင်းမှာ ရွာထဲဝင် မီးရှို့ တော့ တာပဲ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နိုင်လိုက်တယ်။ ထိခိုက်မှုမရှိဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ညောပြင်ရွာ အနီး အဝိုက်တွင် ရှိနေ ကြောင်း၊ ညောပြင်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၃ မတ်လ တုန်းကလည်းရွာလုံးကျွတ် မီးရှို့ဖျက်ဆီး ခဲ့ပြီး နေအိမ်များ ပြန်လည် တည်ဆောက်ထားသည်မှာ မကြာသေးကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=73042701 2518241&set=pcb.730427122518230
၁၆။ စစ်တပ်ရဲ့ လေ‌ကြောင်းသုံး တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးမိတ်မြို့ခံ ထက်ဝက်ကျော် မြို့ကိုစွန့်ခွာ ထွက်ပြေး
 January 8, 2023

စစ်ကောင်စီတပ်ရဲ့ လေ‌ကြောင်းသုံး တိုက်ခိုက်မှုနဲ့ လက်နက်ကြီး တစ်ဖက်သတ် ပစ်ခတ်မှုကြောင့် ရှမ်းမြောက် မိုးမိတ် မြို့မှာ တိုက်ပွဲ ပြင်းထန်လာမှာကို ကြောက်ကြတာကြောင့် မြို့ပေါ်နေ ဒေသခံလူထု ထက်ဝက်ကျော်က ထွက်ပြေးတိမ်း ရှောင်‌ နေကြတယ်လို့ သိရပါတယ်။ တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်ကြတာကြောင့် မြို့ပေါ်က ဒေသခံတွေဟာ တစ်အိမ် ကို အိမ်စောင့် တစ်ယောက်လောက်သာ ကျန်ခဲ့ပြီး တချို့နေအိမ်ကတော့ အိမ်စောင့်တောင် မထားတော့ဘူးလို့ မြို့တွင်း ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။ “မိုးမိတ်ကလူတွေ တစ်အိမ်တစ်ယောက်လောက်ပဲ ရှိတော့တယ်။ မန္တလေး ဘက် ပြေးတဲ့သူကပြေး အခင်းဖက် ပြေးတဲ့သူကပြေး လူတွေ သိပ်မရှိတော့ဘူး။ အိမ်စောင့်လောက်ပဲကျန်တာ တချို့က အိမ်တောင် မစောင့်တော့ဘူး။ အိမ်ပစ်ထားပြီးမှ (တိုက်ပွဲ)ကင်းတဲ့ရွာကို ပြေးကြတာ။ ညညဆိုရင် သူတို့(စစ်တပ်) က လက်နက်ကြီး‌တွေ လျှောက်ပစ်နေတာ။ လူတွေက ကြောက်တာ အဲဒါကတစ်မျိုး။ တိုက်ပွဲဖြစ်ရင် လေယာဉ် ကြောက်တာ တစ်မျိုး အဲကြောင့် လူတွေက တော်တော် များများ ထွက်ပြေးကြတာ” ဇန်နဝါရီ ၇ ရက် နေ့လယ် ၃ နာရီဝန်းကျင်က မြစ်ဆုံမှာလည်း တအာင်းတပ်မတော်- TNLA နဲ့ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အုတ်ဖိုဘက်မှာ အလုပ် လုပ်နေတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတစ်ဦး လက်နက်စ ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆက် ပြောပါတယ်။ မိုးမိတ်မှာ အိမ်စောင့်မရှိတဲ့ နေအိမ်တချို့ အိမ်ဖောက်ခံရတာ‌တွေလည်း ရှိနေတယ်လို့ နောက်ထပ် မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ “အဖွဲ့အစည်းတွေကို အကူအညီ တောင်းပါတယ်။ ခိုးဆိုးလုယက် တာ‌တွေ နည်းနည်း လေး လုပ်ပေး(ဖမ်းပေး)ပါအုံး။ သူတို့ (သူခိုး)က အဖွဲ့လိုက် ရှိတာထင်တယ်။ အိမ်ထဲမှာ ထားတာ တောင် တံခါးတွေ ဖျက်ပြီးမှ ဝင်ယူပြီး မသွားတာပဲ။ ဒီမှာဆို မနည်းဘူး အဲလိုဖောက်ခံရတာ။ အခိုးခံနေရတာ။ လူတွေက မရှိကြဘူးလေ။ ကျနော် ပြောချင် တာ အိမ်တစ်အိမ်မှာ အိမ်စောင့်လောက်တော့ ထားခဲ့ကြအုံး ဘာပဲဖြစ်ဖြစ် ကိုယ်ရှာထား တဲ့ ပစ္စည်းတွေပဲ” နေအိမ်တွေ အများဆုံး ဖောက်ထွင်းခံရတဲ့ ရပ်ကွက်တွေကတော့ လက်ခုတ်တန်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းက ရပ်ကွက်တွေဖြစ်ပြီး လူသူမရှိတဲ့ နေအိမ် အားလုံးနီးပါး ဖောက်ထွင်းခံနေရပါတယ်။ https://www.fa cebook.com/photo/?fbid=697941229179811&set=pcb.69794 1422513125
၁၇။ ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများကို PNLO ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
   January 8, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နဲ့မောက်မယ်မြို့နယ်အတွင်းရှိ ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်လာတဲ့ ပြည်သူ တွေကို စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ကူညီခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ နဲ့ ၇ ရက်နေ့မှာ ဘန်းယဉ်၊ နောင်မွန်၊ နောင်ထောဝ်၊ စလောင်း ထောင်၊ ဗန်းမက် စတဲ့ စစ်ဘေးရှောင်နေရာ ၇ ခုကို သွားရောက်ကူညီခဲ့တာဖြစ်ပြီး ကီလို ၅၀ ဆန့်တဲ့ ဆန်အိတ်ပေါင်း ၃၅၀ အိတ် ၊ မိသားစု အသုံးအဆောင်ပစ္စည်းများနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ကနဦးကူညီခဲ့တာပါ။“ကျန်တဲ့နေရာတွေ ကိုလည်း ဆက်ကူ သွား မယ်။ အခုက ဒီရက်ပိုင်းအတွင်း ကူညီခဲ့တာတွေပါ။ အခုကူညီနိုင်တဲ ပမာဏက အရမ်းကို နည်းပါး နေသေးတယ်။ စစ်ဘေးရှောင် က သောင်းချီရှိတယ်။လူသားချင်းစာနာစိတ်နဲ့ အကုန်လုံး ဝိုင်းဝန်းကူညီကြဖို့ လိုတယ်” လို့ PNLO မှ တာဝန်ရှိသူ တစ်ဦးကပြော ပါတယ်။

PNLO အနေနဲ့ အဲ့ဒီလို အကူအညီပေးရာမှာ လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအနေနဲ့ ကူညီခဲ့တာဖြစ် တယ် လို့ သူကဆိုပါတယ်။“စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံပေါ့နော်။ ဘာမှ ခွဲခြားမှု မရှိပဲနဲ့ ကျွန်တော်တို့ စာရင်းရတဲ့ အဆက်အသွယ်လက်လှမ်းမှီတဲ့ နေရာတွေကို ပြည်တွင်း ပြည်ပအလှူရှင်တွေ နိုင်ငံတကာ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့နေရာအထိ သွားရောက် ကူညီပါတယ်”လို့ သူကပြောပါတယ်။ အခုလိုမျိုး လာရောက်ကူညီတဲ့အတွက် အထောက်အပံ့ဖြစ်တယ်လို့လည်း ဘန်းယဉ်မြို့မှာရောက်ရှိနေတဲ့ စစ်ဘေးရှောင် တစ်ဦး ကပြောပါ တယ်။“ကျွန်တော်တို့ဆီမှာ အရင်က အလှူရှင်တွေ တစ်ခါမှ မရောက်ဖူးပါဘူး။ ဒီအဖွဲ့အစည်းကပဲ လာလှူတာတော့ ၂ ခါရှိပြီ ၂၀၂၃ တုန်းကတစ်ခါ အခုတစ်ခါပေါ့နော်။ ဘာပဲဖြစ်ဖြစ် အခုလို ကူညီတာကျေးဇူးတင်ပါတယ်” လို့ သူကပြောပါတယ်။ ကရင်နီ ပြည်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ PNLO အခြေပြုဒေသကို လာရောက်ခိုလှုံနိုင်တယ်လို့လည်း PNLO က တရားဝင် ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ https://www.fa cebook.com/photo/?fbid=398461092540341&set=pc b.398461205873663
၁၈။ ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်းဒေသခံ နေအိမ် ရာချီဖောက်ထွင်းခံရ
   January 9, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာမှာစစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ခဲ့တဲ့ နှစ်လ နီးပါးအတွင်း ဒေသခံ တွေရဲ့နေအိမ် တထောင်နီးပါး ဖောက်ထွင်းခိုး ယူ ဖျက်ဆီးခံခဲ့ရတယ်လို့ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။ “အဒေါ်တို့အိမ်က ကုန်ဆုံဆိုင်ဖွင့်ထားတာ၊ ဟိုတနေ့က အိမ်ဘက်ဝင်ကြည့်တော့ ဘာမှမရှိတော့ဘူး၊ စားသောက်စရာမှန်သမျှ ကော်ဖီထုပ်ကအစ ဘာမှ မကျန်တော့ဘူး၊ အစကတော့ ကိုယ့်အိမ် တယောက် ထင်တာပေါ့၊ ဘယ်ဟုတ်မလည်း ဘေးနားရွာတွေကပါ မနည်းဘူး၊ ဖောက်ထွင်းခံထားရတာ”လို့ နေအိမ် ဖောက်ထွင်းခံခဲ့ရတဲ့ ချောင်းနှစ်ခွ ဒေသခံအမျိုးသမီး တဦးက ပြောပါတယ်။ ဖောက်ထွင်းခိုးယူခံရတဲ့နေအိမ်တွေဟာ ချောင်းနှစ် ခွအနီးက ကော့စပ်၊ သရက် ကုန်း၊ ကျောက်ကွဲ၊ မယ် တရို၊ တောင်ကလေးကျေးရွာတွေက နေအိမ်ရာနဲ့ ချီပါဝင်ပြီး ချောင်းနှစ်ခွကျေးရွာကတော့ နေအိမ် ၅၀၀ ကျော်ခိုးယူဖောက် ထွင်းခံခဲ့ရတာလို့ဆိုပါတယ်။ “တိုက်ပွဲစဖြစ်ပြီးတော့ စစ်သားတွေ ရွာထဲ လေ ယာဉ်နဲ့ပစ်တဲ့အချိန် တုန်းကလေ၊ အဲဒီမှာ ရွာမှာ ဘယ်သူမှ မရှိတော့ သူတို့(စစ်သား)တွေ ဝင်ထွက်တာ၊ တခါ ကိုယ့်အိမ်ကို ဝင်ကြည့်ဖို့ သွား တာ မလှမ်းမကမ်းကနေ စစ်သားရှိ နေတာ မကြည့်ရဲဘူး၊ ယူနေတာက ကိုယ့်မျက်စိနဲ့မြင်ခဲ့တာဗျာ”လို့ နောက်ထပ် ချောင်းနှစ်ခွဒေသခံတဦးက ပြောပါတယ်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွတံတား စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ လ ၁၀ ရက်ကစပြီး ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်ခဲ့ တာပါ။ ပူးပေါင်းအဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအကြာမှာချောင်းနှစ်ခွတံတားစစ်ဆေးရေးဂိတ်ကို တော်လှန် ရေးအင်အားစုတွေ ထိန်းချုပ်နိုင် ခဲ့ပေမယ့် ချောင်းနှစ်ခွနယ်မြေရဲစခန်းကိုတော့ ထိန်း ချုပ်နိုင်ခဲ့ခြင်းမရှိဘဲ နေ့စဉ်နဲ့ အမျှ ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း ချောင်းနှစ်ခွကျေးရွာ အပါအဝင် အနီး ပတ်ဝန်းကျင် ကျေးရွာပေါင်းနှစ်ဆယ်ကျော်က ဒေသခံပြည်သူ သုံးသောင်းနီးပါးထွက်ပြေး တိမ်းရှောင်ခဲ့ ရပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေထဲကဆိုင်ကယ်၊ ဖုန်း၊ ကွန်ပျူတာ၊ လုပ်ငန်းသုံး စက်ပစ္စည်းအမျိုးမျိုး၊ အိမ်သုံး ပရိဘောဂ၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ဆန်စပါးစားသောက်ဖွယ်ရာတွေအပါအဝင် တခြား တန်ဖိုးကြီးပစ္စည်းတွေကို ယူသွားကြ တာလို့ ဆိုပါတယ်။ ဒါကြောင့်နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဟာ နေရပ်မပြန်ရဲကြသေးဘဲ တောတောင် ဥယျာဉ်ခြံမြေ၊ ဘုန်းတော်ကြီးကျောင်းနဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ https:// www.facebook.com/photo/?fbid=77289891821652 1&set=pcb.772899838216429
၁၉။ ကျောက်စိမ်းကုမ္ပဏီများ၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုများကြောင့် ရှာရော်ခကျေးရွာနေပြည်သူများအခက်တွေ့
  January 9, 2024

ကျောက်စိမ်းကုမ္ပဏီများက ဖားကန့်မြို့ ရှရော်ခကျေးရွာအတွင်း ညသန်းခေါင်ယံအချိန် လာရောက်မြေစာစွန့်ပစ်သည့် ဆူညံသံများကြောင့် ဒေသခံပြည်သူများက ညအိပ်မရဘဲ အခက်အခဲဖြစ်နေကြောင်း သိရသည်။ ရှရော်ခကျေးရွာအတွင်းရှိ စိတ္တသုခဘုန်းကြီးကျောင်းအနီး ညနေ (၆) နာရီခန့်မှ နံနက် (၇) နာရီအထိ မြေစာများလာရောက်စွန့်ပစ်နေကြခြင်းဖြစ်ပြီး မြေစာ သွန်သည့်အသံနှင့် ကားသံများအလွန်ဆူညံကြောင်း အဆိုပါကျေးရွာနေ ရေမဆေးသမားတစ်ဦးက ပြောသည်။ “ညဆိုအိပ်မရ ဘူးဗျာ။ မြေစာမကျအောင် ပိတ်တဲ့ကားနောက်ပိတ်က အသံက တော်တော်ကိုကျယ်တယ်။ သူတိုအလုပ် မပြီးမချင်း တော်တော် ကို ဆူညံတယ်” ဟုသူကပြောသည်။ အဆိုပါနေရာကို စုပေါင်းရှယ်ယာဆိုဒ်ကုမ္ပဏီတွေက တစ်ည လျှင် မြေစာကာအစီး ၇၀ ထက်မနည်း လာရောက်မြေစာစွန့်ပစ်လေ့ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများက မြေစာ လာရောက်စွန့်ပစ်ခြင်းမပြုလုပ်ရန် ကုမ္ပဏီတာဝန်ရှိသူများကို သွားရောက်ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများက ခွင့်ပြုထားသည်ဟု ပြန်လည်ပြောကြားခဲ့ ကြောင်း အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ရွာဘုန်းကြီးကျောင်းဘက်ကို သွန်ချနေတာ မသွန်ဖို့သွားပြောတော့လည်း အထက်ကခိုင်းလိုလုပ်တာပါတဲ့။ ဒီနှစ်မိုးတွင်း တော့ ရေကြီးနိုင်ချေပိုများတယ်။ ချောင်းမှန်သမျှဖို့ လိုလေ။ ကျေးရွာကလူကြီးတွေနဲ့ ပေါင်းလုပ်ကြတာပါ” ဟုပြောသည်။

မြေစာစွန့်ပစ်နေခြင်းနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများကို သွားရောက်ပြောဆိုသော်လည်း တစ်စုံ တရာ ပြန်လည် တုံ့ပြန်လာခြင်းမျိုးမရှိကြောင်း ဒေသခံပြည်သူများထံကသိရသည်။ လက်ရှိအချိန်တွင် ဖားကန့်မြို အေးမြသာယာ အုပ်စု ရှရော်ခကျေးရွာတွင် စွန့်ပစ်မြေစာများမှာ ပေ ၆၀ ခန့်ကျယ်ပြီး အမြင့်ပေ ၄၀ ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လကလည်း ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက ကျေးရွာများ အနီး မြေစာစွန့်ပစ်ခြင်းကို ကန့်ကွက်ကြောင်းဆန္ဒပြခဲ့သည်။ ဥရုချောင်းတစ်လျှောက်တွင် ကျောက်မျောတိုက်ခြင်းအပြင် ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် အောက်တို ဘာလမှစတင်ကာ မြေစာသွန်ခြင်း၊ ချောင်းအတွင်းမြေစာများဖို့ကာ မြေစာကားများသွား လာနေသဖြင့် ချောင်းတိမ်ကောလာ မည် ကို ဒေသခံများစိုးရိမ်နေကြသည်။ https://www.facebook.com/photo?fbid=689709436690061&set=pcb.68990057
၂၀။ အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေအပေါ် ကာမလိမ်လည်ရယူမှု အဖြစ်များလာတယ်လို့ KyWO ပြော
   January 8, 2024

စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း ကရင်နီပြည်မှာ အမျိုးသမီးတွေအပေါ် ကာမလိမ်လည်ရယူမှုတွေ အဖြစ်များ လာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။“လိမ်လည်ကာမ ရယူမှုကျ တော့ လည်း တစ်ကယ်တမ်းတော့ မြေပြင်မှာ အရမ်းများတယ်ပေါ့နော။ အဲဒီဟာတွေဆိုလို့ရှိရင် ကျမတို့ စစ်ရှောင်စခန်း တွေမှာလည်း ဖြစ်တယ်။ စစ်မရှောင်တဲ့ လူထုတွေကြားပေါ့နော ကျေးရွာတွေမှာဆိုလည်း ဖြစ်တာတွေရှိတယ်။ နောက် တစ်ခုကျတော့ ပြောရမယ်ဆိုရင်တော့ ကျမတို့ လက်ရှိ ဒီတော်လှန်ရေးအဖွဲ့ပြောရမှာပေါ့နော။ ဒီတပ်တွင်းကြားတွေထဲမှာ ဆိုလည်း ဖြစ်နေတဲ့ဟာတွေ ရှိတယ်။ ထုတ်ဖော်ပြောတာနဲ့ မပြောတာလောက်ပဲ ကွာတယ်ပေါ့” လို့ ကယန်းအမျိုးသမီး အစည်းအရုံး KyWO က တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။ လိမ်လည်ပြီး ကာမ ရယူမှုလို့ဆိုရာမှာ အမျိုးသား၊ အမျိုးသမီး နှစ်ဦးကြား သဘောတူညီမှုကြောင့် အတူ နေထိုင်ရာမှ အမျိုးသားဖက်က တာ၀န်ယူမှု၊ တာ၀န်ခံမှု မရှိပဲ ဖယ်ချန် ထားခြင်းကို ဆိုလိုကြောင်း ကယန်းအမျိုးသမီးအစည်း အရုံး KyWO က တာ၀န်ရှိသူက ရှင်းပြပါတယ်။

လိမ်လည်ပြီး ကာမရယူမှု အဖြစ်များလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေ အဖြစ်များလာပြီး ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ပိုများလာတယ်လို့ဆိုပါတယ်။ လက်ရှိ ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းနေသလို အခုလို ကျား/မ ဆိုင်ရာအခြေပြု အကြမ်းဖက်မှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများလာတယ်လို့လည်း KyWO မှ တာ၀န်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။“တရားရုံးတွေက လွယ် လွယ် ကူကူသွားလို့မရဘူးပေါ့နော။ အဲ့ဒါတွေရှိမယ်။ ပြီးတော့ နိုင်ငံရေးအရက သွားလို့လာလို့ မလွယ်ကူဘူးပေါ့ လုံခြုံရေး အရပေါ့နော။ အဲ့လိုဆိုတော့ ဥပဒေမရှိဘူးဆိုတဲ့အပေါ်မှာက အလွှဲသုံးစား လုပ်ပြီးတော့ ကျူးလွန်တဲ့သူတွေ ပိုများလာ တာကိုတွေ့ရတာပေါ့” လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ https:// www.kantarawaddytimes.org/% e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9e%e1%80%

၂၁။  ဝှေခါတိုက်ပွဲရှောင်ပြည်သူ တစ်ထောင်ကျော်အတွက်အကူအညီလိုအပ်
   January 8, 2024

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဝှေခါမှော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဖားကန့်နဲ့ဆိုင်းတောင်မှာ လာ ရောက် စစ်ရှောင်နေကြတဲ့ ဒေသခံတစ်ထောင်ကျော်အတွက် အစားသောက်နဲ့စောင်များလိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဝှေခါဘက်က ပြည်သူတွေဟာ ဖားကန့်မြို့ဆိပ်မူကျေးရွာရှိ စိမ်မြသုခကျောင်းတိုက်မှာ လူဦးရေ ၇၀၀ ကျော်၊ ဆိုင်း‌‌တောင် နှစ်ခြင်းဘုရားကျောင်းမှာလည်း (အရေအတွက်စီစစ်ဆဲ)၊ လုံးခင်းကျေးရွာရှိ မေဓိကာရာမ ကျောင်းတိုက်မှာ  ၁၁၅ ဦး ရောက်ရှိ‌နေတယ်လို့ စစ်ရှောင်ကူညီလုပ်ကိုင်ပေးနေတဲ့သူတွေဆီက သိရပါတယ်။ “အခုက အရင်တစ်ခါကကျန်တဲ့ အလှူငွေ နဲ့ လိုအပ်တာ လုပ်ကိုင်ပေးနေတာပေါ့၊ဆောင်းတွင်းဆိုတော့ စောင်တို့၊အနွေးထည်တို့ လိုအပ်တာပေါ့“ လို့ ကူညီလုပ်ကိုင် ပေးနေသူတွေဆီက သိရပါတယ်။ ဒီစစ်ရှောင်တွေဟာ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး ဝှေခါရွာမှာရှိတဲ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA,PDF ပူးပေါင်းတပ်များ စခန်းသိမ်းတိုက်ပွဲစတင်လိုက်ပြီးနောက်  ‌စစ်တပ်ဘက်က လေကြောင်းနဲ့လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဂျမ်ဂါရွာကအများဆုံးပေါ့၊ အားလုံးတစ်ထောင်ကျော်မယ်၊ ကလေးသူငယ်တွေကအစ ပါခဲ့တာပေါ့၊ ရွာမှာတော့ အစောင့် လောက်ပဲ ကျန်ခဲ့တော့တယ်။ ရွာမှာမနေရဲ‌ကြတော့ဘူး၊ တိုက်ပွဲဖြစ်တုန်းကတော့ လက်နက်ကြီးတွေနဲ့ချည်း ပစ်ကြ တာပဲ၊ ရွာထဲက အိမ်တစ်လုံးတော့ လက်နက်ကြီးကျည်ကျလို့ မီးလောင်သွားခဲ့တယ်“လို့ နောက်ထပ် ဂျန်ဂါကျေးရွာ‌က တိုက်ပွဲ ရှောင် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ လောလောဆယ် တိုက်ပွဲရှောင်ပြည်သူများကို လက်ရှိ စားသောက် နေထိုင် ရေး ကိစ္စရပ်များအား လုံးခင်းကျောင်းတိုက်ဆရာတော်နဲ့တကွ ရပ်မိရပ်ဖများမှ ကူညီဆောင်ရွက်ပေးထားတယ်လို့ သိရပါ တယ်။ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ် ကနေ ဝှေခါကျေးရွာရှိ စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ အဓိကအားထားရာ မြေပြင်‌ အခြေစိုက် စခန်း ကုန်းတစ်ခုနဲ့ ရဲစခန်းကို သိမ်းပိုက်ထားရှိတယ်လို့ သိရပါတယ်။ https://burmese.kachinnews.co m/2024/01/08/zz3-2/
၂၂။ ဆခေါဇာရဲစခန်းကို စစ်ကောင်စီ အသုံးမပြုနိုင်ရန် ရေးဘီလူးအဖွဲ့ မီးရှို့
  January 8, 2024

မွန်ပြည်နယ် ၊ ခေါဇာမြို့ရှိ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးမပြုနိုင်ရန် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း  ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။ ခေါဇာမြို့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင် ဘက် တွင်ရှိသော မြို့နယ်ခွဲအဆင့်ရှိသည့် မြို့တမြို့ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ခေါဇာရဲစခန်းကို အသုံးပြုကာ မြို့နေပြည်သူများကို ခြိမ်းခြောက်ခြင်း၊ငွေတောင်းခြင်း ၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် အဆိုပါရဲစခန်းကို ထပ်မံ အသုံးမပြုနိုင်စေရန် မီးရှို့လိုက်ရခြင်းဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ ဦးဆောင်သူက ပြောသည်။ ၎င်းက “ကျနော်တို့ က စခန်းကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ ထပ်ပြီးတော့ မသုံးရအောင်ပေါ့။ သူတို့ ပြည်သူကို စစ်တယ်၊ ဆေးတယ်။ နိုင်ထက်စီးနင်းအပြု အမူ တွေ ပြုလုပ်တယ်။ ညဘက်တွေဆိုရင်လည်း ရာဘာခြစ်တဲ့ ခြံသမားတွေ တွေ့ရင်လည်း ရိုက်ပုတ် တယ်။ အနိုင်ကျင့်တယ်။ ဖမ်းဆီးတယ်။ ငွေကြေးနဲ့ ပြန်ရွေးခိုင်းတယ်။ အဲဒီလို ပြုလုပ်တာတွေ  များလာတော့ ပြည်သူတွေ က ကျနော်တို့ကို တိုင်တယ်” ဟု ဆိုသည်။

ယင်းအခြေနေများကြောင့် ခေါဇာရဲစခန်းအား စီးနင်းတိုက်ခိုက်ရန် စခန်းသို့ဝင်ရောက်ချိန်တွင်မူ ရဲတပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စခန်းအတွင်း ရှိမနေကြောင်း၊ စစ်ကောင်စီတပ်သည် ခေါဇာမြို့ထဲရှိ တပ်စခန်းအတွင်းရှိ‌နေ သော်လည်း ရဲစခန်းကို မီးတင်ရှို့သည့်အချိန်တွင် စခန်းအပြင်သို့ ထွက်လာခြင်းမရှိကြောင်း ရေးဘီလူးအဖွဲ့ ဦးဆောင်သူက ဆိုသည်။ ရေးဘီလူးအဖွဲ့သည် ၂၀၂၂ ခုနှစ်ကလည်း ခေါဇာမြို့ရဲစခန်းမှူးအပါအဝင် ရဲတပ်ကြပ်တဦးနှင့် ရဲတပ်သားတဦးကို ပစ်ခတ် ရှင်းလင်းပြီး သေနတ် ၃ လက်သိမ်းဆည်းနိုင်ခဲ့သည်။ ရေးဘီလူးအဖွဲ့သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာသည့် ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲမှုအောက်ရှိ အထူးစစ်ဆင်ရေး အဖွဲ့တွင် တပ်ခွဲတခွဲအဖြစ် ပါဝင်လှုပ်ရှားလျက်ရှိသည်။ https://www.facebook.com/photo/?fbid=77317 3288189194&set=pcb.773 173521522504
၂၃။ ထားဝယ်ထောင်မှာ နိုင်/ကျဥ်းတဦး ဆေးကု သခွင့်မရလို့ မျက်စိကွယ်လုနီးပါးဖြစ်နေ
   January 9, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသား တဦးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးထွန်းဝေ ဟာ ဆေးကုသခွင့်မရလို့ မျက်စိကွယ်လုနီးပါး ဖြစ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေနဲ့ ထားဝယ်နိုင်ငံရေး အကျဥ်း သားများကွန်ရက် (DPPN)တို့ဆီက သိရပါတယ်။ ” အခုက တယောက်နဲ့တယောက် တထွာလောက် ကွာတာနဲ့ ဘယ်သူမှန်းမသိ တော့တာ၊ သိပ်မရှင်းတော့ဘူး၊ ဘယ်သူလဲဆိုတာ အသံနားထောင်ပြီးပဲ ခန့်မှန်းနေရတယ် ” လို့ ဦးထွန်းဝေ ရဲ့ မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ်၊ စက်တင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်မြို့ခံ တဦးဖြစ်သူ ဦးထွန်းဝေဟာ အဖမ်းမခံရင်ခင်က မျက်စိနဲ့ ပတ်သက်တဲ့ ဘာရောဂါမှ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။ အဖမ်းခံရပြီး တနှစ်ခွဲလောက်ကြာမှသာ မျက်စိမှုန်လာခဲ့ပြီး အကျဥ်းထောင် ဆရာဝန်တွေနဲ့ စစ်ဆေးကြည့်ရာ က မျက်စိနှစ်ဖက်လုံး ရေတိမ်စွဲ နေတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။ ” အဲကတည်းက ခွဲရမယ့်အခြေအနေ ဖြစ်နေလို့ ဆေးမှူးနဲ့ တိုင်ပင်ပြီး အပေါ် (ထောင်ပိုင်) ကို စာတင်တာ၊ အခုထိ ခွင့်မပြုသေးဘူး ” လို့လည်း အထက်ပါ နီးစပ်သူက ပြောပါတယ်။

လက်ရှိမှာတော့ ဦးထွန်းဝေရဲ့ မျက်စိ နှစ်ဖက်လုံးကို ပြင်ပဆေးရုံမှာ အချိန်မှီ ခွဲစိတ်ကုသဖို့ လိုအပ်နေပြီး အချိန် နည်းနည်း ထပ်ကြာတာနဲ့ မျက်စိလုံးဝကွယ်သွားနိုင်တယ်လို့ သိရပါတယ်။ ” နောက်ပိုင်းဆို သူ့ဝေယျာဝစ္စတောင် သူမလုပ်နိုင်တဲ့ အခြေအနေဖြစ်လာမှာ၊ ဒီထက်ကြာလာရင် နှစ်ဖက်စလုံးကန်းမှာ၊ အထဲမှာလည်း ဘယ်လောက်ကြာကြာနေရဦးမလဲ မသိ ဘူး “လို့ မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးက ပြောပါတယ်။  ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ကတော့ ဦးထွန်းဝေကို ပြင်ပဆေးရုံတွေမှာ ခွဲစိတ်ကုသခွင့်ရဖို့ အကြိမ်ကြိမ်တင်ပြတောင်းဆိုထားပေမယ့် ထောင်အာဏာပိုင်တွေက အခုထိ ခွင့်မပြုဘူး လို့ ထုတ်ပြန်ထားပါတယ်။ ” ထောင်ထဲမှာက ဆေးပေးခန်းလောက်ပဲရှိတယ်၊ အခုလို ရောဂါကြီးတွေဆို သူတို့လည်း မကုပေးနိုင် ဘူး၊ အပြင်မှာကုသဖို့အတွက်ကိုလည်း ခွင့်မပြုပေးဘူး ” လို့ DPPN တာဝန်ရှိသူတဦးက ပြောပါ တယ်။ စစ်ကောင်စီဟာ နိုင်ငံ တဝှမ်းအကျဥ်းထောင်တွေမှာ ဆေးဝါးကုသမှု အလုံအလောက်မပေးတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်အတွင်းမှာပဲ နိုင်/ကျဉ်း ၁၇ ဦးအထိ အသက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများကွန်ရက်ရဲ့ အချက်အလက် တွေအရ သိရပါတယ်။ https://www.facebook.com/photo?fbid=77335 388171174&set=a.605723148267433
၂၄။ ပလက်ဝမြို့မရဲစခန်းကို အေအေသိမ်းပိုက်၊ စစ်တပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်
   January 9, 2024

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်း မကျဖို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေရတယ်လို့ မြို့ခံ တွေက ပြောပါတယ်။ ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်ဘက်က အပြင်းအထန် တိုက်ခိုက် တာကြောင့် စစ်​ကောင်စီဘက်က ဂျက်လေယာဥ်တွေ အပါအဝင် ရဟတ်ယာဥ်နဲ့ပါ အပြင်းအထန် ခုခံနေရတယ်လို့ ပလက်ဝ မြို့ခံ တဦးက ပြောပါတယ်။“ပလက်ဝမှာ မြို့အနီး တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ရှိပြီ။ မြို့မရဲစခန်းကိုလည်း အေအေ က သိမ်းပိုက်ထားပြီ။ မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝ ဗျူဟာလောက်ပဲ ကျန်တော့ တယ်။ အဲဒီစခန်း နှစ်ခုလည်း အပြင်အထန် တိုက်ခိုက်ခံနေရတော့ တခုနဲ့တခု မကူနိုင် မကယ်နိုင်တော့ဘူး။ ဒီအတိုင်းဆို ဘယ်နှရက်မှ တောင့်မခံ နိုင်တော့ဘူး။” ပလက်ဝမြို့နယ်ရှိ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပလက်ဝမြို့မ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို အေအေက သိမ်းပိုက်ရရှိထားပြီး မြို့တခုလုံးကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ မြို့ခံတွေက ပြောပေမဲ့ အေအေဘက်ကတော့ အတည်ပြုထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ လက်ရှိမှာ မြို့ရဲ့အရှေ့ဘက်မှာ ရှိတဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်းတို့ ကျသွားရင် ပလက်ဝမြို့နယ်တခုလုံးကို အေအေက သိမ်းပိုက်နိုင်တော့မယ့် အခြေ အနေ ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်ကတည်းက ရက္ခိုင့်တပ်တော်က နေ့တိုင်း ထိုးစစ်ဆင် တိုက်ခိုက်နေ တာဖြစ်ပြီး ပလက်ဝမြို့နယ်အတွင်းက အဓိကဗျူဟာကုန်း ၃ ခု အပါအဝင် တပ်စခန်းပေါင်း ၂၁ ခုအထိ သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက် လိုက်ပြီး စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်း မကျဖို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော် ဘက်က အပြင်းအထန် တိုက်ခိုက် တာကြောင့် စစ်​ကောင်စီဘက်က ဂျက်လေယာဥ်တွေ အပါအဝင် ရဟတ်ယာဥ်နဲ့ပါ အပြင်းအထန် ခုခံနေရတယ်လို့ ပလက်ဝမြို့ခံ တဦးက ပြောပါတယ်။ “ပလက်ဝမှာ မြို့အနီး တိုက်ပွဲပြင်းထန်နေတာ ၅ ရက် လောက်ရှိပြီ။ မြို့မရဲစခန်းကိုလည်း အေအေက သိမ်းပိုက်ထားပြီ။ မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝ ဗျူဟာလောက်ပဲ ကျန်တော့တယ်။ အဲဒီစခန်း နှစ်ခုလည်း အပြင်အထန် တိုက်ခိုက်ခံနေရတော့ တခုနဲ့တခု မကူနိုင် မကယ်နိုင်တော့ဘူး။ ဒီအတိုင်းဆို ဘယ်နှရက်မှ တောင့်မခံ နိုင်တော့ဘူး။” ပလက်ဝမြို့နယ်ရှိ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူ ဟာကုန်းကို ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ https://burmese.dvb.no/post/633021
၂၅။ ဖယ်ခုံတွင် စစ်ဘေးရှောင် ကလေးငယ် ၁၀၀ ခန့် ရေကျောက်ရောဂါ ဖြစ်ပွား
    January 8, 2024

ရှမ်း-ကယားနယ်စပ် ဖယ်ခုံအနောက်ခြမ်းကအနောက်ပဒေါင်တောင်ပေါ် စစ်ရှောင်စခန်းတွေမှာကလေးငယ်အယောက် ၁၀၀ နီးပါး ရေကျောက်ရောဂါ ဖြစ်ပွားနေတယ်လို့  ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူထံက သိရပါတယ်။ တောင်ပေါ် စစ်ရှောင်စခန်းဖြစ်တဲ့အတွက် ရေရှားပါးလို့ ကလေးငယ်တွေဟာ တကိုယ်ရေ သန့်ရှင်းရေး မလုပ်နိုင်တဲ့အပြင် မသန့်ရှင်းတဲ့ ရေ တွေကို သုံးစွဲနေရတဲ့အတွက် ရေကျောက်ရောဂါတွေ ဖြစ်ပွားလာရတာလို့ သိရပါတယ်။ ကျန်းမာရေးဆရာမတဦးက “ဆေးတွေ လူးပေးရတယ်၊ ကလေးတွေက ဖြစ်တာ ပိုများတယ်လေ။ ကြက်ဥတွေပဲ ကျွေးရတယ်။ ၅ ရက်လောက်ရှိပြီ၊ သူတို့လည်း မစား နိုင်တော့ဘူး။ တကယ် အရမ်းသနားဖို့ ကောင်းတယ်။ ဆေးတွေလည်းရှားတော့လေ” လို့ ပြောပါတယ်။

ရေကျောက်ရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ်တွေဟာ အရမ်းအေးတဲ့ ညဘက်တွေမှာ အိပ်မရတာ၊ အဖျားတက်တာ တွေပါ ဖြစ်နေကြပါတယ်။ အနောက်ပဒေါင်တောင်မှာ စစ်ရှောင်ဦးရေ ၁,၀၀၀ နီးပါးရှိပြီး အဓိကအားဖြင့် ရေရှားပါးမှုဒဏ် ကို ရင်ဆိုင်နေရပါတယ်။ ဒေသခံက “ရေက ဝယ်သုံးရတယ်။ တောင်ပေါ်မှာဆိုတော့ ရေရှားတယ်။ ထော်လာဂျီတစီးကို တသိန်းခွဲ ပေးဝယ်ရတယ်။ ရေကို ရွှေလိုသုံးနေရတယ်”လို့ ပြောပါတယ်။ ရေကျောက်ရောဂါကိုကုသဖို့ ဆေးဝယ်ယူဖို့ အတွက်လည်း အခက်အခဲရှိနေပြီး လိမ်းဆေးတွေကိုပဲ အားထားနေရပါတယ်။ https://burmese.dvb.no/post/632937
၂၆။ အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ စာသင်ကျောင်းပြန်ပြီးဖွင့်လှစ်
    January 8, 2024

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား/ သူ တွေကို စာသင်ကြားနေပြီလို့ အင်ဂျန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အင်ဂျန်းယန် မြို့ထဲ ဆယ်စုနှစ်ကျော်ကြာအထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်စခန်း အပြီးရုပ်သိမ်းဆုတ်ခွာသွားတဲ့အချိန် မြို့ထဲက အစိုးရအုပ် ချူပ် ရေးဆိုင်ရာ ရဲနဲ့ ဝန်ထမ်းများလည်း အားလုံး ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ ဇန်နဝါရီလ ဆန်းအတွင်း  ထွက်သွားကြတဲ့ အစိုးရ ကျောင်းဆရာ၊ ဆရာမတွေကို ရွာထဲက အသင်းတော်ခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေ ပြန်လည်ခေါ်ယူပြီး ကျောင်းပြန်လည်ခေါ်ယူပြီး  ဒီအပတ်ကစပြီး ကျောင်းပြန်လည်ဖွင့်လစ်နေပြီလို့ အင်ဂျန်းယန် ဒေသခံတွေ ပြောပါတယ်။“အခုက ထွက်ခွာပြန်သွားကြတဲ့ ဝန်ထမ်းတွေကို ပြန်ခေါ်ယူထားပြီး သူတို့နဲ့ ပြီးပညာသင်နှစ်ပြီးဆုံးအောင် ဆက် သင်ဖို့ ဟုတ်ပြီ။ဒီတလော တချို့ကျောင်းဆရာမတွေတော့ ရောက်ပြီ။ မြစ်ကြီးနား ဘက်ဆင်းသွားတဲ့သူတွေကို ပြန်ခေါ်ယူတာ ပေါ့။ နဂိုကတည်းကလည်း အင်ဂျန်းယန်မှာက အသင်းတော်နဲ့ ရပ်မိရပ်ဖတွေ နည်းနည်းစီတာဝန်ယူထားတာရှိတော့ အခုသူတို့ ကပဲ ပြန်ခေါ်ယူပြီး ပညာသင်နှစ်ပြီးဆုံးအောင် လုပ်နေတာပေါ့။”လို့ အင်ဂျန်းယန်ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ ပြန်ပြီးခေါ်ယူသင်ကြားပေးနေတဲ့ ဆရာ၊မတွေဟာ ၂၀၂၂– ၂၀၂၃ ပညာသင်နှစ်ကို ပြီးဆုံးအောင် သင်ကြား ပေးနိုင်ဖို့ သာဖြစ်ပြီး နောက်နှစ်ကစပြီးတော့ KIO ပညာရေးဌာန ကဦးဆောင်ပြီး ဖွင့်လှစ်တော့မှာ ဖြစ်သလို KIO ပညာရေးကျောင်း အဖြစ် ဆက်လက်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အင်ဂျန်းယန်ဒေသခံတွေက ပြောပါတယ်။ အင်ဂျန်းယန်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အင်ဂျန်းယန်မြို့ထဲ ဆယ်စုနှစ်ကျော်ကြာအထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်စခန်း အပြီးရုပ်သိမ်း ဆုတ်ခွာသွားတဲ့ အချိန် မြို့ထဲက အစိုးရအုပ်ချူပ်ရေးဆိုင်ရာ ရဲနဲ့ ဝန်ထမ်းများလည်း အားလုံး ထွက်ခွာသွားခဲ့ကြတဲ့အတွက် အခြေခံပညာအထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ၊ဆရာမများလည်း ထွက်ခွာသွားကြတာ ကြောင့် ကျောင်း ၁ လခွဲနီးပါးလောက် ပိတ်ထားလိုက်ရတာဖြစ်ပါတယ်။  ဒါကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာ ရေးဌာနဆိုင်ရာ ဘက်က ဦးဆောင်ပြီး အင်ဂျန်းယန်မှာ ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးအကောင်အထည် ဖော် နေတာဖြစ်ပါတယ်။“အင်ဂျန်းယန်မှာက အနီးပတ်ဝန်းကျင်ကျေးရွာတွေထဲက ကလေးတွေလည်း ကျောင်းလာတက်ရောက် နေတာပါတယ်။ ကျေးရွာတော်တော်များများက ကလေးတွေ တက်နေတာပေါ့။ ဆိုတော့ ဒီဒေသမှာ အဓိကလိုအပ်နေတာက KIO အစိုးရက တာဝန်ယူပြီး ကျောင်းတွေဖွင့်လှစ်တော့မဲ့အချိန်မှာလည်း အခြား NGO အဖွဲ့အစည်းတွေရဲ့ ကိုယ်ညီမှုတွေ လိုအပ်တယ်။ ဥပမာ ကျောင်းသုံးပစ္စည်းတွေ၊ ကျောင်းစရိတ်နဲ့ပတ်သက်တာတွေ များစွာခက်ခဲနေတယ်။ ပြီးတော့ ကျောင်း ဆရာ၊ဆရာမတွေ တော်တော်များများလိုအပ်တယ်။ အထက်တန်းကျောင်းဆိုတော့ အထက်တန်းပြန်ဘက် အားသန်တဲ့ ဆရာ၊ဆရာမတွေလည်း ထောက်ပံ့ပေးဖို့ လိုအပ်နေတယ်။”ဟု သူကဆက်ပြောပါတယ်။ https://burmese.kachin news.com/2024/01/08/ld1-103/
၂၇။ မွန်ပြည်နယ်တွင် စစ်ကောင်စီက ပြည်သူလူထု နေအိမ် ၂၀၀ ကျော်ကို ချိပ်ပိတ် သိမ်းဆည်း
  January 8, 2024

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့တနှစ်အတွင်း စစ်ကောင်စီက ဒေသခံတွေရဲ့နေအိမ် အနည်းဆုံး အလုံး ၂၀၀ ကျော်ကို ချိပ်ပိတ် သိမ်း ဆည်းခဲ့ပြီး အရပ်သားတွေရဲ့ နေအိမ်တွေ အများဆုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ မြေပြင်စာရင်းကောက်ယူနေတဲ့ အဖွဲ့အစည်း တွေဆီက သိရပါတယ်။ စစ်ကောင်စီက အရပ်သားတွေဟာ PDF တွေကို ထောက်ပံ့တာ၊ အားပေးတာ၊ ချိတ်ဆက်ကူညီ တာတွေ လုပ်နေတာကြောင့်လို့ စွပ်စွဲပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၁ နှစ်အတွင်း လူနေအိမ် အနည်း ဆုံး ၂၂၆ လုံး လောက်အထိ ချိပ်ပိတ် သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။ အဲဒီ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ လူနေအိမ်တွေဟာ NLD ပါတီဝင် တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ် အလုံး ၅၀ လောက်သာပါပြီး ကျန်တဲ့နေအိမ် အလုံး ၁၇၀ ကျော်လောက်ဟာ ဒေသခံ အရပ်သားတွေရဲ့ နေအိမ်တွေ အများဆုံးပါဝင် တယ်လို့ သိရပါတယ်။

မြေပြင်စာရင်းကောက်ယူနေတဲ့ အဖွဲ့တာဝန်ခံတယောက်က “စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားလာတာ ရှင်းရှင်းလေးပါ၊ သူတို့လုပ်ရပ်ကိုကြည့်ရင် သိသာတယ်လေ။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက အရပ်သားတွေရဲ့ အိမ်တွေပါ။ သူတို့ နိုင်တဲ့လူပဲ အနိုင်ကျင့်တဲ့သဘောပေါ့။ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တယ်၊ အားပေးတယ်လို့ စွပ်စွဲပြီး အရပ်သား တွေ ပိုင်ဆိုင်တဲ့ အရာမှန်သမျှ သိမ်းနေတာ။ လူကိုလည်း တွေ့ရင် ဖမ်းသေးတယ်။ အကျဉ်းထောင်ထဲ လူများ လာရင် နောက်လူ ထပ်ထည့်ဖို့ ခေါင်းစဉ်ကောင်းကောင်းတပ်ပြီး ပြန်လွှတ်တယ်။ စစ်ကောင်စီက ဘယ်လိုအကြောင်းနဲ့မှ ကျေးဇူးတင်စရာမရှိဘူး” လို့ ပြောပါတယ်။ အဲ့ဒီ နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ နေအိမ်ပိုင်ရှင် အများစုကိုလည်း အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရား အသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့် ကြောင်း ကြေညာထားတဲ့သူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ထားခြင်းမရှိတဲ့ သူတွေ လည်း ပါတယ်လို့ သိရပါတယ်။ ဒေသခံ တယောက်က “စစ်ကောင်စီက မကောင်းတာ အကုန်လုပ်တယ်။ အရပ်သားတွေ ပြည်သူတွေဆိုတာ ဘာမှမရှိဘူး။ ဟိုရက်က သံဖြူဇရပ်က ကိုယ့်ဝန်ထမ်းထွေအုပ်တောင် PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းခဲ့သေးတာလေ။ ကျမတို့ပြည်သူတွေကို ဖမ်း၊ ပိုင်ဆိုင်တာ လေးတွေကို သိမ်း လုပ်နေတာ ကျမတို့ဘဝ ပျက်နေပြီ၊ ပျက်စရာမရှိတော့ပါဘူး” လို့ ပြောပါတယ်။ https://burme se.dvb.no/post/632940
၂၈။ နှစ်လအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ဝင် ၆ ဦး ဘက်ပြောင်းခိုလှုံလာ၊ ရဲမေ ၂ ဦးပါဝင်
  January 8, 2024

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဘောလခဲမြို့မရဲစခန်းက အမျိုးသမီးရဲမေ ၂ ဦး၊ ရဲတပ်သား ၃ ဦး (စုစု ပေါင်း ၅ ဦး) နဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ရဲတပ်သားတစ်ဦး တို့ဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံ ဘက် ပြောင်းခိုလှုံလာတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင် ကြောင်း ဆန္ဒပြကာလဖြစ်တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ ရဲမေတွေ CDM ပြုလုပ်တာရှိပေမဲ့ တိုက်ပွဲဖြစ်ပွားပြီး နောက် ပိုင်းမှာတော့ ပထမဆုံးအကြိမ် ရဲမေ ၂ ဦး ဘက်ပြောင်းခိုလှုံလာတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF) မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။“ ရဲမေတွေကတော့ ဒါအခုတစ်ကြိမ်မှ အလင်းဝင်လာဖူးတာဖြစ် ပါတယ်။ အရင် ကတော့ စီဒီအမ်လုပ်လာတဲ့ ရဲမေတွေတော့ရှိတာပေါ့နော်။ ဒီ စစ်အာဏာသိမ်း စသိမ်းချိန်ကတော့ ရှိတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲ စဖြစ်တဲ့ နောက်ပိုင်းဆိုရင်တော့ အခုမှ ဝင်လာတာဖြစ်ပါတယ်။ ဆန္ဒပြတဲ့ကာလမှာတော့ ဝင်လာဖြစ်တာ ပေါ့နော်။ ဒီ ၂၀၂၁ ဆန္ဒပြတဲ့ ဒီဖေဖော်ဝါရီ တို့ မတ်တို့မှာပဲ အများဆုံးဝင်လာတာဖြစ်တာပေါ့နော်”လို့ KNDF ရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေဟာ စစ်ကောင်စီအပေါ် အယုံအကြည်မရှိတော့တာကြောင့် ပြည်သူနဲ့ လာရောက်ပူးပေါင်းခြင်းဖြစ်တယ်လို့ အဆိုပါ KNDF တာဝန်ရှိသူက ဆက်ပြောပါတယ်။“စစ်ကောင်စီ သူ့အောက်ခြေ မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေက အယုံအကြည်မရှိတော့ဘူး။ စတဲ့ ဒီအကြောင်းပြချက်တွေကြောင့် ဖြစ်တယ် ပေါ့နော်။ နောက်တစ်ခုကတော့ စစ်ကောင်စီနဲ့ ဆက်ပူးပေါင်း နေမယ်ဆိုရင် ဒါပြည်သူတွေရဲ့ ဒဏ်ခတ်တာကို ခံရမှာဖြစ်တဲ့ အတွက် စစ်ကောင်စီနဲ့ ဆက်မပေါင်းတော့ပဲနဲ့ ပြည်သူနဲ့ လာပူးပေါင်းခြင်းဖြစ်တယ်ပေါ့နော်” လို့ KNDF ရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ ဘက်ပြောင်းခိုလှုံလာသူ ၆ ဦးဟာ ဘောလခဲမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လက်နက်ငယ် ၅ လက်၊ ခဲယမ်းတွေနဲ့ အတူ အမျိုးသား (၃)ဦး နဲ့ အမျိုးသမီး (၂) ဦး၊ ဒီဇင်ဘာလ (၅) ရက်နေ့ မှာတော့ ရဲတပ်သား အမျိုးသားတစ်ဦးဟာ မိသားစုဝင်တွေနဲ့ အတူ လက်နက်ငယ် (၁) လက် ယူဆောင်လာကာ KNDF ထံ လာရောက်ပူးပေါင်းခဲ့ တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%94%e1%80%be%e1%80%85%e1%80%ba% e1%80%9c%e1%80
၂၉။ တနင်္သာရီတိုင်းတွင်  PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ  မွမ်းမံသင်တန်း ဆင်း ရဲဘော်များကို NUG က လက်နက်များ ထပ်မံ တပ်ဆင်
 January 8, 2024

တနင်္သာရီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသရှိ PDF အထူး စစ်ဆင်ရေးတပ်ဖွဲ့မှ မွမ်းမံသင်တန်းဆင်းရဲဘော်များကို လက်နက် တပ်ဆင် အခမ်း အနားပြု လုပ်ကြောင်း သိရှိရသည်။ လက်နက်တပ်ဆင် အခမ်းအနားသို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒု-စစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုင်းစစ် ဌာန(တနင်္သာရီ) အတွင်း စစ်ဆင်ရေး ရည် မှန်းချက်များနှင့် နွေဦးတော်လှန်ရေး ၂  နှစ်ကျော် ကာလ အတွင်း အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် စိတ်ဓာတ်မာကျောစွာ တိုက်ပွဲဝင်နေကြသော ရဲဘော်များ၏ ရဲစွမ်းသတ္တိကို ချီးမွမ်းဂုဏ်ပြု စကားပြောကြားခဲ့ကြောင်း သိရှိရ သည်။ ထို့နောက် PDF သင်တန်းဆင်းရဲဘော်များကိုယ်စား တပ်ရင်းတာဝန်ရှိသူများက ကျေးဇူးတင်စကား ပြောကြား၍  အခမ်း အနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=730334 565860819&set=pcb.730334989194110
၃၀။ တောင်ကြီးမှာ မူးယစ်ဆေးရောင်းသူတွေကို ရဲတွေက ခြိမ်းခြောက်ငွေညှစ်နေ
   January 8, 2023

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ရဲနဲ့ ရဲသတင်းပေး(အင်ဖော်မာ)တွေက ဒီဇင်ဘာလ အစပိုင်းလောက်စပြီး မူးယစ်ဆေး ရောင်းဝယ်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ တောင်ကြီးမူးယစ်ဆေး အသိုင်းအဝိုင်းထံမှ သိရပါတယ်။ လက်လီ ရောင်း ဝယ်သူ၊ ပို့ဆောင်သူတွေကို ဖမ်းဆီးချုပ်နှောင်တာမျိုး မလုပ်ဘဲ သိန်း ၁၀၀ အထိ ငွေညှစ်နေတယ်လို့ ဆိုပါတယ်။ မူးယစ် အသိုင်း အဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက “ဖမ်းဆိုတော့ မဖမ်းဘူး။ ငွေညှစ်တာ။ သိန်း ၁၀၀ ဆိုပေမယ့် ၅၀ လောက်နဲ့ လည်း ညှိလို့ရတယ်။ တစ်ညကို သိန်း ၃၀၀ လောက် ခိုင်နေတာ” လို့ ပြောပါတယ်။ လတ်တလော ဦးဆောင်သူအနေနဲ့ အမှတ် ၁ ရဲစခန်းက နယ်ထိန်း ရဲအုပ် နေလင်းဦး အပါအဝင် အင်ဖော်မာ ၃ ဦးခန့် ရှိပြီး စားသောက်ဆိုင်၊ ဘား၊ ကလပ်၊ ဟိုတယ် စတဲ့နေရာတွေထံ မူးယစ်ဆေး လိုက်လံ ပို့ဆောင်နေသူတွေကို အဓိက ပစ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူပြတ်တဲ့လမ်းတွေမှာ ကားတွေကို လိုက်လံစစ်ဆေးပြီး မူးယစ်ဆေး ကိုယ်တိုင်ထည့်ကာ အမှုဆင် ဖမ်းတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ရဲအုပ် နေလင်းဦးနဲ့ အဖွဲ့ဟာ ညစဉ်ညတိုင်း တောင်ကြီးမြို့တွင်းမှာ ကားတွေနဲ့ လှုပ်ရှား နေပြီး လူငယ်တွေ အနေနဲ့ ရှောင်ရှား သွားလာကြဖို့ မူးယစ်ဆေး လက်လီရောင်းဝယ်သူတွေက သတိပေးထားပါတယ်။ လက်ရှိ ဖမ်းဆီး နေတဲ့အထဲမှာ Weed(ဆေးခြောက်)၊ K, E စတဲ့ မူးယစ်ဆေး အမျိုးအစားတွေ ပါဝင်ပြီး တခြား အမျိုး အစားတွေတော့ မပါဝင် ဘူးလို့ စုံစမ်း သိရပါတယ်။ https://www.facebook.com/photo/?fbid=39844299 2542151&set=pcb.398447352541715
၃၁။ ရသေ့တောင်နဲ့ စစ်တွေမှာ အခြေခံ စားသောက်ကုန်စျေးနှုန်း ဆက်လက် မြင့်တက်နေ
  January 8, 2023

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း ဆက်လက် မြင့်တက် နေပြီး အခြေခံ လက်လုပ်လက်စား မိသားစုတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရသေ့တောင်မြို့မှာ တိုက်ပွဲမဖြစ်ခင် ငရုတ်သီးခြောက်တစ်ပိဿာကို ကျပ်သုံးသောင်းခွဲခန့်ရှိရာနေ လက်ရှိ ကျပ်ခုနစ်သောင်း ခွဲ ခန့်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ်နှစ်သောင်းခွဲခန့်နဲ့ စားသုံးဆီက အရင်တစ်ပိဿာကို ကျပ်ရှစ်ထောင်ဝန်းကျင် ရှိရာက နေ လက်ရှိ ကျပ်လေးသောင်းခန့်အထိ ရှိတယ်လို့ဆိုပါတယ်။ ကြက်သွန်နီ တစ်ပိဿာ ကျပ်လေးသောင်းခန့်နဲ့ ကြက်သွန်ဖြူ က ကျပ် ခြောက်သောင်းဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီ တစ်လီတာကို ကျပ်နှစ်သောင်းခွဲခန့်ရှိ ပြီး အဲဒီ ဈေး နှုန်းဟာ လက်ရှိဈေးအနည်းငယ် ပြန်ကျသွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရသေ့တောင်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ငရုတ်သီးခြောက်ဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ပိဿာ တစ်သိန်းအထိ ဖြစ်သွားတယ်။ အခုက ဈေးပြန်ကျသွားတာ။ ဆန်ကတော့ စပါးပေါ်ပြီဆိုတော့ ဒီလောက် ဈေးမတက်ဘူး။ အခု စစ်တွေဘက်ကို သင်္ဘောနဲ့ ဆီတွေ ဘာတွေ ဝင်လာ ပြီလို့တော့ ကြားတယ်။ ဈေးကျရင် ကောင်းမယ်ပေါ့။ အခု မြို့ပေါ်မှာဆိုရင် စားရေးသောက်ရေး အခက်အခဲ ဖြစ်နေသူတွေ များတယ်လေ။ ကူညီရေးအဖွဲ့တွေက အလကား ဝေပေးတာတွေ ရှိတယ်။ ဒါတွေနဲ့ပဲ ရှေ့ဆက်နေရတာ” ရသေ့တောင်မြို့ ပေါ်မှာ လူဦးရေ နှစ်သောင်းခန့် နေထိုင်ပြီး လက်ရှိမှာ တိုက်ပွဲသတင်းကြောင့် မြို့ပေါ်လူဦးရေ တစ်ဝက်ကျော်လောက် နီးစပ် ရာ ရွာတွေဆီ တိမ်း ရှောင်နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။ စစ်တွေမြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ငရုတ်သီး စိမ်းတစ်တောင့်ကို ကျပ် တစ်ဆယ် ပေးဝယ်စားရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပြီး လက်ရှိမှာ ပြည်သူကနေ ပြည်သူကို ကူညီ နေကြရတယ်လို့ စစ်တွေ မြို့ခံ တစ်ဦးက ပြောပါတယ်။ https://www.rfa.org/burmese/news/food-stuffs-still-increase-01082024060711.html
၃၂။ နယ်မြေကိုလက်လွှတ်ပြီး အချိန်ယူအင်အားပြန်စုနေတဲ့ စစ်ကောင်စီကို သတိထားဖို့ အကြံပြု
  January 8, 2024

သိန္နီမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ စကခ ၁၆ ကို TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တာ ဟာ စကခ တစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်တာဖြစ်တာကြောင့် အလွန်တိုးတက်လာတယ်လို့ သတ်မှတ်နိုင်ပေမယ့် စစ်ကောင်စီ က နယ်မြေအရှုပ်အထွေဖန်တီးတာအပါအဝင် တန်ပြန်တိုက်ခိုက်လာနိုင်တာတွေကို သတိထားဖို့လိုတယ်လို့ ရှမ်းပြည်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ CDM ဗိုလ်ကြီးနတ်သားက အကြံပြုပါတယ်။ စကခ တစ်ခုရဲ့လက် အောက်မှာ တပ်ရင်း ၁၀ ရင်းရှိပြီး ဒကစ ထက်စာရင် တိုက်ခိုက်ရေးအင်အားပိုများတာကြောင့် အလွန်တိုးတက်လာတယ်လို့ သတ်မှတ်နိုင် ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီဘက်က လက်လွှတ်လိုက်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ သူက သုံးသပ် ပါတယ်။“ထပ်ပြီးတော့ လည်း ကျဦးမှာ။ ကျနော့်အမြင် သူတို့(စစ်ကောင်စီ) အတွင်းစည်းမှာ ပြန်စုဖွဲ့ဖို့ အချိန်တခုယူလိုက် တာ။ ခွာစစ်သဘောမှာ မြေကို ပေးပြီး အချိန်ယူတယ်ဆိုတဲ့သဘောရှိတယ်။ ဒီသဘောတရားကိုသွားနေတာ။ အရင်တုန်းက ကျသွားတယ်ဆိုတာ တကွဲတပြားနဲ့ ပြေးသွား၊ လွှားသွားတာ။ အခုက ဒီလိုမဟုတ်ဘဲ ဒီလူတွေအားလုံးကို ပြန်ခေါ်လိုက်တာ။ အဲ့တော့ ဒါအကုန်လုံးအပြည့်အဝ ပျော်လို့ရတဲ့အနေအထားတော့မဟုတ်သေးဘူး” လို့ သူက အကြံပြုပါတယ်။

ဇန်နဝါရီလ ၄ ရက်မှာ လောက်ကိုင် ဒကစ မှာရှိတဲ့ စစ်ကောင်စီတပ်သား ၂၄၀၀ နီးပါးလက်နက်ချပြီး နယ်မြေကိုမဟာ မိတ် အဖွဲ့တွေထံပေးကာ စစ်ကောင်စီတပ်သားတွေကို လားရှိုးပြန်ပို့ဖို့ ညှိနှိုင်းခဲ့သလို ဇန်နဝါရီလ ၅ ရက်မှာလည်း စစ်ကောင်စီ ဘက်က ဟိုပန်နဲ့ ပန်လုံမြို့က စစ်ကောင်စီတပ်သား ၇၀၀ နီးပါး လက်နက်ချပြီး လားရှိုးမြို့ကို ပြန်ပို့ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို နယ်မြေကိုလက်လွှတ်ပြီး အင်အားတွေကို တစ်နေရာမှာပြန်စုနေတာဟာ ထူးခြားတဲ့ အခြေအနေမျိုးဖြစ်ပြီး ဒါကို သတိထားဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကလည်း ဆိုပါတယ်။“တရုတ်ရဲ့ ကြားဝင်ပေးတာလည်းပါ လိမ့်မယ်။ စစ်ကောင်စီက နယ်မြေတွေကို တရုတ်ကိုရောင်းစားနေတယ်လို့တောင် ပြောနိုင်တယ်။ သူ့တပ်မပျက်ရင်ပြီးရော။ သူအင်အား ပြန်စုနေတာပေါ့”လို့ သူကပြောပါတယ်။ စစ်ကောင်စီအနေနဲ့ သူတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေမှာ လူမျိုးရေး ပြသနာ၊ ဘာသာရေးပြသနာတွေနဲ့ ဇာတ်ရှုပ်အောင်ဖန်တီးတာမျိုး ရာနှုန်းပြည့်နီးပါးရှိနိုင်တယ်လို့ CDM ဗိုလ်ကြီးနတ်သားက ပြောပါ တယ်။“စစ်တပ်(စစ်ကောင်စီ)က နယ်မြေကိုလက်လွှတ်လိုက်ပြီဆိုတာနဲ့ အဲဒီမှာ နယ်မြေအရှုပ်အထွေးကို ဖန်တီး တော့မယ့်သဘောပဲ။ အဲဒီဒေသတွေက တော်တော်ရှုပ်ထွေးတဲ့ ဒေသတွေဖြစ်လာနိုင်တယ်။ ဒီလိုအရှုပ်အထွေးတွေ ဖန်တီး ပြီးတော့မှ အရင်တုန်းကလိုမျိုးသူက ကြားထဲကနေဝင်ပြီး ‘ယာလည်းညပ်၊ ကြက်လည်းမော’ ပုံစံမျိုးလုပ်ချင်တာ” လို့ သူက ထောက်ပြ ပါတယ်။ https://www.facebook.com/photo/?fbid=398352102551240&set=pcb.3 98352132551237

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button