သတင်း

မူးမြို့နယ်က စစ်တပ်စခန်း ၃ ခု KNLA နှင့် ပူးပေါင်းအဖွဲ့ သိမ်း၊ နတ်သံကွင်း စစ်တပ် စခန်းကိုလည်း ဆက်လက် တိုက်ခိုက်နေ

မူးမြို့နယ်က စစ်တပ်စခန်း ၃ ခု KNLA နှင့် ပူးပေါင်းအဖွဲ့ သိမ်း၊ နတ်သံကွင်း စစ်တပ်စခန်းကိုလည်း ဆက်လက် တိုက်ခိုက်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၇၊ ၂၀၂၃
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်းနှင့် နရွဲပင်တပ်စခန်းတို့ကို ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ နတ်သံကွင်း တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေကြောင်း KNU ဗဟိုက ထုတ်ပြန် အသိပေးထားပါတယ်။
အဲဒီ တပ်စခန်း ၃ ခု သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ စစ်သား ၂၀ ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက်အပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း KNLA ၊ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ အသိပေးထားပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
အခုလက်ရှိမှာတော့ စစ်ကောင်စီ၏ နတ်သံကွင်း တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေတဲ့ နေရာသို့ ဦးတည်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုကာ စစ်ကူပေးခြင်းများကိုလည်း ပြုလုပ်နေကြောင်း သိရပါတယ်။

ဓါတ်ပုံ − KNU / စခန်းသိမ်းတိုက်ပွဲက ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ။

Related Articles

Back to top button