တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများ စုစည်းတင်ပြခြင်း

(No. 95, December 26, 2023)

၁။ ကချင်မှာ ဆက်ကျော်သက်လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာ

December 26, 2023

“မူးယစ်ဆေး မကောင်းမှန်းသိတယ် ဒါပေမယ့်လည်း သွေးသားကနေတောင့်တနေတာ့ စိတ်ကိုထိန်းချုပ်လို့မှ မရတာ ငါကရော မပြောင်းလဲချင်ဘဲနေမလား မူးယစ်ဆေးကလေတစ်ခါလုပ်ပြီးရင် ပြန်နောက်ဆုတ်ဖို့ဆိုတာ အရမ်းခက် တယ်”ဆိုသူက တော့ မိသားစုရဲ့ချဉ်ဖတ်၊ ပတ်ဝန်းကျင်ရဲ့ အပယ်ခံတစ်ယောက်အနေနဲ့ ခုချိန်ထိလည်း မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဘဝကနေ လွတ်မြောက်နိုင်ခြင်းမရှိသေးတဲ့ မြစ်ကြီးနားမြို့က အသက် ၂၃ နှစ်အရွယ် နောဒီး(အမည်လွဲ)ဆိုတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၂၀၁၃–၁၄ ပညာသင်နှစ်လောက်က ကိုနောဒီးဆိုတဲ့လူငယ်လေးဟာ ဆေးလိပ်အရက် စသောက်တတ်စ ပြုလာတယ်။ ကျောင်းမှာသင်တဲ့ စကားပုံတစ်ခုက “မူးယစ်ဆေးဝါးအစ ဆေးလိပ်က”တဲ့ ဒီစကားပုံက ကိုနောဒီးအတွက် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နော်ဒီးက အိမ်ကိုစိတ်နာပြီး အရွဲ့တိုက်ရာကနေ ဆေးလိပ်စတင် သောက်လာတဲ့အပြင် ဆယ်ကျော်သက်ရွယ် အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်း သားအရွယ် လောက် ရောက်လာတော့ အရက်တွေပါ သေချာသောက်တတ်ခဲ့ပါတယ်။

https://burmese.kachinnews.com/2023/12/21/dsa-feature/

 

၂။ တာလောကြီးတစ်ဝိုက်ကို စစ်တပ်က ကင်းထောက်ကာ လေယာဉ်နဲ့ ပစ်ခတ်

December 26, 2023

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ် နဲ့ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

တာလောကြီးရွာထိပ်မှာ အထိုင်ချနေတဲ့ ရှမ်းနီ ပြည်သူ့စစ်စခန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့ က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရေကြည်ဒေသခံ တစ်ဦးက KNG ကို ပြောပါတယ်။

“မနေ့က တနင်္ဂနွေ ညနေပိုင်း ၂ နာရီလောက်မှာ တာပဒေါင်းရွာကို လေယာဉ်နဲ့ လာပစ်သွားသေးတယ်။ တာပဒေါင်းက တာလောကြီးရဲ့ ဒီဘက်ကမ်းမှာရှိတာဆိုတော့ အဲ့ဒီမှာ တိုက်ပွဲမဖြစ်ရင်လည်း သူတို့က လေယာဉ်နဲ့ လာပျံဝဲပြီး ပစ်ခတ်တာပေါ့။” လို့ ရေကြည်ဒေသခံတစ်ဦးက ပြောပါတယ်။

https://burmese.kachinnews.com/2023/12/18/ld-17/

 

၃။ ဗန်းမောက်မှာ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခု ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်  

December 26, 2023

စစ်ကိုင်း – ကချင်အစပ် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ အထိုင်ချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဗန်းမောက်မြို့နယ် နဲ့ ပင်လည်ဘူးမြို့နယ်အစပ်မှာရှိတဲ့ အဲ့ဒီတပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမ အပတ်ကပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တွေပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဗန်းမောက်နယ်ထဲကပေါ့ ရှမ်းနီ SNA တွေရွာမှာဝင်ပြီးတပ်စွဲထားတာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ နဲ့ ပကဖ တွေပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ် သူတို့ခြေကုပ်ယူထားတဲ့ စခန်းတစ်ခုကို သိမ်းပိုက်နိုင် ခဲ့တာလို့သိရပါတယ်”လို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တာမရှိပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အခြေနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ သိရပါတယ်။

အဲ့ဒီတပ်စခန်းဟာ ပြီးခဲ့တဲ့ ၄ လဝန်းကျင်လောက်ကတည်းက ပင်ဟင်းခါးရွာကိုစစ်ကြောင်းထိုးလာရာမှ အထိုင်ချတပ်စွဲထားတဲ့စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

https://burmese.kachinnews.com/2023/12/08/am1-70/

 

၄။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ အခက်တွေ့

December 26, 2023

ရှမ်းပြည်၊ တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ဆောင်းပြောင်း ၊ နောင်တရား ၊ ပင်လောင်း ၊ တီကျစ် ၊ အောင်ပန်း ဂိတ်တွေမှာ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်ဘက်ကို ဝင်ရောက်လာမယ့် ကားတွေကို စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုဘူးလို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဗန်းမောက်ကစပြီး ဖယ်ခုံကိုသွားမရတော့ဘူး။ ပစ္စည်းတွေပါရင် ဂိတ်က ပေးမဖြတ်ဘူး လုံးဝမရဘူး” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိ မိုးဗြဲ၊ ဖယ်ခုံမြို့နဲ့ ကရင်နီပြည်မှာရှိနေတဲ့ စစ်ရှောင်တွေမှာ စားနပ်ရိက္ခာတွေ မလုံလောက်တော့တဲ့အပြင် ရိက္ခာတွေကို ဝယ်ယူလို့မရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာအပြင် အသုံးအဆောင်ပစ္စည်းတွေကို သယ်ယူခွင့်မပြုတာကြောင့် စစ်ရှောင်တွေသာမဟုတ်ပဲ ရှမ်းပြည်တောင်ပိုင်းက ဒေသခံတွေလည်း ဒုက္ခရောက်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

“သယ်ယူလို့မရတော့ဘူးဆိုရင်တော့ ကုန်စုံဆိုင်က ပစ္စည်းတွေရော၊ လက်ခံထားတဲ့အလှူတွေရော၊ တင်လို့မရတော့ရင်တော့ စစ်ရှောင် တွေမဟုတ်ပဲ ရပ်ရွာခံတွေပါ ဒုက္ခရောက်နိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းကိုရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်တချို့ဟာ အသိဆွေမျိုး၊ မိတ်ဆွေတွေဆီ နေ့စား အလုပ်ကို လုပ်ကိုင်ပြီး တစ်ရက်ကို ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲ ခန့်ရတဲ့ လုပ်အားခနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

https://www.kantarawaddytimes.org/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae-%e1%80%85%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%82%e1%80%ad%e1%80%90/

 

၅။ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ဆောင်ဒူလာစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေ

December 26, 2023

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ဆောင်ဒူလာ စစ်ရှောင်စခန်းမှာ အလှူရှင်နည်းပါး တာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသလို လက်ရှိမှာ နီးစပ်ရာ ဆွေမျိုး၊ ဒေသခံတွေဆီကနေ ဆန်ချေး ငှားပြီး စားသောက်နေကြရသူတွေ များပြားတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဒီ ရိက္ခာ ပြတ်လပ်တာတော့ရှိတာပေါ့နော် ဒီ စခန်း တော်တော်များများ။ တချို့က အလှူရှင်လဲ နည်းပါး တဲ့ ခါကျတော့ ဆန်တွေဘာတွေ ချေးငှားပြီးတော့မှ စားသောက်ကြရတဲ့ စခန်းတွေ ရှိတာ ပေါ့နော်။ အထူးသဖြင့် ဆန် ဆီ ဆား။ အဓိက အခြေခံ စားနပ်ရိက္ခာတွေ ပြတ်တောက်တာများတယ် တစ်ယောက်နဲ့ တစ်ယောက် ချေးငှားပြီးတော့မှ စားသောက်ရတာရှိတာပေါ့။“ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါ တယ်။

https://www.kantarawaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80%ac%e1%80%b7%e1%80%86%e1%80%ad%e1%80%af%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%80%a1%e1%80%94%e1%80%b1-10/

 

၆။ KNU ညွှန်ကြားချက်ဖြင့် သထုံခရိုင်အတွင်း ကျေးရွာအများစုတွင် ဗုံးခိုကျင်းများတူးထားရ

December 26, 2023

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ တပ်မဟာ(၁)ထိန်းချုပ်ရာ သထုံခရိုင်အတွင်းရှိ ကျေးရွာအများ စုတွင် အရပ်သားများလုံခြုံရေးအတွက် ကေအဲန်ယူ ညွှန်ကြားချက်ဖြင့် ‌ဗုံးခိုကျင်းများ တူးထားရကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၁)ဘက်မှ ခရိုင်အတွင်းရှိကျေးရွာများအား ယခုဒီဇင်ဘာလအတွင်း ဗုံးခိုကျင်းများ အပြီး သတ်တူးထားကြရန် နှင့် သုံးလစာ ရိက္ခာများစုဆောင်းထားကြရန် စာထုတ်ပြန်ညွှန်ကြားလာခြင်းဖြစ်သလို ညွှန် ကြားချက်ရှိထားသည့်လအတွင်း ကျေးရွာအများစုတွင် ပြင်ဆင်ဆောင်ရွက်မှုများ ပြီးစီးခဲ့ကြောင်း ဘီးလင်းမြို့ နယ်နေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဘာကြောင့်တူးခိုင်းလဲဆိုတော့ သူတို့အလုပ်လုပ်မယ်။ ကျင်းပုန်းတွေလည်းတူး၊ သုံးလစာ ရိက္ခာတွေ လည်းစုဆိုပြီး ပြီးခဲ့တဲ့တစ်လလောက်က စာထုတ်တာ။ ကျမတို့ဘက်တွေတော့ တော်တော်လေးတူးပြီးကုန်ပြီး။ အိမ်တိုင်းကျင်းပုန်းတွေရှိတယ်။ ကျမတို့ဆို စာထုတ်ပြီးကတည်းက တူးကြတာ။ တူးတော့တူးထားပေမယ့် အရေးကြီးလာရင် လူတွေကတွင်းတွေထားပြီး ပြေးကြတာပဲ။ အခုချိန်ထိ အထုတ်တွေမဖြည်ရဲသေးဘူး။ ဒီတိုင်းထားထားရတယ်။” ဟု ကေအိုင်စီကို ပြောသည်။

https://kicnews.org/2023/12/knu-%e1%80%8a%e1%80%bd%e1%80%be%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%91%e1%80%af/

 

၇။ နိုင်ငံရေးအနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုတယ်ဆိုတာ ဘယ်လိုမျိုးလဲ

December 26, 2023

ရှေ့ကဆောင်းပါးမှာ မကြာခင် ရောက်ရှိလာတော့မယ့် “ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါ သမယကို” နိုင်ငံရေးအနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြဖို့ “အားလုံး” ကို ကျွန်တော် လေးစားစွာ ပန်ကြားတိုက် တွန်းခဲ့ပါတယ်။

ဒီတစ်ပတ်ဆောင်းပါးမှာ နိုင်ငံရေးရေးအနှစ်သာရ ဘယ်လိုရှိအောင် အထိမ်းအမှတ်ပြုကြမလဲ။ နိုင်ငံရေးအနှစ် သာရ ဆိုတာ ဘာလဲ၊ “အားလုံး” ဆိုတာထဲမှာ ဘယ်သူတွေပါဝင်နေသလဲဆိုတဲ့ အချက်တွေကို ကျွန်တော် တင်ပြရေး သားလိုပါတယ်။ ရေးသားပါရစေ။

ကျွန်တော်ရည်ရွယ်တဲ့ ကျွန်တော်ဆိုလိုတဲ့ နိုင်ငံရေးအနှစ်သာရရဲ့ ပထမဆုံးအချက်က ဒီကနေ့တော်လှန်ရေး အင်အားစုအသီးသီးရဲ့ ဘုံရန်သူဖြစ်တဲ့ “(စကစ) စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” အကုန်အစင် တိုက်ဖျက်ရေးကို တည့်မတ်တည်ကြည်စွာ ဦးတည်ပြီး အထိမ်းအမှတ်ပြုကြဖို့ ဖြစ်ပါတယ်။

ဒုတိယအချက်က “(စကစ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” အကုန်အစင် တိုက်ဖျက်ရေးကို ဦးတည်တဲ့ ဒီက နေ့ တော်လှန်ရေးအင်အားစု အသီးသီးအကြား တန်းတူရေး၊ သွေးစည်းညီညွတ်ရေး၊ အပြန်အလှန်ထောက်ခံ အားပေး ကူညီရေးဆိုတဲ့ ညီညွတ်ရေးတပ်ပေါင်းစု တည်ဆောက်နိုင်ရေးဆိုတဲ့ ရှေ့ရှုချက်နဲ့ အထိမ်းအမှတ်ပြုကြဖို့ ဖြစ်ပါတယ်။

https://kicnews.org/2023/12/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%ac%e1%80%9b%e1%80%9b%e1%80%be%e1%80%ad%e1%80%9b/

 

၈။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM အား တရားဝင် အတည်ပြုဖွဲ့စည်း

December 26, 2023

ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများအပါအဝင် တစ်သီးပုဂ္ဂလသတင်းမီဒီယာများ၊ တိုင်းရင်းသား မီဒီယာများ နှင့် ဒေသအခြေပြုမီဒီယာများပါဝင်သည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ကို တရားဝင် အတည်ပြု ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ထိုင်းနိုင်ငံတစ်‌နေရာတွင် ကျင်းပ ပြုလုပ်သော ဒုတိယအကြိမ် ကောင်စီညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာသည်။

မြန်မာသတင်းမီဒီယာများ၏ လွတ်လပ်ခွင့်မြှင့်တင်ရန်၊ သတင်းသမားများ လုံခြုံရေးနှင့် အကာအကွယ် ရရှိရန်၊ ဒေသတွင်းနှင့်နိုင်ငံတကာ သတင်းမီဒီယာ‌ကောင်စီများ နှင့် တရားဝင်ချိတ်ဆက် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ IPCM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း IPCM ၏ ဥက္ကဌဖြစ်သလို ကရင်သတင်းဌာန ကေအိုင်စီ၏ အယ်ဒီတာချုပ် ‌နန်းဖော့ဂေက ယခုလိုပြောသည်။

“ဒီကာလမှာ စစ်တပ်လက်အောက်ခံမီဒီယာတွေက မြန်မာနိုင်ငံရဲ့သတင်းမီဒီယာကို ကိုယ်စားပြုပြီး နိုင်ငံတကာ မီဒီယာအစည်းအဝေးတွေမှာတက်ရောက်တာပြီးရင် မြန်မာနိုင်ငံက အခြားမီဒီယာတွေရဲ့ သတင်းတွေဟာ သတင်းတု သတင်းမှားတွေပါဆိုပြီး ပြောဆိုနေခြင်းက ပြည်သူရဲ့အခွင့်အရေးကို ဖော်ပြတဲ့မီဒီယာတွေအတွက် စိန်ခေါ်မှုဖြစ်တယ်ဆိုတာအပေါ်မှာ အခြေခံပြီး ကိုယ့်တိုင်းပြည်အတွက် IPCM ဟာ ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဖွဲ့စည်းတာပါ” ဟု ပြောသည်။

https://kicnews.org/2023/12/%e1%80%9c%e1%80%bd%e1%80%90%e1%80%ba%e1%80%9c%e1%80%95%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%99/  

 

၉။ ပဋိပက္ခများအကြား သိုလှောင်ထားသော စပါးများ ပျက်စီးဆုံးရှုံးမည့်အရေး စစ်‌ရှောင်တောင်သူများ စိုးရိမ် နေရ

December 26, 2023

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၏ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်တွင် လက်ရှိ ဖြစ်ပွားနေ သော ပဋိပက္ခများအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရိတ်သိမ်းပြီး သိုလှောင် ထားရသော စပါး များ ပျက်စီးဆုံးရှုံးမှု ရှိလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံ စစ်ရှောင် တောင်သူများ၏ ပြောပြချက်အရ သိရ သည်။

အာဏာသိမ်းကာလအတွင်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် များ၏ တိုက်ပွဲများ၊ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများကြောင့် လမ်းများပိတ်ဆို့သဖြင့် ရိတ်သိမ်းသိုလှောင်ထားရသော စပါးများ ထိခိုက် ပျက်စီးမည့်အရေးကို စိုးရိမ်နေရ သည်ဟု ကျောက်ကြီးမြို့နယ်‌ နတ်သံကွင်းအုပ်စုအတွင်း နေထိုင်သူ ‌ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

၎င်းက “လမ်းတွေပိတ်ဆို့နေတော့ စပါးတွေကိုရိတ်ပြီး လယ်‌ထဲမှာပဲပုံထားရတယ်။ သယ်ဖို့ကလည်း ပို့ခက ပဲနွယ်ကုန်း အထိအရောက်ဆိုရင် ၂ သိန်းခွဲလောက်သွားကျမယ်။ မပို့နိုင်‌သေးတုန်း လေယာဉ်နဲ့ လက်နက်ကြီး ကျရင်လယ်ထဲ မှာ ပုံလှောင်ထားတဲ့ စပါးတွေ မီးလောင်ပျက်စီးမယ့်ရန်ကိုလည်း ကြောက်နေရသေးတယ်။ စပါး ဈေးကောင်းပေမယ့် ပို့ရတာအခက်အခဲရှိနေတာ” ဟု ကေအိုင်စီကို ပြောသည်။

https://kicnews.org/2023/12/%e1%80%95%e1%80%8b%e1%80%ad%e1%80%95%e1%80%80%e1%80%b9%e1%80%81%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%ac%e1%80%b8-%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%be%e1%80%b1/

 

၁၀။ ICNCC လမ်းကြောင်းအတိုင်း ဆက်သွားရန် CNO၊ CNC-Mindat နှင့် ZFU တို့ ညှိနှိုင်းဆွေးနွေး

December 26, 2023

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းဖြင့် ချင်းနိုင်ငံရေး ဆက်သွားရန် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)တို့ တွေ့ဆုံဆွေးနွေးနေကြောင်း CNO/CNDF မှ ဒုတိယ ဥက္ကဌ (၁) ဆလိုင်းပီတာထန်းက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့မှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ချင်းလဲန်းပူးပေါင်း ကာကွယ်ရေး ကော်မတီ (Chinland Joint Defense Committee- CJDC) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမှုအပြီး CJDC ကို ဖျက်သိမ်းပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်က အဆိုပါ (၃) ဖွဲ့တို့ စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံကြခြင်းဖြစ်သည်။

https://khonumthung.org/icncc-%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%86%e1%80%80%e1%80%ba/  

၁၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေ

December 26, 2023

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ စား၀တ်နေရေးအခက်ခဲ ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားချင်းစားနာမှု အထောက်ထား အကူညီ လိုအပ်နေတယ်လို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပလက်ဝမြိုနယ်၊ ဆမီးမြို့က စစ်ကောင်စီ အခိုင်အမာစခန်းချထားတဲ့ “ဗျူဟာကုန်း” ကို ဒီဇင်ဘာလ (၁၄) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူအမြောက်အမြားနဲ့ အပြင်းအထန် ခုခံစစ်သုံးခဲ့တာကြောင့် ဆမီးမြို့ဒေသခံများ အားလုံးနီးပါးဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်ကြရတာလို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ တာ၀န်ရှိသူ ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

https://khonumthung.org/%e1%80%9c%e1%80%b0%e1%80%9e%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%ac%e1%80%94%e1%80%ac%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%91%e1%80%ac%e1%80%b8/

၁၂။ မီဇိုးလူငယ်အသင်း (CYMA) က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၄ သိန်းတန်ဖိုးရှိ အခြေခံ စားသောက် ကုန်များ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးအပ်လှူဒါန်း

December 26, 2023

မီဇိုးလူငယ်အသင်း (Central Young Mizo Association ) က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အနီးတ၀◌ိုက်ရှိ မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၄ သိန်းတန်ဖိုးရှိသော အခြေခံစားသောက်ကုန်များကို မကြာခင် ရောက်ရှိလာတော့မယ့် ခရစ္စမတ်ရက်မြတ် လက်ဆောင်အဖြစ် ယနေ့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းက အိုင်ဇောလ်မြို့ CYMA ရုံးချုပ် Tuikhuahtlang တွင် မြန်မာစစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်သည့်အခမ်းအနားတရပ်ကျင်းပကာ အိုင်ဇောလ်ခရိုင်အတွင်းရှိ Durtlang, tuirial, Sairang, Sihhmui 1,2, Dapchhuah, Khamrang နှင့် Nghalchawm ကျေးရွာစစ်ဘေးရှောင်စခန်းတို့မှာ နေထိုင်ကြသော မြန်မာစစ်ဘေးရှောင် အိမ်ထောင်စု ၁၈၈ စု လူဦးရေ ၈၃၀ အတွက် ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ကြက်ဉတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

CYMA မှ ယနေ့အပ်ပေးသော ပစ္စည်းများမှာ ဆန် ၆၈ အိတ်၊ ပဲ ၁၅ အိတ်၊ ဆီ ၃၈ ဖာ၊ အာလူး ၄၈ အိတ်နှင့် ကြက်ဉ ၂၅ ဖာ တို့ဖြစ်ပြီး တန်ဖိုးမှာ ရူပီးငွေ ၄ သိန်းရှိသည်ဟု သိရသည်။

https://khonumthung.org/%e1%80%99%e1%80%ae%e1%80%87%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%ba%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8-cyma-%e1%80%80-%e1%80%99%e1%80%bc%e1%80%94%e1%80%ba/

၁၃။ ဘီးလင်း နှစ်ဖက်တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

December 26, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနဲ့ဒေါက်ရပ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကလေးငယ် ၂ ဦး သေ ဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ သထုံမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲ မောင်းနှင်လာတဲ့ ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဘီးလင်းမြို့နယ်အတွင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ သပြေနီကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံအရပ်သား ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

https://burmese.thanlwintimes.com/2023/12/26/%e1%80%98%e1%80%ae%e1%80%b8%e1%80%9c%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%96%e1%80%80%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%ad%e1%80%af/

 

၁၄။ ရေးလမ်းပိုင်းမှာ ခမရ ၄၀၆ ရဲ့ တပ်ပြောင်းပစ္စည်းတင်လာတဲ့ ကားတစ်စီးဖမ်း

December 26, 2023  

မွန်ပြည်နယ်၊ ရေးမြို့နယ် ကမော့ကနင်နဲ့အောင်သာယာကျေးရွာကြား ရေး-ထာဝယ်းလမ်းပိုင်းမှာ ရေဖြူမြို့ နယ်အခြေစိုက် ခမရ ၄၀၆ ရဲ့ တပ်ပြောင်း ပစ္စည်းတင်လာတဲ့ ကားတစ်စီးဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ၊ ဒုစစ်ဒေသကွပ်ကဲရေးမှူးရုံးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က ရေး-ထာဝယ်းပြည်ထောင်စုလမ်းမကြီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ လိုက်ထရပ်မော်တော်ယာဉ်အပေါ်မှာ ခမရ ၄၀၆ တပ်ရဲ့ တပ်ပြောင်းပစ္စည်းတွေဖြစ်တဲ့ စစ်ယူနီဖောင်းတွေ၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်နှစ်စီး၊ အဝတ်အစား၊ အိုးခွက်ပန်းကန်နဲ့ စစ်ဘက်ဆိုင် ရာ စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

https://burmese.thanlwintimes.com/2023/12/26/%e1%80%9b%e1%80%b1%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%81%e1%80%99%e1%80%9b-%e1%81%84%e1%81%80%e1%81%86/

 

၁၅။ ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေတယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်

December 26, 2023

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါးတွေ အမြဲဖွင့်လှစ်ထားသလို စစ်တပ်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင်က ထပ်ပြောလာ ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စိန့်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းမှုကို အခြေပြုထားတာဖြစ်တဲ့အတွက် လူ့အ ဖွဲ့အစည်း တိုင်းမှာလည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမှာဖြစ်ကြောင်းနဲ့ မိမိတို့လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်တွေချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

https://burmese.thanlwintimes.com/2023/12/26/%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%99%e1%80%bc/

၁၆။ သဘောတူညီမှုတစ်စုံတစ်ရာမရဘဲ ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲပျက်

December 26, 2023

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင်တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့်ဒီဇင်ဘာ၂၂ရက်နေ၂၄နေ့အထိ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ နှင့် ညီနောင်သုံးဖွဲ့အကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက် တစုံတရာ မရဘဲ ပျက်သွား ခဲ့ကြောင်း  VOA (မြန်မာပိုင်း)က သတင်း ဖော်ပြသည်။

အဓိကအားဖြင့် တပ်နေရာချထားရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရေးကိစ္စတွေမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပြီး သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း  အမည်မဖော်လိုသည့် စည်းဝေးပွဲကို တက်ရောက်ခဲ့သူတဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

လာမည့် နှစ် ဇန်နဝါရီလအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေးကြရန်  စီစဉ်ထားသည်ဟုဆိုသည်။

https://burmese.narinjara.com/news/detail/6589c7a1628efd1c471a0537

၁၇။ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကိုတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဟု NUG ဆို

December 26, 2023

ရှေးဟောင်းရခိုင်မြို့တော်ဟောင်း မြောက်ဦးရှိ ရှေးဟောင်းသုတေသနပြတိုက်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းသည် မြန်မာနိုင်ငံက သဘောတူထားသည့်  ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြောဆိုလိုက်သည်။ 

NUG  ၏ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ က မြောက်ဦးရှေးဟောင်း သုတေသနပြတိုက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားပြီး ၎င်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်းဖြင့်လည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည်“The Geneva Convention” နှင့် “The Hague Convention” ကို လက်မှတ် ရေးထိုး ထားသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သဖြင့် စစ်ရေးနှင့်မဆိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို တိုက်ခိုက်သည့် လုပ်ရပ်သည်  ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ခြင်းနှင့် The Hague Convention ပါ အချက်အလက်ဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

https://burmese.narinjara.com/news/detail/658a829554e0162912145d71

၁၈။ မြောက်ဦး သူတော်မတောင်စခန်းကုန်း AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအလောင်းများရရှိ

December 26, 2023

ဒီဇင်ဘာ ၂၄ ရက် နံနက် ၄ နာရီခန့်က ရက္ခိုင့်တပ်တော် ( AA) က တိုက်ခိုက်ခဲ့သည့် ငွေတောင်ပေါက် မြို့မရဲစခန်းနှင့် သူတော်မတောင် စခန်းအား ထိုးစစ်ဆင်စစ်တိုက်ခိုက်ခဲ့ရာ သူတော်မတော်စခန်းအား ၂၅ ရက်နေ့တိုက်ခိုက်မှုအတွင်း သိမ်းပိုက်ရရှိခဲ့ပြီး အလောင်းတချို့နှင့် လက်နက်များ သိမ်းဆည်းမိသည်ဟု သိရသည်။

ကျန်စစ်ကောင်စီတပ်သားများမှာ ကျောက်ရာဇ်ကေကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြသည်ဟု အေအေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတော်မတောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သားအလောင်းတွေရထားတယ်ကြားတယ်။ နောက်ပြီး အရှင်ဖမ်းမိထားတာလည်းရှိတယ် ပြောပါတယ်။ ကျန်တဲ့စစ်သားတွေတော့ ကျောက်ရာဇ်ကေဘက်ကို ထွက်ပြေးသွားတယ်”ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

https://burmese.narinjara.com/news/detail/658940d5628efd1c4718bd35

၁၉။ မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ

December 26, 2023

သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို လောင်းကစားများ ဆော့ကစားခြင်းကြောင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများသည် ကျပ်ငွေသိန်းရာနှင့်ချီ ဆုံးရှုံးပြီး အိမ်ပေါင်ထားရသည့်အဆင့်ထိ ဖြစ်ပွားနေသဖြင့် အဆိုပါလောင်းကစားဝန်းကို ရပ်တန့်စေချင်ကြောင်း ၎င်းကဆက်ပြောသည်။

“ဘဝပျက်သွားတဲ့သူတွေ အများကြီးပဲ။ ထွေအုပ်ဝန်ထမ်းတွေကော၊ စည်ပင်ဝန်ထမ်းတွေကော တော်တော် များများရော လောင်းလိုက်ရင် ကျပ်ငွေ သိန်း ၂၀၊ ၃၀ လောင်းတာ။ လောင်းရင်းနဲ့ ပိုက်ဆံဆုံးတာပေါ့ဗျာ။ တစ်ညထဲတောင်မှ တချို့လူတွေ ကျပ်သိန်း ၁၀၀ ဆုံးတဲ့လူကောရှိတယ်။ အခုကဘယ်သူကိုမှ တိုင်လို့တိုင်ကြား ရမှန်းမသိ။ အာဏာပိုင်တွေ၊ ရဲတွေကပါ ချယ်ယာလုပ်ထားတာ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

https://burmese.shannews.org/archives/39012

၂၀။ သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်တပ်မှလေယာဉ်ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲခြင်းကြောင့် ကျေးရွာတချို့ ရွာပျက်ဖြစ်လာ

December 26, 2023

သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာတချို့မှာ နေအိမ်အများအပြား ပျက်စီးသွားပြီး ရွာပျက် ဖြစ်နေကြောင်း နေရပ်ပြန်သွားကြည်သူများထံများက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်မှစတင်လာသည့် “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း နှစ်လနီးပါးအကြာ သျှမ်းမြောက် မြို့နယ်များမှ စစ်ကောင်စီ တပ်စခန်းပေါင်း ၃၀၀ နီးပါးကို ညီနောင်မဟာမိတ်တပ်ဖွဲ့များတို့ သိမ်းပိုက်လာနိုင်ချိန်တွင် စစ်ကောင်စီဘက်မှ ခုခံတန်ပြန်တိုက်ခိုက်သည့်အနေဖြင့် လေကြောင်းကို ပိုအသုံးပြု၍ အရပ်သားနေအိမ်၊ ကျောင်းဆောင်များကို မရှောင်ဘဲ ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသည်။

ယင်းကဲ့သို့ အဆင်မခြင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မူဆယ်မြို့နယ် ၁၀၅ မိုင်၊ မန့်မော်ကျေးရွာနှင့် တုန်ခန်ကျေးရွာ စသည့်ဖြင့် ကျေးရွာများတွင် နေအိမ်အများအပြား ပျက်စီးသွားပြီး ရွာပျက် ဖြစ်နေကြောင်း တုန်ခန်ရွာကို ပြန်သွားကြည့်သည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“နေအိမ်တွေတော့ တော်တော်များများပျက်စီးသွားတယ်။ ဘာမှပြန်ယူလို့မရတော့ဘူး။ သူခိုး၊ ဓားမြတွေလည်း ပေါတယ်။ ပစ္စည်းတွေအကုန် မွှေထားတာ။ ရွာဘေးပတ်လည်မှာ အနံ့ဆိုး၊ အပုတ်နံ့တွေလည်း ထောင်းနေတာပဲ။ ရွာကတော့ ရွာပျက်ကြီးလိုဖြစ်နေပြီ” ဟု ၎င်းစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

https://burmese.shannews.org/archives/39010

၂၁။ လောက်ကိုင်မြို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

December 26, 2023

သျှမ်းပြည် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။

လောက်ကိုင်မြို့ရှိ အိုလုံတုံ့နေရာကို ဒီဇင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်မီဒီယာက ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၃ ရက် တစ်ရက်တည်းတွင် မြန်မာ-တရုတ် နယ်စပ်မှတ်တိုင် (၁၂၃)အနီး စစ်ဘေးရှောင်စခန်းရှိ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ထင်းကောက်နေစဉ် စစ်ကောင်စီထောင်ထားခဲ့သော မိုင်းနင်းမိခြင်းကြောင့် ခြေနှစ်ချောင်းလုံး ထိမှန်ပြီး ညာခြေထောက် ကျိုးပြတ်သွားခဲ့သည်ဟု သိရသည်။

အလားတူ သိန္နီမြို့နယ်တွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်မှ သိန္နီရဲစခန်းအနီးသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://burmese.shannews.org/archives/39005  

၂၂။ လားရှိုးမြို့နယ်မှ အီနိုင်းတံတားဖြတ်သန်းခွင့်ကို ပိတ်ပင်တားမြစ်ထား

December 26, 202

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ အီနိုင်းကျေးရွာ အနီးရှိ အီနိုင်းတံတား ဖြတ်သန်း သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

ယနေ့( ဒီဇင်ဘာလ ၂၅) ရက် မွန်းလွဲပိုင်း (၁၂) နာရီဝန်းကျင်မှ စတင်ကာ လားရှိုးမြို့ အဝင် အီနိုင်းကျေးရွာရှိ တံတား ဖြတ်သန်းခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း လားရှိုးမြို့မှ ကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အီးနိုင်းဘက်က တံတားကပိတ်လိုက်ပြီ၊ ပြီးခဲ့တဲ့ တပတ် (ဒီဇင်ဘာလ ၁၁ ဝန်းကျင်) တုန်းက သွားလာလို့ ရသေးတယ်၊ အဲ့နောက်တိုက်ပွဲတွ ပြင်းထန်လာတော့ ကျနော်လည်း အဲ့ဘက် ကားမထွက်နိုင်ခဲ့ဘူး။ ဒီနေ့တော့ အီနိုင်းတံတားက ပိတ်လိုက်ပြီ၊ ဖြတ်သန်းသွားလာခွင့် လုံးဝ ခွင့်မပြုတော့ဘူးတဲ့” ဟု လားရှိုးမြို့နေ နာမည်မဖော်လိုသူ ကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အီနိုင်း ကျေးရွာရှိ အီနိုင်းတံတားသည် လားရှိုးမြို့ – နမ္မတူမြို့ အတွက် အဓိက ဖြတ်သန်းသွားလာရသည့် ကားလမ်းမကြီးခု ဖြစ်ပြီး လားရှိုးမြို့အထွက် နှင့် ကပ်လျက် ရှိနေသည့် ကျေးရွာလည်း ဖြစ်သည်။

လက်ရှိ အီနိုင်းတံတား လမ်းပိတ်လိုက်သည့်အတွက် နမ္မတူဘက်မှ လာသည့် ခရီးသည်များ၊ စစ်ဘေးရှောင် များ၊ ကားသမား အတွက် အဆင်မပြေနိုင်ကြောင်း ၊လားရှိုးမြို့မှ နမ္မတူ စစ်ရှောင်များကို သွားရောက် ကူညီ ပေးမည့် ပရဟိတသမားများလည်း သွားလာရန် မဖြစ်နိုင်တော့ကြောင်း သိရသည်။

https://burmese.shannews.org/archives/39003

၂၃။ လောက်ကိုင်ကိုပို့လိုက်တဲ့ စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

December 26, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ကို ပို့လိုက်တဲ့ စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး ပြည်သူ့ရင်ခွင်ထံခိုလှုံအလင်းဝင်သွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။

ကလောမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ-၅၅ကနေ လောက်ကိုင်ကို စစ်ကူပို့လိုက်တဲ့ တပ်ရင်း တစ်ရင်းလုံးဟာ လောက်ကိုင်ကိုရောက်ပြီးနောက်တစ်ရက်မှာပဲ အလင်းဝင် သွားတာဖြစ်တယ်လို့ သိရပါတယ်။

https://federaljournalmm.org/fj-mm-17191-2/

၂၄။ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းအုပ်စုတွေ တောင်ကြီးမှာ အခြေချလှုပ်ရှားလာနေ

December 26, 2023

တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းအုပ်စုတွေဟာ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ အခုလ အတွင်း ပိုမိုအခြေချလှုပ်ရှားလာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တရုတ်လူမျိုးတွေဦးစီးပြီး အွန်လိုင်းကနေတဆင့်နည်းအမျိုးမျိုးနဲ့ ငွေကြေးလိမ်လည်ကြတဲ့ အဲဒီကျား ဖြန့်အုပ်စုဟာ တောင်ကြီးစီးပွားရေးဇုန်(TBC)၊ မြို့တွင်းရှိ ဟိုတယ် ၂လုံးနဲ့ အဆောက်အဦး အချို့မှာ အခြေချလှုပ်ရှားလာနေတာဖြစ်တယ်လို့ သိရပါတယ်။

https://federaljournalmm.org/fj-mm-17177-2/

၂၅။ မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်

December 26, 2023

မွန်ပြည်နယ်အတွင်း တိုက်ပွဲတွေ ထပ်မံဖော်ဆောင်ဖို့ ရှိပြီး စစ်ရေး အရှိန်တိုးမြင့်လာနိုင်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးမှ FJMM ကို ပြောပါတယ်။

မွန်ပြည်နယ်အတွင်းရှိ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး MSRF အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

https://federaljournalmm.org/fj-mm-17167-2/

 

၂၆။ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲမှာ စစ်သားများ စခန်းစွန့်ထွက်ပြေး

December 26, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်ရှိ စစ်ကောင်စီ ထယ်ဘွေး အထိုင်ချစခန်းကို တိုက်ခိုက်ခံရချိန် စစ်သားများက စခန်းကို စွန့်ခွာ ထွက်ပြေး သွားတယ်လို့ သိရပါတယ်။

အဲဒီ စခန်းစွန့်ခွာပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်က လိုက်လံ ရှာဖွေ နေတယ်လို့ CDF- မတူပီ ဘက်က သတင်းထုတ်ပြန် ထားပါတယ်။

စခန်းစွန့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီ စစ်သားများဟာ ဆင်ဖြူတိုက်ပွဲလို့ အမည် ပေးထားတဲ့ ချင်းပူးပေါင်းတပ် ဖွဲ့တို့ရဲ့ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲမှာ တိုက်ခိုက်ခံရချိန် ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

https://federaljournalmm.org/fj-mm-17134-2/ 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

Related Articles

Back to top button