သတင်း

ကွတ်ခိုင်မြို့နေ ပြည်သူအချို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ရေးအရ ပြောင်းရွေ့ခိုင်းထား

ကွတ်ခိုင်မြို့နေ ပြည်သူအချို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ရေးအရ ပြောင်းရွေ့ခိုင်းထား

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ ဒီဇင်ဘာ ၁၇၊ ၂၀၂၃   ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်အချို့နေ ပြည်သူတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ရေးအရ ပြောင်းရွေ့ခိုင်းထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တွေထံကနေ သိရပါတယ်။  

ကွတ်ခိုင်မြို့၊ စစ်ကောင်စီတပ် ဗျူဟာကုန်းနဲ့ ဗျူဟာလုံခြုံရေးစခန်းအထိုင်ချထားတဲ့ ရပ်ကွက် ၅နဲ့ ရပ်ကွက် ၁မှာ နေထိုင်တဲ့ ပြည်သူတွေကို ယာယီပြောင်းရွေ့ဖို့ ဒီကနေ့ ဒီဇင်ဘာလ ၁၇ရက်မှာ အသိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။  

“မနက်က ပြောင်းခိုင်းထားတယ်ဆိုပြီး ပြောင်းလာလို့ အခုပြောင်းနေကြပြီ။ နီးစပ်ရာဆွှေမျိုးအိမ်တွေနဲ့ ရွာတွေဖက်ကို ပြောင်းနေကြတာ၊ အခုထိတော့ ပစ်ခတ်တာ၊ တိုက်ပွဲ ဖြစ်တာ မရှိသေးဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။

ကွတ်ခိုင်မြို့၊ ရပ်ကွက် ၁မှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းရှိပြီး ရပ်ကွက် ၅မှာ ဗျူဟာလုံခြုံရေး အတွက်ချထားတဲ့ စခန်းငယ်တွေရှိတာကြောင့် တိုက်ပွဲဖြစ်ပွားလာပါက စစ်ကောင်စီတပ်အနေနဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တာကြောင့် ​ပြောင်းရွေ့ခိုင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၁၅ ရက်၊ ည ၉နာရီဝန်းကျင်က ဂိမ်းဆိုင်ကနေ ပြန်လာတဲ့ အသက် ၃၀ကျော် အမျိုးသား ၂ ဦးကို ကွတ်ခိုင်မြို့၊ရပ်ကွက် ၂-၃ ကြား အရပ်ဝတ်နဲ့ ကင်းလှည့်နေတဲ့ စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button