သတင်း

စစ်ကောင်စီစခန်း ၁၄၂ ခုကို AA သိမ်းပိုက်

စစ်ကောင်စီစခန်း ၁၄၂ ခုကို AA သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃။

၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ် ဖြစ်ပွားလာတဲ့ ရခိုင်ပြည်နယ်ထဲကအပါအဝင် ထိစပ်ဒေသ ချင်းပြည် နယ်ထဲက စစ်ကောင်စီရဲ့ စစ်တပ်စခန်း အကြီးအသေး ၁၄၂ ခုကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက် ရရှိခဲ့တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်ညပိုင်းက ထုတ်ပြန်ပါတယ်။

အဲဒီ စစ်တပ်စခန်းများကိုတော့ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီကြား ဖြစ်ပွား ခဲ့တဲ့ ၄၅ ရက်တာ တိုက်ပွဲကာလအတွင်း ၁၆ မြို့နယ်ထဲက စစ်ကောင်စီ ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် – ရဲဘက်စခန်း များနှင့် နယ်ခြားစောင့် တပ်စခန်း များကို သိမ်းပိုက် ရရှိခဲ့တာပါ။

ရက္ခိုင့်တပ်တော်ရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်ထဲက ပလက်ဝ စတဲ့မြို့နယ်တွေထဲက စစ်ကောင်စီ စစ်တပ် စခန်းပေါင်း (၁၄၂) ခုကို သိမ်းပိုက် ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ကနေစတင်တဲ့ ၁၀၂၇ စစ်ဆင် ရေးနှင့်အတူ ရက္ခိုင့် တပ်တော်(AA)ရဲ့ တိုက်ပွဲဖော်ဆောင်မှု နောက်ဆက်တွဲ စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲဟာ ဒီကနေ့ ချိန်ထိ ဆက်လက် ပြင်းထန် နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – AA Info Desk

Related Articles

Back to top button