သတင်း

ကာကွယ်ရေး ဒုဝန်ကြီးနှင့် မွန်ပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံ

ကာကွယ်ရေး ဒုဝန်ကြီးနှင့် မွန်ပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၄၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် မွန်ပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တို့ တွေ့ဆုံမှုများပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်ဝန်းကျင်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊ Mon State Revolutionary Organisation – MSRO၊ မွန်ပြည်တော်လှန်ရေးတပ် – MSRF၊ ABSDF တပ်ရင်း – ၁ ၊ ရေးပြောက်ကျားတပ် – YGF ၊ Ye Defence Force – YDF နှင့် Ye Air Force – YAF တို့ဖြင့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒုဝန်ကြီး နိုင်ကောင်းရွက်မှ တော်လှန်ရေးရဲဘော်များနှင့်တွေ့ဆုံကာ ရဲဘော်များ ရင်ဆိုင်ခဲ့ရသောအခက်အခဲအတွေ့အကြုံများ ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် မွန်ပြည်နယ်ဒေသအတွင်း စစ်ဆင်ရေးအခြေအနေများနှင့် အနာဂတ် စစ်ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်များအတွက်ပါ သက်ဆိုင်ရာမြေပြင်အသီးသီးမှ ရဲဘော်များနှင့် ဆွေးနွေးအစီအစဥ်ချမှုများရှိခဲ့ပါတယ်။

” မြေပြင်မှာရှိတဲ့ တပ်ရင်း/စစ်ကြောင်း တာဝန်ယူထားသူတွေကလည်း အားလုံးစုစုစည်းစည်းနဲ့ တစ်ပြိုင်တည်း စကစကို အလဲထိုးဖို့ ပြင်ဆင်ထားပါတယ်။ တပ်ရင်း/စစ်ကြောင်းတွေ စုစည်းမှုတင်မက မြေပြင်အရပ်ဘက်အဖွဲ့အစည်းတွေနှင့်ပါ စုပေါင်းလုပ်ဆောင်မှုတွေ အားကောင်းလာပါတယ်။ ” လို့ ဒေါနစစ်ကြောင်းမှ ရဲဘော် ရန်နိုင်မှ FJMM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က မွန်ပြည်နယ်တောင်ပိုင်းရှိ တော်လှန်တပ်ဖွဲ့များမှ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှအမြစ်ပြတ်ရေးအတွက် အဆုံးထိတိုင်အောင် အတူတကွတိုက်ပွဲဝင်သွားကြမယ်လို့ ကတိသစ္စာပြု သစ္စာရေသောက်ခဲ့ကြပါတယ်။

Photo – ဒေါနစစ်ကြောင်း

Related Articles

Back to top button