ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံ ကြေညာချက် ထုတ်ပြန်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၇၊ ၂၀၂၃
ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံကနေ ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ချင်းပြည်ကောင်စီ တို့ကို အတည်ပြုနိုင်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ချင်းပြည် (Chinland) ကောင်စီဟာ လာမည့် ရက်ပေါင်းအတွင်း ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရနှင့် ချင်းပြည် တရားလွှတ်တော်ချုပ် တို့ကို ဖွဲ့စည်းသွားမည်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်နေ့အထိ Victoria Base မှာ ညီလာခံ တက်ရောက် ၂၃၅ ဦးဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ တယ်လို့ သိရပါတယ်။