သတင်း

KNU တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်း ၅ ခု တစ်ပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ခံရ

Photo – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန်လ ၈ရက်၊ ၂၀၂၃။

KNU တပ်မဟာ ၃ နယ်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း ၅ ခုကို ဇွန်လ ၆ရက်နေ့ နံနက်ပိုင်းမှာ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်းကို ခလယ်လွီထူခရိုင် သတင်းနှင့် ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ထားပါတယ်။

KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှာ နံနက် ၄နာရီမှ ၇ နာရီအတွင်း (၁)ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ (၂) နတ်သံကွင်းမြို့ရဲစခန်း၊ (၃) နတ်သံကွင်းတံတားထိပ်ရှိရဲနှင့်ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ (၄) ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) နှင့် (၅) ဘုံသတောစခန်း တို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ထိုစခန်းများ၏ ထောက်ပို့လမ်းကြောင်းများဖြစ်သော တံတား ၃ စင်းကိုလည်း ဖျက်စီးဖြစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၄၀ ဦး သေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ၄ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာ ခဲ့ပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်စခန်း ၅ ခုမှ G3-၁လက်၊ MA1-၁လက်၊MA3-၁လက်၊ MA4-၁လက်၊ MAကျည်တောက်-၁၀ခု၊MAကျည်-၃၈၄တောင့်၊ M16ကျည်ဘောက်-၁ခု၊ စကစယူနီဖောင်း-၆စုံ၊ M14မိုင်း-၆၀လုံး၊ ကျောပိုးအိတ်-၆လုံး၊ 79ကျည်-၁လုံး၊ မိုင်းရှာစက်-၂စုံ၊ ယမ်းကူး-၁၅ခု၊ ပိုက်ဆံ-၄၈၀၀၀ကျပ် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွေဖော်ပြထားပါတယ်။

အဆိုပါ စခန်းများတိုက်ခိုက်သိမ်းပိုက်ခံရပြီးချိန်တွင် စစ်ကောင်စီတပ်များမှ လေကြောင်းတိုက်ခိုက်မှု ၉ကြိမ်ခန့် ပြုလုပ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိကျေးရွာများအတွင်းသို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ်အတွင်းရှိ ပြည်သူ ၄၅၀၀ ကျော်တို့မှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်း သိရပါတယ်။

Related Articles

Back to top button