သတင်း

စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်)တို့ နေရာအနှံ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ

ဓါတ်ပုံ – google
ဖက်ဒရယ်ဂျာနယ် ( ဇန်နဝါရီ ၃ – ၂၀၂၂)

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီသည် အထူးဒေသ(၁) မုံးကိုးခရိုင် ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA(ကိုးကန့်)၏ မန်ရန်တပ်စခန်းကို လက်နက်ကြီးများဖြင့် အဆက်မပျက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် သုံးရက်အတွင်း ကိုးကန့် MNDAA ၏ မန်ရန်တပ်စခန်းကို စုစုပေါင်းလက်နက်ကြီး ကျည်ပစ်ခတ်သည်မှာ (၄၅၀)ကျော်ခန့်ရှိပြီး စက်သေနတ်နှင့် စက်နိုက်ဘာဖြင့် တပ်စခန်းကို အနှောင့်အယှက်ပေး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု The Kokang သတင်းက ဖော်ပြခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၁၇ နာရီ ၅၁ မိနစ်အချိန် အထူးဒေသ(၁) မုံးကိုးခရိုင် ကျိမ့်ကြာ ကျိုက်ရွာ လမ်းစုံနေရာတွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAAသည် တစ်နာရီခန့်ကျော် တိုက်ပွဲဖြစ်ပွားခဲ့ပါ သည်။ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၄ မိနစ်အချိန်တွင် နှစ်ဦးနှစ်ဘက်သည်၆ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ ပါသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၁၄ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်)သည် စစ်ကောင်စီ၏ ရန်စပြုမှုအောက်တွင် ပန်ရင်လပ ရှိ စစ်ကောင်စီတပ်စ ခန်းကို နှစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း ထို့ပြင် မုံးကိုးခရိုင် မန်ဖာ‌ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ သည်လည်း ကိုးကန့် MNDAA ၏ တပ်စခန်းကိုလက်နက်ကြီးဖြင့် ကြိုးကြား၊ ကြိုးကြား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၁၇ နာရီ ၁၈ မိနစ်ခန့်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA သည် မုံးကိုးခရိုင် ဖောက်မော့ရန်ကျီ ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။

Related Articles

Back to top button