သတင်း

စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ရင်း (၂) ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်

စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ရင်း (၂) ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

ဒီဇင်ဘာလ ၄၊ ၂၀၂၃

 

ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းများဖြစ်သည့် BP – 13၊ BP – 14၊ မယ်တင်နွယ်စခန်း၊ တောင်လှစခန်း၊ နမ့်ပေါင်စခန်း၊ မယ်စဲ့မြို့နယ်ရဲစခန်း၊ ဗျူဟာကုန်း တို့ကို ပြီးခဲ့တဲ့ ဇွန်လ (၁၃)ရက်နေ့ကနေစပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ တယ်လို့ သိရပါတယ်။

 

အဲဒီနောက် ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့မှစပြီးတော့လည်း စစ်ကောင်စီ နယ်ခြားစောင့်တပ်ရင်းများ ဖြစ်သည့် ပန်းတိန်ရွာရှိ (၁၀၀၄) တပ်ရင်း နှင့် ရွာသစ်မြို့ရှိ (၁၀၀၅)တပ်ရင်းတို့ကို ထပ်မံသိမ်းပိုက် ရရှိဖို့ တိုက်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုမှာတော့ နယ်ခြားစောင့် တပ်ရင်း ၂ ဖွဲ့ထဲက တပ်ဖွဲ့ဝင်တချို့ ကလည်း မိခင်အဖွဲ့စည်း ဖြစ် သည့် ကရင်နီ ပြည်လူမျိုး ပေါင်းစုံပြည်သူ့ လွတ်မြောက် ရေး တပ်ဦး (ကလလတ)နဲ့ ပြန်လည် ပေါင်းစည်းပြီး ပြန်လည် တော်လှန် တိုက်ခိုက်ခဲ့တာပါ။

 

အခုတော့ ၅ လအကြာ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ လက်အောက်ခံ ပန်တိန်းရွာအခြေစိုက် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်ရင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက် နေ့က ထိန်းချုပ်ထား နိုင်ခဲ့တာဖြစ်ပြီး ရွာသစ်ရွာ အခြေစိုက် အမှတ်(၁၀၀၅) နယ်ခြား စောင့် တပ်ရင်းတို့ကို နိုဝင်ဘာ ၁၁ ရက်နေ့က ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ကရင်နီ ပြည်လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ)မှ ထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ – CJ

Related Articles

Back to top button