သတင်း

ကော့ကရိတ်တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရ

ကော့ကရိတ်တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရ

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
ဒီဇင်ဘာ ၃၊ ၂၀၂၃
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရပါတယ်။
 
ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲမှာ ယနေ့အထိ ပြင်းထန်နေခဲ့ပြီး စစ်ဘေးရှောင် ၃ သောင်းနီးပါးအထိ ရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။
 
” စစ်ဘေးရှောင် ၃ပုံ ၁ပုံလောက်တော့ မြို့ထဲပိတ်မိနေသေးတယ်။ အခက်ခဲဆိုရင် ငွေအခက်ခဲရှိသူတွေ တခြားမြို့မှာအသိဆွေမျိုးမရှိသူတွေ ကားမရှိတဲ့သူတွေကတော့ ပိုဒုက္ခရောက်ကြပါတယ်။ အဲ့ဒါကိုလည်းမြို့ခံအချင်းချင်းပြန်ကူညီနေကြပါတယ်။” လို့ ဒေသခံတစ်ယောက်မှ FJMM ကိုပြောပါတယ်။
 
စစ်ဘေးရှောင်တွေအတွက် နေရေး၊စားသောက်ရေး၊ အဝတ်အစားတွေနှင့် ဆေးဝါးတွေလည်း လိုအပ်လျှက်ရှိနေတယ်လို့ သိရပါတယ်။
 
လက်ရှိ စစ်ဘေးရှောင်ပြည်သူများကို ဘားအံ၊ သာမညနှင့် ကျုံဒိုး စတဲ့နေရာများမှာ ကူညီကယ်ဆယ်ထားတယ်လို့ ပြောပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
 
အဆိုပါတိုက်ပွဲအတွင်း ဒေသခံ ၁ ဦးသေကာ ကားသမား ၆ ဦးသေဆုံးခဲ့ပြီး အရပ်သား ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
 

ဓါတ်ပုံ – CJ

Related Articles

Back to top button