သတင်း

အာဏာသိမ်းမှုအလွန် အမျိုးသမီးများ သေဆုံးသူ ခုနှစ်ရာနီးပါး မြင့်တက်လာပြီး ဖမ်းဆီးခံရသူ နှစ်ထောင်ကျော် ရှိနေ

အာဏာသိမ်းမှုအလွန် အမျိုးသမီးများ သေဆုံးသူ ခုနှစ်ရာနီးပါး မြင့်တက်လာပြီး ဖမ်းဆီးခံရသူ နှစ်ထောင်ကျော် ရှိနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၊ ၂၀၂၃

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်စုစည်းချက်အရ အာဏာသိမ်းမှုအလွန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ မှ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ အမျိုးသမီးများ သေဆုံးသူ (၆၆၄) ဦးအထိ မြင့်တက်လာပြီး စစ်တပ်၏ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသူပေါင်း အမျိုးသမီး (၂၄၄၁) ဦးထိ ရှိနေကာ ပြစ်ဒဏ် ချမှတ် ခံရသူ ပေါင်း (၇၀၆) ဦးအထိ ရှိလာနေတယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှု ကာလများအတွင်း အမျိုးသမီး သေဆုံးသူဦးရေနှင့် ဖမ်းဆီး ထိန်း သိမ်းခံထားရသူများ ဆက်တိုက်ရှိနေသလို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၆) ရက်နေ့အထိ ၁ လ နီးပါးအတွင်းမှာပင် တိုင်းနဲ့ ပြည်နယ် တွေထဲက အမျိုးသမီး သေဆုံးသူ (၃၈) ဦးထိ မြင့်တက်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရသူ (၁၆) ဦးထိ ရှိခဲ့ တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Burmese Women’s Union

Related Articles

Back to top button