တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများ စုစည်းတင်ပြခြင်း

(No. 94, November 28, 2023)

၁။ ဖလမ်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၀၅ နှစ်အရွယ် အဖွား Ram Tlung   သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရ
November 27, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၀၅ နှစ်အရွယ် အဖွား Ram Tlung သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရ ရှိကြောင်း CNO ပြန်ကြား‌ရေး တာဝန်ခံက ပြောကြားသည်။ နိုဝင်ဘာလ ၂၇ ရက် နံနက် ၂ နာရီခန့်အချိန် ဖလမ်းမြို့ အခြေစိုက် ခလရ ၂၆၈ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက် ကြီးတစ်လုံးသည် စီဇာမွာလ်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀၅ နှစ် ရှိ အဖွား Ram Tlung  သေဆုံးပြီး ၎င်း၏ သမီး အသက် ၆၅ နှစ်အရွယ် ဒေါ် ဇိုထွေး(Pi Zo Htwe ) လည်း စိုးရိမ်ရဒဏ်ရာ ရရှိကြောင်းသိရသည်။

“ဒီမနက် ၁ နာရီကျော်လောက်က တပ်ကုန်းကနေပစ်တဲ့ လက်နက်ကြီးက ကျနော်တို့ ရွာမှာကျတယ်၊ ခုသေဆုံးတဲ့ အဖွားအိမ်ပေါ်ကိုကျတာ၊ အဖွားကတော့ သူ့ခြေထောက်တွေပြတ်တောက်ပြီးနေရာမှာ ပဲသေတယ်၊ သူ့သမီးကလည်း သူပေါင် တစ်ဝိုက်နဲ့ ဗိုက်တွေမှာ ဒဏ်ရာ အကြီးကြီးရထားတယ်၊ သူ့ကိုတော့ ဖလမ်းဆေးရုံးမှာပို့လိုက်ပြီ၊ ဆုတောင်းခြင်းနဲ့ ကူညီပေးဖို့ လည်းပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ လွန်ခဲ့သည့် မတ်လ ၁၈ ရက်နေ့ကလည်း  စီဇာမွာလ်ကျေးရွာ နားတွင် စစ်ကောင်စီ ထောင်ထားသော မြေမြုပ် မိုင်းနင်းမိကာ စီဇာမွာလ် ကျေးရွာသား အသက် ၆၀ အရွယ် ဦးတီလ်ကျဲအို သေဆုံးခဲ့ကြောင်း၊ စီဇာမွာလ် ကျေးရွာသည် ဖလမ်း-ကလေးလမ်းမပေါ်မှာ တည်ရှိပြီး ဖလမ်းမြို့ မှ ၂ မိုင်ခန့်သာ ဝေး ကွာသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=705795248314751&set=a.5681422 78746716
၂။ လွိုင်ကော်မြို့မှာ ကလေး အပါအ၀င် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ် ပစ်သတ်
   November 27, 2023

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ နိုဝင်ဘာ ၂၇ အထိ ကလေး အပါအ၀င် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံရသူတွေဟာ နောင်ယားရပ်ကွက်၊ တိုက် ၆ လုံး အနီးမှာ အသက် ၁၃ နှစ်အောက် ကလေး အပါအဝင် အမျိုးသား ၄ ဦး၊ ချိကယ် လမ်းမ ကြီးဘေးမှာ အမျိုးသား တစ်ဦး၊ ဒေါနိုးကူး ရပ်ကွက် ကျောင်းအနီးမှာ အမျိုးသား တစ်ဦး၊ မင်းစုရပ်ကွက်၊ ဆေးရုံကုန်း အနီးမှာ ကင်ဆာ ‌ဝေဒနာရှင် အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း ၇ ဦး ပစ်သတ်ခံရရာ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။“တိုက် ၆ လုံးဘက်က တော်တော်ဆိုးနေပြီ။ ကလေးကို မပစ်ပါနဲ့ ဆိုတာကို အချက်ပေါင်း မရေနိုင်အောင် ပစ်တာ။ စိတ်ကြိုက်ကို ပစ်သတ်သွားတာ” လို့ ပစ်သတ်ခံရတဲ့ ကလေးနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရသူ ၇ ဦးအနက် တိုက် ၆ လုံးဘက်မှာ ပစ်သတ်ခံခဲ့ရတဲ့ ကလေး အပါအ၀င် လူ ၄ ဦးရဲ့ ရုပ်အလောင်းတွေ စစ်ကောင်စီတပ်က ပြန်သယ်ခွင့် မပေးဘူးလို့ သိရပါတယ်။ ပစ်သတ်ခံရတဲ့ ကင်ဆာ ဝေဒနာရှင်နဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက “အိမ်ပေါ်မှာ သူ့မိန်းမက ဆေးသွင်းပေး နေတယ်။ ဆေးသွင်းပြီး ၅ ရက်ကျော်မှ ထွက်လို့ရမှာ။ အဲဒါ ကြိုတင် ပြင်ဆင်တာပေါ့ နော်။ ကားပေါ် ပစ္စည်းတွေ တင်နေတုန်း လူနာ တစ်ယောက်ထဲ ကျန်တဲ့အချိန် အိမ်ပေါ်အထိ လာပစ်သွား တာ” လို့ ပြောပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဟိုပုံးမြို့က ဟိုတယ် တစ်ခုမှာ လွိုင်ကော်မြို့က စစ်ဘေးရှောင် လာတဲ့ အသက် ၇၀ ကျော် အဖွားအို တစ်ဦး အပါအဝင် စစ်ဘေးရှောင် ၁၁ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက် ဖမ်းဆီးခဲ့ ရာ ဒီကနေ့ အထိ အဆက်အသွယ် မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိ လွိုင်ကော်မြို့နဲ့ မိုးဗြဲမြို့တို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ် ပစ်သတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ စစ်ဘေးရှောင်စဉ် လက်နက် ထိမှန် သေဆုံးမှုကြောင့် ဒေသခံ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ https://www.facebook .com/photo/?fbid=375284781524639&set=pcb.3752849 41524623
၃။ တနင်္သာရီမှာ တပ်ဖွဲ့သုံးဖွဲ့ပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစုစစ်ကြောင်း ဖွဲ့စည်း
   November 27, 2023

တနင်္သာရီမြို့နယ်အခြေစိုက် မဟာမိတ်တပ်ဖွဲ့သုံးခုပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစု – Southern brothers army (SBA) အမည်နဲ့ စစ်ကြောင်းတစ်ခုဖွဲ့စည်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး KTLA-tcjf၊ ခွပ်ဒေါင်း တမန်အထူးစစ်ကြောင်းနဲ့ People Liberation Army(PLA) တို့ ပူးပေါင်းဖွဲ့စည်းခဲ့တာလို့ စစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။ KTLA-tcjf တပ်ဖွဲ့ဟာ ကော်သူးလေအာမီ KTLA ထီးစမယ်ယွာ တပ်ရင်း ရဲ့ တပ်ခွဲ(၃) ဖြစ်ပါတယ်။ ကိုစိုင်းညီက “စည်းလုံးညီညွတ်ခြင်း၊ ယုံကြည်မှုပိုမိုခိုင်မာခြင်းရဲ့ရလဒ်ကတော့ ကျနော်တို့ အ တွက် အားသာချက်ပေါ့။ မြေပြင်မှာ အုပ်ချုပ်ကွပ်ကဲရတာကအစ ပိုကောင်းသွားတာပေါ့။”လို့ ပြောပါတယ်။ အားလုံး တစု တစည်းထဲဖြစ်သွားတဲ့အတွက် အင်အား တွေများလာကာ စားဝတ်နေရေးကအစ ရဲဘော်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေ အဆုံး ပိုပြီးရုန်းကန်ရမှာဖြစ်တယ်လို့ ကိုစိုင်းညီ က ဆက်ပြောပါတယ်။ စစ်ကြောင်းကို တော်လှန်ရေးအင်အားစု အချင်း ချင်းစည်းလုံးညီညွတ်ပြီး ခိုင်မာတဲ့ယုံကြည်ချက်နဲ့ စစ်မှန် တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်ပေါ်ထွန်းလာဖို့အတွက် အာဏာရှင်စနစ်ကိုအမြစ်ပြတ်တွန်းလှန်နိုင်ဖို့ရည်ရွယ်ပြီး ဖွဲ့စည်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါ တယ်။

စစ်ကြောင်းဖွဲ့စည်းတဲ့နေ့က KTLA ထီးစမယ်ယွာတပ်ရင်းရဲ့ တပ်ရင်းမှူး အဖူးစောလှမြင့်၊ စစ်ကြောင်းမှူး ဗိုလ်ပါးမွေး၊ ဒု-စစ်ကြောင်းမှူး ဗိုလ်သားနီနဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ ဗိုလ်စိုင်းညီ တို့က အမှာစကားပြောခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မဟာမိတ်ပြုပြီးစစ်ကြောင်းတွေ ဖွဲ့စည်းတဲ့အပေါ်  ဘက်မလိုက်ပြောက် ကျား တပ်ဖွဲ့ (တနင်္သာရီ ပကဖ) SWDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “တစ်ဖွဲ့တည်းလှုပ်ရှားနေမယ်ဆိုရင် လက်နက် အင်အား မလုံ လောက်တာတို့၊ မပြည့်စုံတာတို့များတယ်။ မဟာမိတ်ဖွဲ့လိုက်တော့ Selection ရွေးထုတ်လို့ ရတယ်လေ။ ဒါက ကောင်းကျိုး အများကြီးထဲက တစ်ခုပေါ့”လို့ ပြောပါတယ်။ တနင်္သာရီမြို့နယ်အတွင်း ခွပ်ဒေါင်းတမန် အထူးစစ်  ကြောင်း၊ တနင်္သာရီမဟာ မိတ်တပ် ပေါင်းစုစစ်ကြောင်း ၁ နဲ့ စစ်ကြောင်း ၂ တို့ရှိတယ်လို့ SWDF ပြန်ကြားရေးတာဝန်ခံဆီ က သိရပါတယ်။ https://ww w.facebook.com/photo/?fbid=372676265150129&set=a.196212

၄။ မင်းတပ်မြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ ပြင်းထန်ဒဏ်ရာ ၂ ဦးရရှိ
   November 27, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ  မိခင်နဲ့ကလေးစောင့်ရှောက်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက် ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာ ၂ ဦး ရရှိခဲ့တယ်လို့ CDF(မင်းတပ်) commando အဖွဲ့ထံက သိရှိရပါတယ်။  နိုဝင် ဘာ ၂၆ ရက်၊ မနက် ၈ နာရီမှာ CDF(မင်းတပ်) commando တပ်ဖွဲ့က 1126 အော်ပရေးရှင်းအဖြစ်  မိခင်နဲ့ ကလေးစောင့်ရှောက် ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့အား သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာ ဝန်ခံ ဆလိုင်းအန်ထော်နီ က ပြောပါတယ်။ “မနေ့က မင်းတပ်မြို့တွင်း စစ်ကောင်စီ လုံခြံရေးယူထားတဲ့နေရာကိုကျွန်တော် တို့  ကွန်မန်ဒိုတပ်ဖွဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ပါတယ်။ အပြိုင်အလှန်ပစ်ခတ်မူ ဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်က သုံးဦး ပွဲချင်း ပြီး သေဆုံးတယ်။ ပြင်းထန်ဒဏ်ရာရ လေးဦးရတယ်။ မင်းတပ်ခရိုင်ဆေးရုံးမှာ ဆေးကုသရင်း ၂ ဦး ထပ် သေဆုံးတယ်။ ကျန်တဲ့ ၂ ဦးလည်း အခြေနေမကောင်းဘူးလို့ ကြားတယ်။ ကျွန်တော်တို့ အဖွဲ့က ထိခိုက်သေဆုံးမူ မရှိဘူး။” အခု တိုက်ပွဲ ဟာ CDF(မင်းတပ်) ကွန်မန်ဒို ရဲဘော်တွေ ထိခိုက်သေဆုံးမူမရှိဘဲ ပထမဆုံး 1126 အော်ပရေးရှင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်အပြိုင်အလှန် ပစ်ခတ်မူအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် မင်းတပ်မြို့ ဘဝ သစ်ရပ်ကွက်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်းအနီးတွင် လက်နက်ကြီး ကျည်ကျပေါက်ကွဲပြီး ပြည်သူ နှစ်ဦးထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရှိရပါတယ်။ https://www.facebook.com/photo?fbid=673565524950715&set=a.4045 03215190282
၅။ လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီကားပဒေသာမိုင်းဆွဲခံရ
   November 27, 2023

လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတ​ပ်သားတွေစီးလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ လောင်းလုံး(ပကဖ)နဲ့ မြို့ခံတွေဆီကသိရပါတယ်။ မနေ့ကညနေ ၅ နာရီလောက်မှာ မြို့ပေါ်က စောင်းကြိုးလမ်းပေါ် စစ်ကောင်စီ တပ်သားတွေစီးလာတဲ့ ဗီဂိုးအမျိုးအစားကား ဖြတ်သွားချိန် လောင်းလုံး(ပကဖ)က ပဒေသာမိုင်းနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ “ကားထိုးရပ်သွားပြီး ကားနောက်ကကောင်တွေပါ လွင့်ကျကုန်တယ်။ ပြန်တောင်မပစ်နိုင်ဘူးဗျ”လို့ လောင်းလုံးပြည်သူ့ကာ ကွယ်​ရေးအဖွဲ့ရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရတဲ့နေရာကို လောင်းလုံးရဲစခန်းကနေ သေနတ်တွေ၊ ၄၀ မမ လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကူတပ်ဖွဲ့ ရောက်လာတယ်လို့ ပြည်သူ့ ကာကွယ်ရေးရဲဘော်က ဆက် ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိတယ်လို့ လောင်း လုံး(ပကဖ)ကထုတ်ပြန်ထားပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေဟာ လောင်းလုံး အထက်တန်းကျောင်းနဲ့ ဆေးရုံရှေ့ တွေမှာ လမ်းသွားလမ်းလာတွေဆီကနေ ငွေကြေးအများအပြားတောင်းခံနေတဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။ အလှူသွားတဲ့ကားတွေကိုလည်း အကြောင်းအမျိူးမျိူးပြကာ ငွေကျပ်သိန်းဂဏန်း အထိတောင်းခံ နေပြီး လမ်းသွားလမ်း လာတွေက ညှိနှိုင်းပြီးသွားလာနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အခုရက်ပိုင်းမှာပဲ အလှူ ကားကိုတားပြီး ကားပေါ်မှာ တစ်ယောက်ကို သုံးသောင်းစီပေးရမယ်ဆိုပြီးတောင်းတယ်” လို့လောင်းလုံး ဒေသခံတစ်ဦး ကပြောပါတယ်။ https://www.face book.com/photo?fbid=372626318488457&set=a.1962126 82796489

၆။ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းဒေသခံတစ်ဦး ဒဏ်ရာရ
   November 27, 2023

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက် ကြီး ကျည်စ ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာသားများက ပြောသည်။ အသက် ၆၀ ကျော် အရွယ် ဦးမောင်ချမ်းသာမှာ ယနေ့ နံနက် ၈ နာရီကျော်က သာစည်ကျေးရွာအနောက်ဖက်ရှိ ဘုတ်ဆိပ်၌ရှိနေစဉ် လက်နက်ကြီး ကျည်စထိမှန်၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။“ညာဘက် ဝမ်းဗိုက် ဘေးနားမှာ လက်နက်ကြီးကျည်စမှန်သွားတာ။ ဒဏ်ရာ ကတော့ သိပ်စိုးရိမ်စရာမရှိဘူး”ဟု သာစည်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ၅၅၀ တပ်ရင်းမှ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားခြင်းဟု ဒေသခံများက ပြောကြသည်။ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် သာစည်၊ လက်ဝဲစာတိုက်ကျေးရွာနှင့် အနီးအနား ကျေးရွာတို့မှ ဒေသခံ အများစုမှာ အသက် အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်၍ လုံခြုံမည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

“စစ်ကောင်စီက နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာရှိတယ်။ လက်နက်ကြီးထိမှာ ကြောက်လို့ မနေရဲတော့ ပြေးနေရ ပြီ”ဟု လက်ဝဲစာတိုက်ကျေးရွာမှ တိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက်ကလည်း စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာနှင့် ရဲရိုးပြင်ကျေးရွာတို့မှ ဒေသခံ နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။ ရခိုင်ပြည်တွင် တကျော့ပြန်စစ်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက လက်နက်ကြီး/ငယ် များအပြင် ရဟတ်ယာဉ်၊ ဒရုန်းတို့ဖြင့် ရည်ရွယ်ချက်ရှိရှိ ပတ်ခတ်နေမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမှာ တဖြည်း ဖြည်း မြင့်တက်လာသည်။ https://www.facebook.com/photo/?fbid=73957 981548934&set=a.643209801185953
၇။  နမ္မတီး-လဝါးလမ်းပေါ်က မရန်ကထောင်ကျေးရွာ လူကြီး ၅ ဦးကို စစ်ကောင်စီဖမ်းဆီးထား
    November 27, 2023

နမ္မတီး-လဝါးလမ်းပေါ်က မရန်ကထောင် စစ်ကောင်စီဂိတ်စခန်းမှာ ပစ်ခတ်သံတွေ ကြားရပြီးတဲ့နောက် မရန်ကထောင် ကျေးရွာအတွင်းက လူကြီး ၅ ဦးကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးတာ မရှိသေး ဘူးလို့သိရပါတယ်။ ဒေသခံပြည်သူတစ်ဦးရဲ့ပြောပြချက်အရ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီလောက်က ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ကနေ မရန်ကထောင် စစ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ပြီးတဲ့နောက် အထက်ပါ ဂိတ်စခန်းအပြင် မိုးကောင်းဗျူဟာကုန်းကနေပါ လက်နက်ကြီးပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ ပစ်ခတ်မှု ကြောင့်ရွာအတွင်း လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပြီး နေအိမ်ပျက်စီးမှုရှိခဲ့တဲ့အပြင် အသင်းတော် ဆရာမ တစ်ဦးနဲ့ အသက် ၈ နှစ်အရွယ်ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ရွာအလယ်က အသင်းတော် ဆရာမ တစ်ဦး အိမ်ရှေ့မှာ ဗုံးကျရောက်ပေါက်ကွဲ တယ်။ အိမ်ထရံတွေရော ထိတယ်။ ဆရာမရဲ့ လက်နည်းနည်းထိသွား တယ်။ “လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ကနေ ပစ်ခတ်မှုအပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာပဲ မရန်ကထောင် ရွာအတွင်းက အသက် ၄၀ ကနေ ၆၀ အရွယ်ရှိတဲ့ ရပ်ရွာဆိုင်ရာ လူကြီး ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီးတော့ ဘယ် လိုအကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့လည်း ပြောပါတယ်။ “ခုခေါ်သွားတဲ့ သူတွေရဲ့ အိမ်တွေ မှာက ကလေးတွေအများကြီးရှိတဲ့ အိမ်တွေက ဟုတ်တယ်။ ခုကမိုးကောင်းဘက်က တပ်မှာ ဖမ်းထားတယ်လို့ ပြောတယ်”လို့ အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။ https://www.facebook.com/photo?fb id=363547739685559&set=a. 266001999440134

၈။ မူဆယ်မြို့၊ လုံခန်း စစ်တပ် စခန်းသိမ်းတိုက်ပွဲတွင် ခလရ ၇၆ ခြေလျင် တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇေယျာဝင်း (ခ) အရှည်ကြီး သေဆုံး
 November 27, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်အနီးရှိ လုံခန်းစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် ခလရ ၇၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီး သေဆုံးသွားကြောင်း မိတ္တီလာတပ်နယ်မှ စစ်တပ်သတင်းရင်း မြစ်က အတည်ပြုပြောဆိုသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ  ၂ နာရီ ၁၈ မိနစ်အချိန်  MNDAA နှင့် ဒေသလုံခြုံရေး တပ်ဖွဲ့တို့ ပူးတွဲပြီး ကျင်းစန်းကျော်နယ်စပ်ဂိတ်၏တောင်ဘက်ခြမ်း လုံခန်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ခလရ ၇၉ တပ်ရင်းမှူး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ” ခလရ ၇၉ က  မိတ္ထီလာတပ်။  ကျသွားတာက တပ်ရင်းမှူ ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီး။ စစ်တက္ကသိုလ် DSA အပတ်စဥ် ၄၅ ပါ” ဟု မိတ္တီလာတပ်နယ်မှ စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲတွင် သေဆုံးသူ ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီး တွင် သားသမီး ၂ ဦးကျန်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မကြာသေးမီ နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ပန်လုံဗျူဟာကုန်းတိုက်ပွဲတွင် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး အောင်ကျော်လွင် ဒရုန်းဗုံးထိမှန် သေဆုံးခဲ့ကြောင်း၊ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်း ဆင်း ဗိုလ်မှူးချုပ်/ဗိုလ်မှူး‌ကြီးအောင်ကျော်လွင်သည်  မုံးကိုး အခြေပြု ပန်လုံ ဗျူဟာစခန်းတွင် ဒရုန်းဗုံးထိမှန် သေဆုံးခဲ့ ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=705881138306162&set=a.568142278746716
၉။ ၁၀၂၇ စစ်ဆင်ရေး ၁ လအတွင်း ကလေးငယ် ၁၄ ဦးအပါအဝင် အရပ်သား ၇၇ ဦးသေဆုံးခဲ့ပြီး ၁၂၀ ကျော်ဒဏ်ရာရ
   November 27, 2023

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ၁ လအတွင်း ရှမ်းမြောက်မှာ  ကလေးငယ် ၁၄ ဦးအပါ အဝင် အရပ်သား ၇၇ ဦးအထိ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၂၇ ဦးအထိရှိခဲ့ပါတယ်။ သေဆုံး သူတွေနဲ့ ဒဏ်ရာရသူတွေဟာ  မြေမြုပ် မိုင်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် သေဆုံးရသူတွေလည်း ပါဝင်ပါတယ်။ သေဆုံးသွားတဲ့ သူတွေ ထဲမှာ  လောက်ကိုင်က ၂၅ ဦး၊ လားရှိုး ၈ ဦး၊ မူဆယ် ၉ ဦး၊ နမ့်ဖတ်ကာ ၈ ဦး၊ သိန္နီ ၈ ဦး၊ နမ့်ခမ်း ၅ ဦး၊ ကွတ်ခိုင် ၃ ဦး၊ နောင်ချို ၅ ဦး၊ နမ့်ဆန် ၄ ဦး၊ ကျောက်မဲ ၁ ဦး၊ သီပေါ ၁ ဦး စုစုပေါင်း ၇၇ ဦး ရှိခဲ့တာဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ ရွှေဖီမြေက ပြုစုထားတဲ့စာရင်းတွေသာဖြစ်ပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် မြေပြင်မှာ သေဆုံးသူဦးရေ ဒီထက်ပိုများနိုင်ပါတယ်။

ညီနောင် ၃ ဖွဲ့ဟာ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေပြီး တိုက်ပွဲ အတွင်း အရပ်သားသေဆုံးသူ မှုဟာ အနည်းကျည်းသာရှိပြီး စစ်ကောင်စီရဲ့ တဖတ်သက်ပစ်ခတ်မှုတွေကြောင့် အရပ်သား တွေ သေဆုံးနေရတာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး ကြီး တားအိုက်ကျော်က ပြောပါတယ်။ ” တိုက်ပွဲကြားမှာ အရပ်သားထိခိုက်မှုဟာ သိပ်မရှိသလောက်ပါပဲ။ စစ်ကောင်စီက အရပ်သား တွေရှိတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်တယ်”လို့ ဆိုပါတယ်။ ဒါအပြင် ၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့နေအိမ်နဲ့ မီးလောင်တဲ့နေအိမ် ၂၀၀ နီးပါးအထိ ရှိတယ်လို့ PSLF/TNLA ရဲ့ နိုဝင်ဘာ ၂၄ ရက်အထိစာရင်းအရ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစပြီး အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၂၄ ရက်အထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၆ သောင်းကျော် အထိရှိ နေပြီး အရေးပေါ်အကူအညီ လိုအပ်နေ တယ်လို့ လူသားချင်းစာနာထောက်ထားမှုနဲ့ အရေးပေါ်ကူညီထောက့်ပံ့ရေး ကော်မတီ(ရှမ်းမြောက်) က ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=67351064 1622870&set=pcb.673510671622867
၁၀။ ရခိုင်မှာ စစ်ကောင်စီတပ်စခန်းတွေထဲကမောင်တောဒေသရှိတပ်စခန်းအများဆုံးကို လက်လွှတ်ဆုံးရှုံး
    November 27, 2023

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့နိုဝင်ဘာ လ ၁၃ ရက်နေ့က ဒုံးပိုက်နယ်ခြားစောင့်စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် မောင်တောဒေသရှိ စစ်ကောင်စီစခန်းအများဆုံးလက်လွှတ်ဆုံး ရှုံးလိုက်ရတယ်လို့ နယ်ခြားစောင့် အသိုင်းအဝိုင်းနဲ့ ရခိုင်ပြည်သူတွေက အတည်ပြုပြောကြပါတယ်။ အဲဒီမောင်တောဒေသဟာ ရခိုင်မှာစခန်း၊ ချောင်းပေါက် စခန်း၊ အထိုင်စခန်း၊ တပ်ရင်း၊ တပ်မ၊ ဗျူဟာအများဆုံးဖြစ် ပေမယ့်ခုနောက်ပိုင်းမှာ အဲဒီစခန်းတွေ လက်လွှတ်ဆုံးရှုံးလိုက်ရ တာအများ ဆုံးဖြစ်တယ်လို့လည်း နယ်ခြားစောင့်အသိုင်းအဝိုင်းနဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေက ဆိုကြပါတယ်။ အဲဒီ မောင်တောဒေသက စစ်ကောင်စီစခန်း အားလုံးနီးပါးကိုရုပ်သိမ်းခဲ့ရပြီး အနည်းငယ်ကိုသာ စုပေါင်းအထိုင်ချ ခံစစ်ပြုနေကြ ရပြီး အဓိကအထိုင်စခန်း ကြီး ၆ ခုကျရင် မောင်တောမြို့နယ်တခုလုံးကို စစ်ကောင်စီတပ်က လက်လွှတ်ဆုံးရှုံးသွားရမယ်လို့ လည်း ဆိုပါတယ်။ ”မောင်တောမှာက ကြိမ်ချောင်း၊ ကျီးကန်ပြင်၊ လှဖိုး ခေါင်ကျရင်မြို့ကို အေအေရသွားမယ်။ နောက်ပြီး အင်းဒင်၊ မောရဝတီ၊ မြို့သူကြီးကျရင်တော့ မောင်တောမြို့နယ်တခုလုံးကို အေအေရသွားမယ်။ တခြားစခန်းတွေ၊ တပ်ရင်း တွေက အရေးမပါတော့ ဘူး။ အင်အားမရှိတော့ဘူး။”လို့ မောင်တောမြို့နယ်၊ မောရဝတီဗျူဟာမှ နယ်ခြားစောင့်အရာရှိ တစ်ဦးက ပြောပါတယ်။ အဲဒီ မောင်တောဒေသမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ပါဝင်ပြီး ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့် စခန်း တွေအနေနဲ့ စေတီပြင်ကျေးရွာ အထိုင်စခန်းနဲ့ အင်းဒင်-စေတီပြင်ကျော်လမ်းရှိ စေတီကုန်းအထိုင်စခန်းနှစ်ခုသာ ရှိတော့တယ်လို့ နယ်ခြားစောင့်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

”မောင်တောမှာ တပ်ရင်းကြီးတွေကို အေအေ လာတိုက်ရင် လက်နက်ကျမယ့်သူတွေအများကြီးပါ။ ရဲတွေကတော့ တိုက်မှာ မဟုတ်ဘူး။ နယ်ခြားစောင့်တွေထဲကလည်း လက်နက်ချမယ့်သူတွေအများကြီးပါပဲ။ စစ်တပ်က ရဲတွေ၊ နယ်ခြားစောင့် တွေလက်နက် ချကြမှာစိုးရိမ်နေတာပါ။”လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ မောင်တော ခရိုင်မှာ ရှေ့တန်းအမှတ် ၃၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိနေပေမယ့် စစ်မတိုက်ချင်ကြတော့သလို ဘူးသီးတောင်မြို့နယ်ရှိ၊အမှတ် ၂ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ အခြေချစစ်ဟာဗျူနဲ့အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ရှိ တပ်ဖွဲ့ဝင်အင်အား နည်းပါးနေတာမို့ တပ်မက တပ်ဖွဲ့ ဝင်တချို့ကို အင်အားဖြည့်ထားရတယ်လို့လည်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။ မောင်တောဒေသမှာ နယ်ခြား စောင့်တပ်ရင်း ၁၀ ရင်း၊ ဘူးသီးတောင်မြို့နယ်ရှိ အမှတ်-၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ရှိ တပ်ရင်း ၁၀ ရင်း အပါ အဝင် အင်အား ၃၀၀၀ ခန့်သာရှိပြီး ရသေ့တောင်မြို့နယ်ရှိ တပ်ရင်း ၃ ခုမှာ အင်အား ၂၀၀ ကျော်သာရှိတယ်လို့လည်း စစ်ကောင်စီ တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။ ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့စစ်ကောင်စီတပ်တို့ကြား ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက် နေ့က နှစ်ဘက်နားလည်မှုနဲ့ ယာယီအပစ်ရပ်ထားပေမယ့် နောက်နေ့ကစပြီး စစ်ကောင်စီတပ်မှ စစ်ရေးလေ့ကျင့်တာ၊ စခန်း တိုးချဲ့တာ၊ စစ်အင်အားတိုးတာတွေပြု လုပ်ခဲ့သလို အပစ်ရက်ကကတိကိုလည်းချိုးဖောက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က တရားဝင်ထုတ် ဖော်ပြောဆိုထားပါတယ်။ https://www.facebook.com/photo?fbid=675780121357677&set=a.58312079 7290277
၁၁။ ရေးမြို့ အလကကျောင်းအတွင်း ဗုံးကွဲပြီး ကျောင်းစောင့် ၁ ဦးသေဆုံး
     November 28, 2023

မွန်ပြည်နယ်၊ ရေးမြို့လယ်ခေါင်က အလက ၃ ကျောင်းထဲမှာ နိုဝင်ဘာ ၂၆ ရက် ည ၁၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲ ခဲ့လို့ ကျောင်းစောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။ မြို့ခံတယောက်က “ပေါက်ကွဲသံမကြားခင် ရေး ကျုံးပတ်လမ်းမှာ စစ်ကားတစီး ပတ်မောင်းနေသံ ကြားရတယ်။ ည ၁၂ နာရီခွဲမှာ အလက ၃ မှာ ပေါက်ကွဲသံကြီး ကြားတယ်။ ည ၁၂ နာရီ ၅၁ မိနစ်မှာ ထပ်ကြားရတယ်။ အဲဒီနောက် ပစ်ခတ်သံတွေလည်း ကြားရတယ်” လို့ ပြောပါတယ်။ အဲဒီနောက်မှာ မီးသတ်ကားသံကြားရပြီး ကျောင်းစောင့် ကိုသာဗျော ထိမှန်သေဆုံးသွားတယ်လို့ ကျောင်းအနီးနေသူတွေက ပြောပါတယ်။ အသက် ၃၀ အရွယ် ကျောင်းစောင့် ကိုသာဗျောမှာ ဇနီးနဲ့ ကလေးနှစ်ယောက် ကျန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူက ပြောပါ တယ်။ အခုရက်ပိုင်း ညဘက်တွေမှာ စစ်တပ်က မြို့တွင်း မြို့ပြင် နေရာတွေမှာ လုံခြုံရေး ယူထား သလို လှည့်ကင်းတွေလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခု အလက ၃ ကျောင်းတွင်းမှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကမှ သတင်းထုတ်ပြန်တာ မရှိသေး ပါဘူး။ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ခြေကုပ်နေရာယူထားတဲ့ တောင်ချွန်ကြီးနဲ့ ဝက်တောင် နေရာ နှစ်ခုကို နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ နာရီလောက်က မောင်းသူမဲ့ ဒရုန်းလေယာဥ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရေးမြို့နယ် တောင်ဘက်ခြမ်းအတွင်း ခြေကုပ်နေရာ ယူ ထားပြီး အဲဒီမစ်ရှင်ကို နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ ​နာရီကနေ ၁၁ နာရီခွဲဝန်းကျင်ထိ တော်လှန်ရေးအင်အားစု ပူးပေါင်း တပ်တွေ က ဝေဟင်မှ ၆၀ မမ ပြင်းအားရှိ ဗုံးသီးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး တနာရီခွဲလောက် ကြာခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။“အဲဒီနယ်ဘက်က စစ်ကောင်စီတပ်တွေဟာ PDF တွေကို စစ်ရေးလှုပ်ရှားနယ်မြေ အဖြစ် သတ်မှတ်ထားခဲ့တာကြောင့် တောင်ပေါ်မှာ တပ်စွဲထားသလို လက်နက်ကြီးတွေပါ တပ်ဆင် ထားတာရှိတယ်၊ ကင်းပုန်း ဝပ်နေတာလည်းရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ရတယ်”လို့ ဒေသခံ ခြံသမား တွေက ပြောပါတယ်။ https://bu rmese.dvb.no/post/627022
၁၂။ ကျောက်မဲမြို့ ဦးဇင်းတစ်ပါး နှင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်
    November 27, 2023

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဦးဇင်းတစ်ပါးနှင့် အမျိုးသမီးတစ်ဦး လက်နက် ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ ၂၇ ရက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် လွယ်ခေါ် ကျေးရွာတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခုံး ပရဟိတ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။“ဟုတ်တယ် အမျိုးသမီး တစ်ဦး ကျည်စမှန်တာဟုတ်ပါတယ်။ ကျနော်တို့ အသင်းကို ဆက်သွယ်တယ် (နိုဝင်ဘာ ၂၇)ရက် မနက်မှာ ဆက်သွယ်လာလို့ သွားခေါ်လာတာပါ။ အခုကျောက်မဲမြို့ ပြည်သူ့ ဆေးရုံမှာပါ” ဟုနမ့်ခုံးပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ကျည်စထိမှန်သည့် အမျိုးသမီးသည် အသက် ၂၉ နှစ်အရွယ်ရှိ နန်းမွမ်းဆိုင် ဖြစ်သည်။ အလားတူ (နိုဝင်ဘာ ၂၆)ရက် ည ၁၁နာရီဝန်းကျင်တွင်လည်း ကျောက်မဲ မြို့ နယ် နမ့်ဟူးကျေးရွာတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဦးဇင်းတစ်ပါး လက်နက်ကြီးကျည်စထိမှန်ကာ ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း နမ့်ခုံးပရဟိတအသင်းမှ တာဝန်ရှိသူက ဆက်ပြောသည်။

“မနေ့က ည ၁၁နာရီအချိန်မှာ ဦးဇင်းက ကျိန်းနေတာ၊ အဲ့မှာ လက်နက်ကြီးက ကျောင်းဆောင်ကို လာထိတော့ ဦးဇင်း ကို ကျည်စမှန်သွားတာ၊ လက်နဲ့ခြေထောက်ကို ထိသွားတယ်။ ၃ နေရာလောက်ထိတယ်” ဟု သွားရောက်ကူညီခဲ့သည့် သူက ဆိုသည်။ ယခုရက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး၊ အရပ်သားနေ အိမ်ထိမှန်မှု ပြည်သူကို ကျည်စထိမှန်လာသည့်အနေအထားထိရောက်လာသည်။ ထို့ပြင် ပြည်သူများက တိုက်ပွဲပြင်းထန် လာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။“သူတို့ (စကစ) က သတင်းရတဲ့ဘက်ကိုလက်နက်ကြီးနဲ့ ပစ်ပြီးတော့ သျှမ်းရွာတွေ ထဲ ပဲလက်နက် ကြီးကျတာလေ။ စစ်ပွဲတကယ်ဖြစ်နေလို့ ပစ်ရင် လည်းတမျိုး။ လက်နက်ကြီးက ပြည်သူတွေ ပေါ်ပဲကျ တော့ စိုးရိမ်ရတာပေါ့ ပြည်သူတို့ပဲ ဒုက္ခတွေ ရောက်ပြီး ပြည်သူတွေပဲပြေးရတာလေ။ အိမ်တွေလည်း ပျက်စီးရတယ်။ ဒီလိုတွေတော့ မဖြစ်စေချင်ဘူး” ဟု ကျောက်မဲဒေသခံ အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ https://burmese.shannews.org/archiv es/38392

၁၃။ သရက်ချောင်း၊ သိမ်ကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေအလစ်ငိုက်တိုက်ခိုက်ခံရ
    November 27, 2023

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရွာ ရေတံခွန်မှာ အနားယူနေတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေ ၅ နာရီခွဲဝန်းကျင်မှာ ကတွဲရွာ ကနေ ထွက်လာတဲ့ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်သံတွေကြားရ သလို လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“ရေတံခွန်မှာထမင်းဟင်းချက်၊ ရေချိုး နေတုန်း အချိန်ဝင်ပစ်တာ။ အဲချိန်က လက်နက်တွေလည်းဘေးမှာချထားတာဆိုတော့ အခွင့်ကောင်းစောင့်ပြီးဝင်ချ တာဖြစ်မယ်။” လို့ အမည်မဖော်လိုတဲ့အိမ်ထောင်ရှင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သိမ်ကုန်းရေတံခွန်အနောက်ဘက်က ခြံတွေထဲ လက်နက်ကြီး ၅ ချက် ခန့် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်သံတွေရပ်ပြီး မကြာခင်မှာပဲ သရက်ချောင်းမြို့ဘက်ကနေ လူနာတင်ယာဉ်နှစ်စီးဆင်းလာပြီး ဒဏ်ရာရစစ်ကောင်စီတပ်သားတချို့ကို သယ်ယူသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက် အရ သိရပါတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့မသိရဘူးလို့ဆိုပါတယ်။ သရက်ချောင်းမြို့နယ်ထဲက ရငဲ၊ ကျောက်ခမောက်၊ ကနက်သီရိ၊ ကတွဲ၊ ရငဲ၊ ဂုံညှင်းဆိပ်၊ အောက်သရက်ချောင်း စတဲ့ရွာတွေဘက်မှာ စစ်ကောင်စီခြေလျင် စစ်ကြောင်း နေ့တိုင်း လှုပ်ရှားမှုရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်ကလည်း သိမ်ကုန်းရွာကပ်ရက် ဖြစ်တဲ့ ဝဲရစ်ရွာက အမျိုးသားတစ်ဦး အမည်မသိလက်နက်ကိုင်လူနှစ်ဦးရဲ့ ဖမ်းဆီးသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ https://www.facebook.com/ photo?fbid=372568328494256&set=a.196212682796489
၁၄။ နာဂဒေသ လဟယ်မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကိုအတင်းအဓမ္မစစ်သင်တန်းပေးနေ
     November 27, 2023

စစ်ကိုင်းဒေသကြီး လဟယ်မြို့မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို အတင်းအဓမ္မစစ်သင်တန်းပေးတာ တွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ လဟယ်မြို့ပေါ်က အထိုင်တပ်တစ်ခုဖြစ်တဲ့ ခလရ ၂၇၂ တပ်ကနေ စစ်ကောင်စီ လက် အောက်ခံ ထွေအုပ်၊ မီးသတ်နဲ့ အခြားဌာနတွေထဲက Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းမတက်မနေရစနစ်နဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းကနေ စစ်သင်တန်းတွေပေးနေတာလို့ လဟယ်မြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦး ကပြောပါတယ်။“စစ်သင်တန်းပေးတာတော့ဟုတ်ပါတယ်။ အခုအရင်ဦးဆုံးက ထွေအုပ်ဝန်ထမ်းတွေကို ပေးနေတယ် အများ ဆုံးတက်နေတာက ထွေအုပ်ဝန်ထမ်းတွေ တခြားဌာနကဝန်ထမ်းတွေလည်းပါတယ် မတက်လို့မရဘူးတဲ့ တချို့က လုံးဝမတက်ချင်ဘူး အလုပ်ထွက်ဖို့ပြောနေကြတယ် ဒါပေမယ့်ထွက်ရင်လည်း ဘယ်လိုဖြစ်မလဲတွေးပြီးမှ မတက်ချင်ပဲတက် နေကြတယ်”လို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းမတက်မနေရအမိန့်နဲ့ တက်ရောက်ခိုင်နေပြီး စစ်သင် တန်းကာလအတွင်း အလုပ်ထွက်ပါက CDM ပြုလုပ်မှုနဲ့ အရေးယူမယ်လို့ပြောဆိုတာတွေရှိ နေတာကြောင့် Non-CDM ဝန်ထမ်း အများစုဟာ မဖြစ်မနေတက်နေရတာလို့သိရပါတယ်။

အဲ့ဒီစစ်သင်တန်းကို လဟယ်မြို့ ကခလရ ၂၇၂ ရဲ့စစ်တပ်ဝန်းထဲမှာသင်ကြားပေးနေတာဖြစ်ပြီး Non-CDM ဝန်ထမ်းတွေ နှင့် စစ်ကောင်စီကိုအားပေးတဲ့အရပ်သားတွေပါဝင်ပြီး စုစုပေါင်းလူဦးရေ ၁၀၀ နီးပါးကိုသင်တန်းပေးနေတာလို့သိရပါတယ်။ စစ်ကောင်စီက လက်ရှိသင်ကြားပေးနေတဲ့ ပထမ အသုပ်ပြီးရင် မြို့ပေါ်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ရပ်မိရပ်ဖတွေကို ပါ ထပ်မံ ပြီးစစ်သင်တန်းထပ်ပေးဖို့စီစဥ်နေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကပြောပါတယ်။“Non-CDM တွေ ပြီးသွားရင် ဒုတိယသုပ်အနေနဲ့ ရာအိမ်မူးတွေ ရပ်မိရပ်ဖတွေကိုထပ်ပေးမယ်ပြောတယ် သင်တန်းက လနဲ့တောမကြာဘူး ရက်ပိုင်းပဲလို့ ပြောတယ် ၁၅ ရက် ၊ရက် ၂၀ ပေါ့ အဓိကတော့ သေနတ်ပစ်တတ်အောင် လေ့ကျင့်ပေးတာမျိုးပဲလို့ ပြော တယ်”လို့ သူကဆက်ပြော ပါတယ်။ စစ်သင်တန်းတက်ရောက်နေသူတွေကို စစ်ကောင်စီတပ်က လူတစ်ဦးနှုန်းလျင် တစ်ရက်နေ့စားခ ကျပ် ၇၀၀၀ ပေးတဲ့ အပြင် အခြေံခံ ရိက္ခာ ဆန်၊ ဆီ၊ ဆား လည်းထောက်ပံ့ ပေးမယ်လို့ပြောဆိုထား ကြောင်းသိရပါတယ်။ စစ်ကိုင်းတိုင်းဒေ သကြီးထဲ က လဟယ်မြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲက မြို့နယ်တစ်ခု ဖြစ်တဲ့အလားတူ စစ်အာဏာသိမ်း ကာလအတွင်းမှာ လည်း စစ်ကောင်စီတပ်နဲ့ နာဂလက်နက်ကိုင်တပ်၊ PDF တွေကြား တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။ https://b urmese.kachinnews.com/2023/11/27/zz1-28/
၁၅။ ဟားခါးတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေ ဆုံး
     November 28, 2023

ချင်းပြည်နယ်၊ ဟားခါးမြို့သိမ်းတိုက်ပွဲအကြိုအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၇ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း CDF – Hakha က တရားဝင်ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ဟားခါး မြို့သိမ်း တိုက်ပွဲ ပထမအဆင့်အကြိုအဖြစ် ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၇ ရက် နေ့အထိ ၂ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦး ထက်မနည်း သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို  Operation 1027 မှ အစပြုခဲ့သော စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံသည့်အနေဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန် ရေးအရှိန်မြှင့်တင်မည့် တိုက်တွန်း ချက်ကို ပူးပေါင်းပါဝင်သည့်အနေဖြင့်လည်းကောင်း Chinland Defense Force – Hakha မှ Rung Operation ပထမအဆင့် ဟားခါး မြို့ပေါ်တိုက်ပွဲများဖော်ဆောင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ CDF-Hakha အနေဖြင့် နိုင်ငံရေး ရည်မှန်းချက်တူညီသောတော်လှန် ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီ တိုက်ပွဲများဆက်တိုက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ https://www.f acebook.com/photo/?fbid=706342078260068&set=a.568142278746716

၁၆။ မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ် လက်နက်ချဖို့ TNLA ရာဇသံပေး
    November 28, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စခန်းတွင်းက စစ်ကောင်စီတပ် အနေနဲ့ လက်နက်ချ အညံ့ခံဖို့ မနေ့က ရာဇသံ ပေးထားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်ကစပြီး မူဆယ် က စစ်ကောင်စီအမာခံ တပ်စခန်းဖြစ်တဲ့ ၁၀၅ မိုင်စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ၁၀၅ မိုင်စခန်း အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ၂၄ နာရီအတွင်း လက်နက်ချအညံ့ခံဖို့ပြောပေမဲ့ မလိုက်နာ တာကြောင့် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ TNLA ကပြောပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တိုက်ပွဲ နေရာသာမက အနီးရှိနေအိမ်တွေပါ ထိမှန်ပျက်စီးခဲ့ ရတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

မနေ့က “၁၀၂၇ စစ်ဆင်ရေး” တစ်လပြည့် အဖြစ် နမ့်ပေါတံတား တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်နဲ့ လားရှိုးမြို့နယ် မိုင်းလီရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။“၁၀၂၇ စစ်ဆင်ရေး” တစ်လ အတွင်း ညီနောင် မဟာမိတ်တပ်တွေဟာ သက်ဆိုင်ရာနယ်မြေအလိုက် စစ်ကောင်စီတပ် စခန်းတွေကို ဆက်တိုက် သိမ်းယူနေပြီး လက်ရှိ မြို့နယ် ၉ ခုနဲ့ စစ်တပ် စခန်း ၂၀၀ နီးပါး သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင်မဟာမိတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=37574440 4812010&set=a.2859004904630
၁၇။ ရမ်းဗြဲမြို့ခံ လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး
     November 28, 2023

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ် ၅ ရပ်ကွက်နေ လူငယ် ၂ ဦးကို အေအေနဲ့ ဆက်နွှယ်မှုနဲ့ နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီ လောက်မှာ စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခလ၇ ၃၈ က တပ်သား ၁၀ ယောက် လောက် ရောက်လာပြီး  အသက် ၂၆ နှစ်အရွယ် ကိုညီချေနဲ့ အသက် ၂၁ နှစ်အရွယ် ကိုကျော်ကျော်ထွေးတို့ကို ဖမ်းခေါ်သွား ကြတာလို့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ဘယ်ကိုခေါ်သွားတယ်ဆိုတာ အတိအကျ မသိရသေး ပါဘူး။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်တပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဒေသခံ ၆၀ ထက် မနည်းကို  အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://burmese.dvb.no/post/62 7019
၁၈။ ပင်းတယမှာ လူငယ်တွေကို စက်ပြင်နဲ့ကာယသင်တန်းဗန်းပြပြီး ပျူစောထီးသင်တန်းပေးဖို့ ကြိုးစားပေမယ့် မအောင် မြင်
  November 28, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ စစ်ကောင်စီက လူငယ်တွေကို စက်ပြင် နဲ့ ကာယသင်တန်း ဗန်းပြပြီး ပျူစောထီးသင်တန်းပေး အင်အားစုဆောင်းဖို့ကြိုးစားပေမယ့် တက်ရောက်သူနည်းပါးလို့ မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပင်းတယမြို့နယ်၊ တံတားကြီးကျေးရွာ၊ တပ်ကုန်းဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၃၀ ခန့်က ရွာကလူငယ်၂၀ ခန့်ကို စုဝေးခိုင်းပြီး စက်ပြင်နဲ့ ကာယသင်တန်း တက်ပြီး ၎င်းတို့နဲ့ လိုက်ခဲ့ရမယ်လို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။“စက်ပြင် သင်တန်း၊ ကာယ သင်တန်း တက်ရမယ်ဆိုပြီး လူငယ်၊ လူလတ်ပိုင်း ၂၀ ကို အတင်းခေါ်ပြီး ဘုန်းကျောင်းမှာ ခေါ်ပြောတာ။ တကယ် သင်တန်းလည်း စရော တက်မယ့်သူ တဖြည်းဖြည်းလျော့ပြီး အခု ၃ ယောက်ပဲကျန်တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါ တယ်။

စစ်ကောင်စီတပ်က စက်ပြင်သင်တန်း ပထမအဆင့် ရွာဘုန်းကြီးကျောင်းမှာ တစ်လတက်ပြီးပါက နောက်တဆင့်တက် ဖို့ မြို့ကိုသွားရမယ်လို့ စည်းရုံးခဲ့တာလို့သိရပါတယ်။ ဒေသခံတွေကတော့ ဒီသင်တန်းအကြောင်းပြပြီး ပျူစောထီးအဖြစ် စစ်အင်အားစုဆောင်းမှာ စိုးရိမ်တဲ့အတွက် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပျူစောထီးရွာလို့ နာမည်ကြီးတဲ့ အုံအက်ရွာက ရွာသား အများစု အပါ အဝင် ၁၇ ဦး နှုတ်ထွက်သွားတာကြောင့် ကျန်ရှိတဲ့ တံတားကြီးရွာသား ၃ ဦးကိုသာ စက်ပြင်သင်တန်း ဆက်ပေးနေရတယ်လို့ သိရပါတယ်။ အရင်ကလည်း ဓနုဒေသက ကျေးရွာတွေမှာ အခုလို သက်မွေးပညာ သင်တန်း အမည် ခံပြီး ပျူစောထီး သင်တန်း တွေ ဖွင့်လှစ်ကာ စစ်အင်အားစုဆောင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/ photo/?fbid=375769508142833&set=a.285900490463069
၁၉။ လွိုင်ကော်မြို့၊ ခရစ္စတူးဘုရင်ကက်သလစ်ဘုရားကျောင်းဝန်းက ကျောင်းထိုင် ဆရာတော်အပါအဝင် ခိုလှုံနေတဲ့ သက်ကြီးရွယ်အိုတွေကို မောင်းထုတ်ပြီး စစ်ကောင်စီတပ်စွဲနေရာယူထား
   November 28, 2023

ကရင်နီပြည်၊ လွိုင်ကော်မြို့ နောင်ယား(ခ) ရပ်ကွက်က ခရစ္စတူးဘုရင် ကက်သလစ်ဘုရားကျောင်းဝန်းမှာ ကျောင်းထိုင် ဆရာတော်အပါအဝင် ခိုလှုံနေထိုင်ကြတဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းလူနာတွေကို စစ်ကောင်စီက လာရောက်မောင်း ထုတ်ပြီး လက်ရှိမှာ ဘုရားကျောင်းဝန်းထဲ တပ်စွဲနေရာယူထားတယ်လို့ ဘုရားကျောင်းနဲ့ နီးစပ်တဲ့ ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။ ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်နေ့)မှာ သာသနာပိုင်ဆရာတော်အပါအဝင်  ဘုန်းတော်ကြီး၊ စစ္စတာရ်၊ နာမကျန်း သက်ကြီး ရွယ်အို၊ စစ်ရှောင်တွေ စုစုပေါင်း လူဦးရေ ၆၀ ဝန်းကျင်ရှိတဲ့ ဘုရားကျောင်းဝန်းထဲကို လာရောက်ပြီး မောင်းထုတ်သလို လက်နက် ကြီးနဲ့ ပစ်ခတ်မှုတွေလည်း ရှိတာကြောင့် ဘာသာရေးအဆောက်အအုံတချို့ ထိမှန်ကာ ပျက်စီး မှုရှိခဲ့တယ်လို့ ဘုရားကျောင်းနဲ့ နီးစပ်တဲ့ ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။“အခုတော့ ဘုန်းကြီးတစ်ပါးမှ မရှိတော့ဘူး ဆရာတော်လည်း မရှိဘူး။ ဆရာတော်ကိုယ်တိုင်လည်း ပြေးနေရတယ် စစ္စတာရ်တွေလည်းမရှိတော့ဘူး ဘယ်သူမှမကျန် တော့ဘူး နေလို့လဲမရတော့ဘူး ကော။ သူတို့(စစ်ကောင်စီ)က လက်နက်နဲ့ပစ်တာလေ ကျောင်းတိုက်ကို ပစ်တာ ပျက်ကုန် တာတော့ရှိတယ်။ မထွက်ခင်တည ပေါ့နော လုံးဝနေလို့မရတော့ဘူး။ နောက်တစ်ရက်မှာ လာပြီးတော့ သူတို့(စစ်ကောင်စီ) နေရာယူဝင်ယူပြီးတော့မှ ကျောင်းထဲ ကလူတွေကို ထွက်သွားခိုင်းတာ။” လို့ အဆိုပါ ဘုန်းတော်ကြီးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ (၁၁.၁၁) မြို့ပြစစ်ဆင်ရေးစတင်ပြီးနောက် ဒေသခံအများစုဟာ မြို့ကိုစွန့်ခွာ တိမ်းရှောင်ခဲ့ကြပေမဲ့ သက်ကြီးရွယ်အိုနဲ့နာမကျန်းဖြစ်တဲ့ လူနာတချို့ဟာ ဘုရားကျောင်းဝန်းမှာ လာရောက်ခိုလှုံနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။   လက် ရှိမှာ စစ်ကောင်စီက ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်း၀န်းအတွင်းမှာ တပ်စွဲနေရာယူထားကြပြီး ဘုရားကျောင်းဝတ် ပြုရာနေ ရာတွေမှာထားရှိတဲ့ ဆရာတော်၊ ရဟန်းများသာ ဝတ်ဆင်ကြတဲ့ သင်္ကန်းတွေကို ဝတ်ဆင်ကာ ဘုရားကျောင်းဝန်း အတွင်း သွား လာလှုပ်ရှားနေကြတယ်လို့ အဆိုပါ ဘုန်းတော်ကြီးက ဆိုပါတယ်။ လွိုင်ကော်ကက်သလစ်သာသနာဟာ မည်သည့်အကြမ်းဖက် မှုဟူသမျှကို လက်သင့်မခံနိုင်သလို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ မည်သည့်အကြောင်း ကြောင့်ဖြစ်စေ လွိုင်ကော် ကက်သလစ်သာသနာအတွင်းရှိ ဘုရားကျောင်းဝန်း၊ ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲ နေရာယူခြင်းကို ခွင့်မပြုဘူးလို့ လွိုင်ကော်ကက်သလစ်သာသနာပိုင် ဆရာတော်ချဲလ်ဆိုဘရွှေက ၎င်းရဲ့ လူမှုကွန်ရက်စာမျက် နှာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသိပေးထားတာ ရှိပါတယ်။ “ဘာသာရေးနဲ့လည်း အများကြီးသက်ဆိုင်တယ်ပေါ့နော သက်သက်မဲ့လာပြီးတော့ စော်ကားတာ ပေါ့ တိုက်ခိုက်တာမျိုးလေ။ အများကြီးတိုက်ခိုက်ခံရပြီလေ ဗုံးကြဲတာမီးရှို့တာ အဲ့ဒါ အများကြီးရှိပြီလေနော တစ်ကျောင်း နှစ် ကျောင်းဆိုရင်တော့ ဒါမတော်တဆလို့ နားလည်လို့ရတယ်။ ဒါပေမဲ့ ဖြစ်တာက လည်း ဒါဇင်နဲ့ချီပြီးဖြစ်နေတာက အခု တစ်ပြည် နယ်လုံး အခု ဗဟိုဘုရားကျောင်းကတည်းက တိုက်ခိုက်တယ်ဆိုကတည်း က အသင်းတော်ကို တိုက်ခိုက်တဲ့သဘောပေါ့။ စစ်ရေး အရ မတော်မဆဖြစ်တာမဟုတ်တော့ဘဲနဲ့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ မြင်တာပေါ့နော။”လို့ အဆိုပါ ဘုန်းတော်ကြီးက ဆိုပါတယ်။ https://www.kantar awaddytimes.org/axta

၂၀။ စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်မြို့နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေ
     November 28, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေပြီး စစ်တပ် အထိုင် စခန်းတွေကနေ မြို့ထဲနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့၊ ညနေ ၅ နာရီခွဲမှာလည်း ကော့ကရိတ်မြို့နယ်၊ အံဖလေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်တာကြောင့် အသက် ၁၆ နှစ်နဲ့ ၁၄ နှစ်အရွယ် သာမဏေ ၂ ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန် ထားပါတယ်။“ထိတွေ့တိုက်ပွဲတော့ မဖြစ်ဘူး။ အလုံးကြီးတွေပဲ ပစ်နေကြတယ်။ အရင်ရက် ညနေကတော့ (KNLA ပူးပေါင်းတပ်ရဲ့) ဒရုန်းလာတယ်။ ၅ လုံးလောက် ချသွားတယ်။ စစ်တပ်က သေနတ်နဲ့လိုက်ပစ်တာ။ ဒါပေမယ့် သူတို့က ကင်းထဲကနေ အပြင် မထွက်ရဲကြဘူးတဲ့။ အိမ်ထဲကနေ ကြားရတဲ့ သတင်းပေါ့နော်” လို့ ကော့ကရိတ် ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပြ ပါတယ်။ အခုရက်ပိုင်း အတွင်း စစ်ကောင်စီ စကခ (၁၂) ကနေ ၆၀ မမ၊ ၁၂၀ မမ၊ တင့်ကားပစ်ကျည်တွေနဲ့ ပစ်ခတ်လို့ ကြောင်သျှာကုန်းကျေးရွာက နေအိမ်တွေ ထိခိုက်ပျက်စီးပြီး ကော့ကရိတ်-မြဝတီ လမ်းဟောင်း အနီး နေထိုင်တဲ့ မိသားစု၀င် ကလေး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန် ထားပါတယ်။

နိုဝင်ဘာလ အစပိုင်းကတည်းက ကော့ကရိတ်ရှိ စစ်တပ်အထိုင်စခန်းတွေကနေ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ တွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေသလို အဆိုပါ စစ်တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲနေရာက ဒေသတွင်း စစ်ရေးတင်းမာ နေတာပါ။ လက်ရှိ စစ်ရေး တင်းမာမှုတွေကြောင့် ကော့ကရိတ်မြို့တွင်းမှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။“အမျိုးတွေ အကုန်လုံးကတော့ ပြောင်းသွား ပြီ။ အိမ်ကို လုံးဝ မစောင့်မဖြစ် စောင့်လို့ရတဲ့ တစ်ယောက်ပဲ ထားတယ်။ ဒီလမကုန်ခင်ထိက အခြေအနေ ထပ်ဆိုးမယ်လို့ ပြောနေ တယ်။ ကျန်တဲ့သူတွေ အားလုံးက အကုန်ရှောင်ပြေးထားပြီ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ “တနေရာနဲ့ တနေရာ ပြောင်းရွှေ့ဖို့က မလွယ်ဘူး။ အဓိက စကားပြောတာ ငွေပေါ့။ အဲဒါကြောင့် ကျင်းပုန်းလည်း လုပ်ထား တော့ အတတ်နိုင်ဆုံး တောင့်ခံပြီး နေကြည့်မလားလို့ပါ။ ရိက္ခာတွေတော့ စုထားပါတယ်။ တတ်နိုင်သလောက်ပေါ့” လို့ မတိမ်းရှောင်တဲ့ မြို့ခံ တစ်ဦးက ပြောပြပါတယ်။ https://www.facebook.com/photo/?fbid=375778524 808598&set=pcb.375778884808562
၂၁။ UWSA ‘ဝ’နယ်မြေ၌ ထိုင်းနိုင်ငံသား ၁၀၀ ကျော် ပိတ်မိနေ
    November 27, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၆၆ ဦးကို အမိ နိုင်ငံ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပေမဲ့ နောက်ထပ် ၁၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းက ဖော်ပြပါတယ်။ အဆိုပါ ထိုင်း ၁၀၀ ကျော်ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ၁၀ ဦးနဲ့  UWSA ‘ဝ’ တပ် ဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့နယ် မိုင်းဖျန်မြို့ထဲမှာ ၁၀၀ ကျော် ရှိနေကြောင်း၊ သူတို့ကို အန္တရာယ်ကင်းစွာ ပြန်လည်ခေါ် ဆောင်ဖို့ မြန်မာနိုင်ငံကတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်း က နိုဝင်ဘာ ၂၆  မှာ သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံထဲကို ပြန်လည် ရောက်လာတဲ့ ၂၆၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ရဲ့ ဘန်ကောက် နဲ့ ချင်းရိုင်းခရိုင်ရှိ စိစစ်ရေးစခန်းမှာထားရှိပြီး သူတို့အဖြစ်အပျက် တွေကို အသေးစိတ် စစ်ဆေးမေး မြန်းရာမှာ တချို့တဝက်ပြီးဆုံးသွားပြီလို့ ဆိုပါတယ်။ စစ်ဆေးချက်အရ  လောက်ကိုင် ဒေသထဲဝင်သွားတဲ့ အုပ်စု ၅ စုရှိကြောင်း၊ ပထမအုပ်စုမှာ ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် သွား သူ ၆ ဦး၊ အမည်ခံဘဏ်စာရင်း ဖွင့်ပြီး ငွေလိမ် ဂိုဏ်း (Call Center) နဲ့ ပတ်သက်သူ ၄ ဦး၊  လူကုန်ကူးခြင်းမခံရသူ ၉၈ ဦး၊ လူကုန်ကူးခြင်းခံရပြီး ဓားစာခံဖြစ်ခဲ့ရသူ  ၃၆ ဦး၊ စစ်ဆေးပြီးလို့ အိမ်ပြန်ပို့မယ့်သူ ၅၁ ဦးနဲ့ စစ်ဆေးလို့မပြီးသေးတဲ့ အုပ်စုတွေဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ကို ပြန်သွားရသူတွေအနေနဲ့ လုံးဝအပြစ်ကင်းတယ်လို့တော့ ပြောလို့မရသေးကြောင်း၊ သူတို့ဟာ ကော်လ်စင်တာ ငွေလိမ်ဂိုဏ်းမှာ ပါကြောင်း အလိမ်ခံရသူတွေက လာတိုင်ကြားရင် ပြန်ပြီး‌ခေါ်ယူစစ်ဆေးခံရမှာဖြစ်တယ်။ စစ်ဆေးပြီး တဲ့ထဲက ဒုစရိုက်မှုတွေနဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူအပြစ်ပေးမှာဖြစ်ပြီး အလိမ်ခံရသူ၊ လူကုန်ကူးခံရသူ ဓားစာခံ တွေဆိုရင်တော့ လူသားရင်းမြစ် တည်တံ့ရေးနဲ့ လူမှုဖူလှုံရေးဌာနက ဂရုဏာကြေးတွေ ထောက်ပံ့ပေးမှာဖြစ်တယ်လို့  ထိုင်း ဒုရဲချုပ်က ပြောသွား ပါတယ်။ လောက်ကိုင်မြို့က စစ်ဘေးရှောင်တွေကို  MNDAA ကိုးကန့်တပ်ဖွဲ့က လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် ထောင်နဲ့ ချီတဲ့သူတွေဟာ ‘ဝ’ ဒေသ၊ မိုင်းလားဒေသဘက်ကနေဖြတ်ပြီး သူတို့ နေရပ်ကို အုံလိုက်ကျင်း လိုက်ပြန်လာနေကြပြီ ဖြစ်ပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့ဟာ မကြာခင် လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မှာမို့ လောက်ကိုင်ထဲမှာရှိနေတဲ့ စစ်ကောင်စီ အစိုးရဝန်ထမ်းတွေအနေနဲ့ သူတို့နဲ့အတူ လာရောက်ပူးပေါင်းမယ်ဆိုရင် ရာထူးတိုး မြှင့်ပေးမယ်၊ သာမန်လူတွေကတော့ ထိခိုက် ဒဏ်ရာရတာတွေမရှိအောင် မြို့ထဲကနေ ထွက်ခွါသွားဖို့ အသိပေးထားတယ်လို့ စစ်ဘေးရှောင်လာသူတွေက ပြောပါတယ်။ စစ်ဘေးရှောင်လာသူတွေကို UWSA ‘ဝ’တပ်ဖွဲ့ ( အထူးဒေသ ၂ )နဲ့  NDAA မိုင်းလား (အထူးဒေသ- ၄) ရှိ တာဝန်ရှိသူတွေက ကား ကြီးတွေနဲ့ အကြိုအပို့လုပ်ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းတွေ ပြုလုပ်ပေးနေတယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန် ထားပါတယ်။ https://burmese.dvb.no/post/626953
၂၂။  “တောင်သမန် စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၅ ယောက်သေပြီး PDF ၁၀ ဦး ကျဆုံး
    November 27, 2023

“တောင်သမန် စစ်ဆင်ရေး”စတင်ခဲ့ချိန်မှ တစ်လပြည့်တဲ့ဒီနေ့အထိစစ်ကောင်စီတပ်ဖွဲ့ဝင် ၉၅ ဦးသေဆုံးပြီး၊ မန္တလေး PDF ဘက်မှ ၁၀ ကျဆုံးကြောင်း စစ်ဆင်ရေး တစ်လပြည့်တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မန္တလေး PDF က ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ သံချပ်ကာကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ သူ့လက်အောက်ခံ ပြည်သူ့ စစ် ၁၁ ယောက်ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖော်ဆောင်တဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး” လို့ အမည်ပေးပြီး မတ္တရာ၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ တပြိုင်နက်တည်း စစ်ဆင်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့နောင်ချိုမြို့နယ်တွေမှာ စစ်ဆင်ရေးဖော်ဆောင်တာ ညီနောင်သုံးဖွဲ့တိုက်ခိုက်တဲ့ နေရာတွေ ဆီ စစ်ကောင်စီစစ်ကူတွေ မလာနိုင်အောင် ဖြတ်တောက်ခဲ့တာဖြစ်ပြီး၊ မတ္တရာနဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ခိုက်ခဲ့တာ မန္တလေးသို့ ထိုးဖောက်ဝင်ရောက်ဖို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဆင်ရေးတစ်လအတွင်း တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ် ပွား ခဲ့ပြီး ကျောက်မဲနဲ့ နောင်ချိုမြို့နယ်အတွင်းမှာ ၂၈ ကြိမ်နဲ့အများဆုံးဖြစ်ပွားခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ထံမှ လက်နက် ၁၂၁ လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြားကိုလည်း သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေး PDF နဲ့ ပူးပေါင်းအဖွဲ့တွေ ဖမ်းမိထားတဲ့ သုံ့ပန်းထိန်းသိမ်းထားရာနေရာကို စစ်ကောင်စီက လေကြောင်းနဲ့ ၁ ကြိမ်တိုက်ခိုက်ခဲ့တာ ကြောင့် သုံ့ပန်း ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးတစ်လတာမှာ မန္တလေး-လားရှိုး ပြည်ထောင်စု လမ်း မကြီးအပါအဝင် နယ်မြေတချို့ကို ထိန်းချုပ်ထားပြီး စစ်ဆင်ရေးရည်မှန်းချက်အတိုင်း တဆင့်ပြီးတဆင့် လုပ်ဆောင်နေ တယ်လို့ ဆိုပါတယ်။ https://www.f acebook.com/photo/?fbid=375274621525655&set=pcb.375 274898192294

၂၃။ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး နောင်ချိုက အမျိုးသား ၂ ဦးကို ထိမှန်သေဆုံး
    November 27, 2023

ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးထိမှန်သေဆုံး သွားတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက် မနက် ၁၁ နာရီခွဲမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ရွှေညောင်ပင်ဘက်ကနေ စစ်တပ်က တစ်ဖက်သတ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သုံးဆယ်ရွာခံ အမျိုးသားတစ်ဦးက “ရွာရဲ့ အရှေ့ဖက်ခြမ်းမှာကျတာ။ တရုတ်ကောင်လေးတစ်ယောက်နဲ့ နောက်ကောင်လေး တစ်ယောက် ထိတာ။ တစ်ယောက် က ပြောင်းဖူးလှန်းနေရင်း လာကျပြီးမှ ထိတာ။ နောက်တစ်ယောက်က ဘယ်လိုထိလဲ မသိဘူး။ အဲနားမှာ တရုတ်ကျောင်း ရှိတယ် လေ။ ကျောင်းသွားရင်း ထိတာလားတော့ သေချာမသိရဘူး”လို့ ပြောပါတယ်။

ရွှေညောင်ပင်ကနေ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ တယ်လို့ တအာင်းတပ်- PSLF/TNLA ကလည်း ထုတ်ပြန်ထားပါတယ်။ မနေ့ညမှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တစ်ဖက်သတ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သုံးဆယ်ရွာထဲက နေအိမ်တစ်လုံး ထိမှန်ပြီး ပျက်စီးသွား တယ်လို့ သူကဆိုပါ တယ်။ အလားတူ မနေ့ည ၇ နာရီ ၅၀ မိနစ်က မူဆယ် ၁၀၅ မိုင်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။ https://w ww.facebook.com/photo/ ?fbid=673496451624289&set=pcb.673497181624216
၂၄။ ချင်းပြည်နယ် လိုင်လင်းပီမြို့၌ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မည်
     November 27, 2023

စစ်ကောင်စီတပ်လက်အောက်က လွတ်မြောက်လာတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ ပြည်သူ့အုပ်ချုပ် ရေးယန္တရား ဖော်ဆောင်တော့မယ်လို့  ကြားကာလ မရာနယ်ကောင်စီထံက သိရပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်က လိုင်လင်းပီ မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်မှာ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက သိမ်းပိုက်ခဲ့ ပြီးနောက် ကြားကာလပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တော့မယ်လို့ ဆိုပါတယ်။ လိုင်လင်းပီ မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန်အတွင်း ဒေသခံ ၃,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင် ပြည်သူ တွေကို ပြန်လည်နေရာချထား ရေး လုပ်ဆောင်ပြီးချိန်မှာ အုပ်ချုပ်ရေးစတင်တော့မှာဖြစ်တယ်လို့ ကြားကာလ မရာနယ် ကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

လိုင်လင်းပီမြို့မှာ ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်ကတည်းက ကြားကာလ မရာနယ်ကောင်စီ လက်အောက်မှာ ပညာရေး၊ အုပ်ချုပ် ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ CDM ကော်မတီစတဲ့ ကော်မတီ ၄ ခုကို ဖွဲ့ စည်းထား တာ ဖြစ်ပါတယ်။ ကြားကာလ မရာနယ်ကောင်စီ အမှုဆောင်အရာရှိချုပ် ကိုဂျိမ်းက “လိုင်လင်းပီ စခန်းသိမ်းပြီးနောက်ပိုင်း မှာ မရာတနယ်လုံးကို အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ကြားကာလ မရာနယ်ကောင်စီကနေ တာဝန် ယူပြီး ဖွဲ့စည်းသွားမယ်ပေါ့နော်၊ မရာတနယ်လုံးမှာ ဒေသကောင်စီဆိုပြီးတော့ ဒေသ ၆ ခုနဲ့ အုပ်ချုပ်ရေးဖော်ဆောင်ဖို့ရှိတယ်။ ဒေသ ကောင်စီလက်အောက်မှာ ကျေးရွာကောင်စီဆိုပြီး ရွာတိုင်းမှာ ကျေးရွာကောင်စီအနေနဲ့ ဖွဲ့ဖို့ရာရှိတယ်”လို့ ပြောပါ တယ်။ ကြား ကာလ မရာနယ်ကောင်စီ လက်အောက်မှာ လိုင်လင်းပီမြို့နဲ့ ကျေးရွာပေါင်း ၆၇ ရွာ တည်ရှိနေတာ ဖြစ်ပါ တယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာ ၁၅ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး နောက် ပြည်သူ့အုပ်ချုပ် ရေး ဖော်ဆောင်နေပြီလို့ သိရပါတယ်။ https://burmese.dvb.no/post/626937
၂၅။ အသစ်ပြောင်းရွှေ့လာတဲ့ ကဇူးယန် စစ်ကောင်စီတပ်စခန်းမှူးက ရွှေ့ပြောင်းသွားတဲ့ ဒေသခံတွေကို ပြန်လာနေထိုင်ဖို့ ခေါ်ခိုင်းထား
   November 27, 2023

ဝိုင်းမော်- လိုင်ဇာလမ်းပေါ်မှာရှိတဲ့ ကဇူးယန်ကျေးရွာက ဒေသခံတွေကို အသစ်ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ် စခန်းမှူး က ရွာထဲကို ပြန်လာနေထိုင်ဖို့ ခေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်တပ်စခန်းကနေ ရွာလူကြီးတွေနဲ့ အသင်း တော်က ဆရာတွေကိုခေါ်ပြီး ရွာသားတွေကို ပြန်လာနေထိုင်ကြဖို့ ခေါ်ခိုင်းခဲ့တယ်လို့ ကဇူးယန်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ “အခုပြန်ပြောင်းလာနေတဲ့သူ(စခန်းကတာဝန်ရှိသူ)က ကြောက်စရာမလိုဘူး၊ ရွာသားတွေရှိတဲ့ဘက်ကိုတော့ မပစ်ဘူးလို့ပြောတယ်တဲ့။ ရန်သူလာရင်တောင် ရွာသားတွေရှိဘက်ကို မပစ်မိအောင် လုပ်ပါမယ်လို့ ပြောတယ်တဲ့။”လို့ ဒေသခံ ကဆိုပါတယ်။ ရွာထဲမှာ လက်နက်ကြီးနဲ့ သေနတ်သံတွေကြားနေရပေမဲ့ သည်းခံနေထိုင်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ နိုဝင်ဘာလ ဒုတိယ ပတ်လောက်မှာ လေယာဉ်တွေနဲ့ ရွာထဲအထိ ပစ်ခတ်တာတွေ ဖြစ်လာတဲ့အတွက် ကြောက်လန့်ပြီး ရွာသားတချို့ ပြောင်းရွေ့ သွားကြတာဖြစ်ပါတယ်။  “လက်နက်ကြီးသံတွေ၊ ငယ်သံတွေ အရမ်းပစ်ကြတော့ နားရည် ဝသွားကြပြီ။ လေယာဉ်က မိုးပေါ်က နေကို ကြဲချတာဖြစ်တဲ့အတွက် အရမ်းကြောက်တယ်။”လို့ ‌ဒေသခံတစ်ဦးနောက် တစ်ဦးကလည်း ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ပိုမိုပြင်းထန်ပေမဲ့ ရွာကို နောက်ထပ်တစ်ကြိမ် လက်လွှတ်မခံနိုင်တာကြောင့် တိုက်ပွဲတွေကြား နေထိုင်ကြတာဖြစ်တယ်လို့ နောက်ထပ် ဒေသခံ တစ်ဦး က ပြောပါတယ်။ “ရွာမြေကိုလည်း ဟိုတစ်လောက တိမ်းရှောင်ကြချိန် စစ်ခန်းတစ်ဝိုက်က တပ်ဧရိယာဖြစ်မယ်လို့ ပြောတယ်။ ပြီး တော့ ဘုရားကျောင်းရှေ့ ကအိမ်ကိုလည်း စစ်တပ်စခန်းလုပ်လိုက်မယ် ပြောတယ်တဲ့။ အဲဒီလိုပြောတော့ နောက်တစ်နေ့ (နိုဝင် ဘာ ၂၃) မှာ ချက်ချင်း စစ်ကြောင်းတစ်ခုလုံး တပ်အချိန်းအပြောင်းလုပ်လိုက်ကြလို့ အခုလိုပြန် ငြိမ်းချမ်းသွားတာဟုတ်တယ်။” လို့ ဒေသခံက ဆိုပါတယ်။ စစ်ဘေးတိမ်းရှောင်ရတဲ့အချိန် လူအများနဲ့ အခန်းကျဉ်းထဲမှာ ပေါင်းပြီးနေကြရတာ ဖြစ်တဲ့ အတွက် နေရာထိုင်ခင်း၊ ရေချိုးခန်း၊ အိမ်သာက အစအဆင်မပြေမှုတွေကို ကြုံရတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။ ကဇူးယန် ကျေးရွာက စစ်ကောင်စီတပ်စခန်းမှာ စခန်းချနေထိုင်နေကြတဲ့ စစ်ကြောင်း တွေကို နိုဝင်ဘာလ ၂၃ ရက် နေ့ညက ထပ်မံ ရောက် ရှိလာတဲ့ စစ်ကြောင်းအသစ်နဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကတည်းက ဝိုင်းမော်-လိုင်ဇာလမ်းတစ် လျှောက်မှာ KIA နဲ့ စစ်ကောင်စီတို့ လက်ရှိအချိန်ထိ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ https://www.facebook.com /photo/?fbid=363626953010971&set=a.266001999440134

၂၆။ တောထဲထွက်ပြေးနေရတဲ့ သီပေါဒေသခံငါးရာကျော် အရေးပေါ်အကူအညီ လိုအပ်နေ
    November 27, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီတံတားအနီး နိုဝင်ဘာ ၁၂ ရက်နေ့ကဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ မြောက် ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲကြောင့် အဲဒီနေ့ကတည်းက တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ကျင်သီ၊ စွန်အွိုက်နဲ့ ပုံဖမ်း ရွာသုံးရွာက ဒေသခံငါးရာကျော် အကူအညီလိုအပ်နေပြီလို့ သီပေါဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသခံငါးရာကျော်ဟာ တောတောင်တွေထဲမှာ ဖြစ်သလိုနေနေကြရပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သီပေါမြို့ကို ရောက် လာ တဲ့ ဒုက္ခသည်တွေကိုကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။“ကျင်သီတံတားနား တိုက်ပွဲဖြစ်ပြီးကတည်းက သူတို့ တွေက သီပေါမြို့ဘက်ကို လာလို့မရတော့ တောတောင် တွေထဲကို ပြေးနေကြတာ။ တချို့က နမ့်အွမ်အုပ်စု၊ ကုန်းညု ရွာဘက်ကို ပြေးကြတာရှိတယ်။ အဲဘက်က ဖုန်းလိုင်းလည်းမမိ လမ်းပန်းဆက်သွယ်ရေးလည်း ခက်တော့ ဘယ်လိုမှကူညီ လို့မရဘူး။ အခုက တိုက်ပွဲက ဆက်ဖြစ်နေတော့ ဒီဘက်ကိုလည်း ခေါ်ထုတ်လို့မရဘူး ဖြစ်နေတာ” နိုဝင်လာလ ၁၂ ရက်နေ့ က သီပေါနဲ့ ကျောက်မဲ မြို့ အကြားမှာရှိတဲ့ ကျင်သီတံတား ရဲကင်းစခန်းကို TNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကျင်သီတံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲအနည်းငယ်ငြိမ်သက်ခဲ့သလို ကျင်သီတံတားအနီးတစ်ဝိုက် စစ်ကောင်စီတပ် က ပြန်လည် နေရာယူခဲ့ပြီး အခုရက်ပိုင်းမှာတော့ ကျင်သီတံတားအနီး တစ်ဝိုက် တိုက်ပွဲပြန်ပြင်းထန်လာတာလို့ ဒေသခံ တစ်ဦး က ပြောပါတယ်။

“တိုက်ပွဲက ၂၅ ရက်နေ့မနက်မှာ ပြန်ဖြစ်တယ်ခင်ဗျ။ ဒီနေ့လည်း ပစ်နေခတ်နေသံကို ကြားရတုန်းပဲ။ တိုက်ပွဲနဲ့ နီးစပ်တဲ့ ရွာတွေကတော့ မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာရော နီးစပ်တဲ့နေရာတွေမှာလာပြီး နေနေကြတာ ရှိတယ်။ တချို့ အသံ ငြိမ်တဲ့နေရာ တွေကတော့ ပြန်ကြတယ်။ သွားလိုက်လာလိုက်ပဲ လူတွေက” တိုက်ပွဲတွေကြောင့် သီပေါမြို့မှာရှိတဲ့ ဘုန်တော်ကြီး ကျောင်း (၁၄) ခုမှာ လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည် သုံးထောင်ဝန်းကျင် ရှိနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။ ထွက် ပြေးလာသူတွေရဲ့ စားသောက်ရေးနဲ့ နေထိုင်ရေးအတွက် စေတနာရှင်တွေ၊ မြို့ခံတွေနဲ့ ဆရာတော်တွေ ကပဲ ကူညီပေးနေတယ် လို့ ဒေသခံတွေက ဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြန်ကြားရေးဘက်ကတော့ နိုဝင်ဘာလ ၂၄ ရက်ကစပြီး ကျင်သီ တံတားအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ပြန်လည်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက်မှာတော့ ကျင်သီ တံတားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ https://www.r fa.org/burmese/news/hsipaw-residents-fleeing-need-help-11272023042309.html
၂၇။ မြစ်ကြီးနားမြို့မှာ တောဝက် PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်ပေါ်နေ
     November 27, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ဈေးဆိုင်တစ်ချို့မှာ တောဝက် PDF အမည်ခံပြီး  ခြိမ်းခြောက်ငွေတောင်းတာ တွေ ဆက်တိုက်ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး မြစ်ကြီးနားမြို့တွင်း မှာရှိတဲ့ ဈေးဆိုင်တစ်ချို့က ဆိုင်ရှင်တွေဆီကို ဖုန်းနဲ့ဆက်သွယ်လာပြီး ဆိုင်တစ်ချိုင်မှာ ငွေကျပ် ၇ သိန်းပေးဖို့ တောင်းဆို လာ တာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ချို့ကပြောပါတယ်။“အခွန်လာဆောင်ပါလို့ပြောတယ် ဘယ်ကလဲဆိုတော့ PDF ကလို့ ပြောတယ် ၇ သိန်းတောင်းတော့ အရမ်းများလို့ အဆင်မပြေဘူးပြောလိုက်တယ် ပြီးတော့အဲပိုက်ဆံကို လူကိုယ်တိုင် လာပေးခိုင်း တာ ဆိုင်နဲ့မို့လာဖို့အဆင်မပြေဘူးပြောပြီး ဗိုလ်ကြီးတို့ကိုယ်တိုင်လာယူပါပြောတော့ kpay ကနေဘဲပြန်ပို့ခိုင်း တယ်နောက်တော့ ကိုယ်လည်းကြောက်တော့ အဆင်ပြေသလောက်ရောင်းရသမျှ Kpay ကနေ ၁ သိန်းကျော်လွဲပေးလိုက် တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်ရှင်တွေအနေနဲ့တောင်းထားတဲ့ ငွေပမာဏကို လူကိုယ်တိုင် ဝိုင်းမော်မြို့ ခက်ချို ကျေးရွာဘက်ကို မှတ်ပုံတင်ကိုင်ပြီး လာပေးဖို့ထိ ပြောဆိုတာတွေရှိတယ်လို့ဆိုပါတယ်။ အလားတူရှမ်းစုမြောက်ဘက်က ဈေးဆိုင်တစ်ဆိုင်မှာလည်း တောဝက် PDF ခေါင်းဆောင် ဗိုလ်သီဟဆိုပြီး ငွေကြေးတောင်းတာတွေရှိခဲ့တယ်လို့ အမည် မဖော်လိုတဲ့ဆိုင်ရှင်တစ်ဦးကပြောပါတယ်။

မြစ်ကြီးနားမြို့အနှံ့ ဆိုင်တိုင်းလိုလိုမှာ ဇီးကျွန်းရွာဘက်က တောဝက် pdf တပ်ခွဲမှူးဆိုပြီး ခြိမ်းခြောက်ငွေတောင်းလာတဲ့ အပေါ် People Defense forces-NBPDF ခေါင်းဆောင်တာဝန်ခံက မြစ်ကြီးနားမြို့မှာ ခုလိုဆက်ကြေးကောက်တာဟာ မြစ်ကြီးနား PDF တွေမဟုတ်ကြောင်းအခိုင်အမာ ငြင်းဆိုထားပါတယ်။“လုံးဝမဟုတ်ဘူးလို့ ငြင်းပယ်တယ် ဘာလို့ဆို မြို့ပေါ် က PDF တွေဆိုလည်း ကျွန်တော်ဘဲထိန်းချုပ်ထားတယ်။ သူတို့ဘယ်နေရာမှာဘာလုပ်တယ် ဘယ်မှာနေနေတယ်ဆို တာကအစ ကျွန်တော့အကုန်သိတယ် အရင်တစ်နှစ်တွေတုန်းကလဲ ဝိုင်းမော် ခတ်ချိုဘက်မှာ ခုလိုချိန်းပြီး ပြည်သူတွေကို ပြည်သူ့စစ်တွေ ဘက်က သတ်ပစ်လိုက်တာတွေရှိတယ်။ ကျွန်တော့တို့ဘက်ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောချင်တယ်” လို့ သူကဆိုပါတယ်။ အခုလို PDF နာမည်ခံပြီး ငွေကြေးကောက်ခံတဲ့အပေါ် ပြည်သူတွေအနေနဲ့လည်းသေချာ သတိထား စဉ်ခြင်ကြဖို့ တောင်းဆို ထားပြီး သူတို့အနေနဲ့လည်း PDF  အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းလာတဲ့ အပေါ်လုံး ဝခွင့် လွတ်မှာမဟုတ်ဘဲ စုံစမ်းစစ်ဆေး ရေးတွေကို ဆောင်ရွက်သွားမယ်လို့ ဆက်ပြောပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊မိုးညှင်း၊မိုးကောင်းအစရှိတဲ့ မြို့တွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်း လာတာ မကြာခနဖြစ်ပေါ်နေတာလည်းဖြစ် ပါတယ်။ https://burmese.kachinnews.com/2023/11/27/hope1-17/
၂၈။ နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA တပ်က ဝင် ဖမ်းဆီးပြီး တရုတ်နိုင်ငံသား များကို တရုတ် အစိုးရထံ လွှဲပြောင်းပေးအပ်
   November 28, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP/SSA တပ်က ဖမ်းဆီးပြီး ဖမ်းမိ သူ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်အစိုးရထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း SSPP/SSA တပ်ဖွဲ့က တရားဝင်ထုတ် ပြန်သည်။ နိုဝင်ဘာလ ၂၃ ရက် နေ့  ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့နယ် SSPP/SSA ထိန်းချုပ် နယ်မြေတွင် အဆောက်အဦးတစ်ခုအတွင်း ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်လုပ်ငန်များ လုပ်ကိုင်သည့်ဂိုဏ်းတစ်ခုကို ရှမ်းပြည်တိုးတက် ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဝင် ရောက်ဖမ်းဆီးခဲ့ခဲ့ရာ  တရုတ်နိုင်ငံသား ၈၈ ဦး နှင့် မြန်မာနိုင်ငံသား ၂၈ ဦး၊ စုစု ပေါင်းတရားခံ ၁၁၆ ဦး နှင့် အတူ ဆက်စပ်ပစ္စည်းများဖြစ်သည့် ( Destop Computer ) ၁၄၅ လုံး ၊ ဖုန်း ၂၀၄လုံး၊ တရုတ်ငွေ ၁၉,၁၅၀ ယွမ် ၊ မီးခံသေတ္တာ ၁ လုံး ၊ (Land Cruiser)တစ်စီးတို့ကို သိမ်းဆည်းရရှိ ခဲ့ကြောင်းသိရသည်။ ဖမ်းဆီးရရှိသည့် တရုတ် နိုင်ငံသား ၈၈ ဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တရုတ်အစိုးရထံ လွှဲအပ် ပေးလိုက်ကြောင်း၊  ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံ သား တရားခံ ၂၈ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ် မတော် SSPP/SSA က အမှုစစ်ဆေးကာ လိုအပ်သလိုဆက် လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထးသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ယခင်က မကြာခဏဆိုသလို တရုတ်-မြန်မာ ပူးပေါင်း ဖမ်းစီးခဲ့သော်လည်း ၎င်းလုပ်ငန်းများသည် လျော့ကျလာခြင်းမရှိပဲ ငွေကြေးလိမ်လည်သည့်နေရာ၌ တရုတ်နိုင်ငံသားများကို အဓိက ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မူများကျုးလွန်သည့် အဖွဲ့ဖြစ်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ယူဆကာ ကျားဖြန့်ခေါင်းဆောင်ပိုင်း တစ်ချို့ကို နိုဝင်ဘာလအတွင်း၌ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှလည်း မိမိအုပ်ချုပ်ရေးနယ်မြေအတွင်း တရားမဝင်သည့် အွန်လိုင်းငွေလိမ် လုပ်ငန်း များ လုံးဝမရှိစေရေးအတွက် အားလုံးတားဆီးနှိမ်နင်းသွားရန် အမိန့်ထုတ်ထားထားကြောင်း သိရသည်။ https://www.faceb ook.com/photo/?fbid=706390334921909&set=pcb.70639 0481588561

၂၉။ ရေဇွာမြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်
   November 27, 2023

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း CDF-ZOTUNG တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရေဇွာမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသည် CDF-ZOTUNG တပ်ဖွဲ့ထံ လက်နက်များယူဆောင်လာပြီး အလင်းဝင်လာကြောင်း သိရသည်။ အဆိုပါ တပ်သား ၂ ဦးသည် MA1 သေနတ် ၁ လက်၊ကျည်အတောင့် ၃၈၀၊ အီနာကာ ၅ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ကာဦးထုပ် ၁ ခုနှင့်ကျည်ကာအအင်္ကျီတို့ ယူဆောင်လာသောကြောင့် CDF-ZOTUNG တပ်ဖွဲ့က အဆိုပါ တပ်သား ၂ ဦးကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၂ ဦးကိုလုံခြုံသည့်နေရာတွင် ကောင်းမွန်စွာထားရှိကြောင်း၊  နိုင်ငံသူနိုင်ငံသားများကို ကာကွယ်မှုမပြုဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လူနည်းစုအကြမ်းဖက် အုပ်စုကိုသာ ကာကွယ် နေသည့် စစ်သား၊ ရဲနှင့် ဌာ‌နအသီးသီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ အစေခံများအနေဖြင့် CDF-ZOTUNG တပ်ဖွဲ့ထံ ခိုလုံကြပါရန် ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=705909744969968&set=pcb.705909831636626
၃၀။ ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် သတ်မှတ်ကြောင်း ကြေညာ
    November 27, 2023

စစ်အုပ်စုကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေအတွက် အထူး ခြွင်း ချက်ထားပြီး လွတ်ငြိမ်းချမ်းသာခွင့်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အချိန်အခါကောင်းဖြစ်တာကြောင့် တစ်ဦးချင်း ဖြစ်စေ၊ တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း တွေနဲ့ တော်လှန်ရေးအင်အားစု အစုအဖွဲ့တွေက စုပေါင်းတိုက်တွန်းလာပါတယ်။“အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ် မတော် သား၊ ရဲတပ်ဝင်များ၊ ပြည်သူ့စစ်များနှင့် အတင်းအဓမ္မရှေ့တန်း စေလွှတ်ခံရသူများအတွက် အထူးတိုက်တွန်းတွန်း ချက်ကို” အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ Kachin Ginra People’s Embrace Zinlum Komiti (KPEZ)၊ ချင်းအမျိုးသားတပ်ဦး CNF၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး (ကလလတ)နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က နိုဝင်ဘာ ၂၇ ရက်မှာ ပူးတွဲထုတ် ပြန်လာတာဖြစ်ပါတယ်။ အဲ့ဒီတိုက်တွန်း ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရNUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက စုစည်းညီညွတ်စွာနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်း‌ရေးကို မြန်မာနိုင်ငံအနှံ့ အပြားမှာ မဟာဗျူဟာမြောက် ထိုးစစ်ဆင်နေ တာကြောင့် စစ်အုပ်စုဟာ ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတော့ဘဲ မုချရှုံးနိမ့် ကျဆင်းတော့မှာဖြစ်ပြီး စစ်အာဏာရှင် ခေတ်စနစ် ဟာလည်း လုံးဝချုပ်ငြိမ်းပျောက်ကွယ်သွားတော့မယ်လို့ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်တွေဟာ ရှေ့တန်းရောက်တပ်မတော်သား၊ရဲ တပ်ဖွဲ့ဝင်တွေကို လုံလောက်တဲ့ရိက္ခာ၊ စစ်ကူထောက်ပံ့ ပို့ကူနိုင် ခြင်းမရှိတော့ဘဲ သတင်းအတုအယောင်တွေနဲ့ မျှော်လင့်ချက်အမှားတွေပေးပြီး သေတွင်းထဲကို အတင်းအဓမ္မတွန်းပို့ နေသကဲ့သို့ လက်ရှိမှာစစ်ဆေးဆရာဝန်တွေ၊ သူနာပြုတွေ၊ ယာဉ်ထိန်းရဲတွေပါမချန် တိုက်ပွဲရှေ့တန်းတွေကို စေလွှတ်လာ တာ ကိုတွေ့ရတဲ့အတွက် ကျန်ရှိနေတဲ့ တပ်မတော်သား၊ ရဲတွေနဲ့ပြည်သူ့စစ်တွေအနေနဲ့ သားစဉ်မြေးဆက်လူဖြစ်ရှုံးပြီး သမိုင်း တရားခံဖြစ်စေမယ့် စစ်အုပ်စုကိုဆက်လက်သစ္စာခံနေခြင်းကိုရပ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ရဲဝံ့ပြတ်သွားစွာ လက်တွဲဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် လက်ရှိမှာပြည်သူ့ရင်ခွင်ခိုလှုံလာကြမယ့် တပ်မတော်သားတွေအတွက် အထူး ခြွင်းချက်ထား ရှိတာကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့်သူတွေကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတွေပြုမှာ မဟုတ်ဘဲ မိသားစု ဆီပြန်လိုကလည်း ပြန်နိုင်အောင်စီစဉ်ပေးမှာဖြစ်ကြောင်းနဲ့ မိသားစုဝင်တွေအတူ ပါလာမယ်ဆိုပါက လည်း အားလုံးရဲ့ ဘေး အန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးကို ဝာာဝန်ယူတယ်လို့ ထုတ်ပြန်တဲ့အဖွဲ့တွေက ပြောထားပါတယ်။ နွေဦးတော်လှန်ရေး သုံးနှစ်တာကာလအတွင်းမှာ ပြည်သူ့ရင်ခွင်ခိုလှူံလာတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၄၀၀၀ ကျော် ရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ https://www.facebook.com/photo/?fbid=7 39926894842669&set=pcb.7399291 51509110
၃၁။ မြဝတီရှိ စစ်ကောင်စီဝန်ထမ်းများ အရပ်ထဲအိမ်ငှားပြီး ရုံးလုပ်ငန်းဆက်လုပ်ရန် လုပ်ဆောင်နေ
    November 27, 2023

ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများသည် ယခု ရက်ပိုင်း အတွင်း လူနေရပ်ကွက်ထဲက အိမ်ခန်းများငှားရမ်းပြီး ရုံးလုပ်ငန်းဆက်လုပ်ကြရန် လုပ်ဆောင်နေမှုများရှိနေသည်ဟု စစ်ကောင်စီ ဌာနဆိုင်ရာနှင့် နီးစပ်သူသတင်းအရင်း အမြစ်များက ပြောသည်။ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ ဝန်ထမ်း များ ထွက်ခွာသွားရန် ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၇ ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံးက သတိပေး စာထုတ်ပြန်ခဲ့ပြီး နောက် မြဝတီမြို့ရှိ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ သစ်တော၊ လျှပ်စစ်နှင့် စည်ပင်စသည့် ဌာနဆိုင်ရာမှ စစ်ကောင်စီဝန်ထမ်းများက ယခုလိုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။ စစ်တပ်ရုံးဌာနနှင့် နီးစပ် သည့် သတင်းအရင်းအမြစ် တစ်ခု က “မြဝတီရပ်ကွက်တွေထဲ အိမ်လိုက်ငှားနေကြတယ်။ ဝန်ထမ်းတွေ၊ ရုံးတွေ သူတို့ လိုင်းခန်းတွေမှာ မနေရဲ ကြဘူး။ CDM လည်း မလုပ်ရဲကြဘူး။ စစ်တပ်က ခိုင်းတာကို ဆက်လုပ်ဖို့ နေရာပြောင်းနေကြ တယ်။ သူတို့ ဌာနလူကြီးတွေကတော့ ဖားအံ ရုံးတွေမှာ တွဲဘက်ရုံးထိုင်နေကြတယ်။ လက်အောက် ဝန်ထမ်းတွေကိုတော့ အဆင်ပြေရာကနေရုံးအလုပ်ဆက်လုပ်ဖို့ ညွှန်ကြားထား တယ်”ဟု ပြောသည်။

ထို့အတူ ကော့ကရိတ်၊ ကျုံဒိုးမြို့ဘက်တွင်လည်း စစ်ကောင်စီဝန်ထမ်းများအနေဖြင့် ရုံးများပိတ်ထားသော်လည်း ဒေသခံ ဝန်ထမ်းများမှာ ရှောင်တိမ်းနေထိုင်ရာနေရာများမှ ရုံးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြသူများ ဆက်ရှိနေပြီး နယ်ခံ ဒေသခံမဟုတ်သည့်ဝန်ထမ်းများမှာ တိမ်းရှောင်နေထိုင်နေကြကြောင်းသိရသည်။“ဌာနလူကြီးတွေက ဖားအံ ပြည်နယ်ရုံး ဘက် ဆင်းရှောင်ပြီး။ အဲ့ဒီကနေ ရုံးတက်နေကြတယ်။ ဌာနေ ဝန်ထမ်းတွေကရုံးပိတ်ပြီး ရှောင်နေတဲ့ နေရာတွေကနေ သတင်းပို့ စနစ်နဲ့ ရုံးတက်နေတယ်။ စစ်ဆေးရေးဂိတ်တွေ အလှည့်ကျဝင်ငွေရဖို့ ဂိတ်ငွေကောက်တာ ဆက်လုပ်နေကြတယ်။ စီးပွားရေး လုပ်ငန်း ရှင်တွေ ကုန်သည်တွေဆီကနေ လိုင်းကြေး ဆက်ကောက်နေကြတယ်။ တိုက်ပွဲဖြစ်လာ ရင်တော့ ကိုယ့်အခြေအနေကိုယ်ကြည့် ရှောင်ပြီး ငွေရှာနေကြတယ်”ဟု မြဝတီ-ဖားအံ လမ်းမပေါ်ရှိ စစ်ရေးဂိတ်များတွင် တာဝန်ကျ နေသည့် စစ်ကောင်စီ ဝန်ထမ်းများ နှင့် နီးစပ်သည့် သတင်းအရင်း အမြစ်က ပြောသည်။ လက်ရှိ ကရင်ပြည်နယ်အတွင်း ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဝေါလေ၊ စုကလိ၊ ကျုံဒိုး ဒေသများတွင် စစ်ကောင်စီအရပ်ဖက် အုပ်ချုပ်ရေးဌာနနှင့် လက်အောက်ခံဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ရပ်ဆိုင်းနေပြီး စစ်တပ်၊ စစ်စခန်းကုန်း၊ စစ်ကတုတ်များနှင့် ရဲစခန်းများသာ ကျန်ရှိနေကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းမဟာမိတ်စစ်ရေး နယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။ https://kicn ews.org/2023/11/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae%e1%80%9b%e1
၃၂။ တောင်ကြီး တန်ဆောင်တိုင်ပွဲ မသွားပါက တစ်အိမ် ကျပ်တစ်သောင်း ဒဏ်ငွေဆောင်ရမယ်လို့ ပအို၀်းပြည်သူ့စစ် ခြိမ်းခြောက်
  November 27, 2023

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပနေတဲ့ တန်ဆောင်တိုင် ပွဲတော် ကို မသွားပါက တစ်အိမ် ကျပ်တစ်သောင်း ဒဏ်ငွေဆောင်ရမယ်လို့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်-PNA က ကျေးရွာတွေမှာ လှည့်လည် ကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့က စတင်ကျင်းပတဲ့ တန်ဆောင်တိုင် ဖွင့် ပွဲရက် လာရောက်သူ နည်းပါးတာကြောင့် နို၀င်ဘာ ၂၂ ရက်နေ့ကစပြီး တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံး ကျေးရွာ အုပ်စုထဲက ကျေးရွာပေါင်း ၂၀ ကျော်၊ အေးသာယာမြို့အနီးက ကျေးရွာ တစ်ချို့နဲ့ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာ ၅ ရွာမှာ စစ်ကောင်စီနဲ့ PNA ပူးပေါင်းပြီး လှည့်လည် ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။“တစ်အိမ် တစ်သောင်း ဒဏ်ငွေ ဆိုတော့ သွားရတာပေါ့။ လက် လုပ်လက်စားတွေ ဆိုတော့ တစ်သောင်း ဆိုတာလည်း မနည်းဘူးလေ။ ယောက်ျားလေး များတဲ့အိမ်ဆို ၂ ယောက် လိုက်ရတယ်” လို့ ကျေးရွာ အမည် မဖော်ပြလိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပွဲသွားဖို့ အတွက် တောင်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ညစဉ် စစ်ကောင်စီက ၁၂ ဘီးကားနဲ့ အကြိုအပို့ လုပ် ပေးနေပြီး အသွားအပြန် စရိတ်ငြိမ်း ဝန်ဆောင်မှု ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် တခြားပြည်နယ်နဲ့ တိုင်း တွေက ဌာနဆိုင်ရာ ၀န်ထမ်းတွေ တန်ဆောင်တိုင်ပွဲ မဖြစ်မနေ လာရောက်ဖို့ အမိန့်ထုတ်ထားပြီး တောင်ကြီးမြို့က ဌာနဆိုင် ရာ ရုံးတွေမှာ နေထိုင်၊ စားသောက်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ တောင်ကြီးမြို့ခံ တစ်ဦးက “ညနေ ၆ နာရီလောက်ဆို မြင်း ရုပ်နားမှာ အေးသာယာက သူတို့ခေါ်တက်လာတဲ့ သူတွေကားအပြည့်နဲ့။ တောင်ကြီးသား အများစုက မပါဝင်ကြပါဘူး”လို့ ပြော ပါတယ်။ စစ်ကောင်စီ ဦးဆောင် ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲမှာ တောင်ကြီးမြို့ခံ အများစု မပါဝင်သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် က ပါဝင်ဆင်နွှဲကြတဲ့ လူဦးရေရဲ့ ၁၀ ပုံတစ်ပုံပင် မရှိဘူးလို့ မီးဆရာ တချို့က သုံးသပ် ပြောဆိုထားပါတယ်။ https://www.fa cebook.com/photo?fbid=375381651514952&set=pcb.37 5381884848262

မှတ်ချက်။       သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button