သတင်း

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ် က စစ်တပ်စခန်းတစ်ခု ချင်းတော်လှန်ရေး ပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်က စစ်တပ်စခန်းတစ်ခု ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂၊ ၂၀၂၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ တောင်ကုန်း ပေါ်က စစ်တပ်စခန်း တစ်ခုကို ချင်းတော်လှန် ရေး ပူးပေါင်းအဖွဲ့တွေက ဒီက နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါ တယ်။

အဲဒီ စခန်းသိမ်းတိုက်ပွဲကိုတော့ ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-Chinland Defense Force – Hualngoram ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့တာလို့ သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။

“မနေ့ည ၆ နာရီလောက်ကစပြီး CNA နဲ့ CDF- Hualngoram ချင်းပူးပေါင်းအဖွဲ့တွေက အဲဒီစစ်တပ်ကုန်း စခန်းကို ဒရုန်းနဲ့ ညပိုင်းမှာ ချပြီး စပြီး တိုက်ခိုက်ခဲ့တယ်။ ဒီကနေ့ မနက် ၅ နာရီလောက်ကတော့ ရဲဘော်တွေက အဲဒီ စခန်းကို ဝင်စီး တိုက်ပြီး အပြီးသိမ်း လိုက်ကြတယ်” လို့ သတင်းရင်းမြစ် တဦးက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ထွက်ပြေးခဲ့ကြပြီး တချို့သုံ့ပန်း တွေကိုလည်း အရှင်ဖမ်းဆီးခံခဲ့ရတာ တွေ လည်း ရှိနေသလို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ရိခေါ်ဒါရ်မြို့ဒေသခံ ထောင်နဲ့ချီတဲ့ အရပ်သားတွေကတော့ ဘေးလွတ်ရာ မြန်မာ-အိန္ဒိယနယ်စပ် ချောင်းသာ ခြားတဲ့ မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင် ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြချိန် အိန္ဒိယဘက် ဇိုခေါ်သာရ်ကျေးရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲ လာတာကြောင့် မြန်မာစစ်ဘေးရှောင် ၂ ဦး ဖြစ်တဲ့ (၇၆ နှစ်) အရွယ် အမျိုးသမီး တဦး လက်မောင်း ဒဏ်ရာ ရရှိခဲ့သလို (၁၃နှစ်)အရွယ် အမျိုးသား ကလေးငယ် တဦး လက်ဖမိုးအရိုး ထိမှန်ဒဏ်ရာရရှိ ခဲ့ကြတယ်လို့ သိရပါတယ်။

အခု မနက်ပိုင်းက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး ပစ်ကူတိုက်ခိုက်မှု ရှိခဲ့သလို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button