သတင်း

ကရင်နီမှာ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက် မှုကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်း ၃၀ ခန့် ပျက်စီးခဲ့

ကရင်နီမှာ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက် မှုကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်း ၃၀ ခန့် ပျက်စီးခဲ့

 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၊ ၂၀၂၃။
 
၂၀၂၁ ခုနှစ် အာဏာသိမ်ပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်တွင် လက်ကြီးနဲ့ လေယာဥ် ထိမှန်မှု ကြောင့် ဆေးရုံ၊ ဆေးခန်းနှင့်စာသင်ကျောင်းများ (၂၉)လုံး ရှိခဲ့တယ်လို့ ယမန်နေ့ PKPF သတင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
 
ယခင်က လစဉ် PKPF ရဲ့ထုတ်ပြန်မှုများတွင် ဆေးရုံ၊ ဆေးခန်းနှင့်စာသင်ကျောင်းများ၏ ပျက်စီးမှုကို ထုတ်ပြန်မှုမရှိဘဲ ယခုလမှစပြီး ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
 
PKPF တာဝန်ရှိသူတစ်ဦးမှ ” စစ်ကောင်စီတွေရဲ့ ရာဇတ်ဝတ်ကျူးလွန်မှုတွေကို အများပြည်သူတွေ သိရှိနိုင်အောင် လစဥ်ထုတ်ပြန်လေ့ရှိပါတယ်။ စစ်ရာဇတ်ဝတ်မှုတွေ ပိုပြီးသိသာထင်ရှားအောင် ဆေးရုံ၊ ဆေးခန်းနှင့်စာသင်ကျောင်းများ ဖျက်စီးခံရတဲ့ အကြောင်းရာတွေကို ထပ်တိုးပြီး ထုတ်ပြန် ရခြင်းဖြစ်ပါတယ်။ “
 
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ ၂၀၂၃ခုနှစ် အောက်တိုဘာလ ( ၃၁ )ရက်နေ့အထိ ကရင်နီ ပြည်နယ်တွင် အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ (၃၈၆ )ဦး၊ စစ်ရှောင်သေဆုံးသူ( ၁၄၇ ) ဦး၊ KNDF/PDF/KA ကျဆုံးသူ (၃၃၉) ဦးရှိပါတယ်။
 
တိုက်ပွဲအကြိမ်အရေ ( ၈၃၂ ) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၆၃၇) ကြိမ် ရှိခဲ့ပြီး၊ ဘာသာရေး အဆောက်အအုံ (၄၃) လုံး၊ လူနေအိမ် (၁၉၀၆) လုံး၊ ဆေးရုံ၊ ဆေးခန်းများ (၁၃)လုံး၊ စာသင် ကျောင်းများ (၁၆) လုံး ပျက်စီးခဲ့ပါတယ်။ ဒါ့ပြင် စကစသေဆုံးသူ (၂၄၁၀) ဦး၊ စကစယာဥ် တန်ပျက်စီးမှု (၆၆) စီး၊ မတရားဖမ်းဆီးခံရသူ (၁၅၀) ဦးရှိတယ်လို့ PKPF မှ ထုတ်ပြန်ထားပါတယ်။
 

ဓါတ်ပုံ – KNDF

Related Articles

Back to top button