ပေါ့ကပ်စ်

NHRIs အကြောင်း မိတ်ဆက် | အပိုင်း ၂

National Human Rights Institutions - NHRIs အကြောင်း မိတ်ဆက် | အပိုင်း ၂

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၊ ၂၀၂၃

အဓိကာရ Podcast ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ် Episode 7 မှာတော့ နိုင်ငံတခုရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်မှု၊ လူ့အခွင့်အရေးမြှင့်တင်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီး နိုင်ရေးအတွက် နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာန (National Human Rights Institutions - NHRIs) ဆိုတာ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတဲ့ အကြောင်းနဲ့ ပတ် သက်ပြီး ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)က ကိုရန်နိုင်ကိုက ဆွေးနွေးထားပါတယ်။

Episode 7 ရဲ့ Part 2 မှာတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ဟာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) တခုအနေနဲ့ စစ်တပ်ရဲ့ အာဏာ သိမ်းဖို့ကြိုးပမ်းမှု မတိုင်ခင်နဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှု နောက်ပိုင်း ရပ်တည်ချက်နဲ့ စွမ်း ဆောင်ရည်တို့ကို ဆွေးနွေးထားသလို ပြောင်းလဲလာတဲ့ အခြေအနေအတွင်း လွတ်လပ် သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့ အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on NHRI Burma-Myanmar ရဲ့ လုပ် ဆောင်ချက် စတဲ့အကြောင်းအရာတွေကို ရှင်းလင်း ဆွေးနွေး ပေးထားပါတယ်။

အခုအစီအစဉ်ကိုတော့ လူထုအသိပညာ တိုးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာများကို လေ့လာခွင့် ရရှိစေဖို့ ရည်ရွယ်ကာ အဓိကာရ(Adhikāra)က စီစဉ်ပြီး FJMM ကလည်း ပူးပေါင်း တင်ဆက် ပေးတာ ဖြစ်ပါတယ်။

အခုတင်ဆက်နေတဲ့ အစီအစဉ်များကိုတော့ အဓိကာရ(Adhikāra)ရဲ့ မိတ်ဖက် သတင်း မီဒီယာများရဲ့ သတင်း ကွန်ရက် စာမျက်နှာများမှာလည်း သွားရောက် နားဆင်နိုင်ပြီ ဖြစ်ပါတယ်။

#adhikara #podcast #Episode7 #humanrights #InternationalCrimes #InternationalCriminalLaw #federaljournalmyanmar

Related Articles

Back to top button