သတင်း

DMG သတင်းဌာနမှ ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

DMG သတင်းဌာနမှ ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၉၊ ၂၀၂၃

ရခိုင်ပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG) သတင်းဌာနမှ ဝန်ထမ်း ၂ ဦးကို ဒီကနေ့ မွန်းလွဲးအချိန်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ သိရှိရပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးကတော့ DMG သတင်းဌာနမှ သတင်းထောက် ကိုထက် အောင်နဲ့ ညစောင့်တို့ ဖြစ်တယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌ဒီကနေ့ မွန်းလွဲ ၁ နာရီ အချိန်က စစ်တွေမြို့၊ စံပြရပ်ကွက်မှာရှိတဲ့ DMG သတင်းဌာနကို စီးနင်းခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေက လူနှစ်ယောက်ကို ဖမ်းဆီးသွားတဲ့ အပြင် ရုံးသုံး ကွန်ပျူတာ တွေနဲ့ ကင်မရာတွေကိုလည်း သိမ်းဆည်းသွား တယ်လို့ DMG သတင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Related Articles

Back to top button