သတင်း

မိုခါတိုက်ပြီးချိန်ကတည်းကနေ ၅ လကျော် ကြာသည့်တိုင် မိုးစဲကျွန်းဒေသ လျှပ်စစ်မီး ပြတ်တောက်နေ

မိုခါတိုက်ပြီးချိန်ကတည်းကနေ ၅ လကျော် ကြာသည့်တိုင် မိုးစဲကျွန်းဒေသ လျှပ်စစ်မီး ပြတ်တောက်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၆၊ ၂၀၂၃။
 
‌ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်း တိုက်ပြီးချိန်ကတည်းကနေ ရ‌သေ့တောင် မြို့နယ်၊ မိုးစဲကျွန်းဒေသတစ်ခုလုံးဟာ အခုချိန်ထိ လျှပ်စစ်မီး ပြတ်တောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
 
ဒီလိုမျိုး လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အတွက် ကျောင်းသားလူငယ်တွေ စာဖတ်၊ စာကျက်ရာ တွေမှာ အခက်အခဲရှိတယ်လို့ မိုးစဲကျွန်းဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
 
” လျှပ်စစ်မီး ရနေတဲ့အချိန်ကဆိုရင် ဖယောင်းတိုင်တွေကို အသုံးမပြုကြတော့ဘူး။ အခုဆိုရင် ကျောင်း သားတွေ စာကျက်ဖို့အတွက် ဖယောင်းတိုင်တွေကို ပြန်ပြီးတော့ အသုံးပြုနေရတယ်။ ဆိုတော့ စာဖတ်၊ စာကျက်ရတာတွေက အဆင်မပြေဘူး” လို့ ပြောပါတယ်။
 
ဒါ့အပြင် မီးမရတဲ့အတွက် ချက်ပြုတ်စားသောက်ရတာတွေလည်း အဆင်မပြေသလို အွန်လိုင်းက ဖုန်းဘက်ထရီဖြည့်ဖို့အတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
 
လက်ရှိအချိန်ထိ မိုးစဲကျွန်းဒေသမှာ ဓာတ်မီးတိုင်တွေတောင်မှ စိုက်ထူးလို့ မပြီးသေးဘူးလို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။
 
” ဟိုမှာတစ်လုံး၊ ဒီမှာတစ်လုံး အဲလိုတော့ စိုက်ထူးနေတာကို တွေ့ရတယ်။ လျှပ်စစ်မီးမရတော့ အကုန် လုံး အခက်အခဲပေါ့။ ဘယ်အချိန်မှာ မီးရမယ်ဆိုတာကိုတော့ မပြောဘူး။ ဒါပေမဲ့ အချိန်ကတော့ ကြာ မယ်လို့ထင်တယ်” လို့ ဆိုပါတယ်။
 
မိုးစဲကျွန်းဒေသမှာ ကျေးရွာပေါင်း ၂၈ ရွာရှိပြီး လမ်းပန်းဆက်သွယ်ရေးတွေအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုလည်း အားနည်းတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်။

Related Articles

Back to top button